အပိုင်း (၁၂၄၂)
Vol. 84 Ch. 1242
ကျွင်းချောင်ချောင်းသည် ရုပ်ဖျက်ပြီးလာသည် ဆိုသော်လည်း သူ၏ အသံကိုတော့ ပုံမှန်အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ထဲတွင် လမ်းလျှောက် လိုက်သည်နှင့် ကွမ်ကျူး နှင့် အဘိုးအိုတို့သည် ချက်ချင်းပဲ သူ့အား မှတ်မိသွားခဲ့၏။
၎င်းတို့သည် စိတ်ထဲတွင် ၎င်းတို့၏ သခင်ကို လာရောက်စေရန် အမြဲ ဆုတောင်းလျက် ရှိ၏။ ယခု ၎င်းတို့ သခင်၏ အသံကို ကြားလိုက်ရသည့် အခါမှာတော့ အိမ်မက်များ မက်နေသလား ဟုပင် ထင်မှတ်မှားနေကြသည်။
ဟမ်
ကျွင်းချောင်ရှောင်းသည် မျက်မှောင် ကုတ်မိသွား၏။ ငရဲခန်း ဒုတိယထပ်သို့ ဝင်ရောက်ပြီး နောက်မှာတော့ သူသည် ချက်ချင်းပဲ ရင်းနှီးသည့် အော်ရာနှစ်ခုကို ခံစားလိုက်မိ၏။ ထို့ကြောင့် သူသည် အသာလှမ်းရှာကြည့်သည့် အခါမှာတော့ ကွမ်ကျူး နှင့် အဘိုးအိုအား ချက်ချင်းပဲ ရှာဖွေ တွေ့ရှိသွား၏။
ထူဆန်းလွန်းလှချေသည်။ ဤနှစ်ယောက်သည် အဘယ့်ကြောင့် အကျဉ်းထောင် အတွင်းတွင် ရောက်ရှိ နေရသနည်း။
ထို့ပြင် အဘယ့်ကြောင့် ကျောက်စင်ကြီး အပေါ်တွင် မှောက်ရက်လှဲနေရသနည်း။ ထို့ပြင် ၎င်းတို့၏ ဖင်များသည်လည်း ရောင်ကိုင်းလျက် ရှိနေသေး၏။
၎င်း၏ ခေါင်းထဲတွင် ပေါ်လာသော အဖြေများသည် ပေါင်းစုပြီးနောက် ဖြစ်နိုင်စရာ တစ်ခုသာ ရှိတော့၏။ တစ်စုံတစ်ယောက်သည် ၎င်းတို့အား အနိုင်ကျင့် ရိုက်နှက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ကွမ်ကျူး နှင့် အဘိုးအိုတို့သည် ကျွင်းချောင်ရှောင်းအား လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏မျက်လုံး ထဲတွင်တော့ မျက်ရည်များပင် ဝိုင်းလျက် ရှိနေ၏။
ထို့အပြင် ဖြစ်ပေါ်နေသော ခံစားချက်များကို မည်သို့မျှမထိန်းချုပ်နိုင်ကြချေ။ သူတို့သည် ထကာအော်လိုက်မိကြသည်။ "သ … သခင် ကယ်ပါအုံး"
ဤ စကားလုံးများသည် နာကျင်ဖွယ်ရာများနှင် ပြည့်နှက်နေ၏။
"မင်းတို့ကို ဘယ်သူ ရိုက်လဲ"
"ကျုပ်ပဲ"
ဟောင်ရန်နတ်ဆိုးက သွားဖြီးကာ ပြောလိုက်၏။ ပြီးနောက် သူသည် တွေးလိုက်သည်။ ဒီကောင်လေးက ပိန်ပိန်ပါးပါး သွယ်သွယ်ရွရွလေးပဲ။ ဖင်ကို ရိုက်လိုက်ရရင်တော့ ရိုက်လို့ ကောင်းမှာပဲ။
အချိန်တို အတွင်းမှာပဲ သူ၏ စိတ်တွင် များပြားလှသော မြင်ကွင်းများ ပေါ်ပေါက် လာတော့၏။ သူသည် တွေးလေ ပို၍ သဘောကျလေ ဖြစ်လာခဲ့၏။
တစ်ဖက်လူ၏ ရင်ဘတ်ပေါ်တွင်ရှိသော အဓိကပြဿနာကောင် ဟူသော စာကို တွေ့မြင်ပြီးနောက် ကျွင်းချောင်ရှောင်း သည် အေးစက်စက်နှင့် ပြောလိုက်သည်။ "ခင်ဗျားက ဒီ ဒုတိယ အလွှာရဲ့ ဆရာကြီးလား"
"အမှန်ပဲ" ဟောင်ရန် နတ်ဆိုးသည် ပြုံးလိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အံ့ဩ သွားမိသည်။
သူ့အနေဖြင့် ဒုတိယ အလွှာသို့ ရောက်ရှိချိန်တွင် ဤကဲ့သို့ ဆရာကြီးနှင့် တစ်ခါတည်း တွေ့ဆုံရမည်ဟု မမျှော်လင့်ခဲ့ချေ။ သို့ပေမဲ့ ဤအရာသည် သူ့အတွက် အချိန်ကုန် သက်သာလှ၏။
"ခင်ဗျားရဲ့ နာမည်က ဘယ်သူလဲ"
"ဟောင်ရန် နတ်ဆိုးပဲ..."
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ ဒီလူ့ နာမည်ကိုက ကြောင်တောင်တောင် နိုင်တယ်။
သူသည် ကွမ်ကျုး နှင့် အဘိုးအိုတို့အား လက်ညိုးထိုးပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျား နှိပ်စက်နေတဲ့ နှစ်ယောက်က ကျုပ်ရဲ့ နောက်လိုက်တွေပဲ"
"အဲတော့ ဘာဖြစ်လဲ"
ဟောင်ရန်နတ်ဆိုးက သွားဖြီးကာ ပြန်မေးလိုက်၏။ "ပြောစရာရှိတာပြော"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ခွေးတစ်ကောင်ကို ရိုက်မယ် ဆိုရင်တောင် သူ့သခင် မျက်နှာကို ကြည့်ရတယ်လေ။ ဒီတော့ ကျုပ်က သခင်အနေနဲ့ ကျုပ်ရဲ့ နောက်လိုက် နှစ်ယောက် ဆိုးဆိုးဝါးဝါး အရိုက်ခံ ရတာကို ဘယ်လို ပြန်ပေးဆပ်ခိုင်းရင် ကောင်းမလဲ"
"ဒါက …"
ရွှီ
သူသည် ရုတ်တရက် ဆိုသလို ပျောက်ကွယ်သွား၏။ ပြီးသည့်နောက် ဟောင်ရန်နတ်ဆိုး၏ ရှေ့၌ပြန်လည် ပေါ်ပေါက်လာသည်။ အလွန်အားကောင်းလှသော စွမ်းအင်များသည် သူ၏ လက်သီးတွင် ဖြစ်တည်လာ ပြီးနောက် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။
ရွှီး ……။
အားကောင်းလှသည့် လက်သီးသည် တစ်ဖက်သူ၏မျက်နှာဘေးမှ ဖြတ်သန်း သွား၏။ သို့ပေမဲ့ တစ်ဖက်လူသည် ချက်ခြင်း ပျောက်ကွယ်သွား၏။
ကျွင်းချောင်ရှောင်းသည် မျက်မှောင် ကုတ်လိုက်မိသည်။
"ကိုယ်ပွားလား"
ဝူး ဝူး ….။
ထိုအချိန်မှာပဲ သူ၏ ဘေးတစ်ဖက်ဆီမှ အေးစက်လှသည့် လေများ တိုက်ခိုက်လာခဲ့သည်။ လေလှိုင်းများတွင် ပါဝင်သည့် စွမ်းအင်လှိုင်းများသည် မသတီစရာ ကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် တစ်လျှောက်လုံး အစစ်အမှန် တိုက်ပွဲတော်တော်များများကို တိုက်ခိုက်ခဲ့သောကြောင့် အတွေ့အကြုံ တော်တော်များများ ရရှိနေပြီ ဖြစ်၏။ ထို့ကြောင့် အန္တရာယ်၏ အငွေ့အသက်ကို အာရုံခံ လိုက်သည်နှင့် သူသည် ချက်ချင်းပဲရှောင်ရှားကာ သူ၏ ဘေးတစ်ဖက်တွင် အကာအကွယ် အတားအဆီးကို ဖန်တီးလိုက်သည်။
သူသည် အစစ်အမှန် သိုင်းတာအိုကို ကျွမ်းကျင်သော လူတစ်ယောက်နှင့်ပင် ဆင်တူနေသည်။ သို့ပေမဲ့ ရုတ်တရက် ဆိုသလိုပဲ ရောက်ရှိလာသော စွမ်းအင်လှိုင်းသည် ဦးတည်ရာပြောင်းသွား ခဲ့ပြီး အကာအကွယ် အတားအဆီးကို ရှောင်ရှားကာ မထင်မှတ်ထားသည့် တည်နေရာဆီမှ ကျွင်းချောင်ရှောင်းထံ ရောက်ရှိလာခဲ့၏။
ငရဲကြီးကိုးထပ်၏ ဒုတိယအလွှာတွင် စူးရှသည့် အသံတစ်ခု ထွက်ပေါ် လာသည်။ အကျဉ်းသားများနှင့် ကွမ်ကျူး တို့သည် ထိုအသံကို ကြားလိုက်သည့် အခါမှာတော့ ၎င်းတို့၏ ဖင်များပင် ကြုံ့ဝင်သွားခဲ့ကြသည်။
အား
ကျွင်းချောင်ရှောင်းသည် စူးရှစွာ အော်ဟစ် လိုက်၏။ ပြီးသည့် နောက်မှာတော့ သူသည် ဖင်ကို အုပ်ကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
သူ၏ အမူအရာသည် ပျက်ယွင်းသွားပြီးသည့်နောက် ဒေါသတရားများသည်လည်း ပြည့်နှက်လာခဲ့၏။ သာမန်လူ တစ်ယောက်သာ ဖြစ်သည်ဆိုပါက သူ့အား အပေါ်ပိုင်းကို တိုက်ခိုက်မှာ သေချာသည်။ သူသည် အပေါ်ပိုင်းတည်နေရာ တစ်ခုလုံးအား ကာကွယ် ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် အပေါ်ပိုင်းကို မတိုက်ခိုက်ပဲ သူ၏ ဖင်အား တိုက်ခိုက်ခဲ့သည်။
ဆိုးရွားလွန်းလှချေ၏။
“ဟား…ဟား …. ဟား…”
ဟောင်ရန်နတ်ဆိုးသည် လက်ကို မြောက်ကာ အော်ရယ်လိုက်သည်။
"မင်း ဖင်လေးက ရိုက်လို့ ကောင်းလိုက်တာ"
တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ ဆိုးရွားလှသည့်အပြုံးတစ်ခုကို မြင်လိုက်ရသည့်အခါမှာတော့ ကျွင်းချောင်ရှောင်း သည် ထအော်လိုက်မိ၏။ "ခင်ဗျားက နာဘူးပဲ"
"သခင်"
ကွမ်ကျူး သည် ချက်ချင်းပဲ အသံပို့လွှတ်လိုက်သည်။ "ဒီလူက အခြားလူတွေရဲ့ ဖင်ကို ရိုက်နှက်ရတာ ကြိုက်တယ်။ ဒီတော့ သခင် ဂရုစိုက်သင့်တယ်"
"ဖင်တွေကို ရိုက်ရတာ ကြိုက်တယ်၊ ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသညိ တဆတ်ဆတ် တုန်ယင်သွား၏။ ဤနေရာတွင် ရှိနေသော လူများ၏ ဖင်များသည် ပုံစံအမျိုးမျိုးနှင့် ရောင်ကိုင်းနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဤလူသည် မည်ကဲ့သို့ ဆိုးရွားလှသည့် ရာဇဝတ်မှုကို ပြုလုပ်ခဲ့သည်ကို သူမသိခဲ့ချေ။ သို့ပေမဲ့ ဆိုရွားလှသည့် အကျင့်တစ်ခုရှိသောကြောင့် ဤနေရာတွင် တစ်သက်လုံးချုပ်နှောင်ထားရန် ထိုက်တန်သည့် လူတစ်ယောက်ပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်နေသည်ဆိုသော်လည်း ရှေ့သို့အလျင်အမြန် တိုးမသွားချေ။ တစ်ဖက်လူ၏ အားအင်အဆင့်သည် အားကောင်းလှသည် ဖြစ်ကြောင်း သတိထားမိသောကြောင့်ပင်။
သူ့အနေဖြင့် ရင်ဆိုင်ရန် ခက်ခဲလွန်းလှ၏။
"ကောင်လေး"
ဟောင်ရန်နတ်ဆိုးသည် ရယ်မောကာ ပြောလိုက်သည်။ "မြန်မြန် ဖင်လေးကို ထောင်ပေးထား..."
ကျွင်းချောင်ရှောင်းသညိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ဤပြဿနာကောင်သည် အမှန်တကယ်ပင် အရှက်မဲ့လှသည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ရိုက်နှက်ဖို့ကောင်းစရာ လူတစ်ယောက် ပင်။
"ဒင် … သီးခြားတာဝန် အသက်ဝင်"
သတိပေးသံတစ်ခုသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာ၏။
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိသည်။ သူ့ကို သတ်ဖို့ ခိုင်းမှာလား။
သူသည် စနစ်အား အသာဖွင့်၍ ကြည့်ရှုလိုက်သည့်အခါမှာတော့ တည်နေရာမှာပင် မေ့မျောလု မတတ် ဖြစ်သွား ခဲ့၏။
"ဟောင်ရန် နတ်ဆိုးရဲ့ ဖင်ရိုက်ချက်ကို မိနစ် သုံးဆယ်အတွင်း ဆယ်ချက် မပြည့်အောင် ကာကွယ် ရမည်။ (၁ /၁၀) မဟုတ်ပါက တာဝန် ကျဆုံးလိမ့်မည်"
"ချီးတဲ့မှ၊ ဒါ ဘယ်လို တာဝန်မျိုးလဲ"
သီးခြားတာဝန် ဆိုသည်မှာ တစ်ဖက်လူအား သတ်ဖြတ်ခြင်း ဒါမှမဟုတ် အညံ့ခံအောင်ပြုလုပ်ရမည့် အရာမျိုးဖြစ်ရမည်။ ယခုအခါမှာတော့ တစ်ဖက်လူ၏ ဖင်ရိုက်ချက်များကို ရှောင်ရှားရန် အချိန်ကာလတစ်ခု သတ်မှတ်ပေးလျက် ရှိနေတော့သည်။
စနစ်က စောတက တက်လိုက်သည်။ "ဒါက လက်ခံသူရဲ့ အကျင့်တွေ သက်ရောက်သွားလို့ နေမှာပေါ့"
"..."
ရုတ်တရက် ဆိုသလိုပဲ ဟောင်ရန်နတ်ဆိုးသည် သူ၏ နောက်တွင် ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သတိပြုမိလိုက်ပြီးနောက် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးပမ်း လိုက်မိ၏။ သို့သော် အသုံးမဝင်ခဲ့ချေ။ သူ၏ ညာဖက်ဖင်သည် ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။
စနစ်၏ တာဝန်အပေါ်တွင် ၂/၁၀ ဟူ၍ ပေါ်ပေါက် လာတော့သည်...။
"ချီးတဲ့မှ"
ထေိုအချိန်မှာပဲ ဟောင်ရန်နတ်ဆိုးသည် သူ့၏ လက်နှစ်ဖက်လုံးကို အသုံးပြုကာ မတူညီသည့် ရှုထောင့် အမျိုးမျိုးမှ ကျွင်းချောင်ရှောင်း၏ ဖင်အား ရိုက်နှက်တော့၏။
ချက်ချင်းပဲ စနစ်၏ ပုံရိပ်ပေါ်တွင် ၆/၁၀ ဟူ၍ ဖြစ်ပေါ်သွားသည်။
တစ်မိနစ် မပြည့်ခင်မှာပဲ တာဝန်၏ တစ်ဝက်လောက်သည် ယုတ်လျော့ သွားခဲ့ပြီဖြစ်၏။ သူသည် နှစ်ဆယ့်ကိုးမိနစ် လုံးလုံး ခုခံရန်ကျန်ရှိနေသေး၏။ မျှော်လင့်ချက် မရှိတော့ချေ။
အား အား အား
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ဖောက် …
ဟောင်ရန်နတ်ဆိုးသည် အခွင့်အရေးကို အရယူပြီး ထပ်မံကာ ရိုက်နှက်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ အလွန်စိတ်ချမ်းသာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ့အနေဖြင့် ကွမ်ကျူုး နှင့် အဘိုးအိုအား ရိုက်နှက်ရသည်ထက်ပင် ကောင်းမွန်သော ခံစားချက်များရရှိ နေတော့၏။
ဆွစ် ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် သေဆုံးရမည့် အရေးကို ထိုင်ကာ စောင့်မနေနိုင်တော့ချေ။ ထို့ကြောင့် လှုပ်ရှားမှုနည်းစနစ်ကို လည်ပတ်ကာ စတင်၍ပတ်ပြေးတော့သည်။
တာဝန်၏ လိုအပ်ချက်သည် ဆယ်ချက် တိတိ အရိုက်မခံရအောင် ခုခံရန် ဖြစ်သည်။ သူ့အနေဖြင့် နှစ်ဆယ့်ကိုးမိနှစ် လုံးလုံး ပတ်ပြေးနိုင်မည် ဆိုပါက တာဝန်သည် ပြည့်စုံသွားနိုင်၏။
ဟောင်ရန်နတ်ဆိုး နှင့် ထိပ်တိုက်ရင်ဆိုင်ရန်ဆိုသည် မှာတော့ သူ့အနေဖြင့် များပြားလှသော လည့်ကွက်များကို အသုံးပြုရန် လိုအပ်နေ၏။ သို့ပေမဲ့ လက်ရှိအချိန်၌ ထိုဝှက်ဖဲများကို ထုတ်ဖော်ကာ အသုံးမပြုသင့်သေးချေ။
"ငါက တစ်ကယ့်ကို ပါရမီရှင်ကွ"
ဖြောင်း ….။
အမြန်နှုန်း အပြည့်နှင့် ပြေးလျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် ဖင်ကို ထပ်မံကာ ရိုက်နှက် ခံလိုက်ရ၏။ သူ့ပြိုင်ဖက်၏ လက်များသည် မှော်စွမ်းအင်များ ပါဝင်နေသလိုပင်။ မည်သည့် နေရာမှ ရောက်ရှိ လာကြောင်းကို သေသေချာချာ မသိရှိခဲ့ချေ။
ကွမ်ကျူးက ပြောလိုက်၏။ "ဒီလူက ထူးခြားတဲ့ စွမ်းအင် ရှိတယ်လေ။ ဘယ်လောက်ပဲ ရှောင်ရှောင် ဖင်ကို ကျိန်းသေပေါက် ရိုက်နိုင်မှာပဲ။ ဒီတော့ အခြား လှည့်ကွက်မျိုးနဲ့ ပြန်ပြီးတိုက်ခိုက်မှ ဖြစ်မယ်"
"ချီးတဲ့မှ" ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်သည်။
ဖျောက်
ထိုအချိန် မှာပဲ ဟောင်ရန် နတ်ဆိုးသည် ကုန်းရှန့်၏ ဖင်ကို ထပ်မံကာ ရိုက်နှက်ပြန်သည်။ စနစ်ပေါ်တွင်တော့ ၈ မှ ၉ အထိ တိုးတက် ပြောင်းလဲ သွားခဲ့၏။
ကျွင်းချောင်ရှောင်း၏ နှလုံးသားတစ်ခုလုံးသည် ပေါက်ကွဲလုမတတ်ပင် ဖြစ်နေတော့၏။ တစ်မိနစ် မပြည့်ခင် မှာပဲ သူသည် ကိုးချက် တိတိ အရိုက်ခံရပြီး ဖြစ်သည်။
"ခွေးကောင် အမှိုက်လေး"
ရုတ်တရက် ဟောင်ရန် နတ်ဆိုး၏ ရယ်သံသည် သူ၏ နားထဲတွင် အော်ဂလီဆန်စွာ ဝင်ရောက်လာပြန်၏။ "ငါလာပြီ … ငါလာပြီနော်"
ဟူး ….။
လက်ဝါး ရိုက်ချက်ကြီးသည် ဆန်းကြယ်လှသော စွမ်းအင်များ ပါဝင်နေ၏။ ထိုလက်ဝါး ရိုက်ချက်ကြီးသည် ကျွင်းချောင်ရှောင်း၏ အကာအကွယ် အတားအဆီးအား ဖြတ်သန်းပြီးနောက် ဖင်ကို ရိုက်နှက်ရန် နီးကပ်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာ၏။
အား
တာဝန်ကျဆုံးတော့မည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သူ၏ နတ်ဘုရား လက်နက်ကို ထုတ်ဖော်ကာ အသုံးပြုလိုက်ရတော့သည်။
"မေတ္တာအကြည့်"
ရွှီ
ဒုတိယ အထပ်တွင် ရှိနေသော မြင်ကွင်း တစ်ခုလုံးသည် ရုတ်တရက် အေးခဲသွား၏။ ခနလောက် ကြာပြီးနောက် ……..
အား …..။