← Chapters

ချင်းလင်အပန်းဖြေစံအိမ်က ဉာဏ်ပွင့်ရာမြေ! ချင်လင်တထိတ်ထိတ်! ၂

Vol. 55 Ch. 822

ချင်းလင်အပန်းဖြေစံအိမ်က ဉာဏ်ပွင့်ရာမြေ! ချင်လင်တထိတ်ထိတ်! ၂

Vol. 55 Ch. 822

သူမစကားကြောင့် တခြားကျောင်းသားများလှုပ်လှုပ်ရွရွဖြစ်သွားသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

မျက်မှန်ကချက်ချင်းမျက်နှာပျက်သွားသည်။ သူကလိုင်းပေါ်အမြန်တက်ကြည့်ရာ အွန်လိုင်းပေါ်တွင် အတည်ပြုထားသောသူဌေးများတွေ့ရသည်။ ဟော်လန်နှင့်ရှီပန်းယက သံတမန်နည်းသုံးပြီး ပန်းချီကားနှစ်ချပ်ပြန်ဝယ်ချင်သောသတင်းလည်းတွေ့သည်။

မျက်မှန်က စာဖတ်ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။ သူ့မှာအရှက်လွန်ပြီး သူ့နားကကျောင်းသားတွေ သူ့ကိုလှောင်ပြီးကြည့်နေသလိုခံစားရသည်။

ထို့ကြောင့် ခန့်ချောကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်_

"မင်းသိပြီးသားမလား? ပြောတောင်မပြောဘူး... ငါအရှက်ကွဲတာကို ဒီအတိုင်းကြည့်နေတယ်''

“???” ခန့်ချော။

“???” ချန်ရွှယ်။

“???” ကျောင်းသား ၁။

“???”

ကျောင်းသားများထွက်သွားကြလေပြီ။

တစ်ခဏအတွင်း အောင့်သီးအောင့်သက်အငွေ့အသက်များပြည့်သွား၏။

…

အင်တာနက်ပေါ်တွင် တစ်ဘီလီယံကျော်တန်သောပန်းချီကားသုံးချပ်ဆိုသောသတင်းကလည်း တောမီးလိုပြန့်သွားသည်။

ဘာပဲဖြစ်ဖြစ် ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီကားနှစ်ချပ်က ပင်လယ်ထဲမြုပ်သွားတာအမှန်ဖြစ်သည်။ ထိုနှစ်ချပ်က ဟော်လန်နဲ့ရှီပန်းယရဲ့နိုင်ငံ့ရတနာဖြစ်နေ၏။

ဒီလိုပန်းချီကားတွေကိုပြခန်းထဲပြထားတာ ဟော်လန်နဲ့ရှီပန်းယကလူတွေ မကန့်ကွက်ကြဘူးလား?

ပြီးတော့ တတိယမြောက်ပန်းချီကားကို ခေတ်ပေါ်ထိပ်တန်းပန်းချီဆရာကြီးဝူခိုင်ဆွဲထားတာတဲ့။

နောက်ပြီး ပန်းချီကားတွေကို ချင်းလင်ကုမ္ပဏီသူဌေးပိုင်တာဆိုပဲ။ အခု ပန်းချီကားသုံးချပ်ကို ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်းထဲမှာပြထားသည်။

ထို့ကြောင့် အားလုံးအံ့အားသင့်သွား၏။

ချင်းလင်ကုမ္ပဏီသူဌေးက ဧည့်ခန်းထဲမှာ တစ်ဘီလီယံကျော်ကိုတကယ်ထားထားသည်။



မျက်စိကိုအဖမ်းစားဆုံးက ဆရာကြီးဝူခိုင်ရဲ့ပန်းချီကားအကြောင်းအရာပင်။ ရှုခင်းကိုမဟုတ်၊ ပန်းချီကားထဲကလူများဖြစ်သည်။

အရင်ဆုံး ဝိိုင်နီခွက်ကိုင်ထားသောအင်တာနက်ဆယ်လီရှောင်ချင်ကိုဂရုစိုက်စရာမလို။

သူက အင်တာနက်ဆယ်လီလေးတစ်ယောက်သာ။

သူကဝိုင်နီခွက်ကိုင်ပြီး စောင့်စားနေသလိုပင်။

သို့သော် တခြားလူများကထူးခြားသည်။ ဘေးနားတွင်ရပ်နေသောလူကြီးသုံးဦးမှာ တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များဖြစ်ကြောင်း အင်တာနက်ပေါ်တွင်ပြောထားကြသည်။

မြေကြီးပေါ်မှတစ်ယောက်က ပါမောက္ခလီခိုင်။ သူကမြေကြီးပေါ်တွင်ရေးခြစ်နေသည်။

ဆရာကြီးဝူခိုင်ကစိတ်ကူးနဲ့ဆွဲထားတာမဟုတ်ရင် ပါမောက္ခလီခိုင်က ဘာတွေရေးနေတာလဲ?

ပန်းချီကားထဲတွင် သူ့ပုံစံကသည်းကြီးမည်းကြီးပင်။

အားလုံးသံသယကိုရှင်းသွားစေသော ဗီဒီယိုတစ်ပုဒ်က ရုတ်တရက်အင်တာနက်ပေါ်တက်လာသည်။ ခေါင်းစဉ်မှာ:

"သိပ္ပံသုတေသနနဲ့ပတ်သက်ရင် ပါမောက္ခလီခိုင်က အချိန်မရွေး နေရာမရွေး!''

ဗီဒီယိုထဲတွင်ပါမောက္ခလီခိုင်က မြေကြီးပေါ်ကျောက်တုံးနှင့်ခြစ်နေသည်။ သူကြည့်ရတာ အသည်းအသန်ပင်။

ဒါဆရာကြီးဝူခိုင်ဆွဲထားတဲ့ဟာမလား?

ပါမောက္ခလီခိုင်ကသုတေသနထပ်လုပ်နေတာနဲ့ ဆရာကြီးဝူခိုင်ဆွဲဖို့ကြုံသွားတာလား?

အရင်မြင်ထားသည်နှင့်အခုမြင်လိုက်ရသည်ကြောင့် ဒီလိုထင်ကြသည်။

တရုတ်သိပ္ပံအကယ်ဒမီကတင်တာပဲပေါ့။

ပါမောက္ခလီခိုင်နာမည်တက်လာပြီး သုတေသနနှင့်ဆက်စပ်သောအပြုသဘောဆောင်သည့်ကိစ္စဖြစ်၍ ရေတွင်းထဲပန်းကျဲသည်ကို ဘယ်သူမှစိတ်ထဲမထား။

အဲဒီညက ပါမောက္ခလီခိုင် သုတေသနကြီးလုပ်ခဲ့တယ်ဆိုရင် နံပါတ်တစ်ပန်းချီဆရာနဲ့ပါမောက္ခလီခိုင် ပြီးပြည့်စုံသွားပြီ။

အားလုံးက ဒီဖြစ်ရပ်ကိုအာရုံစိုက်နေစဉ် ချင်းလင်ဓာတ်ခွဲခန်းက စမ်းသပ်ချက်အဖြစ်အမှတ်အသားပြုထားသောစာတမ်းတစ်စောင်ကိုရုတ်တရက်ကြေညာလိုက်သည်။

ထိုစာတမ်းမှာ ပါမောက္ခလီခိုင်အကြိမ်ကြိမ်ရေးထားသောအပူချိန်နိမ့်မျိုးစိတ်သုတေသနပင်။

ဒီတစ်ကြိမ်တွင် စိတ်ကူးရပြီး အားလုံးတမူဆန်းသစ်သွားသည်။ သူကနောက်ဆက်တွဲစာတမ်းရေးပြီးထုတ်ပြန်ထားသည်။



ထိုစာတမ်းကိုအတော်လေးအာရုံစိုက်ခံရသည်။ အထူးသဖြင့် စာတမ်းပေါ်တွင်ပါမောက္ခလီခိုင်၏နာမည်ကိုဖော်ပြထားသည်။ ထိုစာတမ်းကို လူသိများသောတရုတ်ဖိုရမ်များတွင်ပြန်တင်ကြ၏။

နောက်ပြီး စာတမ်းအကြောင်းအရာကိုမြင်သောအခါ အားလုံးအံ့ဩသွားသည်။

အပူချိန်နိမ့်သောအခြေအနေတွင်သီးနှံဖြစ်နိုင်ခြေကိုဆွေးနွေးပြီး သီးနှံမျိုးစိတ်ကအပူချိန်နိမ့်နိမ့်တွင်လိုက်လျောညီထွေရှိသောအခါ ရာသီကန့်သတ်ချက်မရှိတော့!

စာတမ်းအကြောင်းအရာက ဩချလောက်စရာပင်။

သီးနှံကရာသီအသီးသီးမှာဖြစ်တတ်တာ အားလုံးအသိ။ နွေရာသီသီးနှံများမှာ ဆောင်းဦး၊ဆောင်းတွင်းတွင်မဖြစ်နိုင်ဘဲ ဆောင်းရာသီသီးနှံများက နွေရာသီတွင်မဖြစ်နိုင်ပေ။

ယခုအချိန်အထိ လူသားများက အစိမ်းရောင်မှန်လုံအိမ်နှင့်စိုက်သောနည်းပညာကိုသာဖန်တီးနိုင်သေးသည်။ သီးနှံကိုတိုက်ရိုက်ပြောင်းလဲဖို့ ဘယ်သူမှမစဉ်းစားမိကြ။

ပါမောက္ခလီခိုင်ရဲ့စာတမ်းက သီးနှံရှင်သန်ရေးကိုပြောင်းလဲနိုင်တဲ့သုတေသနလား? ဒီနည်းပညာနဲ့ဆို နွေရာသီစတော်ဘယ်ရီကို ဆောင်းရာသီမှာ အစိမ်းရောင်မှန်လုံအိမ်မလိုဘဲစိုက်နိုင်ပြီပေါ့?

ဖရဲသီးတောင်မှလေ?

ရုတ်တရက် လူအတော်များများက ချင်းလင်ဖရဲသီးကိုတွေးမိကြသည်။ ချင်းလင်ဖရဲသီးကိုလည်း မနှစ်ကဆောင်းရာသီမှာစိုက်ပြီး ရောင်းခဲ့တာဖြစ်မည်။

အဲဒီအချိန်ကတည်းက ပါမောက္ခလီခိုင်ရဲ့အပူချိန်နိမ့်မျိုးစိတ်သုတေသနက ရလဒ်တွေထွက်နေပြီလား? ဒါကြောင့် ချင်းလင်ဖရဲသီးကိုဖန်တီးနိုင်ခဲ့တာပဲ။

ဒါပေမဲ့ ဒီတစ်ခါ ပါမောက္ခလီခိုင်ရဲ့သုတေသနကလုံးဝတစ်ဆင့်တက်သွားပြီ။ သီးနှံကြီးထွားမှုကိုထိန်းချုပ်နိုင်တဲ့အပူချိန်နိမ့်မျိုးစိတ်နည်းပညာက ကမ္ဘာမှာထွက်ပေါ်လာတော့မှာလား?

လီခိုင်၏အပူချိန်နိမ့်မျိုးစိတ်သုတေသနသတင်းက အင်တာနက်ပေါ်မြန်မြန်ဆန်ဆန်ပြန့်သွားသည်။

ပါမောက္ခလီခိုင်ကတော့ နာမည်နဲ့လိုက်ပါပေတယ်!

အင်တာနက်ပေါ်မှာ ဖန်တီးနိုင်စွမ်းရှိသူတွေအများကြီးပင်။

ရုတ်တရက် ဗီဒီယိုတစ်ပုဒ်ထွက်လာသည်_

"ချင်းလင်အပန်းဖြေစံအိမ်က ဘယ်လိုအံ့ဖွယ်နေရာမျိုးလဲ?''

တည်တည်ကြည်ကြည်အသံတစ်ခုက ဗီဒီယိုထဲမှထွက်လာ၏_

"ဆရာကြီးဝူခိုင်ရဲ့လက်ရာကတက်သွားတယ်လို့သတင်းရပါတယ်... တစ်ချိန်တည်းမှာ ပါမောက္ခလီခိုင်ကလည်း အပူချိန်နိမ့်မျိုးစိတ်သုတေသနကိုအောင်မြင်ခဲ့ပါတယ်''

"အံ့ဩစရာမကောင်းဘူးလား? ဆရာကြီးဝူခိုင်ဖြစ်ဖြစ် ပါမောက္ခလီခိုင်ပဲဖြစ်ဖြစ် သူတို့နယ်ပယ်မှာထိပ်တန်းတွေပါ... ဆရာကြီးဝူခိုင်က ပြည်တွင်းထိပ်တန်းပန်းချီဆရာ... ပါမောက္ခလီခိုင်က ပြည်တွင်းသီးနှံသုတေသနမှာခေါင်းဆောင်''

"သူတို့နှစ်ယောက်လုံးကစိတ်ကူးဉာဏ်ကွန့်မြူးပြီး သူတို့သန်ရာသန်ရာမှာတိုးတက်သွားတာ... ပြီးတော့ ချင်းလင်အပန်း​ဖြေစံအိမ်ဆိုတဲ့တစ်နေရာတည်းမှာပဲ!''

"ဒီချင်းလင်အပန်းဖြေစံအိမ်က ဝတ္ထုတွေထဲကလိုဉာဏ်အလင်းရတဲ့နေရာလိုပဲ!''

ဗီဒီယိုထွက်ထွက်ချင်း ရေပန်းစားရှာဖွေမှုထဲရောက်သွားသည်။ အလွန့်အလွန်ရေပန်းစားခြင်းမျိုးနှင့်နာမည်ကြီးလာ၏။

အမှန်ပင်။ အစက ဘယ်သူမှမဆက်စပ်မိကြ။

အခုတော့ ချင်းလင်အပန်းဖြေစံအိမ်က အလွန်အထင်ကြီးစရာကောင်းသလိုခံစားရသည်။ ပါမောက္ခလီခိုင်က ချင်းလင်အပန်းဖြေစံအိမ်မှာ၊ ဆရာကြီးဝူခိုင်ကလည်း ချင်းလင်အပန်းဖြေစံအိမ်မှာ။ သူကပါမောက္ခလီခိုင်စဉ်းစားခန်းဝင်နေပုံကို သူ့ထိပ်တန်းလက်ရာနှင့်မှတ်တမ်းတင်ထားခဲ့သည်။

ချင်းလင်အပန်းဖြေစံအိမ်က အရမ်းအထင်ကြီးစရာမကောင်းဘူးလား?

ချင်းလင်အပန်းဖြေစံအိမ်တွင် ချင်လင်လည်းသူ့ရုံးခန်းထဲထိုင်ပြီး အင်တာနက်ပေါ်မှသတင်းများကြည့်နေသည်။ ထိုရေပန်းစားသတင်းကိုမြင်ပြီး သူကျောချမ်းသွား၏။

ဘယ်လိုလုပ်ပြီး ဒါကိုတွေးနိုင်ပါလိမ့်? သူတို့သာဆက်တွေးရင် မျောကျောက်အကြောင်းပါသိကုန်မလား?

သေစမ်း! အန္တရာယ်များတယ်!

သူကသတိလက်လွတ်ရုံးခန်းထဲမှထွက်ပြီး မျောကျောက်ကိုဖယ်သင့်မဖယ်သင့် သွားကြည့်ရန်ပြင်လိုက်သည်။

ဧည့်ခန်းထဲမှာ တော်ဝင်ပညာရှင်လီတို့နဲ့ဆုံမယ်လို့ဘယ်ထင်မလဲ?

တော်ဝင်ပညာရှင်လီက တန်းနှုတ်ဆက်သည်_

"သူဌေးချင်... မင်းရဲ့အပန်းဖြေစံအိမ်က လောင်ဝူနဲ့ပါမောက္ခလီခိုင်​ကြောင့်နာမည်ကြီးပြန်ပြီ... ဉာဏ်ပွင့်တဲ့နေရာလို့ထင်နေကြတာ''

ထိုစကားကြောင့် ချင်လင်မျက်နှာပျက်သွားသည်။

မျောကျောက်က ဒီလောက်မြန်မြန်ပေါ်တော့မှာလား?

တော်ဝင်ပညာရှင်ဟောင်က_

"ဒါပေမဲ့ အဲဒါဟုတ်သလိုလိုပဲ... ငါလောင်ဝူကိုမေးပြီးပြီ... သူက​ပြောတယ် ချင်းလင်အပန်းဖြေစံအိမ်ထဲရောက်လာပြီး လေထုနဲ့ပတ်ဝန်းကျင်ကြောင့် အရမ်းနေလို့ထိုင်လို့ကောင်းတယ်တဲ့... ပြီးတော့ သူကောင်းကောင်းအိပ်တယ်... ငါးကုထုံးခံတယ်... သူ့စိတ်နဲ့ခန္ဓာကိုယ်ကြည်လင်သန့်ရှင်းပြီး တကိုယ်လုံးပြေလျော့သွားတာတဲ့... ဒီအခြေအနေမှာ စိတ်ကအကောင်းဆုံးပဲလေ''

တော်ဝင်ပညာရှင်လင်းကလည်း_

"ဟုတ်တယ်... လူတွေကစိတ်အခြေအနေကောင်းတဲ့အချိန်မှာ ရလဒ်နှစ်ဆကောင်းကြတယ်... ဘာမဆိုလုပ်ဖို့လွယ်တယ်... လောင်ဝူနဲ့ပါမောက္ခလီခိုင်လိုထိပ်တန်းတွေက နေသာထိုင်သာရှိနေရင် သူတို့ပညာတွေပိုကောင်းလာလိမ့်မယ်... သူတို့နှစ်ယောက်လုံးတိုးတက်တာကတော့ တိုက်ဆိုင်မှုသက်သက်ပါပဲ''

တော်ဝင်ပညာရှင်လီကပြုံးပြီး_

"အင်း... နည်းနည်းတိုက်ဆိုင်သွားတာ... ဒါပေမဲ့ ဒါကလည်း ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပတ်ဝန်းကျင်က တကယ်ကောင်းတယ်ဆိုတဲ့သဘောပဲ... ကိုယ်ရောစိတ်ပါကောင်းတယ်... ဒီတော့ ဘာအနှောင့်အယှက်မှမရှိရင် စိတ်ကူးကောင်းတယ်... တိုးတက်ဖို့လွယ်တယ်''

ထိုစကားကြောင့် ချင်လင်ကြောင်သွားသည်။

သူကဆင်ခြေပေးဖို့ကြိုးစားနေဆဲ အတော်ဖြစ်သွားသည်။ ရုပ်ဝါဒဆင်ခြေဖြစ်သော်လည်း ရုပ်ဝါဒကကောင်းသည်။

ရှေ့လျှောက် သူများကိုဒီလိုပြောမည်။ တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ဟောင်ကပြောတာဖြစ်ကြောင်းလည်းပြောရမည်။

မေးခွန်းထုတ်စရာရှိရင် တော်ဝင်ပညာရှင်နှစ်ယောက်ကိုမေး။ သူတို့ကိုဘယ်သူမှမေးခွန်းထုတ်မှာမဟုတ်ဘူးမလား?

တော်ဝင်ပညာရှင်လင်းက_

"ဒုံးပျံကိစ္စနဲ့ဦးနှောက်ခြောက်နေတဲ့တော်ဝင်ပညာရှင်သုံးယောက်မလား? ဒါနိုင်ငံတွေအားလုံးမှာ လက်ရှိဒုံးပျံသုတေသနအဆင့်အတွက်အကြီးမားဆုံးယှဉ်ပြိုင်မှုပဲ... ဒုံးပျံသုတေသနပိုင်းမှာ ဟိုရှီနိုကိုကျော်တက်ဖို့ပထမဆုံးရတဲ့အခွင့်အရေးလည်းဟုတ်တယ်... ခင်ဗျားတို့သုံးယောက်လည်းအခက်တွေ့နေမှတော့ ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူပြီး သောကဖြေဖျောက်ပါလား... မျှော်လင့်မထားတာတွေဖြစ်လာနိုင်တယ်''

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ဟောင် နှစ်ယောက်လုံးကြောင်သွားသည်။

သူတို့ဘာလို့မတွေးမိပါလိမ့်?

……



All Chapters