အပိုင်း (၁၂၄၀)
Vol. 84 Ch. 1240
ငရဲကြီးကိုးထပ်၏ ပထမဦးဆုံးအထပ်တွင် တည်ရှိနေသော အကျဉ်းသားများ၏ အစဉ်အလာမှာ အရင်ဆုံး ဝင်ရောက်လာသည့်လူများသည် နောက်မှဝင်ရောက်လာသည့်လူများကို အနိုင်ကျင့်သည့် အစဉ်အလာပင် ဖြစ်တော့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်ရှိလာပြီးသည့်နောက်မှာတော့ အခြေအနေသည် ပြောင်းလဲသွားခဲ့၏။ အဘယ့် ကြောင့်ဆိုသော် ထောင်ပေါင်းများစွာသော အကျဉ်းသားများအားလုံးသည် ကျွင်းချောင်ရှောင်းအား ကြိုဆိုသည့်အချိန် တွင် တန်ပြန်ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ထို့အပြင် အဓိကပြဿနာကောင် တန်းစီးပင်လျှင် ရိုက်နှက်နှိပ်စက်ခြင်းကို ခံနေရတော့၏။ ကြယ်ကောင်းကင်ခံတပ် ကြီးသည် အကျဉ်းသားကို စေလွှတ်လိုက်ခြင်းမဟုတ်ဘဲ ကြောက်ဖို့ကောင်းလှသည့် နတ်ဆိုးတစ်ကောင်ကို စေလွှတ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
“ချီးတဲ့မှ”
“ချီးတဲ့မှ”
ဆိုးဆိုးရွားရွားရိုက်နှက်နှိပ်စက်ခြင်းကို ခံရသည့် အဓိကပြဿနာကောင်တန်းစီးသည် ၎င်း၏ မျက်နှာပေါ်တွင်တော့ ဆိုးရွားလှသည့် အမူအရာမျိုး ဖြစ်တည်လာခဲ့တော့၏။ သူသည် ဤတည်နေရာတွင် ဆရာကြီးတစ်ယောက်အဖြစ် နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။ မည်သည့်အချိန်က အရှက်ကွဲမှုကို ခံစားခဲ့ရသနည်း။
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျား ငြင်းချင်သေးလား။”
အား
ရုတ်တရက် ဆိုသလိုပဲ ဤအဓိကပြဿနာကောင်တန်းစီးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
ဟူး ဟူး ဟူး
ချက်ချင်းပဲ ဆန်းကြယ်လှသော အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ၎င်းနှင့် ကျွင်းချောင်ရှောင်းတို့၏ ခန္ဓာကိုယ်များအား လွှမ်းခြုံထားခဲ့၏။
မျက်စိတစ်ဖက်ကန်းလူသည် ထိတ်လန့်တုန်လှုပ်သွားသောကြောင့် အလောတကြီးဖြင့် အနောက်ဘက်သို့ ထပ်ကာ ရှောင်လိုက်တော့၏။ သေဆုံးချင်ဟန်ဆောင်နေကြသော အကျဉ်းသားများအားလုံးသည်လည်း ချက်ချင်းထရပ်ပြီး သည့်နောက် ခပ်ဝေးဝေးဆီသို့ ပြေးသွားကြသည်။ ၎င်းတို့အားလုံးသည် ဒဏ်ရာရရှိထားခြင်းမရှိသည့် လူများကဲ့သို့ပင် မြန်ဆန်လွန်းလှသည်။
ဟူး
အားလုံးသည် မိမိ၏ လုံခြုံရာတည်နေရာဆီသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အအကျယ်ကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယိုင်ထိုးသွားကြပြီး ပါးစပ်ထဲမှ သွေးများအန်ထွက်လာခဲ့ကြ၏။
ဟွမ် ဟွမ်း
စွမ်းအင်လှိုင်းများသည် တဖြည်းဖြည်း ဖြစ်တည်လာပြီးသည့်နောက် အကျဉ်းထောင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ခေါင်းပေါ်တွင် ကြီးမားသည့် ဦးချိုကြီးတည်ရှိနေသည့် သတ္တဝါကြီးတစ်ကောင်သည် ၎င်းတို့၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။ ထိုသတ္တဝါကြီးသည် နဂါးပုံစံနှင့်ဆင်တူသော်လည်း နဂါးလည်းမဟုတ်ပေ။ ခွေးတစ်ကောင်၏ ပုံပန်း သွင်ပြင်နှင့်ဆင်တူသည်ဆိုသော်လည်း ခွေးတစ်ကောင်လည်းမဟုတ်ချေ။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ စွမ်းအင်လှိုင်းများ သည် တလိမ့်လိမ့်နှင့် တက်လျက်ရှိသည်။
“တိုးနယား”
ရှမ့်ယုဟန်သည် ထကာ အော်ဟစ်လိုက်၏။ “ဒါက တကယ့်ကို တိုးနယားပဲ။”
ဟူး
လေလှိုင်းများတိုက်ခတ်ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် အေးစက်သွားခဲ့၏။ ကျွင်းချောင်ရှောင်း ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။ ၎င်းသည် ကြီးမားလှသည့် သတ္တဝါ၏ ရှေ့တည့်တည့်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်သည် တစ်ဖက်သတ္တဝါ၏ ခြေထောက်လောက်သာရှိ၏။
“အမှိုက်”
တိုးနယားသည် ကျွင်းချောင်ရှောင်းအား စူးစိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်။ “စိတ်ဝိညာဉ်နတ်ဘုရား သားရဲတွေရဲ့ ဂုဏ်သိက္ခာက မင်းကြောင့် ကျဆင်းခဲ့ရပြီ။ ဒီတော့ သေစမ်း။”
ဟူး ဟူး
တိုးနယားကြီးသည် ၎င်း၏ ကြီးမားလှသော ခြေထောက်ကြီးကို မြှောက်ကာဖြင့် ကျွင်းချောင်ရှောင်းကို နင်းချလိုက်၏။ ၎င်းနင်းချက်တွင် ပါဝင်သည့် အားအင်အဆင့်သည် တောင်ကြီးတစ်တောင်ကဲ့သို့ပင် ကြီးမားလေးလံလွန်းလှ၏။ သားရဲများသည် ၎င်းတို့၏ အစစ်အမှန်ပုံစံကို အသွင်ပြောင်းပြီးသည့်နောက်မှာတော့ အားအင်အဆင့်သည်လည်း ကျိန်းသေပေါက် တိုးတက်သွားမှာသေချာ၏။ ထို့ကြောင့် တိုးနယား၏ လက်ရှိအားအင်အဆင့်သည် ပိုမိုကာ တိုးတက် သွားခဲ့၏။
ဘုန်း
အားကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ ကံကောင်းစွာဖြင့် အကျဉ်းသားများသည် ခပ်ဝေးဝေးတည်နေရာထဲတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက ဤတိုက်ခိုက်ချက်၏ သက်ရောက်မှုကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အားလုံးသည် သေဆုံးနှင့်မှာ သေချာသည်။
“အဓိကပြဿနာကောင်တော့ ရူးသွားပြီပဲ။”
မျက်စိတစ်ဖက်ကန်းလူ၏ တစ်ခုတည်းသော မျက်လုံးထဲတွင် ကြောက်လန့်သည့်အရိပ်အယောင်များ ထင်ပေါ်လာခဲ့ တော့၏။ ဤတိုးနယားသည် သားရဲကြီးတစ်ကောင်ဖြစ်ပြီး အစစ်အမှန်ပုံစံကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိရှိ၏။ ရောက်ရှိလာခဲ့သော အကျဉ်းသားအသစ်သည် ဤသတ္တဝါကြီးအား မူလသွင်ပြင်အဖြစ် ပြောင်းလဲရလောက်သည်အထိ ဖိအားပေးခဲ့တော့၏။ ထို့ကြောင့် သေဆုံးရမည်ဆိုလျှင်တောင်မှ နောင်တမရနိုင်တော့ချေ။
“နေအုံး။”
မျက်စိတစ်ဖက်ကန်းလူ၏ မျက်လုံးများသည် သူ၏ မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတက်ဖြစ်နေတော့၏။ သူ၏ မျက်ဝန်းထဲတွင်တော့ ကြီးမားလှသော ခြေထောက်ကြီးသည် လေထဲတွင်ရပ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ထိုလက်ကြီးအား အောက်မှပင့်ကာ ဆွဲမြှောက်ထားသောကြောင့် ဖြစ်၏။
ဆွစ်
ဆွစ်
တစ်ချိန်တည်းမှာပဲ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်လောင်သွားခဲ့၏။ ထိုအလင်းတန်း များ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ရွှမ်ယွမ်နတ်ဘုရားချပ်ဝတ်သည် ပေါ်ပေါက်လာခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
တိုးနယား၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ သူ၏ အားအင်အဆင့်သည် သေမျိုးစကြဝဠာ ထဲတွင် အားအကောင်းဆုံးမဟုတ်ဘူး ဆိုသော်လည်း အစစ်အမှန်ပုံစံကို ပြောင်းလဲပြီးသည့်နောက်မှာတော့ ၎င်း၏ နင်းခြေမှုသည် သာမန်တည်နေရာချိုးဖြတ်ခြင်းအနိမ့်အဆင့် ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ချေ။
“ခင်ဗျား”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်၏။ “ခင်ဗျား ခြေထောက်မဆေးတာ ဘယ်လောက်တောင် ကြာပြီလဲ။”
ဝေါ့
ပြောပြီးသည့်နောက်မှာတော့ သူသည် ပျို့အန်နေမိတော့၏။ အားအင်အဆင့်အရဆိုလျှင် ထိုသတ္တဝါကြီးသည် ကျွင်းချောင်ရှောင်းကို ထိခိုက်နာကျင်အောင် ပြုလုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသေးသည်။
သို့ပေမဲ့ နှစ်ပေါင်းများစွာ မဆေးမကြောဘဲ ထားခဲ့သည့် ခြေထောက်၏ အနံ့အသက်သည် ကျွင်းချောင်ရှောင်းအား မူးအန်ချင်စိတ်ပင် ပေါက်မိနေတော့၏။
“ဒီနေရာက ဖယ်စမ်း။”
ကုန်းရှန့်သည် ဒေါသထွက်သွားသည်။ “ထွက်လာခဲ့ကြ။”
သူ၏ ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ် သားရဲနှစ်ကောင်သည် အပြင်ဘက်သို့ ထွက်ခွာလာပြီးသည့်နောက်မှာ တော့ သူ၏ ညာဘက်နှင့် ဘယ်ဘက်လက်ထဲတွင် ဓာတ်သဘာဝနှစ်မျိုးသည် စုဖွဲ့လာခဲ့တော့၏။ ၎င်းသည် ထိုမီးတောက်များကို အသုံးပြု၍ တစ်ဖက်လူ၏ ခြေထောက်ကို မီးမြိုက်တော့၏။
တိုးနယား၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ၎င်း၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် မည်သို့မျှ မထိန်းချုပ်နိုင်ဘဲ ဘေးတစ်ဖက်ဆီသို့ လဲပြိုသွားရသည်။
ဘုန်း
တောင်လောက်နီးနီးကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျပြီးသည့်နောက်မှာတော့ ငရမန်ကန်းနှင့် အခြားသောအကျဉ်းသားများအားလုံးတို့သည် ပိုမိုကာ ကြောက်လန့်သွားခဲ့ကြ၏။
တိုးနယားကြီး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည်ဆိုသည်ကို သူတို့ ကောင်းကောင်းသိ၏။ ထိုကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်ကို ထုတ်မသုံးဘဲ ခန္ဓာကိုယ်အားအင်အရဆိုလျှင်ပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေသေးသည်။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုအကောင်ကြီးအား ဘေးတစ်ဖက်ဆီသို့ လဲကျအောင် တွန်းထုတ်လျက်ရှိနေသည်။
ဆွစ်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် လေထုထဲသို့ ပျံတက်လိုက်၏။ သူ၏ ညာဘက်လက်ကို အသာဆန့်တန်းပြီး သည့်နောက်မှာတော့ တိုးနယား၏ မျက်နှာကို မီးနှင့်မြိုက်ပြန်၏။ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ခင်ဗျား ခြေထောက်မဆေးဘဲ နေအုံးမလား။ ခြေထောက်မဆေးဘဲ နေအုံးမလား။”
ဟူး
ချက်ချင်းပဲ တောက်လောင်လွန်းလှသော မီးတောက်များသည် လောင်ကျွမ်းလျက်ရှိသည်။
အား အား
မီးတောက်များထဲတွင် သန့်စင်သည့်စွမ်းအင်များပါဝင်နေသည်ဖြစ်သောကြောင့် တိုးနယားကြီးသည် သတ်ဖြတ်ခံရ တော့မည့် ဝက်တစ်ကောင်ကဲ့သို့ပင် စူးရှစွာအော်ဟစ်လျက်ရှိနေတော့၏။
ထိုအော်သံသည် တစ်ခြားသောသူများ အားလုံးအား ကြက်သီးများပင် ထရှိစေ၏။ မီးစိတ်ဝိညာဉ်နှင့် သန့်စင်သော မိစ္ဆာစွမ်းအင်တို့၏ အားအင်အောက်မှာတော့ တိုးနယားကြီးသည် မည်သို့မျှ မခံစားနိုင်ခဲ့ချေ။
ဟူး ဟူး
မီးတောက်များသည် ဆက်တိုက်ကျွမ်းလောင်ခြင်းကို ပြုမှုပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင်တည်နေရာအနှံ့တွင် ပင် ညှော်နံ့ကြီးပင်ထွက်ပေါ်လာသည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လေထဲတွင် ထပ်မံကာ ပျံသန်းလိုက်ပြီးသည့်နောက်မှာတော့ တိုးနယားကြီးဦးခေါင်းကို ဖမ်းဆုတ်ကာ ပြောလိုက်၏။
“ခင်ဗျားက တော်တော်ညစ်ပတ်တဲ့ကောင်။ ကျုပ်ကူပြီးဆေးပေးရမယ်။”
ဟူး
ပိုမိုအားကောင်းလှသော မီးစွမ်းအင်များဖြစ်တည်လာပြီးသည့်နောက်မှာတော့ လှိုင်းများကဲ့သို့ပင် တိုးနယားကြီးအား ဖိနှိပ်ပြန်၏။
ဂလု
ငရမန်ကန်းနှင့် တစ်ခြားသောသူများအားလုံးသည် တံတွေးပင် မြိုချလိုက်မိကြ၏။ ဤကဲ့သို့ အားကောင်းလွန်းလှ သော မီးတောက်နှင့် မိစ္ဆာဓာတ်များ၏ တိုက်စားမှုအောက်မှာတော့ တစ်ဖက်သားရဲကြီးသည် ဆိုးရွားစွာ ခံစားနေရ သည်ဖြစ်ကြောင်းကို သူတို့သည် မျက်ဝါးထင်ထင်မြင်နေရသည်။
ပုံရိပ်ယောင်သားရဲသည် နတ်ဘုရားသားရဲဆိုသည့် ဂုဏ်သိက္ခာကို မည်သို့မျှ မထိန်းထားနိုင်ချေ။ ထို့ကြောင့် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ “ကျုပ် ကျုပ် သဘောတူပါတယ်။”
အား အား
ဖောက်
တောက်လောင်လွန်းသော မီးတောက်များသည် တည်နေရာထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။ ပြီးသည့်နောက် မှာတော့ ချက်ချင်းပဲ ၎င်းတို့၏သခင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် တိုးနယားကြီး၏ ဦးခေါင်းပေါ်တွင် အသာတက်ထိုင်ပြီးသည့်နောက်မှာတော့ ဦးချိုကြီးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ကြင်ကြင်နာနာ ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ်စကားကို နားထောင်။ မြန်မြန် ကျုပ်နဲ့ သခင်- ကျေးကျွန် ပဋိညာဉ်ကို ရေးထိုးတော့။”
“……..”
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ သခင်၊ ကျေးကျွန် ရေးထိုးမှုဆိုသည်မှာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်ရယူလိုက်ခြင်းနှင့်ပင် ဆင်တူတော့၏။ တစ်သက်လုံး လွတ်လပ်မှုဟူ၍ ရှိတော့မည်မဟုတ်ချေ။
ဟူး
မီးတောက်များထပ်မံထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တိုးနယားကြီးအား မီးနှင့်ထပ်မံကာ လောင်ကျွမ်းစေပြန် သည်။ တစ်ဖက်လူသည် စိတ်တိုင်းကျ မီးကင်ပြီးစားရန်ပင် စီစဉ်နေသလိုပင်။
တိုးနယားကြီးသည် မည်သို့မျှ မခံစားနိုင်တော့ချေ။ ထို့ကြောင့် ဝ.၀၁ စက္ကန့်အတွင်းမှာပဲ သူသည် သူ၏ အနာဂတ် ဘာဖြစ်မည်ဆိုသည်ကို မစဉ်းစားနိုင်တော့ချေ။ ချက်ချင်းပဲ ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ရတော့၏။
“ကျုပ် ကျုပ် သဘောတူပါတယ်။”
ဆွစ်
သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်လျက်ရှိနေသော မီးတောက်များသည် ရုတ်တရက် ငြိမ်းသက်သွား၏။ သူ၏ ခန္ဓာကိုယ်တစ်ဝက်လောက်သည် မီးလောင်ခြင်းကို ခံနေရတော့၏။
ငရမန်ကန်းနှင့် တစ်ခြားသော အကျဉ်းသားများ အားလုံးသည် အရှေ့ဆီသို့ တိုးလာပြီး တစ်ယောက် တစ်ကိုက်လောက်ပင် ကိုက်စားချင်စိတ်ပင် ပေါက်နေကြသည်။
ဆွစ်
မီးတောက်များ၏ လောင်ကျွမ်းမှုမရှိသည့်အချိန်မှာတော့ တိုးနယားကြီးသည် အပူဒဏ်မှ လွတ်မြောက်သွားခဲ့တော့၏။ သူသည် စိတ်ချလက်ချဖြစ်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့်အတူ သခင်၊ ကျေးကျွန် ပဋိညာဉ်ကို စတင်ကာ ရေးထိုးတော့၏။
သူ၏ နှလုံးသားထဲတွင်တော့ အော်ဟစ်လျက်ရှိနေသည်။ “ငါ အစောကြီးကတည်းက ထွက်မလာသင့်ဘူး။”
…
နာရီဝက်လောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိုးနယား၏ ခေါင်းပေါ်မှ ခုန်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် မြေပေါ်တွင် မတ်မတ်ရပ်လျက်ရှိသည်။ တိုးနယားကြီးသည် ဦးခေါင်းကို ငုံ့ကာဖြင့် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။
“နှုတ်ဆက်ပါတယ်။ သခင်”
အားလုံးသောသူများသည် ချက်ချင်းပဲ မြေပေါ်သို့ လဲကျလုမတတ်ဖြစ်နေသည်။ အချိန်အတိုင်းအတာ အတောအတွင်း မှာပဲ ဤပထမမြောက်အလွှာကြီး၏ အဓိကပြဿနာကောင်တန်းစီးသည် ခေါင်းတုံးနှင့်လူ၏ နှိပ်စက်ရိုက်နှက်ခြင်းကိုခံရပြီး ကျေးကျွန်ပင် ဖြစ်၍ သွားခဲ့သည်။ ဤအရာကို သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့်သာ မမြင်ရဘူးဆိုပါက အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်မိနိုင်သည့်ကိစ္စမျိုးဖြစ်သည်။
ဆွစ်
ရှောင်ကျီတစ်ယောက် သူ၏ ဘေးနားတွင်မရှိသောကြောင့် ခုံကို သူ့ဘာသူ ထုတ်ယူကာဖြင့် ကျွင်းချောင်ရှောင်းသည် ထိုင်လိုက်ရ၏။ ပြီးသည့်နောက်မှာတော့ ခြေနှစ်ဖက်ကို အသာချိတ်ကာဖြင့် အကျဉ်းသားများဘက်သို့ လှည့်ကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒီနေ့က စပြီး ကျုပ်က ဒီအကျဉ်းထပ်တစ်ခုလုံးရဲ့ ဆရာကြီးပဲ။ ကြားကြလား။”