သမိုင်းဝင်အခိုက်အတန့်! စိတ်ကူးဉာဏ်ကွန့်မြူး!
Vol. 55 Ch. 817
လီခိုင်ကချင်လင်ဆီမှဖုန်းရပြီး နည်းနည်းဇဝေဇဝါဖြစ်သွားသည်_
"ညီလေးချင်... ဘာဖြစ်လို့လဲ? ညကြီးမိုးချုပ်မှဖုန်းတွေဆက်လို့?''
"အစ်ကိုလီ... အပန်းဖြေစံအိမ်ကိုလာဦး... ကျွန်တော်တိုက်မယ်!''
ချင်လင်က အကြောင်းရှာလိုက်သည်။
ထိုစကားက အံဝင်ဂွင်ကျပင်။ လီခိုင်ကချက်ချင်းစိတ်ဝင်စားပြီး ဖုန်းမချခင်အရောက်လာမည်ဖြစ်ကြောင်းပြောသည်။
ချင်လင်က တွန့်တိုမနေ။ ဝိုင်သိုလှောင်ခန်းသွားပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းနှင့်ဝိုင်ခွက်ယူကာ အပန်းဖြေစံအိမ်ပန်းခြံထဲယူလာသည်။
ခဏအကြာ လီခိုင်ရောက်လာ၏။ ချင်လင်လက်ထဲကချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုမြင်သောအခါ သူမျက်လုံးကျယ်သွားပြီး_
"ညီလေးချင်... မင်းတကယ်စိတ်ဝင်စားဖို့ကောင်းတယ်!''
ညီလေးချင်က တမင်သက်သက်ဆင်ခြေရှာပြီး ဝိုင်တိုက်သည်ဟု သူထင်သည်။ ပြီးရင် ဝိုင်ကို သူတိတ်တိတ်လေးယူသွားမည်။
"အစ်ကိုလီ... ပန်းခြံထဲသွားထိုင်ရအောင်... ကျွန်တော်ထူးဆန်းတဲ့ကျောက်တုံးရထားတယ်... သောက်ရင်းကြည့်ကြတာပေါ့''
ချင်လင်ကလီခိုင်ကိုပန်းခြံထဲခေါ်သွားပြီး ကျောက်စားပွဲတွင်ထိုင်ချလိုက်သည်။
"ညီလေးချင်... ဒါမင်းပြောတဲ့ကျောက်တုံးလား? အလင်းဖြာနေတဲ့ပုံက အံ့ဩစရာပဲ''
လီခိုင်က စမ်းချောင်းထဲမှမျောကျောက်ကိုမြင်ပြီး မအံ့ဩဘဲမနေနိုင်။
ထိုဖျော့တော့တော့အလင်းက သစ်ပင်ပန်းမန်နှင့်ပတ်ဝန်းကျင်ကိုဝိုးတဝါးဖုံးလွှမ်းထားသည်။
ချင်လင်ထိုင်လိုက်သောအခါ ဝူခိုင်ပန်းချီဆွဲနေသည်ကိုတွေ့ရသည်။ ဆရာကြီးက စိတ်နှစ်ပြီးပန်းချီဆွဲနေသောကြောင့် သူတို့ရောက်နေမှန်းလုံးဝသတိမထားမိပေ။
"ညီလေးချင်... ဝိုင်လေးမြန်မြန်သောက်ရအောင်''
လီခိုင်က ချင်လင်ကိုလောပြီး ထိုင်ချလိုက်သည်။
ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုလီခိုင်ဆီပေးပြီး ခွက်ကိုစားပွဲပေါ်တင်လိုက်သည်။
လီခိုင်ကပုလင်းယူပြီး သူနှင့်ချင်လင်အတွက် တစ်ခွက်စီငှဲ့သည်။
"အပူချိန်နိမ့်သီးနှံစမ်းသပ်မှုကဘယ်လိုလဲ အစ်ကိုလီ?''
ချင်လင်ကမေးသည်_
"အဲဒါပြန်စမ်းသပ်နေပြီဆို''
"မဖြေရှင်းနိုင်တာတွေ ရှိသေးတယ်''
လီခိုင်က သာမန်ကာလျှံကာဖြေသည်_
"ချင်းလင်ဖရဲသီးတောင် တစ်ခုခုကလိုနေတာ''
"အစ်ကိုလီ... ဘာပြဿနာရှိနေလို့လဲ?''
ချင်လင်ကမေးပြန်သည်။
လီခိုင်က သူကျော်ဖြတ်ဖို့ခက်နေသောစမ်းသပ်မှုများ၊ ကြုံတွေ့ရသောပြဿနာများ၊ အခက်အခဲများကို အမှတ်တမဲ့တွေးမိသည်။
သူတွေးတောနေရင်း ကြောင်သွားသည်။
တစ်ခဏချင်း စိတ်ကူးတချို့ကဖြတ်ခနဲဝင်လာ၏။ အရင်က သူနားမလည်နိုင်သော သတ္တုအမျိုးအစားများ၊ မျိုးစိတ်ပေါင်းစပ်မှုများက အခုအတွေးပေါက်ပြီး အကြံရလာသည်။
လီခိုင်ကရုတ်တရက်မတ်တပ်ထရပ်ကာ သူ့ဖုန်းအမြန်ထုတ်ပြီး ဓာတ်ခွဲခန်းလက်ထောက်ကိုဖုန်းဆက်လိုက်သည်_
"မြန်မြန်လေး.. ချင်းလင်အပန်းဖြေစံအိမ်ကိုကွန်ပျူတာပို့ပေး''
သူကပြောပြီးပြီးချင်း ကျောက်တုံးလေးတစ်တုံးကောက်ကာ သစ်ပင်ပန်းမန်များကြား မြေကြီးနေရာလွတ်တွင်စခြစ်သည်။ ဖော်မြူလာများ၊ မျိုးစိတ်သတ္တုများကို ကျောက်တုံးနှင့်ဆွဲသည်။
စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရုတ်တရက်သဘောပေါက်လာသည်။ ဓာတ်ခွဲခန်းပြန်ရောက်ရင်မေ့သွားမည်စိုးသောကြောင့် ချတွက်နေခြင်းပင်။
မျောကျောက်၏အထူးနားလည်ခြင်း +၃၊ ထိုးဖောက်သိမြင်ခြင်း +၃ နှင့်ကြုံပြီး သူ့စိတ်ကူးများရုတ်တရက်ထွက်လာခြင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ချင်လင်ကပြုံးလိုက်သည်။
တစ်နည်းဆိုသော် သူထင်ထားတာမှန်ပြီ။ အစ်ကိုလီမှာဒီလိုသက်ရောက်မှုမျိုးရှိရင် ရှေ့လျှောက် တခြားတော်ဝင်ပညာရှင်တွေလည်းရနိုင်သည်။
ဒီလိုဆိုတော့ မျောကျောက်ရဲ့အစွမ်းက အံ့ဩစရာပဲ။
ဒါပေမဲ့ ပြဿနာက မျောကျောက်ရဲ့အစွမ်းကိုသင့်တော်အောင် ဘယ်လိုပြရမလဲ?
တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်ကလျှောက်လာပြီး အခြေအနေကိုသတိထားမိသွားသည်။
သူတို့သုံးယောက်သားမှာ လက်ရှိအားဖြည့်နေဆဲဖြစ်ပြီး ဘာသုတေသနမှဦးဆောင်မလုပ်ထားသောကြောင့် မျောကျောက်၏သက်ရောက်မှုမရှိပေ။ သို့ရာတွင် အနားရောက်လာသောအခါ လီခိုင်ဆွဲခြစ်နေသည်ကိုကြည့်ပြီး အံ့ဩကုန်သည်။
"သူဌေးချင်... ပါမောက္ခလီခိုင်ဘာလုပ်နေတာလဲ?''
တော်ဝင်ပညာရှင်လီကခန့်မှန်းမိသော်လည်း အသံတိုးတိုးနှင့်မေးသည်။
"ကျွန်တော်လည်းမသိဘူး''
ချင်လင်ကဖြေသည်_
"အစ်ကိုလီနဲ့စကားပြောနေရင်း သူကရုတ်တရက်အံ့ဩနေတဲ့ပုံပေါက်လာတာ... သုတေသနအတွက်စိတ်ကူးရတယ်ထင်တယ်''
သုံးယောက်သား တပြိုင်တည်းခေါင်းညိမ့်လိုက်ကြသည်။ ပါမောက္ခလီခိုင်ရုတ်တရက်အကြံရတာဖြစ်မည်ဟု သူတို့နားလည်လိုက်သည်။
ဒီလိုချရေးထားမှ၊ နောက်ကျရင်မေ့ချင်မေ့သွားနိုင်သည်။
တစ်ခါတလေ ရုတ်တရက်အကြံရတာ ဓာတ်ခွဲခန်းအတွက်အလွန်အရေးပါသည်။
အားလုံးအကြပ်ရိုက်ရသောစမ်းသပ်မှုအတော်များများကို ကျော်ဖြတ်ဖို့ခက်သည်။ နောက်ဆုံး တစ်ယောက်ယောက်က ရုတ်တရက်စိတ်ကူးပေါက်ပြီး အတွေးသစ်၊နည်းလမ်းသစ်ရကာ သုတေသနပြီးမြောက်တတ်သည်။
တစ်ခါက သူတို့နိုင်ငံမှပထမဆုံးထုတ်သောဗျူဟာလက်နက်က အားလုံးကိုဒုက္ခပေးသောပြဿနာတစ်ခုဖြစ်ခဲ့သည်။ အင်ဂျင်နီယာတစ်ဦးကရုတ်တရက်အကြံပေါက်ကာ သုတေသနလမ်းကြောင်းအသစ်တွေ့ခဲ့သည်။
ထိုအချိန်က အင်ဂျင်နီယာလည်းမြေဖြူသုံးကာ နံရံပေါ်တွင် ဖော်မြူလာများ၊ စိတ်ကူးများချရေးခဲ့သည်။ သူပြောပုံအရ အဲဒီတုန်းကချမရေးခဲ့ရင် တချို့တလေမေ့သွားနိုင်သည်။ သုတေသနက ဒီလောက်မြန်မြန်ဆန်ဆန်ပြီးမှာမဟုတ်တဲ့။
အခုပါမောက္ခလီခိုင်က ရုတ်တရက်စိတ်ကူးရပြီးသူ့အရည်အချင်းအရ သုတေသနရလဒ်ကြီးကြီးမားမားထွက်လာနိုင်သည်။
တော်ဝင်ပညာရှင်လီက သူ့ဖုန်းထုတ်ပြီး မှတ်တမ်းတောင်တင်ထားသည်။ သူ့ရှေ့ကမြင်ကွင်းကို သူသိမ်းထားရမည်။
ဒါတရုတ်သိပ္ပံသုတေသနသမိုင်းမှာ ဒဏ္ဍာရီဖြစ်လာနိုင်သည်။
တော်ဝင်ပညာရှင်လင်းနှင့်တော်ဝင်ပညာရှင်ဟောင်လည်း ဒီအတိုင်းပင်။ ပါမောက္ခလီခိုင်က ဒီစိတ်ကူးရပြီး ထင်ထင်ရှားရှားသုတေသနရလဒ်တွေထွက်လာရင် နောင်တစ်ချိန် ဒီမြင်ကွင်းကိုပြဌာန်းစာအုပ်ထဲဖော်ပြကြလိမ့်မည်။