အပိုင်း (၁၂၄၄)
Vol. 84 Ch. 1244
ကျွင်းချောင်ရှောင်းသည် ဒုတိယအလွှာမှ တက်လာပြီးသည့်နောက်မှာတော့ သံမဏိလူသားအား အလွန်တရာ အံ့အားသင့်စေခဲ့၏။ ၎င်းသည် သူ၏နောက်လိုက်များကို ခေါ်ဆောင်ကာဖြင့် ကျွင်းချောင်ရှောင်းအား ဝိုင်းရံခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တစ်ချက်တည်းတိုက်ခိုက်မှု၏အောက်တွင် အားလုံးသော သူများသည် မြေပေါ်သို့ လဲကျခဲ့ကြ၏။
အစစ်အမှန်တရားမှာတော့ တတိယအလွှာ၏ အဓိကပြဿနာကောင်သည် အလွန်ပင် အားကောင်းလှသူ တစ်ယောက်ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်အားအင်သည် သန်မာကြံ့ခိုင်လွန်းလှပြီး လောကလက်ချောင်း၏ တိုက်ခိုက်မှုကိုပင် လဲမကျအောင် ခုခံနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ဒုတိယအကြိမ် တိုက်ခိုက်လိုက်မည်ဆိုပါက အင်မော်တယ်တစ်ယောက်ပင်လျှင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။
“ရောင်းရင်း”
သံမဏိလူသားသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးသည့်နောက် ရှုံးနိမ့်မှုကို ဝန်ခံခဲ့၏။ “ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်”
သူသည် စဉ်းစားတတ်သည့် ဦးနှောက်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်။ တိုးနယားနှင့် ဟောင်ရန်နတ်ဆိုး ကဲ့သို့ ရိုက်နှက်မှ အသိဝင်တတ်သည့် လူများထဲတွင် မပါဝင်ချေ။
“ကျုပ်က ဒီတတိယအလွှာရဲ့ ဆရာကြီး ဖြစ်ချင်တယ်”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားသဘောတူလား။ မတူဘူးလား”
“ဒါ … ဒါက”
သံမဏိလူသားသည် စဉ်းစားလျက်ရှိနေစဉ်မှာပဲ လောကလက်ချောင်း လက်နက်ဆီမှ အလင်းတန်းများ ဖြတ်ပြေးသွားခဲ့၏။ ထို့ကြောင့် သူသည် ဘာမှ ဆက်လက်ကာ မငြင်းဆိုရဲချေ။ တစ်ခါတည်း သဘောတူလိုက်ရတော့၏။ “သဘောတူပါတယ်။ သဘောတူပါတယ်”
“ဒါဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကိုပေး”
“ရောင်းရင်း… ဒါက နည်းနည်းတော့များ …”
ဟူး ဟူး
လောကလက်ချောင်းလက်နက်ဆီမှ အလင်းတန်းများသည် တောက်ပလာပြီးသည့်နောက်မှာတော့ သံမဏိလူသား ၏ဖင်သည် အေးစက်သည့်ခံစားချက်များ ရရှိလာခဲ့၏။ ထို့ကြောင့် သူသည် အလျင်အမြန်ပဲ ပြောလိုက်၏။ “ပေးပါ့မယ်။ ပေးပါ့မယ်”
အဆုံးသတ်မှာတော့ တတိယအလွှာတွင် ရှိနေသော အဓိကပြဿနာကောင်သည် ဘာမှပင် မလုပ်လိုက်ရဘဲ ကျွင်းချောင်ရှောင်းထံ၌ အညံ့ခံလိုက်ရတော့သည်။
“ဒီနေရာမှာစောင့်နေ”
ဝိညာဉ်အရင်းအမြစ်ကို ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ် အောက်ထပ်ကို ထပ်ပြီး ဆင်းလိုက်အုံးမယ်”
ပြီးသည့်နောက်မှာတော့ သူသည် တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာဖြင့် အောက်ထပ်သို့ ဆင်းသွားတော့သည်။
သံမဏိလူသားသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက် ရှိနေ၏။ ဒီလူက ပထမနဲ့ ဒုတိယထပ်တွေကိုလည်း ဒီလိုပဲ ဖြတ်သန်းလာတာများလား။
……………
လောကလက်ချောင်းလက်နက်၏ အသုံးပြုနိုင်သည့် အချိန် အကန့်အသတ်သည် ငရဲကြီး၏ နောက်ထပ်တစ်ထပ် ဆီသို့ ဆင်းသွားသည့်အချိန်မှာတော့ ပြန်လည်ကာ ပြည့်ဝသွားခဲ့ပြီဖြစ်၏။
ဒီဟာက အကန့်အသတ်မရှိတော့ဘူး ဆိုရင်တောင်မှ ထပ်ပြီးတော့ အသုံးပြုဖို့ မလွယ်တော့ဘူး။ ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။
စတုတ္ထထပ်တွင် ရှိနေသော ဆရာကြီးသည် သံမဏိလူသားထက် ပိုမိုကာ အားကောင်းမှာ သေချာ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား အံ့အားသင့်သွားစေသည်မှာ သူ့အနေနှင့် စတုတ္ထထပ်ဆီသို့ ဆင်းသွားသည့် အချိန်မှာတော့ အထဲတွင် ရှိနေသော အကျဉ်းသားများ အားလုံးသည် နေရာတစ်ခုထဲတွင် ကျုံကျုံ့လေး ထိုင်ကာ ရှိနေကြောင်း မြင်လိုက်ရ၏။
ပြီးသည့်နောက်မှာတော့ အဓိကပြဿနာကောင်ဟုသော စာတမ်းနှင့် အဘိုးကြီးတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူသည် လက်ထဲတွင် စုတ်တံတစ်ခုကို ကိုင်ကာ ပြောလိုက်သည်။ “ရောင်းရင်းလေး… စာလုံးတွေကို ရေးသားရတာ ကြိုက်လား”
၎င်း၏ အသံသည် ထည်ဝါကာ သိမ်မွေ့ငြင်သာလွန်းလှ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်လူမှာ အလွန်တရာ အားကောင်းလှပြီး မိစ္ဆာကဲ့သို့သော လူတစ်ယောက်မဟုတ်ကြောင်း ကျိန်းသေပေါက် သိရှိနိုင်၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ကြည့်ရတာ ကြယ်ကောင်းကင်ခံတပ်က သူတို့ဘာသူတို့ ချမှတ်ထားတဲ့ ဥပဒေတွေကို အသုံးပြုပြီး တခြားသူတွေကို ဖမ်းချုပ်ထားတာပဲ ဖြစ်ရမယ်။
သူတွေးသည်မှာ အမှန်ပင်ဖြစ်၏။ ခံတပ်ကြီးသည် အကျဉ်းသားများကို ချုပ်နှောင်ရန် စဉ်းစားထားသည့်အချိန်တွင် မိမိဘာသာ လိုသလို ဥပဒေကို ချမှတ်ကာ ချုပ်နှောင်ခဲ့ခြင်းပင်ဖြစ်သည်။
အခန့်မသင့်၍ စကြဝဠာထဲတွင် တံတွေးထွေးမိသည်ဆိုလျှင်ပင် အဖမ်းခံရနိုင်သည်။ အထက်နယ်မြေ၏ အခွင့်အာဏာကို ရရှိထားပြီး သေမျိုးလောကထဲရှိ သိုင်းကျင့်ကြံသူများ၏ ပြစ်မှုများကို သုံးသပ်ဖမ်းဆီးရသည့် တာဝန်ကို ယူထားသောကြောင့် ၎င်းတို့အားလုံးသည် ထင်ရာမြင်ရာကို ပြုလုပ်နိုင်စွမ်း ရှိနေကြတော့၏။
“ဒီလို ကဗျာတွေရေးပြီး ကဗျာတွေ ရွတ်ကြရင် ကောင်းမလား”
အဖြူရောင်ဆံပင်နှင့် အဘိုးကြီးသည် ပြုံးကာ ပြောလိုက်၏။ “ရောင်းရင်းလေး… အပေါ်ကနေ ဆင်းလာတာဆိုတော့ ဒီအဘိုးကြီးနဲ့ ယှဉ်ပြိုင်ချင်လို့လား”
“မဟုတ်ပါဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ငြင်းပယ်လိုက်တော့၏။ “တစ်စုံတစ်ယောက်ကို လာရှာတာပါ”
သူ့အနေနှင့် ကောင်းမွန်လှသည့် အမူအကျင့်နှင့် အမူအရာကို ပိုင်ဆိုင်သည့် အဘိုးကြီးနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အရင်တစ်ခါကဲ့သို့ မောက်မာလှသည့် အမူအရာမျိုး မရှိတော့ချေ။
ပြောနေစရာပင်မလိုချေ။ ဤတည်နေရာတွင် ရှိနေသော အကျဉ်းသားများ အားလုံးသည်လည်း ငြိမ်သက် တိတ်ဆိတ်လျက် ရှိနေကြတော့၏။ သူသည် သိုင်းအင်ပါယာ ကိုးယောက်တို့ကို ရှာဖွေချင်နေမိ၏။ သို့ပေမဲ့ ဤကဲ့သို့ ရှာဖွေသည့်နေရာ၌ ငရဲကြီးကိုးထပ်၏ အလွှာအသီးသီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများကို အညံ့ခံအောင် ပြုလုပ်ဖို့ လိုအပ်နေသည်။
စနစ်က ပြောလိုက်သည်။ “ရိုးရိုးကြီးအတိုင်း လိုက်သွားမယ်ဆိုရင် ဖြစ်မှာမဟုတ်ဘူး။ ငါတို့ မီးစင်ကြည့်ပြီး ကမှ ဖြစ်မယ်”
…….
“ဒီလိုဆိုရင် ရောင်းရင်းလေး… မင်း ငါးလွှာကို ဆင်းသွားနိုင်မှာ မဟုတ်ဘူးနဲ့တူတယ်။ ဒီအဘိုးကြီးကို အနိုင်ယူပြီးမှသာလျှင် ငါးလွှာကို ဆင်းသွားနိုင်လိမ့်မယ်” အဖြူရောင်ဆံပင်နှင့် အဘိုးအို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေခဲ့၏။ ထိုအပြုံးသည် အလွန်တရာ ခံ့ညားလှပြီး ပညာတတ်လည်း ဆန်လွန်းနေ၏။
“စီနီယာ”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “လက်နက်တွေကို အသုံးပြုရအုံးမှာလား”
သူသည် ဤဆံပင်ဖြူ၏ အဘိုးကြီးမှ မိစ္ဆာလိုလူတစ်ယောက် မဟုတ်ဘဲ ကြင်နာတတ်သည့် လူတစ်ယောက်ဖြစ်မှန်း သေချာသိ၏။ ထို့ကြောင့် သူသည် အရင်ဆုံး ခွင့်တောင်းကာ ပြောဆိုခဲ့ခြင်းပင်။
“မဟုတ်ဘူး။ မဟုတ်ဘူး”
အဖြူရောင်ဆံပင်နှင့် အဘိုးကြီးက ပြောလိုက်သည်။ “ကျုပ်က လက်နက်တွေကို အသုံးပြုရတာ မကြိုက်ဘူးလေ။ ဒါကိုပဲ သုံးကြတာပေါ့”
လက်ထဲတွင် ရှိနေသော စုတ်တံကို မြှောက်ပြကာ ပြောလိုက်သည်။
“……..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့သည်။ “ကဲ ဒီလိုဆိုရင်လည်း စကြတာပေါ့”
……………
နောက်ဆုံးမှာတော့ ကျွင်းချောင်ရှောင်းသည် သူသင်ယူခဲ့ဖူးသော ရှေးစာဆိုများ၏ ကဗျာများကို ပြန်လည် ရေးသားကာဖြင့် အဘိုးကြီးအား အနိုင်ယူခဲ့သည်။
“အံ့အားသင့်စရာပဲ။ အံ့အားသင့်စရာပဲ”
အဘိုးကြီးသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်မိသည်။ “ကျုပ်ရဲ့အဆင့်က မင်းလောက် မမြင့်ဘူးပဲ”
ကဗျာဆိုသည်မှာ တစ်စုံတစ်ယောက်၏ စိတ်အခြေအနေကို ဖော်ညွှန်းသည့်အရာလည်းဖြစ်သည်။ ဥပမာအားဖြင့် ကဗျာများကို ရေးသားသည့်နေရာတွင် မိမိ၏ စိတ်အခြေအနေပေါ်မူတည်၍ ကဗျာ၏ ရသသည် ထင်ရှားစွာ ပေါ်လွင်လာမှာ သေချာ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တကယ့် နာမည်ကြီးကဗျာဆရာများ၏ ကဗျာများကို ပြန်လည်ကာ ရေးသားထားသောကြောင့် မည်သို့သော စိတ်ခံစားချက်မျိုး ဖြစ်နေသည် ဆိုဆို ကောင်းမွန်၍အရသာ ထူးခြားလှသည့် အနှစ်သာရအပြည့်နှင့်ကဗျာများကို ဖြစ်ပေါ်စေခဲ့သည်။
“အင်း ကျုပ်က ညံ့သေးတာပဲ။ ဒီတော့ မင်းဒီကနေ ကျော်ဖြတ်သွားလို့ ရပါပြီ”
အဘိုးကြီးသည် လက်ကို အသာဝှေ့ယမ်းကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး သွားပါတော့”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ငါ ဒီလိုပဲ နိုင်သွားတာလား”
ပြီးသည့်နောက်မှာတော့ သူသည် လက်သီးကို ဆုပ်ကာဖြင့် တည်နေရာရွေ့ပြောင်းခြင်း အစီအရင် ရှိရာဆီသို့ လှမ်းလျှောက်သွားခဲ့တော့သည်။ သူ့အနေနှင့် တစ်ဖက်လူနှင့် အကြီးအကျယ် တိုက်ခိုက်ရမည်ဟု တွေးတောထားသော်လည်း တကယ်တမ်းမှာတော့ စာလုံးအနည်းငယ် ရေးသားလိုက်သည်နှင့် အနိုင်ယူနိုင်ခဲ့၏။
ကျွင်းချောင်ရှောင်းအနေဖြင့် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ရှေ့သို့ ရောက်သည့်အချိန်မှာတော့ အဘိုးကြီးသည် တည်နေရာမှာတင် ရပ်လျက် ရှိနေသေးသည်။ ၎င်း၏ မျက်လုံးများသည် ကျွင်းချောင်ရှောင်း ရေးသားထားသော စာလုံးများကို တစ်လုံးချင်းစီ ကြည့်လျက် ရှိနေတော့သည်။ တစ်ခါတစ်ရံတွင် သူသည် အတွေးပျောက်လျက်ရှိပြီး တစ်ခါတစ်ရံတွင် သူသည် ဉာဏ်အလင်းရသွားသလို မျက်နှာမှာ ဝင်းလက်လျက် ရှိနေလေသည်။
…………..
ငါးခုမြောက် ငရဲလွှာ ….
ကျွင်းချောင်ရှောင်းသည် တလက်လက် တောက်ပလျက် ရှိနေသော တည်နေရာရွေ့ပြောင်းခြင်း အစီအရင်မှ လှမ်းထွက်လာခဲ့တော့၏။ အရင်အချိန်များနှင့် မခြားနားလှချေ။ များပြားလွန်းလှသော အကျဉ်းသားများသည် တည်နေရာတွင် စုဝေးလျက်ရှိနေပြီး သူ့ကို ကြိုဆိုလျက်ရှိနေသည်။ တချို့သည် ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှသော်လည်း ၎င်းတို့၏ အားအင်အဆင့်ကို စုပေါင်းလိုက်မည်ဆိုပါက ယခင်အလွှာများထက် ပိုမိုကာ အားကောင်းလို့နေသည်။
“အမှိုက်လေး”
အကျဉ်းသားများ၏ အနောက်တွင် ရှိနေသော ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူသည် သွားကိုဖြီးကာဖြင့် ပြောလိုက်၏။ “ကျုပ်နဲ့ အရက်သောက်ပြိုင်ချင်လို့ ဆင်းလာတာလား”
သူ၏ဘေးတစ်ဖက်တွင်တော့ များပြားလွန်းလှသော ဝိုင်ဂျားများ တည်ရှိလို့နေသည်။ ၎င်း၏ မျက်နှာတစ်ခုလုံး သည်လည်း နီရဲလျက် ရှိနေတော့သည်။ အလွန်အကျွံ အရက်သောက်ထားပုံပေါ်ပြီး စကားပြောလိုက်သည့် အချိန်တွင် အရက်နံ့များသည် သူ၏နေရာဆီသို့ပင် ထောင်းကနဲ ရောက်ရှိလာခဲ့သည်။
ထို့အပြင် ကျွင်းချောင်ရှောင်းအနေဖြင့် ၎င်း၏ဘေးပတ်ပတ်လည်တွင်ရှိနေသော လူများ အားလုံးသည်လည်း အရက်မူးလျက် ရှိနေသည်ဖြစ်ကြောင်းကို သတိပြုလိုက်မိ၏။ တချို့သည် ယိုင်တိယိုင်တိုင်နှင့်ပင် ဖြစ်လျက်ရှိနေ၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ဒီလူတွေ ဒီလိုသောက်နှုန်းမျိုးနဲ့ဆိုရင် အမြည်း ဘယ်လောက်ကုန်လိုက်မလဲ။
“မင်းဆီမှာ ရွေးချယ်ခွင့်နှစ်ခုရှိတယ်”
သက်လတ်ပိုင်းလူသည် လက်သုံးချောင်းကို ထောင်ကာ ပြောလိုက်၏။ “ငါနဲ့ အရက်သောက်မလား ဒါမှမဟုတ် ငါ့ရှေ့မှာ ဒူးထောက်ပြီးတော့ သခင်လို့ ခေါ်မလား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်လိုပြိုင်ကြမလဲ”
ရွှီး
မဖွင့်ရသေးသော ဝိုင်ဂျားကြီးလေးဆယ်တိတိသည် စီစီညီညီဖြင့် ၎င်း၏ရှေ့တွင် ပေါ်ပေါက်လာခဲ့တော့၏။ သက်လတ်ပိုင်းလူသည် ဝိုင်ဂျားများ၏ထိပ်တည့်တည့်တွင် မတ်တပ်ရပ်လိုက်၏။ သူသည် လက်တစ်ဖက်ဖြင့် ခေါင်းကို ဖေးမကာ ပြောလိုက်၏။ “မင်းနဲ့ငါ ဒီဟာတွေ အကုန်လုံးကို တစ်ယောက်တစ်ဝက်ဆီ သောက်ကြမယ်။ နောက်ဆုံးအချိန်အထိ မတ်တပ်ရပ်နိုင်တဲ့လူက အနိုင်ပဲ”
“…………”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ သိုင်းပညာနဲ့ တိုက်ခိုက်မယ့်အစား အရက်သောက်ပြီးတော့ ပြိုင်ရမှာလား။ ဒီလိုဖြစ်မှန်းသိရင် ငါ အားညိုကို ခေါ်ခဲ့ပါတယ်။
“နိုင်သွားရင်ရမယ့် အကျိုးအမြတ်က ဘာတွေလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
သက်လတ်ပိုင်းလူက ပြန်ပြောလိုက်သည်။ “ငရဲခန်းရဲ့ ပဉ္စမအထပ်ထိ ရောက်လာနိုင်ပြီဆိုမှတော့ မင်းက အားအင်အဆင့်အရ ကိုယ့်ကိုယ်ကိုယ် အရမ်းကို ယုံကြည်တတ်တဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်။ တကယ်လို့ ငါ့ကို အနိုင်ယူနိုင်မယ်ဆိုလို့ရှိရင် မင်းကို ဒီနေရာရဲ့ ဆရာကြီးအဖြစ် သတ်မှတ်ပေးမယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ပထမဦးဆုံး သိုင်းပညာအရ ယှဉ်ပြိုင်ရမည်ဆိုလျှင် သူသည် အနည်းငယ် ခက်ခဲနိုင်၏။ ယခု အရက်သောက်ပြိုင်ရမည် ဆိုသောကြောင့် တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ အရက်သောက်ခြင်းဆိုသည်မှာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် အရက်အစွမ်းသက်ရောက်မှုကို ဖယ်ရှားနိုင်သးသည် မဟုတ်ပါလား။
“ကောင်းပြီ”
သက်လတ်ပိုင်းလူသည် သန်းဝေပြီးသည့်နောက်မှာတော့ သူ၏ ဘေးတစ်ဖက် အမှောင်ထဲရှိ ကွေးကွေးလေး ဖြစ်နေသော အကျဉ်းသားတစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “တကယ်လို့ မင်းရှုံးသွားမယ်ဆိုရင် ဒီလူလိုပဲ ကျုပ်ရဲ့ သဲအိတ် ဖြစ်သွားလိမ့်မယ်။ သတိရတိုင်း သွားသွားထိုးနေမှာ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်ဖက်လူ၏ အားအင်အဆင့်သည် ကောင်းမွန်လှကြောင်း သိရှိလိုက်ရ၏။ သို့ပေမဲ့ မျက်နှာတစ်ခုလုံးသည် ဖူးရောင်လျက်ရှိနေပြီး ကွေးကွေးလေး တည်ရှိလို့နေသည်။
“ကောင်းပြီ”
ကုန်းရှန့်က ပြောလိုက်သည်။ “ဒါဆိုလည်း ပြိုင်ကြတာပေါ့”
ကျွင်းချောင်ရှောင်းအနေဖြင့် အရက်သောက်သည့်နေရာတွင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ခန္ဓာကိုယ်ထဲမှ အရက်ဓာတ်များကို ထုတ်နိုင်စွမ်းရှိနေသည်ဆိုသောကြောင့်သူသည် ခွက်တစ်ထောင်လောက် သောက်မည်ဆိုလျှင်တောင် မမူးဘဲနေနိုင်၏။
……………
ပဉ္စမထပ်အလွှာ၏ အလယ်ဗဟိုတွင်တော့ ကြီးမားသည့် စားပွဲဝိုင်းကြီးတစ်ခု တည်ခင်းထားခဲ့၏။ ထိုနေရာတွင် ဝိုင်ဂျားပေါင်းများစွာ တည်ရှိလို့နေခဲ့ပြီး ကျွင်းချောင်ရှောင်းနှင့် သက်လတ်ပိုင်းအရွယ်လူတို့သည် တစ်ဖက်တစ်ချက်တွင် ထိုင်လျက်ရှိနေကြ၏။ ၎င်းတို့အား အကျဉ်းသားပေါင်း တစ်သောင်းကျော်သည် ဝိုင်းကာ ကြည့်ရှုလျက် ရှိနေ၏။
“ကျုပ်ပြောမယ်”
ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။ “အနည်းဆုံးတော့ ဒါတွေနဲ့သောက်ဖို့အတွက် မြေပဲလောက်တော့ ပေးအုံးလေ”
သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “တကယ့် အရက်သမားစစ်စစ်ဆိုတာ သောက်တဲ့အချိန်မှာ အမြည်း မလိုဘူး”
“…….” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
“ကောင်လေး”
သက်လတ်ပိုင်းလူသည် ဝိုင်ဂျားတစ်ခုကို အသာတွန်းပေးကာ ပြောလိုက်၏။ “မင်းရဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့ အရက်ဓာတ်တွေကို ပြန်ပြီး ထုတ်ခွင့်ပေးမယ်။ အရက်သောက်ပြီးတဲ့အချိန် ဒီနေရာမှာ မတ်မတ်ရပ်နေနိုင်သေးတယ် ဆိုရင် မင်းနိုင်ပြီ”
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ဒီဝိုင်က လုံးဝ ရိုးရှင်းတဲ့အရာ မဖြစ်နိုင်ဘူး”