← Chapters

အခန်း (၁၂၄၉)

Vol. 84 Ch. 1249

အခန်း (၁၂၄၉)

Vol. 84 Ch. 1249

ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဒေါသထွက်လျက်ရှိနေ၏။ ဆဋ္ဌမအလွှာတွင်ရှိနေသော အဓိက ပြဿနာကောင် သည် သူ့ကိုယ်သူ အလွန်တရာချောမောလှသူအဖြစ် စာတန်းများပင် ရေးထိုးထားခဲ့၏။

ထို့ကြောင့် ချောမောသူ ဟူသည့် စကားလုံးသည် ထိုသူကြောင့်ပင် ပျက်စီးသွားခဲ့ရပြီဖြစ်၏။ သူ ဤကိစ္စကို မည်ကဲ့သို့မျှ သည်းမခံနိုင်ချေ။ ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ သူ၏ခံစားချက်များကို မဖိနှိပ်နိုင်တော့သောကြောင့် ချက်ချင်းပင်ထကာ တိုက်ခိုက်တော့သည်။

ဘုန်း

ရုတ်တရက် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ ပျံသန်းကာ တိုက်ခိုက်ခဲ့ပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ ပြန်လည်လွင့်စင်လာခဲ့၏။

သူသည် ခြေလှမ်းတစ်ဒါဇင်ကျော်ခန့် နောက်ဆုတ်ပြီးမှသာလျှင် သူ၏ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းသိမ်းနိုင်ခဲ့၏။ ကျောက်စင်မြင့်ကြီးအောက်မှာတော့ များပြားလှသော အကျဉ်းသားများအားလုံးသည် မတူညီသည့် အစီအရင်များကို ဖန်တီးကာဖြင့် သူ၏ တိုက်ခိုက်ချက်ကို ခုခံခဲ့ခြင်းပင်ဖြစ်တော့သည်။

ထိုအကျဉ်းသားများအားလုံးသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်လျက်ရှိနေကြ၏။ သူတို့အားလုံးသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အစီအရင်ဖြင့် ခုခံခဲ့ခြင်းပင်ဖြစ်၏။ ဤအစီအရင်သည် အလွန်တရာ အားကောင်းလှသည့် အကာအကွယ် အစီအရင်ပင်ဖြစ်ပေလိမ့်မည်။

“ဒီကာအကွယ်က အရမ်းကို အားကောင်းတယ်။” စနစ်က ပြောလိုက်သည်။

“…….”

ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် တန့်ပြန်မှုကြောင့် ဖြစ်ပေါ်လာသော သွေးပြောင်းပြန် လည်ခြင်းကို အတင်းဖိနှိပ်ကာ ထားခဲ့ရ၏။ မဟုတ်ပါက သွေးများအန်ထွက်လာတော့မှာသေချာ၏။

ဤဆဋ္ဌမအလွှာတွင် အကျဉ်းသား များများစားစားမရှိကြချေ။ နှစ်ထောင်မှ သုံးထောင်နီးပါးခန့်သာရှိ၏။ သို့ပေမဲ့ ၎င်းတို့အားလုံး၏ အလုံးစုံသောအားအင်သည် အရှေ့တွင်ရှိခဲ့သော ငရဲခန်းအလွှာများဆီမှ ကျင့်ကြံသူများထက် ပိုမို၍ အားကောင်းလှသည်။

အထူးသဖြင့် အရှေ့ဆုံးတွင်ရပ်ကာ ခုခံပေးနေသည့် လူများပင်ဖြစ်သည်။ ထိုသူများသည် သိုင်းနယ်မြေ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ ပါဝင်လျက်ရှိနေပြီး အနည်းဆုံး သုံးဆယ်နီးခန့်ရှိ၏။ ဤကဲ့သို့သော လူစာရင်းပမာဏသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ရှားပါးစွာ တွေ့မြင်ရမည့် ကျင့်ကြံသူများ ဖြစ်သည်ဆိုသော်လည်း ဤကြယ်ကောင်းကင်ခံတပ်၏ အကျဉ်းထောင်ထဲမှာတော့ ပေါများစွာ တည်ရှိလို့နေခဲ့၏၊

ဟုတ်ပေသည်။ ထိုသူများအားလုံးသည် တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့်ကျင့်ကြံသူများသာလျင် ဖြစ်ကြသည်။

ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်ထဲသို့ ဝင်ရောက်သည့်အချိန်မှာတော့ ဆဋ္ဌမအလွှာအထိ ရောက်ရှိရန် လမ်းတစ်လျှောက်တိုက်ခိုက်ခဲ့ရ၏။ အဓိကအားဖြင့် သူ ရင်ဆိုင်ခဲ့သည့်လူများမှာ ကြမ်းတမ်းလှသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သော ထိပ်တန်း ကျင့်ကြံသူများဖြစ်ကြပြီး စိတ်ဝိညာဉ် အင်ပါယာကဲ့သို့သော သိုင်းအင်ပါယာ ကိုးယောက်ထဲမှ တစ်ယောက်ပေပင်လျှင် ဆိုးရွားစွာ နှိပ်စက်ခံနေရသည့် တည်နေရာလည်း ဖြစ်၏။

ဤခံတပ်ကြီးထဲတွင် တည်နေရာချိုးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဆိုသည်မှာ ခွေးကဲ့သို့ပင် ပေါများလွန်းလှ၏။ သို့ပေမဲ့ ဤကဲ့သို့သောသူများကို ထိန်းချုပ်နိုင်သည့်လူသည် ချောမောသူဟု ကိုယ့်ကိုယ်ကိုယ် ကင်မွန်းတပ်ထားသည့် လူသာ ဖြစ်နေတော့သည်။

“အကျဉ်းသားတွေက အတူတူတွဲပြီး အလုပ်လုပ်နေကြတာလား။”

“ကောင်လေး။”

သက်လတ်ပိုင်း လူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်မိ၏။ “ငါတို့ သခင်လေးကို ကြည့်ချင်တယ်ဆိုရင်လည်း ငြိမ်ငြိမ်သက်သက်ကြည့်နေလေ။”

“ရုပ်ဆိုးကောင်။ မင်းဘယ်လိုဖြစ်ပြီး ငါတို့ သခင်လေးကို တိုက်ခိုက်ရဲတာလဲ။ မင်းကို ဒီလိုလုပ်ဖို့အတွက် ဘယ်သူက သတ္တိပေးထားလဲ။” သိုင်းကျင့်ကြံသူတစ်ယောက်သည် အေးစက်စွာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်။ ငါတို့သခင်လေးက သူ့ရဲ့ သက်တမ်းအလိုက်မှာ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ခဲ့တာလေ။ လူသောင်းပေါင်းများစွာတို့ရဲ့ ချီးကျူးဂုဏ်ပြုမှုကို ခံရတဲ့လူ။ ဒီတော့ မင်းလိုအမှိုက်မျိုးက အလွယ်တကူ ချဉ်းကပ်လို့ရတဲ့ လူမျိုးမဟုတ်ဘူး။ ငါတို့သခင်လေးရဲ့ ပွဲကိုကြည့်ဖို့အတွက် ထိုက်တန်တဲ့လူမျိုးတောင် မင်းက ဟုတ်ပုံမပေါ်ဘူး။” ကျင့်ကြံသူများအားလုံးသည် ထကာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အမုန်းတရားနှင့် ဒေါသတရား များ စုဝေးလျက်ရှိနေ၏။

အထူးသဖြင့် သူတို့ သခင်လေးဟု ပြောဆိုသည့်အချိန်တွင် ၎င်းတို့၏ လေသံသည် သခင်နှင့် ကျေးကျွန်ကဲ့သို့ အမူအရာမျိုးမဟုတ်ဘဲ အိုင်ဒေါတစ်ယောက်အား ထောက်ပံ့ပေးနေသည့် ပရိသတ်များကဲ့သို့ပင် ဖြစ်လို့နေသည်။

ရွှီး

အဓိကပြဿနာကောင်သည် လက်ကို ယမ်းခါလိုက်၏။

အကျဉ်းသားများအားလုံးသည် ပြောဆိုနေရာမှ ချက်ချင်း ရပ်တန့်သွားခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အားကောင်းလွန်းလှသော ကိုးကွယ်မှုအရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။

“………”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိနေ၏။ ဆဋ္ဌမအလွှာတွင်ရှိနေသော အကျဉ်းသားများသည် တစ်ခြားသောအထပ်တွင်ရှိနေသော အကျဉ်းသားများနှင့် မတူညီခြားနားလျက်ရှိနေကြ၏။

၎င်းတို့သည် အိုင်ဒေါတစ်ယောက်ကို မြတ်မြတ်နိုးနိုးဖြင့် အားပေးလျက်ရှိနေသည့် ပရိသတ်များကဲ့သို့ပင် ဆင်တူ လျက်ရှိနေ၏။ ထို့အပြင် ထိုအိုင်ဒေါအတွက်နှင့် အသက်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဝင်ရောက်တိုက်ခိုက်ရန်ပင် ပြင်ဆင်လျက်ရှိနေကြသည်။

“အမှိုက်ကောင်။”

အဓိကပြဿနာကောင်က ပြောလိုက်တော့၏။ “မင်းက ရုပ်ဆိုးရုံတင်မကဘူး။ စိတ်ထားကလည်း ကောင်းမဲ့ပုံ မပေါ်ဘူး။”

“ချီးတဲ့မှ။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ဒေါသတရားများသည် ပိုမိုကာ တောက်လောင်လာခဲ့၏။ ဦးနှောက်မဲ့ အကျဉ်းသားထောင်ကျော်တို့၏ ကာကွယ်ခြင်းကို ခံထားရသော မိန်းမလိုလို၊ ယောကျ်ားလိုလိုကောင်သည် သူ့အား ရုပ်ဆိုးကောင်ဟု ခေါ်ဆိုလျက်ရှိနေ၏။ ဤအရာသည် ကျိန်းသေပေါက်အရှက်ခွဲခြင်းပင် ဖြစ်တော့သည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် အရှေ့သို့ထပ်မံကာ တိုးပြီးသည့်နောက်မှာတော့ ကောင်းကင်စတေးခြင်းလှံအား ထုတ်ယူလိုက်တော့၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် လှံ၏ထိပ်တွင် စုဝေးလျက်ရှိနေပြီး တည်နေရာကိုပင် တုန်ခါသွားစေသည့် စွမ်းအင်များကို ထုတ်ဖော်တော့၏။

ဟူး ဟူး

များပြားလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် အရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ လှံ၏ ထိပ်ဦးကို ရစ်ပတ်လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးကို လှုပ်ခါနိုင်စေသည့် ဒေါသထွက်နေသည့် နဂါးကြီးတစ်ကောင်ကဲ့သို့ အရှေ့ဆီသို့ တိုးဝင်သွားသည်။

အဓိကပြဿနာကောင်သည် သူ၏ အမဲရောင်ဆံနွယ်များအား အနောက်ဘက်သို့ သပ်တင်ကာဖြင့် နူးညံ့စွာ ပြောလိုက်၏။ “အစီအရင်ကို ပြောင်းလိုက်တော့။”

၎င်း၏ အမူအရာနှင့် လေသံသည် ကျွင်းချောင်ရှောင်းအား တည်နေရာထဲတွင် တစ်ခါတည်း လဲပြိုချင်စိတ်ပင် ပေါက်သွားစေ၏။ ထိုအသံကို ကြားရလေ၊ သူသည် ဒေါသထွက်လေ ဖြစ်သည်။ “အရူးတွေ။ အရူးကောင်။ အရူးကောင်တွေ။”

“မင်း ငါတို့ သခင်လေးကို ဘာလို့ဆဲရဲရတာလဲ။ ဒါ ခွင့်လွှတ်လို့မရဘူး။ ငါတို့ သခင်လေးကို ဆဲတဲ့အတွက် ပေးဆပ်ရမဲ့ တန်ဖိုးကို မင်းကို ကောင်းကောင်းပြမယ်။”

ရွှီး ရွှီး

ချက်ချင်းပဲ အကျဉ်းသားတစ်ရာကျော်တို့သည် စင်မြင့်အောက်ဆီမှတဆင့် အရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ၎င်းတို့အားလုံးသည် ဆန်းကြယ်လှသည့် ခြေလှမ်းကွက်များကို အသုံးပြု၍ ညီညီညာညာဖြင့် အစီအရင်ကြီးတစ်ခုကို ဖန်တီးကာ တိုက်ခိုက်မှုကို ပြုလုပ်ကြသည်။

ဟမ့်….။

၎င်းတို့၏ရှေ့တွင်ရှိနေသော အကာအကွယ်အတားအဆီးသည် ပထမတစ်ကြိမ်ကထက် ပိုမိုကာ အားကောင်းလွန်း လှ၏။

ဘုန်း

ချက်ချင်းပဲ အဆုံးမဲ့သော ဒေါသတရားများပါဝင်လျက်ရှိနေသော ကျွင်းချောင်ရှောင်း၏ လှံကြီးသည် အတားအဆီး အစီအရင်ကို ထိမှန်သွားခဲ့၏။ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့ကုန်သည်။

ဒုန်း ဒုန်း ဒုန်း ……။

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရ၏။ လှံကိုင်ထားသော သူ၏ ညာဘက် လက်သည် နာကျင်မှုကိုပင် ခံစားလိုက်ရ၏။

“ဒါက ကောင်းကင်နှင့်မြေကြီး ထောင့်လေးထောင့်အစီအရင်နဲ့ တူညီတဲ့ အစီအရင်မျိုးပဲဖြစ်လိမ့်မယ်။ အနားမှာရှိတဲ့ စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူပြီးတော့ ဖန်တီးထားတာ။ လက်ခံသူအနေနဲ့ ဒါကို ချိုးဖြတ်ဖို့ နည်းနည်း ခက်ခဲလိမ့်မယ်။” စနစ်က သတိပေးလိုက်သည်။

သို့ပေမဲ့ သူသည် အရမ်းလည်းမပြောရဲချေ။ သူပြောသမျှသည် ပြောင်းပြန်ဖြစ်နေတတ်သည် မဟုတ်ပါလား။

“ကောင်လေး”

အဓိကပြဿနာကောင်သည် စင်မြင့်ပေါ်မှာ မတ်မတ်ရပ်လျက်ရှိပြီး ဟန်ထုတ်လျက်ရှိ၏။ “ငါ့ကို အားပေးကြတဲ့ အားပေးသူတွေ အကုန်လုံးက ဒီမှာရှိနေတာလေ။ မင်းရဲ့ အားအင်တွေကို မဖြုန်းတီးတာ ပိုကောင်းမယ်။”

“အားပေးကြတဲ့ အားပေးသူတွေ ဟုတ်လား။”

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ အောက်ဘက်တွင်ရှိနေသော အကျဉ်းသားများအားလုံးသည် ချက်ချင်းပဲ သွေးတွေ ဆူဝေလာခဲ့ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ သခင်လေးအတွက် အဆုံးစွန်ထိ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်လိုက်ကြတော့သည်။

“ဒီလူတွေက တကယ့် ဂေါက်ကြောင်တွေပဲ။”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကို တင်းတင်းဆုပ်ကိုင်ပြီးသည့်နောက်မှာတော့ ၎င်း၏ စွမ်းအင် များကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပဲ လှံပေါ်တွင် မီးတောက်များဖြစ်တည်လာခဲ့၏။ သူသည် အရှေ့သို့ ပြေးလွှားသွားပြီးသည့်နောက်မှာတော့ အကျဉ်းသားများစုပေါင်းကာ ဖန်တီးထားသည့် အကာအကွယ်အတားအဆီး အစီအရင်ကို ထပ်မံကာ ထိုးနှက်၏။

ဘုန်း

ကြီးမားသည့် ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်သည် ရုတ်တရက် မြင့်တက်သွားခဲ့၏။ မီးတောက်များသည် တစ်ဟုန်းဟုန်းနှင့် ဖြစ်တည်နေသည်။

မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လင်းလက် တောက်ပလျက်ရှိနေသော အတားအဆီးကို လက်ညှိုးညွှန်ကာ ထိုးနှက်လိုက်၏။

“ဒါ …. ဒါက”

အဓိက ပြဿနာကောင်က မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါ … ဒါ အချိန်နဲ့တည်နေရာ ပိုးကောင်လား။”

ဘန်း

ထိုအချိန်မှာပဲ သူတို့၏ ရှေ့တွင်ရှိနေသော ဖျက်ဆီးမရနိုင်သည့် အတားအဆီးအစီအရင်သည် ရုတ်တရက် ပြိုလဲ သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် ရှေ့သို့ တိုးလာပြီးသည့်နောက်မှာတော့ အဓိက ပြဿနာကောင်ရှိရာဆီသို့ လှမ်းကာ တိုးလိုက်တော့သည်။ သူဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် ပူလောင်လှသည့် မီးတောက်ကြီးများ ကျန်ရစ်ခဲ့ပြီး အရှေ့တွင်ရှိနေသော အကျဉ်းသားများအားလုံးသည် ဘေးတစ်ဘက်ဆီသို့ လွင့်စင်ကုန်ကြ၏။

ဝှစ်

ဘုတ် ဘုတ် ဘုတ်

အား အား

အော်ဟစ်သံများသည် ချက်ချင်းပဲ ထွက်ပေါ်လာခဲ့၏။ အကျဉ်းသားများအားလုံးသည် မီးစိတ်ဝိညာဉ်ဆီမှ မီးတောက် များ၏ လွှမ်းခြုံမှုကို ခံရသောကြောင့် ကြီးမားသည့် ထိခိုက်မှုကို ခံယူခဲ့ကြရ၏။ သို့ပေမဲ့ ဤကဲ့သို့ မီးကျွမ်းလောင်မှုကို ခံရပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်လုံးများသည် ပြန်လည်ကြည်လင်လာခဲ့၏။

“ငါနားလည်ပြီ။”

စနစ်သည် ရုတ်တရက် နားလည်သွားမိ၏။ “ဒီအကျဉ်းသားတွေက စွမ်းအင်တစ်မျိုးနဲ့ ထိန်းချုပ်ခြင်းကို ခံထားရတာပဲ။”

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် စနစ်အား လက်ရှိအခြေအနေ၌ လစ်လျူရှုထား၏။ သူသည် ရှေ့သို့ လှမ်းတက်လာပြီး သည့်နောက်မှာတော့ အဓိကပြဿနာကောင်၏ မျက်ခုံးနှစ်ခုကြား တည်နေရာဆီသို့ လှံ၏ ထိပ်နှင့် ချိန်ရွယ်ကာ အေးစက်စက် ပြောလိုက်သည်။

“ခင်ဗျား သေချင်လား။”

အဓိကပြဿနာကောင်သည် ရုတ်တရက် မျက်နှာပျက်ယွင်းသွား၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ဒူးထောက်ထိုင်ချပြီး တုန်ယင်စွာ ပြောလိုက်၏။ “အစ်ကိုကြီး … အစ်ကိုကြီး … ကျုပ် မှားပါပြီ။ တောင်းပန်ပါတယ်။”

All Chapters