← Chapters

သမိုင်းဝင်အခိုက်အတန့်! စိတ်ကူးဉာဏ်ကွန့်မြူး! ၂

Vol. 55 Ch. 818

သမိုင်းဝင်အခိုက်အတန့်! စိတ်ကူးဉာဏ်ကွန့်မြူး! ၂

Vol. 55 Ch. 818

ပြဌာန်းစာအုပ်မှာ ပါမောက္ခလီခိုင်အကြောင်းချီးကျူးထားမည်။ ဘေးမှာသူ့ဓာတ်ပုံတချို့ပါမည်။ တော်ဝင်ပညာရှင်သုံးဦး လင်း၊ လီနဲ့ ဟောင်က မှတ်တမ်းတင်ထားသည်ပေါ့။

တော်ဝင်ပညာရှင်လီကဗီဒီယိုရိုက်ပြီး တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့ထဲပို့လိုက်သည်။

ထိုအဖွဲ့ထဲတွင် တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များနှင့် ဝန်ကြီးလုသာရှိသည်။

တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များက တော်ဝင်ပညာရှင်လီ၏စာကိုမြင်ပြီး အံ့ဩကုန်သည်။

သူတို့အားလုံး ပါမောက္ခလီခိုင်ကိုမှတ်မိသည်။

ပါမောက္ခလီခိုင်က တရုတ်သိပ္ပံအကယ်ဒမီထဲမဝင်သော်လည်း သီးနှံသုတေသနပိုင်းတွင်အတော်ဆုံးထဲကတစ်ယောက်ပင်။ သူ့ကိုယှဉ်နိုင်သူမရှိ။ ပါမောက္ခလီခိုင်က သုတေသနကိုစိတ်နှစ်ထားရင်တောင် မည်သည့်သိပ္ပံသုတေသနဖလှယ်ပွဲတွင်မှမျက်နှာထွက်ပြခြင်းမရှိပေ။

"ကြည့်ရတာ ပါမောက္ခလီခိုင်က နောက်ထပ်ကြီးကြီးမားမားထွက်တော့မယ်ထင်တယ်''

ဝန်ကြီးလုကဗီဒီယိုကြည့်ပြီး ချက်ချင်းစာပို့လိုက်သည်။

ပါမောက္ခလီခိုင်ရဲ့လုပ်နိုင်စွမ်း သူလုံးဝသံသယမရှိချေ။

…

မကြာမီ_

လီခိုင်၏ဓာတ်ခွဲခန်းအကူက လူများနှင့်သုတေသနကွန်ပျူတာယူပြီး ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသည်။

ဒီလိုသုတေသနကွန်ပျူတာမျိုးက အရမ်းကြီးသည်။ ပုံမှန်ဖန်သားပြင်၊လက်တော့ပ်ဆိုဒ်မျိုးမဟုတ်။



နောက်ပြီး သုတေသနလိုအပ်ချက်ကြောင့် လျှပ်စစ်မီးမရှိဘဲ ၂ ရက်လောက်သုံးနိုင်သည်။

လီခိုင်ကကွန်ပျူတာမြင်လျှင်အမြန်ယူပြီး အထူးသုတေသနကောက်နုတ်ချက်ဆော့ဖ်ဝဲကိုဖွင့်လိုက်သည်။ သူကကီးဘုတ်နှင့်စာစရိုက်ပြီး အချက်အလက်ထည့်သည်။

ထိုဆော့ဖ်ဝဲက Marvel မှ Iron Man ဆော့ဖ်ဝဲနှင့်ဆင်တူပြီး Jarvis ၏အထူးပရိုဂရမ်ကိုအခြေခံထားသည်။ Irom Man ၏ဆော့ဖ်ဝဲက 3D ဖြစ်ပြီး အစစ်နီးပါးလုပ်ဆောင်ချက်များပါခြင်းသာကွာသည်။

လီခိုင်၏ဆော့ဖ်ဝဲကို တရုတ်သိပ္ပံအကယ်ဒမီကထွင်ထားခြင်းဖြစ်သည်။ သူ့လုပ်ဆောင်ချက်များက Iron Man နှင့်ယှဉ်လျှင် တော်တော်လေးနိမ့်သည်။

သို့ဆိုရင်တောင် ဒီဆော့ဖ်ဝဲက သိပ္ပံသုတေသနကောက်ချက်ချရန် ကြီးကြီးမားမားအထောက်အကူဖြစ်သေးသည်။

"ဒါပဲ.. ဒါပဲ... အပူချိန်နိမ့်တဲ့အခြေအနေမှာ မျိုးစိတ်တွေအေးခဲပြီး ပုံပြောင်းတာဒီလိုပဲ... ဟမ်.. ငါအရင်ကဘာလို့မတွေးမိပါလိမ့်?''

လီခိုင်က သူ့ဘာသာရေရွတ်ပြီးစိတ်လှုပ်ရှားနေသည်။ ဗဟုသုတပိုင်းမှာ ဉာဏ်ပွင့်သွားသည်နှင့် ရုတ်တရက်အလင်းရောင်ကိုမြင်ရသည်။

လီခိုင်က ဒီလိုအခြေအနေရှိနေသည်။

ခဏအကြာ လီခိုင်က သူ့ဓာတ်ခွဲခန်းလက်ထောက်အား လောလောနှင့်ပြောသည်_

"မြန်မြန်လေး... ကွန်ပျူတာပြန်ယူ... အခုချက်ချင်းစမ်းသပ်ချင်တယ်!''

သူညွှန်ကြားသောကြောင့် လက်ထောက်ကချက်ချင်းလူခေါ်ပြီး သုတေသနကွန်ပျူတာပြန်ယူသွားသည်။

လီခိုင်ကနောက်မှလိုက်သည်။ သူအခုချက်ချင်း စမ်းသပ်ခန်းဝင်မည်။ ဒီအပူချိန်နိမ့်မျိုးစိတ်သုတေသနက သေချာပေါက်အဖြေထွက်မည်ဟု သူယုံကြည်ထားသည်။

လေးငါးလှမ်းလှမ်းပြီးနောက် လီခိုင်ကတစ်ခုခုသတိရသွားပုံပေါ်သည်။ သူကချက်ချင်းရပ်ပြီးပြန်လှည့်လာ၏။ ကျောက်စားပွဲပေါ်မှချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုလှစ်ခနဲယူပြီးလျှင် အပန်းဖြေစံအိမ်အပြင်လျှောက်သွားလေသည်။

ဘာပဲဖြစ်​ဖြစ် ဒီဝိုင်ကိုမေ့လို့မရ။

လီခိုင်ကလမ်းလျှောက်ထွက်သွားပြီး တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်တို့က လီခိုင်၏အချက်အလက်များကိုဓာတ်ပုံစရိုက်တော့သည်။

ဒါတွေကလည်း မှတ်တမ်းတင်ထိုက်တယ်!



ထို့နောက် တော်ဝင်ပညာရှင်လီတို့က ဝူခိုင်ကိုသတိထားမိသည်။ ဒီဆရာကြီးက သဘာဝအတိုင်း အသည်းအသန်ဆွဲနေဆဲ။

သူ့မှာ ဆရာကြီးတစ်ဦး၏ဟိတ်ဟန်မျိုးရှိသည်။

ချင်လင်တို့ ၄ ယောက်သားက နည်းနည်းစူးစမ်းလိုက်ကြသည်။ သူတို့ကဆရာကြီးဝူနောက်လျှောက်သွားပြီး သူပန်းချီဆွဲနေသည်ကိုကြည့်သည်။ ဆရာကြီးဝူက အခုထိ သတိမထားမိသေး။ ပန်းချီထဲလုံးဝအာရုံစိုက်ထားသည်။

ချင်လင်တို့လေးယောက်က ဆရာကြီးဝူ၏ပန်းချီကားကိုကြည့်ပြီး ချက်ချင်းအံ့ဩသွားသည်။ မှောင်နေသော်လည်း ပန်းခြံထဲမှအလင်းကြောင့် ဆွဲနေသောပန်းချီကားကိုသေချာမြင်ရသည်။

ပန်းချီကားက ပန်းခြံ၏ညရှုခင်းပင်။ သို့ရာတွင် ဆရာကြီး၏ပန်းချီကားထဲမှပန်းခြံညရှုခင်းက အနုပညာအယူအဆများပြည့်နေသည်။

ဝူခိုင်ပန်းချီဆွဲနေစဉ် ချင်လင်ကဖန်ခွက်ကိုင်ပြီး ဝူခိုင်ကိုကြည့်နေသလို တော်ဝင်ပညာရှင်လီတို့သုံးယောက်က ဖုန်းများနှင့်ဝူခိုင်ကိုဓာတ်ပုံရိုက်ကြသည်။

ပန်းချီကားက အသက်ဝင်လာပုံရသည်။ တော်ဝင်ပညာရှင်များတောင် အံ့အားသင့်နေသည်။

တော်ဝင်ပညာရှင်သုံးဦးက အများကြီးမြင်တွေ့ခဲ့ဖူးသော်လည်း ဒီလောက်ဆွဲတတ်တာမျိုးမကြည့်ဖူးပေ။ တကယ်အံ့ဩစရာကောင်းသည်။

နံပါတ်တစ်ပန်းချီဆရာဆိုလည်း ဆိုလောက်ပါရဲ့။

ဒါကြောင့် သူ့ပန်းချီကားကို တန်ဖိုးကြီးကြီးနဲ့ရောင်းနိုင်တာကိုး။

သို့ရာတွင် ဝူခိုင်မှာလက်ရာတက်လာခြင်းဖြစ်ကြောင်း တော်ဝင်ပညာရှင်သုံးဦးမသိပေ။ သူ့နဂိုလက်ရာထက်ကျော်လွန်လာခဲ့ပြီ။ သူ့နဂိုလက်ရာက ဒီအဆင့်အထိမရောက်။

အရင်က ဆရာကြီးနှင့်လန်ကျွင်း၏ပန်းချီလက်ရာက သူမသာကိုယ်မသာရှိခဲ့သည်။ အခုတော့ ဆရာကြီးကလန်ကျွင်းထက်သာသွားပြီ။

ဒီပန်းချီကားကိုလေလံဆွဲရင် ပန်းချီလောကမှာလန့်လောက်စရာစျေးနှင့်ရောင်းနိုင်လိမ့်မည်။ အရင်ပန်းချီလောကက ဘယ်ဆရာကြီးမှယှဉ်နိုင်သောအရာ လုံးဝမဟုတ်။

အထူးသဖြင့် ဒီပန်းချီလက်ရာကို သိပ္ပံသုတေသနအောင်မြင်မှုသမိုင်းဝင်အခိုက်အတန့်အဖြစ်မှတ်တမ်းတင်ထားရမည်။

နောင်မှာဒီပန်းချီကားကြောင့် ဘယ်လောက်အုတ်အော်သောင်းတင်းဖြစ်မလဲ ချင်လင်ခန့်မှန်းမိသည်။ အစ်ကိုလီရဲ့အပူချိန်နိမ့်မျိုးစိတ်သုတေသနက ဘယ်လောက်အံ့ဩဖို့ကောင်းမလဲ သူသိသောကြောင့်ပင်။ သီးနှံကြီးထွားရန်အပူချိန်လိုအပ်မှုကို လုံးဝပြောင်းလဲပေးနိုင်လိမ့်မည်။

နောင်မှာ ရာသီချိန်မဟုတ်တဲ့သီးနှံတွေစိုက်ရင် အစိမ်းရောင်မှန်လုံအိမ်ကိုအားထားစရာမလိုတော့။ အစ်ကိုလီရဲ့နည်းပညာကိုတန်းသုံးလို့ရပြီ။

နောက်ပြီး ရှေ့လျှောက် နိုင်ငံတော်ကဒီနည်းပညာသုံးပြီး သီးနှံအမျိုးအစားအားလုံးကိုထိန်းချုပ်ရန်သုံးနိုင်သည်။ သီးနှံများနေရာအကျယ်ကြီးစိုက်ခြင်းကိုထိန်းသိမ်းနိုင်သည်။ ဒီအချက်က အလွန်အရေးပါလိမ့်မည်။

အခုဝူခိုင်ကဒီပန်းချီကားကိုဆွဲပြီး ပြည်တွင်းမှာအတော်ဆုံးဆရာကြီးဆိုရင် အဓိပ္ပါယ်ကအရမ်းထူးခြားသွားပြီ။

နောက်ပြီး ဆရာကြီးပန်းချီထဲတွင်ဖော်ပြထားသော အနုပညာပြကွက်နှင့်အနုပညာအယူအဆများက လုံးဝသာမန်မဟုတ်။

ဆရာကြီး၏လက်ရှိအခြေအနေက မျောကျောက်သက်ရောက်မှုရှိပုံရသည်။

နောက်ကျ လီခိုင်ရဲ့သုတေသနထွက်လာပြီး ဝူခိုင်ရဲ့ပန်းချီကားကိုလည်းအင်တာဗျူးကြရင် ဘယ်လောက်ရုတ်ရုတ်သဲသဲဖြစ်မလဲ မှန်းသာကြည့်တော့။

အထူးသဖြင့် ဒါတွေအားလုံးက ချင်းလင်အပန်းဖြေစံအိမ်မှာဖြစ်ပျက်သွား၍ ချင်းလင်အပန်းဖြေစံအိမ်ကိုတဖန်ပြောင်းလဲပြီး အထူးအရှိန်အဝါပေးလိမ့်မည်။

နောင်မှာ ဒီပန်းချီကား၊သုတေသနနှင့်ပတ်သက်လျှင် ချင်းလင်အပန်းဖြေစံအိမ်ကိုထည့်ပြောလာကြမည်။

ခဏကြာပြီး နောက်ဆုံးတွင် ဆရာကြီးက ပန်းချီကားပေါ်သူ့နာမည်ရေးလိုက်သည်။ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုကအတိုင်းသား။

၂ နှစ်လုံးလုံး သူ့လက်ရာကမတိုးတက်ဘဲရှိခဲ့သည်။ တကယ်တော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သူ့အခြေအနေကအတော်ဆိုးရွား၏။

ဒီညမှ ရုတ်တရက်ဒီလိုစိတ်ကူးရလာမယ်လို့ ဘယ်ထင်မလဲ။ သူ့လက်ရာက လုံးဝနောက်တစ်ဆင့်ရောက်သွားပြီ။

ဒီခံစားချက်က ဆရာကြီးအဖို့ အလွန်ထူးဆန်းနေသည်။ နတ်သိကြား မ လိုက်သလိုပင်။

"သူဌေးချင်... တော်ဝင်ပညာရှင်လီ... ခင်ဗျားတို့လည်းရောက်နေတာလား''

ဆရာကြီးဝူခိုင်က ချင်လင်တို့ကိုသတိထားမိပြီး တအံ့တဩမေးသည်။

ချင်လင်ကပြုံးပြီး_

"ဆရာကြီးဝူ... စောစောက ပန်းချီကိုသဲကြီးမဲကြီးဆွဲနေတာ... ပြီးတော့ ဒီပန်းချီကားက တကယ်အံ့ဩစရာကောင်းတယ်... ပန်းချီကားထဲကရှုခင်းနဲ့လူတွေကိုအသက်သွင်းလိုက်တာပဲ''

ဝူခိုင်ကရယ်လိုက်ကာ_

"သူဌေးချင်... ငါ့လက်ရာက မင်းရဲ့ချင်းလင်စံအိမ်ရောက်မှတိုးတက်သွားတာ... မင်းကိုဒီပန်းချီကားပေးမယ်''

ဒီနေ့သူ့လက်ရာတိုးတက်သွားတာ ချင်းလင်အပန်းဖြေစံအိမ်နှင့်ဆက်စပ်နေသည်ဟု သူခံစားမိသည်။

ဒီပန်းချီကားက သူတိုးတက်လာပြီးပထမဆုံးဆွဲတဲ့လက်ရာ။ ဒါကို ချင်းလင်အပန်းဖြေစံအိမ်မှာထားသင့်သည်ဟု သူထင်သည်။

All Chapters