အပိုင်း (၁၂၄၈)
Vol. 84 Ch. 1248
ရှေးယခင်ခေတ်တည်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကောင်းကင်နှင့်ကြေယ်ကြွေကုန်းမြေတိုက်ကြီးတွင်အားအကောင်းဆုံးသော သူများအဖြစ်ကျန်ရှိခဲ့သည်။
ဂြိုဟ်တစ်ခုတွင် ဤကဲ့သို့သော အဆင့်အတန်းမြင့်မားလှပါသည်ဆိုသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ပေါ်ပေါက်လာသည်ဆိုသည်နှင့် အားလုံးသောသူများသည် ဦးညွှတ်ကာ အလေးအနက်ထား ဂါရဝပြုကြရမှာ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သိုင်းအင်ပါယာကိုးယောက်နှင့် ဆုံတွေ့ရမည့်အခြေအနေကို ယခင်ကတည်းက စိတ်ကူးပြီး သားပင်ဖြစ်တော့၏။ သို့ပေမဲ့ တွေ့ဆုံရသည့်အချိန်မှာတော့ အခြေအနေသည် သူထင်မှတ်ထားခဲ့သလိုမဟုတ်ပဲ စုတ်ပြတ်သပ်လျက်ရှိနေကြောင်းသာ မြင်လိုက်ရ၏။
တုရင်ရှင်း၏ ဆံပင်များသည် ရှုတ်ပွလျက်ရှိနေပြီး မျက်နှာတစ်ခုလုံးသည်လည်း ဖူးရောင်လို့နေ၏။ သူတောင်းစား ထက်ပင် အခြေအနေဆိုးရွားနေသေး၏။ သူ၏စိတ်ကူးထဲတွင်ရှိသော ကြီးကျယ်မြင့်မြတ်လှသည့် သိုင်းကျင့်ကြံသူ တစ်ယောက်၏ ဟန်ပန်အမူအရာသည် အလုံးစုံ ပျက်စီးလျက်ရှိနေလေသည်။
“ထားလိုက်တော့။ ထားလိုက်တော့။ ငါ့အနေနဲ့ တစ်ခြားသူတွေကို ထပ်ရှာတာပဲ ကောင်းပါတယ်။”
သို့ပေမဲ့ ဤတစ်ယောက်ကို နမူနာယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ခြားသော သိုင်းအင်ပါယာ ရှစ်ယောက်တို့မှာလည်း ဆိုးရွားသည့်အခြေအနေသို့ရောက်ရှိနေကြောင်း ခန့်မှန်းမိလိုက်၏။
“အင်း။ သူအရက်မူးတာကနေ နိုးလာပြီဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံထားကြ။”
အစီအရင်ထဲသို့ မဝင်ခင်မှာပဲ ကုန်းရှန့်သည် အားလုံးကို သတိပေးခဲ့တော့၏။ ထို့အပြင် ၎င်းတို့သည် တူညီသည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ လူများဖြစ်သည်။ ထို့ကြောင့် တစ်ယောက် နှင့် တစ်ယောက် ပိုမိုကာ ဂရုစိုက်ပေး ရပေလိမ့်မည်။
“ဆရာကြီး စိတ်မပူပါနဲ့။”
အရက်ဂျိုးသည် ပြောလိုက်သည်။ “ဒီနေ့ကစပြီးတော့ ဒီလူက ကျုပ်ရဲ့အစ်ကိုပဲလေ။”
ဆွစ်
ကျွင်းချောင်ရှောင်းသည် အစီအရင်ထဲသို့ လှမ်းဝင်ပြီးသည့်နောက် ပျောက်ကွယ်သွားတော့သည်။
အရက်ဂျိုးသည် တွေးလိုက်မိ၏။
ဆရာကြီးသည် အမှန်ပင် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဆဌမမြောက်အခန်းထဲတွင် တည်ရှိနေသည့် ဆိုးယုတ်သည့် လူနှင့် မည်ကဲ့သို့ရင်ဆိုင်မည်နည်းကို သူ မတွေးနိုင်သလို ဖြစ်မိနေသည်။
ဆွစ်
နက်မှောင်သည့် တည်နေရာထဲတွင် အလင်းများရုတ်တရက် ဖြတ်ပြေးသွားပြီးသည့်နောက်မှာတော့ ဆဌမမြောက် ငရဲခန်းဟူသော စာလုံးသည် ပေါ်ပေါက်လာခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် ရွှေ့ပြောင်းခြင်းအစီအရင်ထဲမှာ လျှောက်သွားပြီးသည့်နောက်မှာတော့ တွေးလိုက်မိ၏။
ငါ ဆဌမအလွှာဆီကို ရောက်လာပြီပဲ။ အချိန်တွေက ကုန်မြန်လိုက်တာ။
ဆွစ် …။
ထိုအချိန်မှာပဲ အလင်းတန်းများသည် အထက်ဆီမှ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုထဲကို သီးခြားထင်ပေါ်စေ၏။ ထိုတည်နေရာသည် ကျောက်စင်မြင့်လေးတစ်ခုတည်ရှိနေ၏။ ထိုကျောက်စင်မြင့်လေးသည် ထူးခြားလှသည့်ကျောက်ရိုင်းတုံးများနှင့် ဖန်တီးပြုလုပ်ထားပုံပေါ်ပြီး အလင်း၏သက်ရောက်မှုသည် ထိုပေါ်သို့ ကျဆင်းသည်နှင့်တပြိုင်နက်ပိုမိုကာ လင်းလက်လာခဲ့သည်။
ထိုကျောက်စင်မြင့်၏အပေါ်၌ ရပ်နေသည့်ပိန်သွယ်သွယ်နှင့် လူတစ်ယောက်သည်ကျွင်းချောင်ရှောင်းအား နောက်ကျောပေးကာ ဟန်ရေးပြလျက်ရှိ၏။
“…..…..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ်တုန်ခါနေသည်။ ဤမျှရှက်ရွံ့စရာကောင်းသည့် ပုံပန်း သွင်ပြင်မျိုးနှင့် ဟန်ထုတ်နေသည်ကို သူမည်သို့မျှ ဆက်မကြည့်နိုင်တော့ချေ။တစ်ဖက်လူသည်သူ့အားဖင်ပေးကာ လက်တစ်ဖက်ကို အပေါ်သို့ထောင်၍ ကန္တွရီ၊ ကန္တွရာ ကသလို ပုံပန်းသွင်ပြင်မျိုး ပြုလုပ်နေခြင်းဖြစ်သည်။
ဖြောက်
လက်ဖြောက်တီးသည့် အသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤတည်နေရာတွင်ရှိနေသော လူများအားလုံးသည် လဲလျောင်းနေရာမှ ရုတ်တရက်ထရပ်လိုက်ပြီးနောက်အားလုံးသည် တူညီစွာဖြင့် ဟန်ထုတ်လျက်ရှိနေကြတော့၏။
“ဘာလဲဟ။ ဒါက ပြပွဲလား။ ငါ အပေါ်တက်ပြီးတော့ ကရမှာလား။” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည်။
“………”
စနစ်သည် အလုံးစုံပြိုလဲလျက်ရှိနေတော့၏။ လက်ခံသူသည် ပထမဦးဆုံး စုတ်တံနှင့် လက်ရေးလှကဗျာ ရေးသားခြင်းကို ပြိုင်ခဲ့ရ၏၊ ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံခြင်းကို ယှဉ်ပြိုင်ရမည့်အစား အရက်သောက်ပြိုင်ခဲ့ရသေးသည်။ ဤတစ်ကြိမ်တွင် သိုင်းကျင့်ကြံခြင်းကို မပြုလုပ်ရဘဲ သီချင်းတက်ကာ သီဆိုရမည်လား မသိချေ။ ဤကဲ့သိုသော တိုက်ပွဲမျိုးသည် ထူးခြားသည့်သာမက ရှားပါးလွန်းလှ၏။
“ငါ လက်ခံသူ ကိုယ်ထဲမှာတောင် မနေချင်တော့ဘူး။”
“စိတ်ဝင်စားစရာပဲ။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်သည် အပြုံးတစ်ခုဖြင့် ဖြစ်တည်လာခဲ့တော့၏။ သူသည် ငရဲလွှာတစ်ခုဆီသို့ ဝင်ရောက်ရသည့်အချိန်တိုင်းတွင် အကျဉ်းသားများ၏ အားအင်အဆင့်သည် တစ်ဖြည်းဖြည်းနှင့် ပိုမိုကာ အားကောင်းလာခဲ့၏။
တိုက်ခိုက်ရေး နည်းစနစ်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်ချက်ဟူ၍ သူ့တွင် မရှိချေ။ သို့ပေမဲ့ တစ်ခြားသောနည်းလမ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက အနိုင်ယူနိုင်မည်ဟု အနည်းနှင့် အများ ယုံကြည်ချက် ရှိလို့နေသည်။
ထို့အပြင် ဤကဲ့သို့သော အလင်းတန်းများထိုးထားသည့် စင်မြင့်တစ်ခုပုံစံမျိုးသည် သီဆိုခြင်းနှင့်ကခုန်ခြင်းကို ပြုလုပ်ခြင်းဖြစ်၏။
တိုက်ဆိုင်လှချေသည်။ သူသည် ကခုန်ရသည့်အရာတွင် တော်လှသည် မဟုတ်သော်လည်း သီချင်း ဆိုသည့်နေရာတွင်တော့ ပါရမီရှင်တစ်ယောက်မှန်း သိရှိနားလည်ထားပြီးဖြစ်သည်။
“…….”
စနစ်သည်ဆွံ့အနေမိ၏။ “လက်ခံသူ ပါးစပ်ဟလိုက်တာနဲ့ တစ်ခြားသူတွေက ဒွါရ ကိုးပေါက်ကနေ သွေးတွေယိုကုန်တော့မှာပဲ။”
ရွှီး
ကျောက်စင်မြင့်ပေါ်တွင် ဟန်ထုတ်လျက်ရှိနေသောလူသည် ၎င်း၏ သွယ်လျနေသော လက်များကို အသာလေပေါ်သို့ မြှောက်လိုက်ပြီးသည့်နောက်မှာတော့ ကိုယ်ကို ဆတ်ခနဲ လှည့်လိုက်သည်။
ဖြောက် ဖြောက် ဖြောက် ဖြောက်
အကျဉ်းခန်းအလွှာကြီးထဲတွင်ရှိနေသော အလင်းတန်းများသည် တောက်ပလာပြီးနောက် ၎င်း၏ လှုပ်ရှားမှုကို လိုက်ဖက်ညီစွာဖြင့် ပံ့ပိုးပေးလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် စူးရှလွန်းသော အလင်းတန်းများကို မြင်ရသည့်အချိန်မှာတော့ မျက်စိကန်းလုမတတ်ပင် ဖြစ်သွားရသည်။ သူသည် လက်ကို မြှောက်ကာဖြင့် အသာကာကွယ်ထားရ၏။ အလင်းတန်းများနှင့်အသားကျသည့် အချိန်မှာတော့ သူသည် မြင်ကွင်းကို ကြည့်ရှု၍ အလုံးစုံ ဆွံ့အလျက်ရှိနေမိသည်။
သူ၏ မြင်ကွင်းထဲတွင်တော့ အကျဉ်းသားများတစ်ထောင်ကျော်တို့သည် အလွန်တရာ အားကျလျက်ရှိနေသော မျက်နှာသွင်ပြင်မျိုးနှင့် အောက်တွင် ထိုင်လျက် အားပေးနေကြပြီး အပေါ်၌ရှိနေသော လူမှာတော့ ဟိတ်ကြီးဟန်ကြီးနှင့် လက်တစ်ဖက်ဖြင့်မေးထောက်၊လက်တစ်ဖက်ဖြင့်မေးထောက်ကာ နွဲ့တဲ့တဲ့ ရပ်လျက်ရှိ၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်၏။ “ဒီလူတွေက ဘာတွေလဲ။”
ရွှီး
ထိုအချိန်မှာတော့ စင်မြင့်ပေါ်တွင်ရှိနေသောလူသည် ပုံမှန်မဟုတ်သော သွင်ပြင်အမူအရာများကို ဖန်တီးပြုလုပ်လျက်ရှိနေပြန်၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင်တော့ အဓိကပြဿနာကောင်ဟု ရေးသားထားသည်။ နူးညံ့ပြီး ချောမွေ့လျက်ရှိနေသော ဆံနွယ်အနက်များသည် ၎င်း၏ ဖြူရော်လျက်ရှိနေသည့် မျက်နှာတစ်ဝက်ကို ဖုံးကာထား၏။ ၎င်း၏ မေးရိုးသည် ချွန်မြနေသည်။ ဇေရဲထက်နှင့်နင်လား၊ ငါလား ပင်။
“ဒါ ယောက်ျားလား။ မိန်းမလား။”
ပထမကြည့်လိုက်သည်ဆိုသည်နှင့် ကျွင်းချောင်ရှောင်းသည် ဤလူ၏ လိင်ကို သံသယ ဖြစ်မိသွား၏။ အရပ်အမြင့်ကို သုံးသပ်ရမည်ဆိုလျှင် ယောက်ျားတစ်ယောက်ဖြစ်နိုင်၏။ သို့ပေမဲ့ ဖြူဖွေးလွန်းသော အသားအသွေယ်လျလွန်းသည့်လက်များ၊ ခြေထောက်များကို ကြည့်ရှုရမည်ဆိုလျှင် အမျိုးသမီး တစ်ယောက်ဖြစ်ပုံလည်း ပေါ်နေသည်။
ရွှီး
ထိုအချိန်မှာတော့ ယောကျ်ားလား ၊ မိန်းမလား သေချာမသိသည့် အဓိကပြဿနာကောင်သည် ၎င်း၏ ခေါက် ယပ်တောင်အား အသာဖွင့်လိုက်ပြီးသည့်နောက် အသာ ယမ်းခါလိုက်၏။ ၎င်းသည် မျက်နှာကို အသာငဲ့စောင်းကာဖြင့် အဆုံးစွန် ဟန်ထုတ်လျက်ရှိနေ၏။
“ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် သုန်မှုန်သွားခဲ့၏။ တစ်ဖက်လူသည် ယောက်ျားလား၊ မိန်းမလားဆိုသည်ကို သူသေသေချာချာမသိချေ။ ထို့အပြင် ထိုအရာမှာလည်း အရေးကြီးသည်တော့ မဟုတ်ချေ။ ယောကျ်ား၊ မိန်းမဖြစ်တည် ခြင်းဆိုသည်မှာ ၎င်းတို့၏ မိဘများ မွေးထုတ်လိုက်သည်ဖြစ်သောကြောင့် ရွေးချယ်ခွင့်နှင့် ဖြစ်တည်လာသည့်အရာမျိုး မဟုတ်ချေ။ ထိုအရာကို သူနားလည်နိုင်၏။ သူနားမလည်နိုင်သည့်အရာမှာ ခေါက်ယပ်တောင်ပေါ်တွင် ရေးသားထားသည့် သေမျိုးလောကထဲတွင် အချောဆုံးလူဆိုသည့် စာတမ်းပင် ဖြစ်သည်။
ဟား ဟား ဟား ဟား
စနစ်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။
လက်ခံသူလည်း ဤကဲ့သို့ အမူအကျင့်ရှိသော လူတစ်ယောက်ဖြစ်သည်။ သူကိုယ်သူ ကျွင်းချောလေးဟုပင် သတ်မှတ်ထားသေး၏။ ယနေ့မှာတော့ ၎င်းထက်ပိုမိုကာ ချောမောသည်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသည့် လူတစ်ယောက် နှင့် ကြုံဆုံရပြီဖြစ်၏။ တကယ်ပင် လိုက်ဖက်ညီလှသည့် ပြိုင်ဖက်နှင့် တွေ့ဆုံရခြင်း ဖြစ်သည်။
ရွှီ ရွှီး …။
အောက်တွင်ရှိနေသော အကျဉ်းသားများသည်လည်း ကိုယ်တစ်ဖက်ကို လှည့်လိုက်ကြ၏။ အားလုံးသောသူများ၏ ရင်ဘတ်တွင် သေမျိုးလောက၏ အချောဆုံးသူဟူသော စာတမ်းကို ရေးထိုးထားကြ၏။
“ကောင်လေး”
စင်မြင့်ပေါ်တွင်ရှိနေသော အဓိကပြဿနာကောင်သည် ခေါက်ယပ်တောင်ကို အသာဝှေ့ယမ်းပြီးသည့်နောက် ပြုံးလိုက်၏။ ထိုအပြုံးသည် မိန်းမတစ်ယောက်ထက်ပင် ပိုရင် လှပသေးသည်။
“ငါ့ရဲ့ ပြပွဲကို ကြည့်ဖို့ ဆင်းလာခဲ့တာလား။”
“……….”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင်ရှိနေသော ဒေါသတရားများသည် တလိပ်လိပ်နှင့် တက်လာ၏။
ဤလူ၏ ပုံပန်းသွင်ပြင်သည် မိန်းမတစ်ယောက်၏ ပုံစံမျိုး တူညီနေသည်သာမက အသံကလည်း မိန်းမဆန်လွန်းလှ သည်။ ကုန်းရှန့်သည် သူ၏ ဒေါသကို မည်သို့မှ မထိန်းထားနိုင်ချေ။ ရှေ့ဆီသို့ လှမ်းတက်ပြီး ထိုသူအား ဖမ်းချုပ်ကာ မျက်နှာနှင့်ကြမ်းခင်းနှင့် တိုက်ချင်စိတ်ကို မနည်းပင်ထိန်းသိမ်းထားရသည်။
အထူးသဖြင့် ခေါက်ယပ်တောင်ပေါ်တွင် ရေးသားထားသည့် စာလုံးသည် သူ့အား အမှန်ပင် မျက်စိစူးစေ၏။
ရုပ်ရည် သွင်ပြင်အရ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤအဓိကပြဿနာကောင်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ယွမ်သခင်လေးတည်ရှိနေသည်ဆိုရင်တောင်မှ ယွမ်သခင်လေးသည် ထိုသူထက် အနည်းငယ် အားနည်းနေပေလိမ့်မည်။ ကုန်းရှန့်သည် ရုပ်ဆိုးလွန်းသောကြောင့် မဟုတ်ပေ။ ကြည့်ရမည်ဆိုလျှင် သူသည် ချောမောလွန်းလှသည်။
သို့ပေမဲ့ လူတစ်ယောက်သည် ဆွဲဆောင်မှုရှိသည့်နေရာ၌ ချောမောခြင်းနှင့်အတူ တစ်ခြားသော ကိုယ်နှုတ် ၊အမူအရာ အသွင်အပြင်မျိုးလည်း တည်ရှိနေသေး၏။
ယွမ်သခင်လေးသည် သူ့ထက်ပို၍ ချောမောလှ၏။ မဟုတ်ပါက မာဘယ်တောင်ကြားထဲတွင် တွေ့ရသည့်အချိန်တွင် ယောကျ်ားတစ်ယောက် ဟန်ဆောင်ထားသော မိန်းမတစ်ယောက်ဟုပင် ထင်မှတ်နေလိမ့်မည်မဟုတ်ချေ။
ဟုတ်ပေသည်။ ချောမောလှသည့် ယောကျ်ားများဆိုသည်မှာ ပုံသဏ္ဍာန်အမျိုးမျိုး တည်ရှိနေ၏။ တစ်ချို့သည် ရုပ်ဖြောင့်၏။ တစ်ချို့မှာ ရုပ်ချော၏။ တစ်ချို့သည် ခန့်ညား၏။
ကုန်းရှန့်နှင့်ယွမ်သခင်လေးတို့သည် ဤကဲ့သို့အရာများ ပေါင်းစပ်ထားသည့် လူများပင်ဖြစ်၏။ သို့ပေမဲ့ ဤစင်မြင့်ပေါ် တွင်ရှိနေသည့် အဓိကပြဿနာကောင်ဆိုသည့်လူမှာတော့ ကြည့်ကောင်းရုံတင်မက အလွန်လည်း လှပလျက်ရှိနေသည်။
သို့ပေမဲ့ ယောကျ်ားတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ကြွက်သားများသည် တည်ရှိ၍ မနေခဲ့ချေ။ ဤလူမှသည် အစစ်အမှန်ပင် ယောကျ်ားတစ်ယောက်ဟန်ဆောင်ထားသည့် မိန်းမတစ်ယောက် ဖြစ်ပေလိမ့်မည်။
ဟူး ဟူး
သူ၏ နှလုံးသားထဲရှိ ဒေါသတရားများသည် အလိမ့်လိုက်တက်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တွင် အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာ၏။
“ဒီကောင် … ငါ ဒီနေ့ ဒီကောင့်ကို ကျိန်းသေပေါက်ရိုက်ရမယ်။”
ဖြောင်း
သူသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ ကြမ်းတမ်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ညာဘက်လက်သီးကြီးဖြင့် ထိုးနှက်ခြင်းကို ပြုမူလိုက်၏။ သူ၏ အားအင်အဆင့် အား ထိပ်ဆုံးအဆင့်ထိ ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။ သူသည် ဒေါသတကြီးအော်ဟစ်လိုက်သေးသည် “လောကမှာရှိတဲ့ ချောမောမှုဆိုတဲ့ စကားလုံးကို သိက္ခာမချနဲ့။”