တရုတ်သိပ္ပံအကယ်ဒမီမှတောင်းဆိုချက်! ၂
Vol. 55 Ch. 824
"သူက ချင်းလင်စံအိမ်ပိုင်ရှင်နဲ့ဆက်ဆံရေးကောင်းတယ်... ကောင်းလွန်းလို့ မမွေးသေးတဲ့ကလေးတောင် စေ့စပ်ထားကြတာ''
"ပြီးတော့ သူကဘာလို့ချင်းလင်စံအိမ်မှာနေချင်တာလဲ? အဲဒီမှာ သုတေသနလုပ်ရကောင်းမှန်းသိလို့လား''
သူ့စကားကြောင့် ခေါင်းဆောင်ကအံ့ဩပြီး မတ်တပ်ထရပ်သည်။
ဟုတ်တယ်။ ပါမောက္ခလီခိုင်က ဥပမာပဲ။ ပါမောက္ခလီခိုင်ရဲ့သုတေသနက အရမ်းလည်းမြန်တယ်။ တရုတ်သိပ္ပံအကယ်ဒမီကမဖြေရှင်းနိုင်တဲ့ပြဿနာတွေတောင် သူကအသာလေးရသွားတာ။
ပါမောက္ခလီခိုင်ရဲ့အရည်အချင်းအပြင် တခြားအကြောင်းရင်းမရှိနိုင်ဘူးလား?
တော်ဝင်ပညာရှင်လီတို့၏စကားနှင့် ပါမောက္ခလီခိုင်၏အဖြစ်ကိုတွေးရင်း ခေါင်းဆောင်ကပိုပြီးသေချာလာသည်။ သူကအတွေးပေါက်သည်နှင့် စိတ်မထိန်းနိုင်တော့။
"ခေါင်းဆောင်''
ဝန်ကြီးလုကပြောသည်_
"တော်ဝင်ပညာရှင်ကျူးရဲ့ဒုံးပျံသုတေသနက ပြဿနာကြီးနဲ့ရင်ဆိုင်နေရတယ်... တော်ဝင်ပညာရှင်တွေလည်း အခြေအနေကောင်းပုံမရဘူး... ကြည့်ရတာ စိတ်မရှည်တော့သလိုပဲ!''
"သူတို့ကိုချင်းလင်အပန်းဖြေစံအိမ်သွားဖို့စီစဉ်ပေးလိုက်''
ခေါင်းဆောင်က ချက်ချင်းမတ်တတ်ထရပ်ကာ_
"တော်ဝင်ပညာရှင်ကျူးတို့ကို အခုချက်ချင်းပြောလိုက်ပါ... သူတို့ကိုမဖြစ်မနေသွားခိုင်း... ငါဒီအကြောင်း အထက်ကလူတွေနဲ့ပြောမယ်''
"ငါတို့ထင်ထားသလိုဖြစ်လာရင် သူဌေးချင်အပေါ်သဘောထားပြင်ရမယ်... ဘာပဲဖြစ်ဖြစ် သူကအနာဂတ်စီးပွားရေးခေါင်းဆောင်ပဲ... တရုတ်တိုင်းရင်းဆေးပညာလည်းတတ်တယ်... ငါတို့ကိုအားဖြည့်ဆေးရည်ပေးတယ်... ချင်းလင်အပန်းဖြေစံအိမ်လိုနေရာကိုဆောက်ထားတယ်... သူကအံ့ဩစရာကောင်းရုံတင်မဟုတ်တော့ဘူး''
ခေါင်းဆောင်ကပြောပြီးသည်နှင့် အလောတကြီးထွက်သွားသည်။
ဝန်ကြီးလုလည်းထွက်လာပြီး တရုတ်သိပ္ပံအကယ်ဒမီကိုပြန်လာသည်။ ထို့နောက် တရုတ်သိပ္ပံအကယ်ဒမီမှလျှို့ဝှက်ဌာနတစ်ခုထဲဝင်လိုက်သည်။
၂၁ ရာစုရောက်လာပြီး ကမ္ဘာ့သယံဇာတအရင်းအမြစ်များရှားပါးလာသောကြောင့် အာကာသထဲသွားလိုသည့်ဆန္ဒကပိုပြင်းထန်လာသည်။
နှစ်တိုင်းလိုလို နိုင်ငံအသီးသီးက အာကာသထဲဒုံးပျံလွှတ်သောသတင်းများတွေ့ရတတ်သည်။
သို့သော် တစ်ခုတော့သေချာသည်။ နိုင်ငံအသီးသီးက ဒုံးပျံများလွှတ်ပြီးအကွာအဝေးကိုစမ်းသပ်ကြသော်လည်း အသေးစိတ်အချက်အလက်တိတိကျကျမရှိပေ။ အများစုကို သတင်းနှင့်ရုပ်ပုံများမှမှန်းဆတွက်ချက်ရသည်။
နည်းပညာကြောင့် လက်ရှိဒုံးပျံအခြေအနေမှာ အာကာသမြင်ကွင်းများကိုအသေးစိတ်ဆက်လက်စမ်းသပ်ရန် နည်းပညာအကန့်အသတ်ရှိနေသည်။
လူတိုင်း အခက်အခဲကြုံတွေ့ရစမြဲ။
ဒီသုတေသနပိုင်းမှာဖောက်ထွက်နိုင်သည့် မည်သည့်နိုင်ငံမဆို အနာဂတ်ကမ္ဘာ့သုတေသနနယ်ပယ်ကိုဦးဆောင်နိုင်လိမ့်မည်။
အခု အဆင့်ချင်းအတူတူဆိုတော့ ကိုယ့်နိုင်ငံကရှင်းကျန့်တယ်ကိုကျော်တက်နိုင်သည်။
ဖြစ်ချင်တော့ ဒီလိုဖောက်ထွက်နိုင်ဖို့ကလည်း လေးငါးနှစ်မှဆယ်နှစ်လောက်ကြာတတ်သည်။
အဆိုးဆုံးသတင်းမှာ ရှင်းကျန့်တယ်ကသူတို့ဖောက်ထွက်နိုင်တော့မည်ဟု အကြိမ်ကြိမ်ဖော်ပြခြင်းပင်။
တိတိကျကျသတင်းမရှိပေမဲ့ တကယ်လား၊ သူများကိုအရှိန်ပျက်အောင်လုပ်နေတာလားဆိုတာ ဘယ်သူသိမလဲ?
တော်ဝင်ပညာရှင်လီတို့က ချင်းလင်အပန်းဖြေစံအိမ်အကြောင်းပြောပြီးနောက် ခေါင်းဆောင်များက တော်ဝင်ပညာရှင်ကြီးသုံးဦးကိုအလည်သွားခိုင်းသည်။ သူတို့လုံးဝမတတ်နိုင်ရင် ခဏအနားယူသလိုသာသဘောထားလိုက်မည်။ ပင်ပန်းလွန်ပြီးပုံကျသွားတာထက်စာရင်တော်သေးသည်။
ဝန်ကြီးလုကကတ်ဖြတ်ပြီး အစောင့်တစ်ဦးနှင့်သုတေသနဌာနထဲဝင်လိုက်သည်။ ထို့နောက် လူကြီးသုံးဦးကိုခေါ်လိုက်၏။
လူကြီးသုံးဦးမှာ တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့ဖြစ်သည်။
သူတို့သုံးဦးမှာ ပြည်တွင်းသိပ္ပံသုတေသနတိုးတက်မှုကိုမြင်ခဲ့ရသူများဖြစ်ပြီး တဖြည်းဖြည်းနှင့် အာကာသဒုံးပျံသုတေသနတွင်အဓိကဒေါက်တိုင်များဖြစ်လာသည်။
"ဝန်ကြီးလု... ဒီနေ့ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ? မှာစရာရှိလို့လား?''
တော်ဝင်ပညာရှင်ကျူးက ဝန်ကြီးလုကိုမြင်လျှင် ပြုံးပြီးမေးသည်။
ဝန်ကြီးလုက တော်ဝင်ပညာရှင်သုံးဦးကိုကြည့်လိုက်ရာ မျက်တွင်းများကျနေပြီး ကောင်းကောင်းအနားမယူထားမှန်းသိလိုက်သည်။ သူကလိုရင်းကိုတန်းပြော၏_
"တော်ဝင်ပညာရှင်တို့... အထုပ်ပြင်ပါ... ခင်ဗျားတို့အားဖြည့်ဖို့နေရာစီစဉ်ပေးထားတယ်''
တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းက စိတ်ထင့်သွားသည်။
"ဝန်ကြီးလု... နောက်နေတာလား?''
တော်ဝင်ပညာရှင်ကျူးက အမြန်ဝင်ပြောသည်_
"ငါတို့က အရေးတကြီးစမ်းသပ်နေကြတာ... သူများနိုင်ငံနဲ့ပြိုင်ဖို့အမြန်လုပ်ရတာ... ဘယ်လိုလုပ်အပန်းဖြေပြီး အချိန်ဖြုန်းနိုင်မှာလဲ?''
တခြားနှစ်ယောက်ကလည်း အပန်းဖြေဖို့မဖြစ်နိုင်ကြောင်း ခေါင်းညိမ့်အတည်ပြုသည်။
"ချင်းလင်အပန်းဖြေစံအိမ်ကို''
ဝန်ကြီးလုက ရုတ်တရက်ပြောလိုက်သည်။
တော်ဝင်ပညာရှင်သုံးဦးက ခဏကြောင်သွား၏။ ချင်းလင်အပန်းဖြေစံအိမ်ကို သူတို့ကြားဖူးသည်။
ချင်းလင်စံအိမ်ပိုင်ရှင်က အားဖြည့်ဆေးရည်ပေးပြီး တရုတ်သိပ္ပံအကယ်ဒမီကိုလှုပ်ခတ်စေခဲ့ဖူးသည်။ တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာကိုကုရန် ဆေးဖက်ဝင်အစားအစာလည်းသုံးခဲ့သည်။
တော်ဝင်ပညာရှင်လီတို့ကလည်း ချင်းလင်အပန်းဖြေစံအိမ်ကို အနားယူအားဖြည့်ရန်နေရာကောင်းဟုဆိုကြသည်။
အခု ဆေးရုံတက်နေသောတော်ဝင်ပညာရှင်များအားလုံးက အနားယူရန် ချင်းလင်အပန်းဖြေစံအိမ်ကိုလျှောက်ထားကြသည်။
သို့ရာတွင် ခဏလောက် ချီတုံချတုံဖြစ်ပြီးမှ တော်ဝင်ပညာရှင်ကျူးက_
"ဝန်ကြီးလု... ငါတို့သုတေသနက အရေးကြီးတဲ့အချိန်ရောက်နေတာ... လုံးဝမသွားနိုင်ဘူး''
ဘာပဲဖြစ်ဖြစ် လက်ရှိသုတေသနအခြေအနေနဲ့ အပန်းဖြေဖို့၊အနားယူဖို့ စိတ်ကူးမရှိသေး။
ချင်းလင်အပန်းဖြေစံအိမ်သွားတာ ကျန်းမာရေးကောင်းမှန်းသိသော်လည်းပေါ့။
ဝန်ကြီးလုက သက်ပြင်းချလိုက်သည်။ တော်ဝင်ပညာရှင်သုံးဦးက ဒီသုတေသနအပေါ်ဘယ်လောက်ဇွဲကြီးလဲ သူသိသည်။
သို့သော် တွေးရင်းတွေးရင်း သူပြောနိုင်သည်က_
"တော်ဝင်ပညာရှင်ကျူး တော်ဝင်ပညာရှင်ဖေး တော်ဝင်ပညာရှင်စွန်း... ခင်ဗျားတို့ချင်းလင်အပန်းဖြေစံအိမ်သွားဖို့ပြင်ထားရမယ်... ဒါခေါင်းဆောင်ရဲ့အမိန့်ပဲ... ကျုပ်ကသတင်းလာပို့တာ... ခင်ဗျားတို့သုံးယောက် ခေါင်းဆောင်ကိုဒေါသမထွက်စေချင်ဘူးမလား?''
သူကပြတ်သည်။ သူပြောပြီးပြီးချင်း စီနီယာကြီးသုံးဦးကိုပြောခွင့်မပေးဘဲ လှည့်ထွက်လာခဲ့သည်။ သူပြောပြီးမှ စကားရှုပ်ခွင့်မပေး။
"အိုး" တော်ဝင်ပညာရှင်ကျူး။
"အိုး" တော်ဝင်ပညာရှင်ဖေး။
"ကျွတ် ကျွတ်" တော်ဝင်ပညာရှင်စွန်း။
စီနီယာကြီးသုံးဦးက ချက်ချင်းကြောင်သွားသည်။
ဒါအာဏာသုံးပြီး ဖိအားပေးတာမလား?