၁ ဘီလီယံ ပန်းချီကား!
Vol. 55 Ch. 819
ချင်လင်က ဆရာကြီးဝူခိုင်ပန်းချီကားပေးမည်ဟုမထင်မိ။ ဒီပန်းချီကားကိုရောင်းရင် သေချာပေါက်မီလီယံရာချီရလိမ့်မည်။
"ဆရာကြီး... ဒီပန်းချီကားက အဖိုးတန်လွန်းပါတယ်''
ချင်လင်ကပြောသည်။
ဝူခိုင်ကခေါင်းခါပြီး_
"ငါချင်းလင်အပန်းဖြေစံအိမ်မှာ ဒီပန်းချီကားထက်အရေးကြီးတာကိုတွေ့ထားပြီးပါပြီ... ပန်းချီလက်ရာနဲ့ဆွဲတဲ့နည်းစနစ်တိုးတက်လာတာ ငါ့အတွက်အရေးအကြီးဆုံးပဲ... သူဌေးချင်ယူလိုက်ပါ!''
"ကောင်းပါပြီ... ဒါဆိုရင် ယူလိုက်ပါမယ်... ဆရာကြီးကလက်ရာတိုးတက်သွားတာ... မနက်ဖြန်တော်ဝင်ဆေးစွပ်ပြုတ်ချက်ပြီး အောင်ပွဲခံပေးမယ်!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
သူ့ဘေးနားမှတော်ဝင်ပညာရှင်လီက_
"သူဌေးချင်... ဆိုရိုးရှိတယ်မလား... မြင်သူကိုမျှဝေရတဲ့''
"ဟုတ်တယ်... မင်းငါတို့လူကြီးသုံးယောက်ကိုမေ့ထားလို့မရဘူး''
တော်ဝင်ပညာရှင်ဟောင်ကလည်း သံယောင်လိုက်သည်။
တော်ဝင်ပညာရှင်လင်းလည်း ခေါင်းညိမ့်သည်။
တော်ဝင်ပညာရှင်သုံးဦးမှာအစားကြီးသူမဟုတ်သော်လည်း သူဌေးချင်၏အစားအသောက်ကအရသာရှိလွန်းသည်။ အထူးသဖြင့် တော်ဝင်ဆေးစွပ်ပြုတ်ပင်။
ဝူခိုင်မှာ တော်ဝင်ဆေးစွပ်ပြုတ်ကဘာမှန်းမသိသော်လည်း တော်ဝင်ပညာရှင်သုံးဦး၏စကားအရမှန်းကြည့်နိုင်သည်။
တော်ဝင်ပညာရှင်သုံးယောက်ကအရွယ်ရနေပြီ၊ မြင်မြင်သမျှကိုမစားချင်လောက်? သူတို့သုံးယောက်ကိုဒီလိုလုပ်နိုင်တဲ့ဟင်းပွဲက ထူးကဲသာလွန်ရမည်။
"စီနီယာကြီးတို့က နောက်နေတာလား?''
ချင်လင်ရယ်လိုက်သည်_
"ကျွန်တော်ချက်မှတော့ စီနီယာကြီးတို့ကို ချန်ထားပါ့မလား?''
သူ့စကားကြောင့် တော်ဝင်ပညာရှင်သုံးဦးရယ်လိုက်သည်။
"ဒီတစ်ခါက လူကြီးမင်းဝူကျေးဇူးကြောင့်ပဲ''
"အင်း... လူကြီးမင်းဝူပန်းချီကားကြောင့်သာမဟုတ်ရင် သူဌေးချင်ရဲ့တော်ဝင်ဆေးစွပ်ပြုတ်စားရဖို့မလွယ်ဘူး''
"ဟုတ်ပါ့... ကြုံတောင့်ကြုံခဲ!''

တော်ဝင်ပညာရှင်သုံးဦးက ပြုံးနေသည်။
"သူဌေးချင်... ဒီပန်းချီကားကိုဘောင်ခတ်ပြီး သေချာထိန်းသိမ်းထားပါ... ဒီအတွက်အသိမရှိရင် ငါသိတဲ့သူတစ်ယောက်ကိုညွှန်းပေးမယ်... သူကအရမ်းတော်တယ်''
ဝူခိုင်က ချင်လင်ကိုပြောသည်။
ပန်းချီကားကိုပေးပြီးသော်လည်း ကောင်းကောင်းမွန်မွန်ဖြစ်စေချင်သည်။
"စိတ်ချပါ ဆရာကြီး... ကျွန်တော့်ကိုညွှန်းပေးပါဦး!''
ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ တကယ်တော့ သူလည်းဒီကိစ္စကိုတွေးနေသည်။ သို့သော် ဒီလိုနေရာမှာကျွမ်းကျင်သူကို ဘယ်ကရှာရမှန်းမသိပေ။
ဆရာကြီးဝူခိုင်၏ပန်းချီကားက အဖိုးတန်လွန်း၍ တွေ့ရာလူကိုဘောင်ခတ်ခိုင်းလို့မဖြစ်။
သူက အပန်းဖြေစံအိမ်ထဲတွင် ပြခန်းဆောက်ထားသည်။ မှန်အကြည်နှင့်လုပ်ထားသောကြောင့် အပြင်မှကြည့်လျှင် အထဲကပန်းချီကားကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ အချိန်ကျရင် ဆရာကြီး၏ပန်းချီကားကိုခင်းကျင်းပြထားမည်။
အထဲတွင် ဗန်ဂိုးနှင့်ပီကာဆို၏ပန်းချီကားများရှိသည်။ ဆရာကြီးပန်းချီကားတန်ဖိုးက ထိုရှေးဟောင်းပန်းချီကားနှစ်ချပ်ထက် လုံးဝမလျော့ပေ။
ဆရာကြီးဝူခိုင်က တိတိကျကျလုပ်တတ်သူဖြစ်၍ ချက်ချင်းပင် သင့်တော်သောမှန်ဘောင်သွင်းပညာရှင်ကိုဆက်သွယ်ပေးသည်။
နောက်တစ်နေ့_
ချင်လင်ကအိပ်ရာမှထပြီး ဂိမ်းထဲကပစ္စည်းများ စံအိမ်ပို့လိုက်သည်။ ထို့နောက် စားဖိုဆောင်သွားပြီး စပြင်ဆင်သည်။ အရည်အသွေး ၃ တော်ဝင်ဆေးစွပ်ပြုတ်ကိုသူချက်ပြုတ်တော့မည်။
တော်ဝင်ဆေးစွပ်ပြုတ်၏ +၃ အထူးဆေးနံ့ကြောင့် ဆေးစွပ်ပြုတ်ရသည်နှင့် စားဖိုဆောင်မှာ ဆေးနံ့မွှေးလာသည်။
စားဖိုဆောင်ဝန်ထမ်းများက အသားကျနေပြီ။ ဘာပဲဖြစ်ဖြစ် ချက်တဲ့သူက သူဌေးလေ။
ဒီလိုဆေးစွပ်ပြုတ်ချက်နည်းကို သူဌေးသာတတ်သည်။
သူတို့စားဖိုမှူးခေါင်းဆရာလင်းနှင့်တခြားစားဖိုမှူးများမှာ သာမန်ဆေးစွပ်ပြုတ်ချက်နည်းကိုသင်နေကြဆဲပင်။

ချင်လင်က အရည်အသွေး ၃ တော်ဝင်ဆေးစွပ်ပြုတ်ကိုပြင်ဆင်ပြီးနောက် ဝန်ထမ်းများကိုသယ်ခိုင်းလိုက်သည်။ တစ်ခါတည်း ဆရာလင်းကိုလည်း အရံဟင်းပွဲများပြင်ခိုင်းသည်။ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်လည်းရတော့မည်။
စားသောက်ခန်းထဲ၌_
ဝူခိုင်နှင့်တော်ဝင်ပညာရှင်သုံးဦးမှာ တစ်ဝိုင်းတည်းထိုင်ပြီး စကားပြောနေကြသည်။ သူတို့လေးယောက်သားဆက်ဆံရေးက အတော်ရင်းနှီးနေပြီ။
"ဆရာကြီးဝူ... ဒီမှာဆေးစွပ်ပြုတ်... မြည်းကြည့်ရင်ဘယ်လောက်ကောင်းမှန်းသိမယ်နော်''
တော်ဝင်ပညာရှင်လီကပြုံးသည်။
တော်ဝင်ပညာရှင်ဟောင်လည်း ခေါင်းညိမ့်ပြီး_
"ဟုတ်တယ် လောင်ဝူ... ခင်ဗျားကနံပါတ်တစ်ပန်းချီဆရာဆိုရင် သူဌေးချင်ကနံပါတ်တစ်စားဖိုမှူးပဲ... သူဌေးချင်ထက်ပါဝင်ပစ္စည်းကောင်းကောင်းသုံးတဲ့ နိုင်ငံတော်စားသောက်ပွဲစားဖိုမှူးတွေတောင် တော်ဝင်ဆေးစွပ်ပြုတ်နဲ့ ၄၀% တူအောင်မလုပ်နိုင်ဘူး''
သူဌေးချင်ရဲ့လက်ရာအရမ်းကောင်းမှန်း ဝူခိုင်သိသည်။ ပထမဆုံးနေ့က သူ့လက်ရာကိုစားဖူးသည်။
အဲဒီအချိန်က သူ့ဘဝမှာဒီလောက်ကောင်းတဲ့လက်ရာမျိုးမစားဖူးသလိုခံစားလိုက်ရသည်။ သို့သော် အဲဒါသူဌေးချင်ရဲ့အကောင်းဆုံးလက်ရာမဟုတ်သေးမှန်း သူလုံးဝမသိခဲ့။
အထူးသဖြင့် ပါဝင်ပစ္စည်းကောင်းကောင်းနှင့် နိုင်ငံတော်စားသောက်ပွဲစားဖိုမှူးတွေတောင် ၄၀% အာနိသင်ကိုမလုပ်နိုင်။ တကယ်အံ့ဩစရာကောင်းသည်။
ချင်လင်သုံးတဲ့ပစ္စည်းတွေကအကောင်းဆုံးမှန်း သူတို့မသိ။ အားလုံးဂိမ်းထဲမှထုတ်ထားပြီး အပြင်မှာရှာမရပေ။
ချင်လင်က တော်ဝင်ဆေးစွပ်ပြုတ်ကိုစားပွဲပေါ်တင်ခိုင်းပြီး ပြုံးပြုံးနှင့်_
"စီနီယာကြီးတို့... စားကြည့်ပါဦး''
တော်ဝင်ပညာရှင်လီတို့လည်း ချင်လင်နှင့်ရင်းနှီးနေသောကြောင့် အားနာနေစရာမလို။ တော်ဝင်ဆေးစွပ်ပြုတ်အရသာကောင်းလွန်းသောကြောင့် စစားတော့သည်။
ဆရာကြီးဝူခိုင်လည်း တော်ဝင်ဆေးစွပ်ပြုတ်တစ်ပန်းကန်ဖြည့်ပြီး စားကြည့်သည်။
နောက်ဆုံးတော့ တော်ဝင်ပညာရှင်သုံးဦးက တော်ဝင်ဆေးစွပ်ပြုတ်ကိုဘာကြောင့်ကြိုက်လဲ သူသဘောပေါက်လိုက်ပြီ။
အရသာနှင့်အတွေ့အထိတင်မက ဆေးစွပ်ပြုတ်သောက်ပြီး တစ်ကိုယ်လုံးပူနွေးသွားသည်။ အထူးသဖြင့် ခါးတဝိုက်ပင်။ သူလိုလူကြီးခန္ဓာကိုယ်၏နုံးချိချိက တစ်ခဏအတွင်းပျောက်သွားသလိုခံစားရသည်။
ဒီဆေးစွပ်ပြုတ်သောက်ရုံနဲ့ အာနိသင်တွေခံစားရတာ။
စွမ်းလိုက်တာ!
အရည်အသွေး ၃ တော်ဝင်ဆေးစွပ်ပြုတ်ရဲ့တကယ့်အာနိသင်က အသက်ရှည်ခြင်း +၃ မှန်း သူမသိပေ။
ပန်းချီလောကတွင် ဝူခိုင်၏အဆက်အသွယ်နှင့်ဂုဏ်သတင်းက အလွန်ကြီးသည်။ သူဖိတ်ထားသောမှန်ဘောင်သွင်းဆရာက မြန်မြန်ဆန်ဆန်ရောက်လာ၏။ သူကလည်းလူကြီးတစ်ဦးဖြစ်ပြီး နာမည်ကျော်ပန်းချီကားများကိုဘောင်သွင်းရာတွင် ဆရာတစ်ဆူပင်။
သူ့နာမည်က ဝူဟန်။
ဝူဟန်မှာ ဆယ်စုနှစ်ချီပန်းချီဘောင်သွင်းလာသောကြောင့် အလွန်ကျွမ်းကျင်နေပြီ။ နောက်ပြီး ဝူခိုင်၏ကိုယ်ပိုင်ဘောင်သွင်းဆရာဟုတောင်ဆိုနိုင်သည်။