← Chapters

အပိုင်း (၁၂၃၉)

Vol. 84 Ch. 1239

အပိုင်း (၁၂၃၉)

Vol. 84 Ch. 1239

ငရဲကြီးကိုးထပ်၏ ကိုးထပ်မြောက်တွင် ချုပ်နှောင်ထားသော အဓိက ပြဿနာကောင်သည် အရမ်းအားကောင်းလှ သည်မဟုတ်ချေ။ သို့ပေမဲ့ အားတော့ကောင်းလှ၏။ ဤအဆင့်သည့် အပြင်ဘက်တွင် သာမန်သာဖြစ်သည် ဆိုသော်လည်း အကျဉ်းထောင်ထဲတွင်တော့ ကြောက်မက်ဖွယ်ကောင်းလှသည့် အနေအထားတစ်ခုတွင် တည်ရှိနေ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ၎င်းသည် အနည်းငယ်တော့ အားနည်းသည်။

ကျွင်းချောင်ရှောင်းအနေနှင့် ဝှက်ဖဲများအားလုံးကို ထုတ်ဖော်၍ အသုံးပြုမည်ဆိုပါက ထိုလူအား ကောင်းကောင်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ ကြယ်ကောင်းကင်ခံတပ်သည် ၎င်းအား အဓိကပြဿနာကောင်တန်းစီးအဖြစ် သတ်မှတ် ပေးလိုက်သည်ဆိုသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့်တင်မကဘဲ တခြားသူများ၏ အတွေးကို ကြားနိုင်စွမ်း ရှိသည့် ၎င်း၏ စွမ်းအင်ကြောင့်လည်း ပါဝင်နေ၏။

ထို့ကြောင့် အသံပို့လွှတ်လိုက်သည့် အကြောင်းအရာများ အားလုံးကို နားထောင်နိုင်စွမ်း ရှိနေသည်။ တခြားသူ များ၏ နှလုံးသားထဲတွင် ရှိနေသော အတွေးများကိုလည်း နားထောင်နိုင်စွမ်း ရှိနေသည်။ ထိုကဲ့သို့သော အထူး စွမ်းအင်မျိုးသည် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ အထူးသဖြင့် တိုက်ခိုက်ပွဲများတွင် ရန်သူ ဘာတွေးနေသည် ဆိုခြင်းကို သိရှိနိုင်ခြင်းသည် တစ်ဖက်လူများအား လွယ်လွယ်ကူကူဖြင့် အနိုင်ရစေနိုင်သည့် နည်းလမ်းလည်း ဖြစ်နေသည် မဟုတ်ပါလား။

သို့ပေမဲ့ ထိုကဲ့သို့သော သားရဲမျိုး ဆိုလျှင်တောင်မှ ကြယ်ကောင်းကင်ခံတပ်နှင့် ရင်ဆိုင်ရသည့်အခါတွင် ရှုံးနိမ့်ခဲ့ရ တော့၏။ ၎င်းသည် ကြယ်ကောင်းကင်ခံတပ်၏ ကင်းသမား ဆယ့်နှစ်ယောက်မှ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ ဆိုလိုသည်မှာ တခြားသူများ၏ အတွေးကို သိရှိနားလည်နိုင်စွမ်းရှိသည့် သတ္တဝါတစ်ကောင်သည် ပြိုင်ဘက်ကင်း မဟုတ်ပေ။ ၎င်းထက် အားကောင်းသော သိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လိမ်လိမ်မာမာဖြင့် လိုက်ပါလာခဲ့ရတော့၏။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ၎င်းသည် အလွန်တရာ ဒေါသထွက်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ယခုမှ ရောက်ရှိလာခဲ့သော ခေါင်းတုံးပြောင်နှင့်လူသည် အကျဉ်းသားတစ်ထောင်ကျော်တို့ကို အနိုင်ယူခဲ့၏။ ၎င်း၏ အလုံးစုံသော စွမ်းအင်သည် တည်နေရာချိုးဖြတ်ခြင်း အောက်ဆုံးအဆင့်လောက်သာ ရှိရပေလိမ့်မည်။

သို့ပေမဲ့ အဘယ်ကြောင့် တစ်ဖက်လူ၏ အတွေးများကို သူ မကြားရသနည်း။ အဆင့်တူ သို့မဟုတ် သူ့ထက်အဆင့်နိမ့်သော သိုင်းကျင့်ကြံသူများအားလုံး၏ အတွေးကို သူသည် ကောင်းကောင်းနားထောင်နိုင်စွမ်း ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ သူနားထောင်နိုင်စွမ်းမရှိသည့် လူတစ်ယောက်ကို မြင်ရသည့်အချိန်မှာတော့ အမှန်ပင် ဒေါသ ထွက်နေမိတော့၏။

“သူထွက်လာပြီ”

ငရမန်ကန်းက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ ဒဏ်ရာရရှိထားသောကြောင့် အပုံလိုက် ဖြစ်နေသော သိုင်းကျင့်ကြံသူများ အားလုံးသည် လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသော နာကျင်မှုများကို ဂရုမစိုက်နိုင်တော့ချေ။ ၎င်းတို့၏ အသိစိတ်တွင် ကြောက်လန့်မှုများသာ ကြီးစိုးလာခဲ့သည်။

ငရဲကြီးကိုးထပ် ပထမဦးဆုံး အထပ်ရှိ အဓိက ပြဿနာကောင်သည် တစ်နှစ်ပတ်လုံး အလင်းရောင် မရှိနိုင်သော တည်နေရာတွင်သာ နေထိုင်ခဲ့၏။ သူ တည်ရှိနေသည် ဖြစ်ကြောင်းကို တော်ရုံအချိန်မျိုးတွင် သတိ မပြုမိနိုင်ချေ။ သိုပေမဲ့ အကျဉ်းသားများ အားလုံးသည် ၎င်းအား အလွန်အမင်း ကြောက်လန့်ကြ၏။ ကြယ်ကောင်းကင်ခံတပ် တစ်ခုလုံးက သတ်မှတ်ပေးထားခဲ့သော ဤအဓိကပြဿနာကောင်ဆိုသည်မှာ သူတို့ ရန်သွားစ၍ မရနိုင်သည့် တည်ရှိမှုမျိုးကို ပိုင်ဆိုင်သူပင် ဖြစ်၏။

ချက်ချင်းဆိုသလိုပဲ အားလုံးသောသူများသည် သွေးများ အန်ထွက်လာခဲ့၏။

ချောမောလွန်းသောကြောင့် တစ်ဖက်လူသည် သူ၏အတွေးများကို မမြင်နိုင်ခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ပြောဆိုခဲ့၏။ ဤကဲ့သို့သော အရှက်မဲ့သည့်စကားများကို နားထောင်ရသည့်အချိန်မှာတော့ တချို့သောသူများသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မနေနိုင်ခဲ့တော့ချေ။ အံ့အားသင့်ရလွန်းသောကြောင့် သွေးများပင် အန်ထွက်လာခဲ့ရသည်။

အဓိကပြဿနာကောင်သည်လည်း ကြောင်အသွား၏။ သူသည် သွားဖြီးကာ ပြောလိုက်သည်။ “မင်းရဲ့ အရေခွံက တော်တော်ထူတာပဲ။ မင်းက အောက်ထပ်မှာ ချုပ်နှောင်ခံထားရတဲ့ လူတွေထက် အားမနည်းလောက်ဘူးလို့ ထင်တယ်”

“ဒါက အရေခွံထူတာ မဟုတ်ဘူး။ အစစ်အမှန် စွမ်းရည်ရှိတာလေ” ကျွင်းချောင်ရှောင်းသည် ကြောက်ရွံမှု တစ်ချက်မှ မရှိဘဲ လှမ်းပြောလိုက်၏။

“.........”

စနစ်က ပြောလိုက်သည်။ “ဒီလောက်ကြီး အရှက်မဲ့ပြီး ပြောဆိုနေတာ ငါတောင် မျက်နှာပူလာပြီ”

အဓိကပြဿနာကောင်သည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “မင်းက ဒီတစ်ထပ်လုံးရဲ့ ဆရာကြီးဖြစ်ချင်တယ်လို့ ငါကြားခဲ့တယ်”

“မှန်တာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား သဘောတူလား၊ မတူဘူးလား”

ထွီး

အဓိကပြဿနာကောင်သည် ညှီစို့စို့ တံတွေးများကို ထွေးထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခေါင်းကိုမော့ကာ ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။ “ငါငြင်းတယ်”

ဘုန်း

ရုတ်တရက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာခဲ့၏။ အဓိကပြဿနာကောင်၏ အရှေ့တွင် ကျွင်းချောင်ရှောင်းသည် ရောက်ရှိနေပြီဖြစ်၏။ ၎င်းသည် ညာဘက်လက်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုဝေး ကာဖြင့် တစ်ဖက်လူ၏ဝမ်းဗိုက်ကို အားရပါးရ ထိုးနှက်လိုက်၏။

လေထဲတွင် ဖြစ်နေသော စွမ်းအင်လှိုင်းများသည် တည်နေရာကြီးတစ်ခုလုံးကိုပင် လှုပ်ခါသွားစေခဲ့၏။ ထိုအရှိန်အဟုန်ကြောင့် ငရမန်ကန်းနှင့် တခြားသော အကျဉ်းသားများ အားလုံးသည် ဘေးတစ်ဖက်ဆီသို့ လွင့်စင်သွားရသည်။

“ငြင်းပယ်တယ်”

ငြင်းပယ်လျှင် ပြစ်ဒဏ်ခံရမှာဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကဲ့သို့ နေရာမျိုး၏ စည်းမျဉ်းစည်းကမ်းကိုပင် လိုက်နာခဲ့သူတစ်ယောက် မဟုတ်ချေ။ လက်ရှိ၌ အားအင်ကသာလျှင် လေးစားမှုကို ပေးစွမ်းနိုင်သော အကျဉ်းထောင်ထဲသို့ ရောက်ရှိနေသေး၏။ ထို့ကြောင့် သူ့အား ငြင်းဆန်ပုန်ကန်သူ မှန်သမျှကို သူသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမမှာ သေချာ၏။

“မင်းတို့ရဲ့ အင်ပါယာက ဒီကို ရောက်လာပြီ”

ကုန်းရှန့်သည် ဒီစကားများအား ပါးစပ်ထဲမှ ကြုံရာလျှောက်၍ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူ့အနေနှင့် သိုင်းအင်ပါယာ ကိုးယောက်ကို ကယ်တင်ရုံသာမက ဤတွင်ရှိနေသော အကျဉ်းသားများ အားလုံးကို အညံ့ခံစေချင်ရန်လည်း အကြံအစည်ရှိလို့နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းတွင် ထျန်းယွမ်အကျဉ်းထောင် တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် ၎င်းတို့အား လိုအပ်နေသည်။

ငရဲကြီးကိုးထပ်ထဲသို့ မဝင်ရောက်ခင်မှာ ကျွင်းချောင်ရှောင်းသည် ခံတပ်ကြီးကသာ သူနှင့်ပြဿနာတတ်ခဲ့သည် ဆိုပါက အထဲတွင် ရှိနေသော အကျဉ်းသားများ အားလုံးကို လွှတ်ပေးလိုက်ပြီး တစ်ဖက်လူများ အလုပ်ရှုပ်အောင် ကြံစည်ထားခဲ့၏။ သို့ပေမဲ့ ဤနေရာထဲသို့ ဝင်ပြီးသည့်နောက် များပြားလှသည့် စွမ်းအားမြင့် အကျဉ်းသားများကို မြင်ရသည့်အချိန်မှာတော့ သူ၏အကြံသည် ပြောင်းလဲသွားခဲ့၏။

ထိုသူများ အားလုံးကိုသာ သူ၏ဂိုဏ်းထဲတွင် ရှိနေသော အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထားမည်ဆိုပါက သူ၏ တပည့်များအတွက် ကောင်းမွန်လှသည့် တိုက်ခိုက်ရေးအဖော်များ ဖြစ်လာနိုင်မည် မဟုတ်ပါလား။ ဤအကြံအစည်သည် ကုန်းရှန့်တစ်ယောက်သာ တွေးတောရဲသည့် အကြံအစည်ပင် ဖြစ်ပေသည်။

...........

ဘုတ် ဘုတ် ဘုတ် ဘုတ်

အဓိကပြဿနာကောင်သည် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးသည့်နောက်မှာတော့ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။ သူသည် အလွန်အားကောင်းလှသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင်ရှိနေသော အကြောင်းအရာများကို မဖတ်ရှုနိုင်ချေ။ ထို့ကြောင့် တစ်ပန်းရှုံးလျက် ရှိနေသည်။

“မင်း….”

အဓိကပြဿနာကောင်သည် ရင်ဘတ်ကို အုပ်ကာကာဖြင့် ဒေါသတကြီး ပြောလိုက်၏။ “မင်း တကယ်ပဲ…”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ ထိုသူ၏ အနောက်ဘက်တွင် ပေါ်လာ၏။ သူ၏ ညာဘက်လက်သီးတွင်တော့ စက်အတောင်ပံတစ်ခု ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူ၏လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှုနှင့်အတူ သူ၏အားအင်များကို စုစည်းကာ ထပ်မံထိုးနှက်ခြင်းကို ပြုမူတော့သည်။

ပြောနေစရာပင် မလိုချေ။ ဤနတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော ပစ္စည်းသည် သူနှင့်အတူ တည်ရှိနေခဲ့သည်မှာ ကြာမြှင့်လှပြီဖြစ်၏။ ထိုအရာသည် ကုန်းရှန့်၏ အားအင်အဆင့် တိုးတက်လာသည်နှင့်အမျှ လိုက်ပါကာ တိုးတက်လာခဲ့သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်သည့် လက်နက်မျိုးပင်ဖြစ်လို့နေခဲ့၏။

ဘုန်း

ပိုမိုကြောက်မက်ဖွယ်ရာကောင်းလှသော ထိုးနှက်သံကြီးသည် ငရဲကြီးကိုးထပ်၏ ပထမထပ်တွင် ထွက်ပေါ်လာခဲ့ ၏။ ပြီးနောက် အဓိကပြဿနာကောင်သည် မြေပေါ်သို့ လွင့်စင်သွားခဲ့တော့၏။ အကျဉ်းထောင်၏ နံရံနှင့် သွား၍ရိုက်မိကာ ခေါင်းပေါ်မှာပင် ဘုကြီးတစ်ဘုပင် ဖြစ်တည်လာခဲ့သည်။

“ကောင်းကင်ဘုံ”

ငရမန်ကန်း၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ ပထမထပ်၏ အဓိကပြဿနာကောင်သည် ထူးခြားသည့်စွမ်းရည် ရှိသည်သာမက တည်နေရာချိုးဖြတ်ခြင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည့်လူ တစ်ယောက် ဖြစ်၏။ သို့ပေမဲ့ ထိုသတ္တဝါသည် ခေါင်းတုံးနှင့်လူကို အနိုင်မယူနိုင်ခဲ့ချေ။

.......

အဝေးတစ်နေရာရှိ မြေပြင်တွင် လဲလျောင်းလျက်ရှိနေသည့် အကျဉ်းသားများအားလုံး၏ မျက်နှာပေါ်တွင်လည်း စိတ်ဝင်စားသည့် အမူအရာများ ဖြစ်တည်လာခဲ့ကြ၏။ သူတို့သည် ဤခေါင်းတုံးနှင့်လူအား အဓိကပြဿနာကောင် တိုက်ခိုက်တော့မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တိုက်ခိုက်ခံနေရသည့်သူမှာ အဓိကပြဿနာ ကောင်ဖြစ်လို့နေခဲ့၏။

ဆွစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အဓိက ပြဿနာကောင်၏ ဦးခေါင်းကို ဖမ်းဆုပ်ကာဖြင့် ထောင်၏နံရံကြီးနှင့် တဘုန်းဘုန်း ရိုက်လျက်ရှိနေတော့သည်။

မျက်စိတစ်ဖက်ကန်းလူနှင့် အကျဉ်းသားများအားလုံးသည် ထိတ်လန့်တုန်လှုပ်ရလွန်းသောကြောင့် ဒူးများပင် ပျော့ခွေလာတော့၏။

ကြမ်းတမ်းလွန်းသည်။ ဤအရာသည် အစစ်အမှန်ကို ကြမ်းတမ်းလွန်းအားကြီးသည်။

အဓိကပြဿနာကောင်သည် ငြင်းပယ်သည်ဟု ပြောဆိုလိုက်သည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် ရိုက်နှက်ခြင်းကို ခံနေရတော့သည်။ ကံကောင်းစွာဖြင့် ၎င်းတို့သည် အခြေအနေကို မှန်ကန်စွာ သုံးသပ်ပြီးသည့်နောက်မှာတော့ သဘောတူညီရန် ရွေးချယ်ခဲ့သည်။ မဟုတ်ပါက လက်ရှိအခြေအနေ တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့်အဖြစ်ဆိုးကို ရင်ဆိုင်နေရမှာ သေချာ၏။

ဘုန်း ဘုန်း ဘုန်း

ငရဲကြီးကိုးထပ်၏ ပထမဦးဆုံးအထပ်တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျယ်လောင်လှသော ထုနှက်သံကြီးသည် ပုံမှန်ထွက်ပေါ်လျက်ရှိ၏။ ထိုအသံကြီးသည် ကျွင်းချောင်ရှောင်းအနေနှင့် တိုးနယားသတ္တဝါ အား နံရံနှင့်ခေါင်း ရိုက်နှက်နေခြင်းပင် ဖြစ်တော့သည်။

အဓိကပြဿနာကောင်သည် တည်နေရာချိုးဖြတ်ခြင်း အနိမ့်ဆုံးအဆင့်တွင် တည်ရှိနေသည်ဆိုသော်လည်း ထူးခြားသည့် အထူးစွမ်းရည်ကို ထုတ်ဖော်အသုံးမပြုနိုင်ပါက သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းမှာတော့ မည်သို့သောသူတစ်ယောက် ဖြစ်နေသနည်း။ သူသည် များစွာသော အားကောင်းလှ သည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသူတစ်ယောက်ဖြစ်ပြီး ဝှက်ဖဲပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထို့ကြောင့် တော်ရုံကျင့်ကြံသူတစ်ယောက်ကို သူသည် ကောင်းကောင်းမွန်မွန် နှိပ်စက်ရိုက်နှက်နိုင်စွမ်း ရှိနေတော့သည်။

ထို့အပြင် လက်ရှိအခြေအနေတွင် သူသည် သိုင်းသူတော်စင် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိနေသောကြောင့်သာလျှင် အထူးတာဝန် ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် စည်းဓားမော့၊ ကျောက်ရုပ်ထုတို့ကို အသုံးမပြုလျှင်တောင်မှ တည်နေရာ ချိုးဖြတ်ခြင်းအဆင့် အနိမ့်ဆုံး ကျင့်ကြံသူတစ်ယောက်နှင့် ကောင်းကောင်းမွန်မွန် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ဘုတ်

ဆယ်မိနစ်လောက် ကြမ်းတမ်းစွာ ရိုက်နှက်ပြီးသည့်နောက်မှာတော့ အဓိကပြဿနာကောင်သည် မြေပေါ်တွင် ပျော့ခွေကာ လဲလျောင်းလျက် ရှိနေ၏။ ၎င်း၏ ဦးခေါင်းကြီးသည် အကျဉ်းထောင်နံရံနှင့် ရိုက်နှက်မိသောကြောင့် ဖူးရောင်လျက် ရှိနေတော့သည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် ၎င်း၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီးသည့်နောက် ၎င်း၏ အကျဉ်းသားဝတ်စုံကို လှမ်းဆွဲကာ သုန်မှုန်သည့်လေသံဖြင့် ပြောလိုက်မိ၏။ “ကျုပ်က ဒီအထပ်ရဲ့ ဆရာကြီးပဲ။ ခင်ဗျား သဘောတူလား။ မတူဘူးလား”

“........”

အဝေးတွင် ရှိနေသော မျက်စိတစ်ဖက်ကန်းလူနှင့် အကျဉ်းသားများ အားလုံးသည် မြေပေါ်လဲှချပြီးသည့်နောက် သေချင်ယောင်ဆောင်လျက် ရှိနေကြသည်။ “ဒီကို ရောက်လာတဲ့လူက အကျဉ်းသား မဟုတ်ဘူး။ နတ်ဆိုးပဲ။ တကယ့်ကို နတ်ဆိုးပဲ”

All Chapters