← Chapters

တရုတ်သိပ္ပံအကယ်ဒမီမှတောင်းဆိုချက်!

Vol. 55 Ch. 823

တရုတ်သိပ္ပံအကယ်ဒမီမှတောင်းဆိုချက်!

Vol. 55 Ch. 823

တော်ဝင်ပညာရှင်လင်းပြောတာ တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ဟောင် သဘောပေါက်သည်။

သူတို့လည်းစောစောကပဲ ပါမောက္ခလီခိုင်နဲ့လောင်ဝူ ရုပ်ဝါဒမှရုတ်တရက်တိုးတက်သွားကြောင်းဆန်းစစ်မိသည်။

လူတွေမှာ ရံဖန်ရံခါအလွန်ထူးဆန်းသောအခြေအနေရှိတတ်သည်။

ဒီလိုအခြေအနေမှာ အလုပ်အတော်များများလုပ်နိုင်သည်။

သို့သော် နောက်တစ်နေ့ ဒီလိုအခြေအနေဆက်ဖြစ်ချင်လည်းမဖြစ်တော့။ နောက်ပြီး ဒီလိုအခြေအနေမျိုးဆက်တိုက်ဖြစ်ဖို့လည်းခက်ခဲသည်။

ထိုအဆင့်မှာ ကိုယ်ရောစိတ်ပါလျှော့ချသောအဆင့်ဖြစ်ပြီး နေသာထိုင်သာရှိ၍စိတ်ရှင်းသည်။

ပြင်ပအချက်အလက်များနှင့်ပတ်ဝန်းကျင်ကောင်းက ဒီလိုအခြေအနေကိုဖြစ်စေကြောင်း လေ့လာခဲ့သောတော်ဝင်ပညာရှင်တစ်ဦးရှိသည်။

သို့ရာတွင် ပတ်ဝန်းကျင်နှင့်ပြင်ပအချက်အလက်များမှာပုံသေမဟုတ်။ တော်ဝင်ပညာရှင်က ဒီအပိုင်းမှာဘာမှမလေ့လာခဲ့ပေ။

အခု ချင်းလင်အပန်းဖြေစံအိမ်က ဒီလိုအပ်ချက်နှင့်ပြည့်စုံပုံရသည်။

ဒီပတ်ဝန်းကျင်ကလုံးဝပြိုင်ဘက်ကင်းပြီး ပြည်တွင်းမှာဒီလိုပတ်ဝန်းကျင်မျိုး ရှာမတွေ့နိုင်လောက်။

အထူးငါးကုထုံးအပြင် အရည်အသွေးမြင့်အိပ်ပျော်စေသောနံ့သာ၊ ခန္ဓာကိုယ်အားဖြည့်ဆေးဖက်ဝင်အစားအစာများကြောင့် ခန္ဓာကိုယ်ကအကောင်းဆုံးအခြေအနေရှိနေသည်။

ဒါကပြင်ပအချက်အလက်ပင်။

တော်ဝင်ပညာရှင်လီတို့က ချင်လင်နှင့်လမ်းခွဲပြီးနောက် စံအိမ်ထဲဝင်လာပြီး အခန်းထဲတွင်စုဝေးကြသည်။

ပါမောက္ခလီခိုင်နှင့်ဝူခိုင်အကြောင်းဆွေးနွေးကြခြင်းပင်။

"ဒီအကြောင်း ဝန်ကြီးလုကိုပြောသင့်တယ်ထင်တယ်''

တော်ဝင်ပညာရှင်ဟောင်က သူ့အမြင်ကိုပြောသည်။



"ဒါပေမဲ့ သူဌေးချင်က နေရာနည်းနည်းပဲဖွင့်ပေးတာ... သူစိတ်ညစ်သွားမလား?''

တော်ဝင်ပညာရှင်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

တော်ဝင်ပညာရှင်လီက အခိုင်အမာပြောသည်_

"စမ်းကြည့်ရမှာပဲ... တော်ဝင်ပညာရှင်သုံးယောက်ဆက်လုပ်မယ့်ဒုံးပျံသုတေသနက အရမ်းအရေးကြီးတယ်... တော်ဝင်ပညာရှင်ကျူးဆို ညလုံးပေါက်ဖော်မြူလာကိုတွက်ချက်လို့ ဆေးရုံမှာဆေးသွင်းရတာ... ဒါပေမဲ့ ဖော်မြူလာကိုတွက်မရသေးဘူး''

"အချိန်တန်လို့ တို့သုံးယောက်ပြန်သွားရင် တော်ဝင်ပညာရှင်သုံးယောက်ကိုလာခိုင်းရမယ်... တို့ထင်ထားသလိုဖြစ်ပြီး တော်ဝင်ပညာရှင်သုံးယောက်အောင်မြင်သွားရင် ဘာပဲဖြစ်ဖြစ်တန်တယ်''

တော်ဝင်ပညာရှင်က ဘွဲ့မဟုတ်၊ လေးစားမှုတစ်မျိုးသာ။

တရုတ်သိပ္ပံအကယ်ဒမီမှအရည်အချင်းရှိတော်ဝင်ပညာရှင်များကို တော်ဝင်ပညာရှင်ကြီးဟုခေါ်လျှင် သူ့အဆင့်အတန်း၊ လုပ်နိုင်စွမ်းနှင့် ဂုဏ်ကိုဖော်ပြသည်။

တော်ဝင်ပညာရှင်များက နိုင်ငံတော်ပရောဂျက်တိုင်းတွင် အဓိကအင်ဂျင်နီယာများဖြစ်သည်။

ထိုနိုင်ငံတော်ပရောဂျက်တိုင်းက နိုင်ငံနှင့်နိုင်ငံတကာအမြင်တွင် ကြီးကြီးမားမားလွှမ်းမိုးမှုရှိသည်။

လွှမ်းမိုးမှုအကြီးမားဆုံးပရောဂျက်များမှာ မှိုပွင့်ကြီးနှစ်ပွင့်၏နည်းဗျူဟာလက်နက်လုပ်ငန်းများဖြစ်မည်။

ထို့ကြောင့် တော်ဝင်ပညာရှင်လီကချက်ချင်းဖုန်းထုတ်ပြီး ဝန်ကြီးလုကိုဆက်လိုက်သည်။

…

နောက်တစ်နေ့_

ဝူခိုင်၏ပန်းချီနှင့်ပါမောက္ခလီခိုင်၏အပူချိန်နိမ့်မျိုးစိတ်သုတေသနသတင်းက အင်တာနက်ပေါ်တွင်ပိုပြီးရေပန်းစားလာသည်။

ဒါကလည်း tiktok က တမင်လုပ်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် ဂီတပလက်ဖောင်းနာမည်ကြီးဖို့လိုပြီး တခြားပလက်ဖောင်းများထက်မျက်စိကျအောင်ထိန်းထားရမည်။



ပန်းချီဖြစ်စေ၊ သိပ္ပံသုတေသနဖြစ်စေ၊ အားလုံးကအပြုသဘောဆောင်သောအရာများပင်။

နောက်ပြီး နိုင်ငံ၏စံပြပါမောက္ခလီခိုင်၊ စိတ်ဝင်စားစရာအကောင်းဆုံးနေရာချင်းလင်အပန်းဖြေစံအိမ်နှင့်ဆက်စပ်နေသောကြောင့်လည်း အလွန်ဆွဲဆောင်မှုရှိနေသည်။

ထို့ကြောင့် လူဝင်နှုန်းများအောင် သေချာပေါက်ပေးသည်။ ဆီလျော်သောအကြောင်းအရာဖြစ်နေသရွေ့ စနစ်ကအလိုအလျောက်လမ်းကြောင်းပြီး ဒီကိစ္စကိုခွင့်ပြုပေးသည်။

သို့ဖြစ်၍ မနက်အိပ်ရာထသောအခါ tiktok သုံးသူများ၏ပထမဆုံးဗီဒီယိုများမှာ ချင်းလင်အပန်းဖြေစံအိမ်၊ ပါမောက္ခလီခိုင်၊ အပူချိန်နိမ့်မျိုးစိတ်သုတေသန၊ ပန်းချီကားသုံးချပ်၊ ယွမ်တစ်ဘီလီယံစသည်တို့နှင့်ဆက်စပ်နေလေသည်။

ချင်းလင်အပန်းဖြေစံအိမ်က ဇာတ်အိမ်တည်နေရာ၊ ပါမောက္ခလီခိုင်နဲ့ဆရာကြီးဝူခိုင်ကိုအမျိုးသားဇာတ်ဆောင်နေရာထားပြီး အရင်ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်လို စိတ်ကူးယဉ်ဇာတ်လမ်းရိုက်ပစ်လို့ရပြီ!

ဒီဗီဒီယိုထွက်လာတာနဲ့ အတော်များများကထောက်ခံပေးကြလိမ့်မည်။ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ကြောင်းဖော်ပြသော မှတ်တမ်းဒါရိုက်တာတချို့တောင်ရှိသည်။

တချို့ကလည်း စိတ်လှုပ်ရှားပြီး သက်ပြင်းချကာ

'ချင်းလင်အပန်းဖြေစံအိမ်က တကယ်ဇာတ်လမ်းတွေအများကြီးရှိတဲ့နေရာပဲ'။

တစ်ချိန်တည်းမှာ_

တရုတ်သိပ္ပံအကယ်ဒမီ၌_

ဝန်ကြီးလုနှင့်တခြားခေါင်းဆောင်များလည်း ဒီကိစ္စကိုအာရုံစိုက်နေကြသည်။

ခေါင်းဆောင်က ဝန်ကြီးလုပို့သောသတင်းနှင့်အချက်အလက်ကိုကြည့်ပြီး တအံ့တဩနှင့်_

"ပါမောက္ခလီခိုင်က တကယ်အံ့ဩစရာပဲ... ဒီလိုသုတေသနမျိုးလုပ်ပြန်ပြီ... ဒီသုတေသနအောင်မြင်ရင် တို့နိုင်ငံရဲ့ရာသီအလိုက်သီးနှံသိုလှောင်ရေးအတွက် အများကြီးအကျိုးရှိတာပေါ့''

"ဒါပေမဲ့ သတင်းက အံ့ဩစရာကောင်းလိုက်တာ... အပန်းဖြေစံအိမ်မှာအားဖြည့်တာနဲ့ ပါမောက္ခလီခိုင်က ဒီလိုသိပ္ပံသုတေသနမျိုးကိုအောင်မြင်တယ်တဲ့လား? စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမဟုတ်ဘူးနော်''

ဝန်ကြီးလုကအမြန်ရှင်းပြသည်_

"ခေါင်းဆောင်... ကျုပ်လည်းမယုံပါဘူး... ဒါပေမဲ့ တော်ဝင်ပညာရှင်လီ တော်ဝင်ပညာရှင်လင်းနဲ့ တော်ဝင်ပညာရှင်ဟောင်တို့က ချင်းလင်အပန်းဖြေစံအိမ်မှာ... တော်ဝင်ပညာရှင်သုံးယောက်ကလည်း အခြေအနေကိုဆန်းစစ်ထားတယ်''

"တော်ဝင်ပညာရှင်သုံးဦးကပြောတာတော့ ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပတ်ဝန်းကျင်ကတကယ်ကောင်းတယ်တဲ့.. ဒီလိုနေရာမျိုး တို့နိုင်ငံထဲမှာမရှိနိုင်ဘူးတဲ့... ပြီးတော့ ချင်းလင်အပန်းဖြေစံအိမ်ကဝန်ဆောင်မှုအမျိုးမျိုးနဲ့ဆေးစွပ်​ပြုတ်က တစ်ကိုယ်လုံးနေသာထိုင်သာရှိပြီး စိတ်ကိုလန်းဆန်းစေလို့ ကိုယ်ရောစိတ်ပါပြေလျော့စေတယ်တဲ့''

"ဘယ်လိုပဲဖြစ်ဖြစ် ပြောချင်တာက လူတွေရဲ့အကောင်းဆုံးအခြေအနေကိုရောက်စေတယ်... ဒီလိုအခြေအနေမှာ တကယ်ပဲလုပ်အားနှစ်ဆတက်စေနိုင်တယ်... သူတို့ရဲ့အကန့်အသတ်ကိုတောင်ကျော်နိုင်တာပေါ့''

"တော်ဝင်ပညာရှင်သုံးဦးက တကယ်အဲလိုပြောလား?''

ခေါင်းဆောင်အံ့ဩသွားသည်။

ပြည်သူတွေပြောရင်ဂရုထားမည်မဟုတ်သော်လည်း တော်ဝင်ပညာရှင်သုံးဦးကပြောလာရင် သူဂရုစိုက်ရမည်။

ဒီလိုဆိုရင် သိပ္ပံသုတေသနလုပ်တာ ပါမောက္ခလီခိုင်တစ်​ယောက်တည်းမဟုတ်။ တရုတ်သိပ္ပံအကယ်ဒမီမှာ တခြားတော်ဝင်ပညာရှင်များရှိသေးသည်။

ဝန်ကြီးလုက_

"ခေါင်းဆောင်... တော်ဝင်ပညာရှင်သုံးဦးပြောတာဖြစ်နိုင်တယ်ထင်တယ်... ပါမောက္ခလီခိုင်ကိုကြည့်လေ... အံ့ဩစရာကောင်းတဲ့သုတေသနတွေ တစ်ကြိမ်ပြီးတစ်ကြိမ်လုပ်ခဲ့တာ... သူ့အရည်အချင်းအပြင် ချင်းလင်စံအိမ်နဲ့ဘာမှမဆိုင်ဘူးလား?''

All Chapters