← Chapters

ချင်းလင်အပန်းဖြေစံအိမ်က ဉာဏ်ပွင့်ရာမြေ! ချင်လင်တထိတ်ထိတ်!

Vol. 55 Ch. 821

ချင်းလင်အပန်းဖြေစံအိမ်က ဉာဏ်ပွင့်ရာမြေ! ချင်လင်တထိတ်ထိတ်!

Vol. 55 Ch. 821

ဝူဟန်ကဗီဒီယိုရိုက်ပြီး အဖွဲ့ထဲပို့လိုက်သည်။

ထိုအဖွဲ့တွင်လည်း တရုတ်ပန်းချီလောကမှထိပ်တန်းလူများစုနေသည်။ တရုတ်ပန်းချီလောကနှင့်ဆက်စပ်ရာအသိုင်းအဝိုင်းထဲမှထိပ်တန်းလူများဖြစ်နေသရွေ့ ဒီအဖွဲ့ထဲမှာတွေ့နိုင်သည်။

ဝူဟန်က အဖွဲ့ထဲစာထပ်ပို့လိုက်သည်:

"တစ်ဘီလီယံကျော်တန်တဲ့ပန်းချီကားသုံးချပ်ကိုရှုစားကြည့်ပါ... တတိယမြောက်က ဆရာကြီးဝူခိုင်ရဲ့နောက်ဆုံးလက်ရာ''

ဗီဒီယိုနှင့်စာရောက်ရောက်ချင်း အဖွဲ့ထဲလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'နဲ့ ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး'ကို အပြင်လူတွေမသိကြသော်လည်း အဖွဲ့ထဲကလူတိုင်းသိကြသည်။

ထိုအချိန်တွင် စိတ်အဝင်စားခံရဆုံးက ဝူခိုင်၏ပန်းချီကားပင်။

ဗီဒီယိုဖြစ်သော်လည်း ဆရာကြီးဝူခိုင်လက်ရာက အနုပညာအယူအဆပိုင်းမှာဖြစ်စေ၊ ဆွဲချက်မှာဖြစ်စေ၊ အရင်ထက်အဆင့်မြင့်လာကြောင်း တွေ့နိုင်သည်။

ဆရာကြီးဝူခိုင်မှာ ပြည်တွင်းခေတ်ပြိုင်အနုပညာအသိုင်းအဝိုင်းတွင် ထင်ပေါ်သောထိပ်တန်းအနုပညာရှင်ဖြစ်ပြီး ဗန်ဂိုးနှင့်ပီကာဆိုကလည်း တစ်ခေတ်တစ်ခါက သူတို့နိုင်ငံအသီးသီးတွင် အနုပညာအသိုင်းအဝိုင်းကိုဦးဆောင်နိုင်သောဆရာကြီးများဖြစ်လေသည်။

ဒီပန်းချီကားသုံးချပ်အတူတူမြင်ရတာ လုံးဝအံ့ဩစရာပင်။

ထိုဗီဒီယိုကြောင့် အဖွဲ့သားများကမနေနိုင်ဘဲ Wechat အခိုက်အတန့်များတွင်မျှဝေကြသည်။ ထို့နောက် ပန်းချီကားသုံးချပ်ကိုတစ်ယောက်ပြီးတစ်ယောက်မြင်သွားကြသည်။ နောက်ပိုင်း စပ်စုစိန်များက အင်တာနက်ပေါ်တွင်ဗီဒီယိုတင်ကြ၏။

ထို့ကြောင့် နောက်တစ်နေ့တွင် ၁ ဘီလီယံတန်ပန်းချီကားသုံးချပ်ဆိုသောသတင်းထွက်လာတော့သည်။

တက္ကသိုလ်တစ်ခု၌_



ချန်ရျွယ်က သူမစာသင်ခန်းထဲလျှောက်လာပြီး သူမ၏ကိုယ်ပိုင်လျှောက်လွှာကို ချင်းလင်ဓာတ်ခွဲခန်းပို့ရန်ပြင်ဆင်နေသည်။

ရုံချန်းဒေသခံတစ်ဦးအနေနှင့် စတုတ္ထနှစ်အလုပ်သင်ကာလကို ချင်းလင်ဓာတ်ခွဲခန်းမှာဆင်းပြီး ဘွဲ့ရပြီးနောက်ချင်းလင်ဓာတ်ခွဲခန်းတွင်အလုပ်ရဖို့မျှော်လင့်မိသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီရဲ့အလားအလာက နိုင်ငံတကာအဖွဲ့အစည်းကြီးများထက်မလျော့၊ လစာလည်းမနည်းပေ။ အဓိကက ကိုယ့်မွေးရပ်မြေမှာ မိဘနှင့်အတူနေနိုင်သည်။

ချင်းလင်ကုမ္ပဏီက မနှစ်က အလုပ်သင်နေရာဖွင့်ပေးခဲ့သည်။ စီနီယာကျောင်းသားဖြစ်လျှင် အလုပ်သင်လျှောက်နိုင်သည်။ အောင်မြင်ပါက ချင်းလင်ကုမ္ပဏီဝင်ခွင့်ရမည်။

ရုံချန်းကျောင်းသားများက ချင်းလင်ကုမ္ပဏီထဲဝင်ချင်ကြသည်။

နောက်ပြီး ချင်းလင်ကုမ္ပဏီကလည်း ကောလိပ်ကျောင်းသားများ၏အကြံဉာဏ်ကိုကောက်ယူသည်။ သဘောက ကောလိပ်ကျောင်းသားများက ချင်းလင်ကုမ္ပဏီသို့ နည်းများမဆိုအဆိုပြုချက်ရေးနိုင်သည်။ ဆန်းစစ်ပြီးလက်ခံသောမည်သည့်အကြံပြုလွှာမဆို အလုပ်သင်ဆင်းခွင့်ရှိသည်။

ဒီနည်းနှင့် တချို့ရုံချန်းကျောင်းသားများအလုပ်သင်ဆင်းခွင့်ရကြသည်။

ချန်ရွှယ်က ဒီနည်းအတိုင်း အလုပ်သင်ဆင်းခွင့်ရချင်သည်။ သူမကရုံချန်းသူဖြစ်၍ ချင်းလင်ကုမ္ပဏီအချက်အလက်သုတေသနပိုင်းနှင့်ပတ်သက်လျှင် တခြားဒေသမှကျောင်းသူများထက်အားသာချက်ရှိသည်။

စာသင်ခန်းထဲဝင်ပြီးထိုင်လိုက်သောအခါ သူမရှေ့မှမျက်မှန်နှင့်ကျောင်းသားက ဖုန်းကိုင်ပြီးပြောသည်_

"အားလုံး.. ကြည့်ဦး... အင်တာနက်ပေါ်ကလူတွေက နည်းလမ်းပေါင်းစုံနဲ့အာရုံစိုက်ခံရအောင် လုပ်နေတာပဲ... တစ်ဘီလီယံကျော်တန်တဲ့ပန်းချီကားသုံးချပ်ကို ဧည့်ခန်းထဲထားထားတာတဲ့... လူတွေကိုဦးနှောက်စားအောင်လုပ်နေတာ''

သူ့ဘေးမှကျောင်းသားများဝိုင်းလာပြီး မျက်မှန်နှင့်ကျောင်းသား၏ဖုန်းကိုကြည့်လိုက်သည်။ တစ်ဘီလီယံတန်ပန်းချီကားသုံးချပ်ကိုစုဆောင်းထားသူဟူသောသတင်းက ရေပန်းစားနေသည်။

အတန်းဖော်တစ်ယောက်ကမေးသည်_

"မှန်နေရင်ရော? ဘာပဲ​ဖြစ်ဖြစ် သူဌေးတွေကအများကြီး... သူဌေးလောကဆိုတာ ငါတို့နားလည်နိုင်တာမဟုတ်ဘူး''



မျက်မှန်နှင့်ကျောင်းသားက ယုံကြည်မှုအပြည့်နှင့်_

"မဖြစ်နိုင်ဘူး... မင်းတို့ကောင်တွေက ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'နဲ့ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး'ကနာမည်ကြီးတာတောင်မသိတာ... ငါအရင်ကဖတ်ဖူးတယ်... ဒီပန်းချီကားနှစ်ချပ်က ပင်လယ်ထဲမြုပ်သွားတာကြာပြီ''

"ပြီးတော့ တတိယမြောက်ပုံကိုမြင်လား? အဲဒါမော်ဒန်ပန်းချီပဲ... ပန်းချီကားထဲကလူက ချင်းလင်စံအိမ်ရဲ့အင်တာနက်ဆယ်လီရှောင်ချင်နဲ့တူတယ်မထင်ဘူးလား? မြေပေါ်ထိုင်နေတဲ့သူကရော ပါမောက္ခလီခိုင်နဲ့မတူဘူးလား?''

"ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီက အစစ်မဖြစ်နိုင်ဘူး... အဲဒီအပြင် တတိယပုံပါပေါင်းလိုက်ရင် သက်သက်အာရုံစိုက်ခံရအောင်လုပ်နေတာပဲ''

ဒီလောကမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတဲ့လူတွေမရှား။

သူတို့လုံးဝနားမလည်သောကိစ္စများကို ဉာဏ်မီသလောက်ဆုံးဖြတ်တတ်ကြသည်။

"ဒီပန်းချီကားကို ချင်းလင်စံအိမ်မှာဆွဲတာဆိုရင်ရော?''

ရုတ်တရက် သူမရှေ့မှကြည့်ကောင်းသောကောင်လေးတစ်ယောက်ကမေးသည်_

"ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီကားက ချင်းလင်ကုမ္ပဏီသူဌေးဆီကဆိုရင်ရော? ချင်းလင်ကုမ္ပဏီသူဌေးက ဒီလိုလုပ်စရာလိုတယ်ထင်လား?''

သူ့စကားကြောင့် သူ့နားပတ်လည်မှကျောင်းသားများလှုပ်လှုပ်ရွရွဖြစ်သွားသည်။

ချင်းလင်ကုမ္ပဏီသူဌေးအရမ်းဩဇာရှိတာ မသိသူရှိလို့လား? ဘယ်သူမှမမြင်ဖူးကြသော်လည်း ရမ်၊ မာ၊ ဝမ်၊ လဲ့နှင့် ကျုံးတို့လိုသူဌေးကြီးဟု သတ်မှတ်ထားကြသည်။

ဒီပန်းချီကားသုံးချပ်က ချင်းလင်ကုမ္ပဏီသူဌေးပိုင်တာဆိုရင် ဒီလိုအတုအယောင်မျိုးလုပ်စရာမလို။

မျက်မှန်က လက်မခံ_

"ချင်းလင်ကုမ္ပဏီသူဌေးဆိုတာနဲ့ သူဌေးဟာဖြစ်ရောလား? ငါ့ဦးလေးက ဒီပန်းချီကားသုံးချပ်နဲ့နောက်နေတယ်ဆိုတာ ငါပြောရဲတယ်!''

ခန့်ချောကျောင်းသားက_

"ဒီပန်းချီကားက ချင်းလင်ကုမ္ပဏီသူဌေးဆီကဆိုတာသိရုံတင်မကဘူး... တတိယမြောက်ပန်းချီကားက ပြည်တွင်းထိပ်တန်းပန်းချီဆရာကြီးဝူခိုင်ဆွဲတာရော၊ ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီကားနှစ်ချပ်ကအစစ်ဆိုတာပါသိတယ်... ဒါပေမဲ့ ဆရာကြီးဝူခိုင်ရဲ့ပန်းချီကားတန်ဖိုးက အဲဒီနှစ်ချပ်ထက်မလျော့ပါဘူး''

"မင်း​ပြောတာ တကယ်ကျနေတာပဲ''

မျက်မှန်ကခနဲ့သည်။

ခန့်ချောကခေါင်းခါပြီး မျက်မှန်ကိုလျစ်လျူရှုလိုက်သည်။

သူသိတာပေါ့။ သူ့အဘိုးက ပန်းချီလောကသား။ ဒီစာတွေကို သူ့အဘိုးရဲ့အခိုက်အတန့်များမှာတင်ထားသည်။

ဒါပေမဲ့ သူ့ကိုပြောပြစရာမလို။ ဒါကအမှန်ဖြစ်ပြီး ယုံတာမယုံတာက သူ့အပိုင်း။

ထိုအချိန်တွင် သူ့နောက်မှအမျိုးသမီးက_

"ကြည့်ရတာ ပန်းချီကားကအစစ်ထင်တယ်... ပန်းချီအဖွဲ့အစည်းနဲ့တခြားပန်းချီဆရာတွေပြောနေကြပြီ... ဟော်လန်နဲ့ရှီပန်းယက ဒီပန်းချီကားနှစ်ချပ်ကိုပြန်လိုချင်တယ်တဲ့... သံတမန်နည်းတောင် သုံးထားသေးတယ်''



All Chapters