တရုတ်သိပ္ပံအကယ်ဒမီမှတောင်းဆိုချက်! ၃
Vol. 55 Ch. 825
သူတို့မသွားချင်ပေမဲ့ အတင်းသွားခိုင်းနေပြီ။
သူတို့ငြင်းဖို့တွေးတောနေစဉ် ဝန်ကြီးလုကသန့်ရှင်းရေးလုပ်ရန်လူများလွှတ်လိုက်သောကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
ဒီလူ!
……
နှစ်ရက်ကြာပြီးနောက် အင်တာနက်ပေါ်တွင် ချင်းလင်အပန်းဖြေစံအိမ်၏ရေပန်းစားမှုက နည်းနည်းကျဆင်းသွားသည်။
ချင်းလင်အပန်းဖြေစံအိမ်_
ခါတိုင်းလို ချင်လင်ကပစ္စည်းများပို့ပြီး စံအိမ်ရောက်လာသည်။ အပန်းဖြေစံအိမ်ထဲဝင်ဝင်ချင်း ဝန်ကြီးလုဆီမှဖုန်းဝင်လာ၏။
သူကအမြန်ဖုန်းကိုင်ပြီး_
"ဝန်ကြီးလု... အလုပ်များတဲ့သူကဆက်တာဆိုတော့ အရေးကြီးကိစ္စဖြစ်ရမယ်''
ဝန်ကြီးလုက နည်းနည်းအမ်းတမ်းတမ်းဖြစ်သွားပြီး_
"သူဌေးချင် အားနာလိုက်တာ... အားနာနာနဲ့ပဲတောင်းဆိုစရာရှိတယ်... တရုတ်သိပ္ပံအကယ်ဒမီကတော်ဝင်ပညာရှင်သုံးယောက်ကို မင်းဆီမှာအားဖြည့်ခိုင်းချင်လို့... အဲဒီသုံးယောက်က သုံးလေးနှစ်လောက်အရမ်းအရေးကြီးတဲ့ပရောဂျက်လုပ်နေကြတာ... နည်းနည်းပင်ပန်းနေလို့အခြေအနေမကောင်းဘူး''
ထိုစကားကြောင့် မနေ့ကတော်ဝင်ပညာရှင်လီတို့ပြောသောဒုံးပျံသုတေသနကို ချင်လင်သတိရသွားသည်။
နောက်ပြီး ဝန်ကြီးလုပြောချင်တဲ့သဘောကို သူချက်ချင်းနားလည်လိုက်သည်။
ချင်းလင်အပန်းဖြေစံအိမ်အကြောင်း တော်ဝင်ပညာရှင်လီတို့ဆန်းစစ်ချက်ကအပျော်သဘောဖြစ်ပြီး မျောကျောက်၏အာနိသင်မှန်းမသိသော်လည်း တရုတ်သိပ္ပံအကယ်ဒမီက စမ်းကြည့်ချင်နေသည်။
ထိုအကြောင်းတွေးရင်း ချင်လင်ကသဘောတူမည်လုပ်သော်လည်း ဟန်ဖို့ပြီး_
"ဝန်ကြီးလု... တကယ်တော့ လောလောဆယ်ကျွန်တော်ကနေရာအများကြီးမဖွင့်ထားသေးဘူး''
သဘောတူရမည့်အကြောင်းရင်းများရှိသော်လည်း သူပြောသင့်တာပြောရဦးမည်။
ချင်လင်စကားကြောင့် ဝန်ကြီးလုကချက်ချင်းပင်_
"သူဌေးချင်... ဒီတစ်ခါခြွင်းချက်ထားပေးပါလား... မရဘူးဆိုရင်တော့ တော်ဝင်ပညာရှင်လီတို့ကိုပြန်ခေါ်လို့ရပါတယ်... မင်းကိုအခက်တွေ့အောင်မလုပ်ပါဘူး''
ချင်လင်က_
"ဝန်ကြီးလု... တော်ဝင်ပညာရှင်လီတို့ကိုပြန်ခေါ်စရာမလိုပါဘူး... တော်ဝင်ပညာရှင်လီက အစာအိမ်ကင်ဆာအတွက်ကုဖို့လိုသေးတယ်... ဒီတစ်ခါခြွင်းချက်ထားလိုက်ပါမယ်... တော်ဝင်ပညာရှင်သုံးဦးကိုလွှတ်လိုက်ပါ... ကျွန်တော်စီစဉ်ပေးပါမယ်''
"ကျေးဇူးပါ သူဌေးချင်!''
ဝန်ကြီးလုကချက်ချင်းကျေးဇူးတင်ကြောင်းပြောပြီး စကားစမြည်ပြောကာဖုန်းချလိုက်သည်။
ချင်လင်ကဖုန်းချပြီး နည်းနည်းစိတ်ပျက်သွားသည်။ တော်ဝင်ပညာရှင်သုံးဦးရောက်လာရင် မျောကျောက်အာနိသင်နှင့်ချက်ချင်းကြုံဦးမည်။
ဒီတော်ဝင်ပညာရှင်တွေကိုအတူတူထားလိုက်ရင် မျောကျောက်နဲ့ဆက်စပ်ဖို့လွယ်သွားပြီမလား?
မျောကျောက်ရဲ့အာနိသင်ကိုထိန်းထားနိုင်ရင်ကောင်းမည်။
မျောကျောက်အာနိသင်မပြအောင်လုပ်နိုင်ရင် သူထိန်းချင်တဲ့အချိန်ထိန်းထားနိုင်ပြီ။ လူတိုင်းကမျောကျောက်ကိုမြင်တာနဲ့ဆက်စပ်မနေကြောင်း ခံစားမိလိမ့်မည်။
သို့သော် မျောကျောက်ကိုထိန်းနိုင်မည့်နည်းမရှိ။ မျောကျောက်အာနိသင်နှင့်ကြုံမကြုံက ကြုံမည့်သူမှာ နယ်ပယ်တစ်ခုတွင်ထိပ်တန်းဖြစ်ပြီး တိုးတက်ဖို့အခက်တွေ့နေသူဖြစ်ရမည်။
ချင်လင်ကတွေးရင်းတွေးရင်း မျောကျောက်ဆီသွားကာ ဘာလုပ်ရမလဲစဉ်းစားလိုက်သည်။ မျောကျောက်ဆီရောက်ပြီးလက်ဝါးနှင့်ထိလိုက်ရာ ရုတ်တရက်သူ့စိတ်ထဲတွင် ဂိမ်းအသိပေးစာပေါ်လာသည်။
(မျောကျောက်က နတ်ဘုရားမစမ်းရေလိုအပ်နေ၍ ယာယီအာနိသင်မပြနိုင်ပါ!)
နတ်ဘုရားမစမ်းရေကုန်သွားပြီလား?
သူဖန်တီးထားသောစမ်းချောင်းထဲရေလောင်းလိုက်ရင် အရင်အခြေအနေအတိုင်းဆက်ရှိမည်၊ ရေခမ်းသွားမှမျောကျောက်အာနိသင်ဆုံးရှူံးမည်ဟု သူထင်ခဲ့သည်။
ဒါပေမဲ့ အခု ဒီလိုဟုတ်ပုံမရ။
ဒီလောက်မြန်မြန်ကုန်သွားမှတော့ ဉာဏ်အလင်းရတဲ့အတောအတွင်း နတ်ဘုရားစမ်းရေကုန်သွားပုံရသည်။
အခုတော့ နတ်ဘုရားမစမ်းရေကိုဂိမ်းထဲကထုတ်ထုတ်ပြီး မျောကျောက်အာနိသင်ပြအောင် လောင်းထည့်ရတော့မည်။
ဒါမျောကျောက်ရဲ့အာနိသင်ကို သူထိန်းနိုင်တဲ့သဘောဖြစ်သွားပြီမလား?