အခန်း (၁၂၅၁)
Vol. 84 Ch. 1251
ဤလောကကြီး၌ သိုင်းတာအိုကို လေ့ကျင့်သူများသာမက တစ်ခြားသော တာအိုလမ်းစဉ်များကို လေ့ကျင့်သူများလည်း တည်ရှိလို့နေ၏။ တာအိုလမ်းစဉ်ဆိုသည်မှာ ထောင်ပေါင်းများစွာတည်ရှိ၏။ တစ်စုံတစ်ယောက်သည် ကဗျာ၊ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီစသည့် တာအိုများကို မြင့်မားသည့် နားလည်မှု ရရှိသည်ဆိုပါက ထိပ်ဆုံးအဆင့်ထိသို့ ရောက်ရှိသွားနိုင်၏။
ချင်လင်းရန်သည် ဂီတလမ်းစဉ်နှင့်ပတ်သက်၍ သီးသန့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူ၏ လက်များ သည် အမျိုးသမီးတစ်ယောက်၏ လက်များထက်ပင် ပို၍ သွယ်လျလွန်း၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ယခင်က တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးချေ။ သို့ပေမဲ့ သူသည် ကုချင်းပေါ်မှ ကြိုးများကို တီးခတ်ရင်းနှင့် နတ်ဆိုးအသံများကို ဖန်တီးပြီး သူ့အား ချစ်ခင်မြတ်နိုး၍ ကိုးကွယ်စေရန် ထိန်းချုပ်နိုင်စွမ်း ရှိသည်။
သူ၏ ဆောင်ပုဒ်သည် နောက်ကွယ်မှ တေးဂီတကို တီးခတ်နေမည်ဖြစ်ပြီး သူ၏ ပရိသတ်များမှာတော့ အရှေ့မှ ရန်သူ များအား တိုက်ခိုက်ရမည်ဖြစ်ခြင်းပင်။
ချင်လင်းရန်သည် ငရဲကြီးကိုးထပ်တွင် ချုပ်နှောင်မခံရခင်ကလည်း ထိုကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ခဲ့၏။ သူပေါ်လာသည့် တည်နေရာပတ်ဝန်းကျင်တွင် များပြားလှသည့် သိုင်းကျင့်ကြံသူများအားလုံးသည် အလုံးအရင်းနှင့် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ သူ့အတွက် တိုက်ခိုက်ပေးကြ၏။
သူသည် အနောက်ခပ်လှမ်းလှမ်းတွင်သာ နေထိုင်ရင်း သူလုပ်ချင်သည့်အရာများကို ရူးရူးမိုက်မိုက်ပြုလုပ်တတ်သူ တစ်ယောက်ဖြစ်၏။ ချင်လင်းရန်သည် ဂီတလမ်းစဉ် တာအိုအမျိုးအစားကို ပိုင်ဆိုင်သည့်လူတစ်ယောက်ဖြစ်၏။ သူ၏ စွမ်းဆောင်ရည်သည် တစ်ခြားသော သိုင်းကျင့်ကြံသူများနှင့် ခြားနားလွန်းလှ၏။ အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှပြီး သိပ္ပံနည်းကျ ရှင်းပြရန် ဆိုသည်မှာတော့ ခက်ခဲလှသည်။
သိုင်းကျင့်ကြံသူများသည် သူနှင့် တိုက်ခိုက်မည်ဆိုပါက အနီးကပ်လာပြီး တိုက်ခိုက်လျှင်တိုက်ခိုက် သို့မဟုတ်ပါက ၎င်း၏ တေးဂီတအသံ နှောက်ယှက်မှုအား ခိုင်မာသည့် စိတ်နှလုံးဖြင့် ခုခံသည့်နည်းလမ်းကိုသာ အသုံးပြုရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းမှာတော့ အနီးကို ကပ်၍မသွားခဲ့သလို တစ်ဖက်လူ၏ တေးဂီတအသံအား ထိန်းချုပ်ခြင်းလည်း မလုပ်ချေ။ သူသည် ပိုမိုထူးခြားလှသည့်နည်းလမ်းကို အသုံးပြုခဲ့၏။ တစ်ဖက်လူသည် တေးဂီတနှင့် သူ့အား အနိုင်ယူမည်ဆိုလျှင် သူသည် ပျော်ပျော်ရွှင်ရွှင်နှင့် တေးသီချင်းများကို သီဆိုပစ်လိုက်မှာဖြစ်၏။
တေးသီချင်းသီဆိုခြင်းဆိုသည်မှာလည်း ဂီတလမ်းစဉ်၏ တာအိုတစ်မျိုးပင် ဖြစ်တော့သည်။ သို့ပေမဲ့ ကုန်းရှန့်ဆိုသည်မှာ သီချင်းဆိုပါက သေဆုံးနေသည့် သင်္ချိုင်းကုန်းထဲမှသရဲများပင်လျှင် ထ၍ ငိုချင်စိတ် ပေါက်စေသည့် အသံပိုင်ရှင်မျိုး ဖြစ်သည်။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဂီတလမ်းစဉ်နှင့် ပတ်သက်၍ တစ်ချက်ကလေးမှ နားမလည်သော ကီးကြောင်လူတန်းစာပင်ဖြစ်၏။ သူသည် တေးဂီတလမ်းစဉ် လှမ်းလျှောက်သူများအားလုံး၏ သဘာဝရန်သူပင် ဖြစ်တော့သည်။
တစ်ဖက်လူက တီးလုံးတီးသည့်အချိန်တွင် သူသည် စပီကာကြီးကို ဖွင့်၍ ကျယ်လောင်စွာ သီချင်းသီဆိုခြင်းကို ပြုလုပ်ခဲ့၏။ သူ၏ ပါးစပ်မှထွက်လာသော သီချင်းသံသည် ဂီတသံနှင့်ဘာမှမဆိုင်သော ကီးကြောင်ကြီးပင် ဖြစ်၏။
ပထမ၌ ချင်လင်းရန်သည် ကျွင်းချောင်ရှောင်း၏ သီဆိုမှုကို ဖုံးလွှမ်းသွားစေရန် သူ၏ ကူချင်းကို အသုံးပြုကာ တိုက်ခိုက်ခဲ့သေး၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း၏ ကီးကြောင် အသံဆိုးကြီးအောက်တွင် တစ်ခါတည်း သတိလစ်မေ့မျောသွားခဲ့ရတော့သည်။ ကုချင်းပေါ်တွင်ရှိသော ကြိုးများပင်လျှင် ပြတ်တောက်သွား ခဲ့ရသည်။
ဂီတလမ်းစဉ်အား လမ်းမှန်နှင့်မိစ္ဆာဟူ၍ လမ်းစဉ်နှစ်ခုအဖြစ် ပိုင်းခြားလိုက်မည်ဆိုလျှင် သံသယဖြစ်စရာ မလိုလောက်အောင် ကုန်းရှန့်သည် မိစ္ဆာလမ်းစဉ်ကို လိုက်စားသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
“အင်း။ သနားဖို့ကောင်းလိုက်တာ။”
အနားပတ်ဝန်းကျင်တွင်ရှိနေသော အကျဉ်းသားတစ်ထောင်ကျော်တို့မှာတော့ ဂီတလမ်းစဉ်နှင့်ပတ်သက်၍ အလုံးစုံ သိရှိနားလည်ကြသူများမဟုတ်ပေ။
သို့ပေမဲ့ ကုန်းရှန့်၏ အသံသည် လူတန်းစားရွေးချယ်ဆက်ဆံခြင်းမရှိပေ။ အားလုံးသောသူတို့သည် နားကို လက်နှစ်ဖက်နှင့်အုပ်ကိုင်၍ သွေးများအန်ထွက်လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီးနောက်မှာတော့ မေ့ပျောက်၍မရနိုင်အောင် ကောင်းမွန်လှသော သီချင်းကို ဆက်လက်ကာ သီဆိုရန် ပြင်ဆင်လိုက်သည်။
သို့ပေမဲ့ အားလုံးသော သူတို့သည် သံပြိုင်ဆိုသလို ထ၍ အော်လိုက်ကြ၏။ “အစ်ကိုကြီး … ကျေးဇူးပြုပြီးတော့ မဆိုပါနဲ့တော့။”
“ခင်ဗျားတို့အားလုံး သတိပြန်ဝင်နေပြီလား။”
“ဝင်နေပါပြီ။ ဝင်နေပါပြီ။”
ကုချင်းအသံ၏ စွမ်းအင်များသည် အကျဉ်းသားများ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ မိစ္ဆာအသံသည် ထိုစွမ်းအင်များအားလုံးကို ဖယ်ရှားပေးလိုက်ပြီဖြစ်၏။
၎င်းတို့အားလုံးသည် ကိုယ်ပိုင်အသိစိတ်ကို ပြန်လည်ရရှိရုံတင်သာမက ကျွင်းချောင်ရှောင်းသီဆိုလိုက်သော သီချင်းသံကိုလည်း နှလုံးသားထဲတွင် စွဲစွဲမြဲမြဲဖြင့် ကမ္ဗည်းရေးထိုးထားသလို စွဲထင်သွားကြပြီဖြစ်သည်။ သို့ပေမဲ့ သူတို့သည် ဤသီချင်းသံကို ဆက်လက်ကာ နားမထောင်ချင်ကြပေ။ ဆက်လက်ကာ နားထောင်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိမှာသေချာသည်။
“ဒင် …. စနစ်သည် ပြန်လည်အသက်ဝင်လာခဲ့သည်။”
ပြောရမည်ဆိုလျှင် စနစ်သည် အလွန်လည်သူတစ်ယောက်ဖြစ်၏။ လက်ခံသူ ဘာလုပ်တော့မည်ကို သိရှိသောကြောင့် ခဏတာ လက်ခံသူဆီမှ ဖယ်ခွာ၍ အနားယူခဲ့ခြင်းဖြစ်၏။
ဘုန်း ဘုန်း ဘုန်း …။
ကျွင်းချောင်ရှောင်းသည် သတိမေ့လျက်ရှိနေသော ချင်လင်းရန်ဆီသို့ လှမ်းလျှောက်သွားခဲ့ပြီးသည့်နောက်မှာတော့ သူ၏ လက်သီးကို မြှောက်ကာဖြင့် စတင်ကာ ထိုးနှက်တော့၏။ ၎င်းသည် ပက်ပက်စက်စက် ပြင်းပြင်းထန်ထန်ထိုးနှက်နေခြင်းပင် ဖြစ်တော့၏။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ချင်လင်းရန်၏ မျက်နှာတစ်ခုလုံးသည် ရောင်ကိုင်းမို့မောက်လျက် ရှိနေပြီး ခေါင်းပေါ်တွင်လည်း ဘုများနှင့် ပြည့်နှက်လျက်ရှိ၏။၎င်း၏ သေးငယ်လှသော မျက်လုံးများသည် ကြီးမားကာ မို့ဖောင်းလာခဲ့သည်။
၎င်းအား ကြည့်ရှုရသည်မှာ မျက်နှာပြုပြင်ပြီး ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့သော လူတစ်ယောက်နှင့်ပင် ဆင်တူနေလေ၏။
…
အဝေးတစ်နေရာတွင် ကုပ်ချောင်းချောင်းနှင့် ရှိနေသော အကျဉ်းသားများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တုန်ယင်လျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် ချင်လင်းရန် ကို မသနားကြချေ။ သို့သော်ငြား ဤကဲ့သို့ ရက်စက်လှသော ထိုးနှက်ချက်များကို မြင်ရသည့်အချိန်မှာတော့ မည်သို့မှ မခံစားနိုင်ဘဲ ကျောရိုးမကြီးပင် စိမ့်တက်လျက်ရှိနေကြသည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက် မြေပေါ်တွင်ကျလျက်ရှိနေသော ခေါက်ယပ်တောင် ကို အသာကောက်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ စုတ်တံတစ်ခုကို ထုတ်ယူကာဖြင့် ချောမောသည်ဆိုသည့် စာတမ်းအား ဖျက်လိုက်တော့၏။ အောက်နေရာတွင် ရုပ်ဆိုးသည်ဟု စာတမ်းကို ထပ်ကာ ရေးလိုက်၏။ ထိုသို့ပြုလုပ်ပြီးမှသာလျှင် သူသည် နေသာထိုင်သာရှိသလိုပင် ခံစားလိုက်မိ၏။
ဒင် … လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်အား ပြည့်စုံနေသည့်အတွက် ဂုဏ်ယူပါသည်။ (အသံဖြင့် အနိုင်ယူခြင်း)
ဆုလာဘ် - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ကို ရရှိသည်။
ဒင် …. ဂိုဏ်းစုဆောင်းမှတ်- ၁၃၀၀၀၀ / ၁၀၀၀၀၀
ဒင် …. ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် …။
ဒင် … လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေသည့်အတွက် ဖုံးကွယ်ထားသည့် ဆုလာဘ်ကိုလည်း လက်ခံ ရရှိ၏။
နတ်ဘုရားအဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်းတစ်ပုလင်းရရှိသည်။
“ဟမ်။ ငါ တကယ်ပဲ ဖုံးကွယ်ထားတဲ့ တာဝန်ကို ပြည့်စုံခဲ့တာလား။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အချိန်ကို တွက်ချက်ရမည်ဆိုလျှင် ဖုံးကွယ်ထားသည့်တာဝန် နောက်ဆုံး ပေါ်ပေါက်ခဲ့သည်မှာ အင်ပါယာကျန်းဝေနှင့် တိုက်ခိုက်ခဲ့စဉ်က ဖြစ်၏။
“အသံဖြင့် အနိုင်ယူခြင်း ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် သဘောကျသလို ပြောလိုက်မိ၏။ “စနစ်ကတောင် ငါ့ရဲ့အသံကို အသိအမှတ်ပြုတာပဲ။”
“…….”
စနစ်သည် ဆွံ့အလျက်ရှိနေတော့သည်။
လက်ခံသူသည် သူ့ကိုယ့်သူ တေးဂီတတာအိုကို ပေါက်မြောက်သူတစ်ယောက်ကဲ့သို့ ပြောဆို၍နေ၏။ဤကဲ့သို့ အသံဆိုးပေါ်တွင် ဂုဏ်ယူမောက်မာနေသည့်လူမျိုးကို မြင်တွေ့ရသည်မှာ ပထမဦးဆုံးပင်ဖြစ်ပေ၏။
ငရဲကြီးကိုးထပ် ဒုတိယအလွှာတွင်ရှိသော ဟောင်ရန်နတ်ဆိုး နှင့်ပတ်သက်၍ သူသည် သီးခြားတာဝန်ကို ပြည့်စုံ စေခဲ့၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ ရရှိခဲ့သည်။
အင်ပါယာကိုးယောက်ကို ရှာဖွေရန် အလျင်လိုနေသောကြောင့် သူသည် ထိုအရာကို မေ့လျောနေမိ၏။
“ဘာပဲပြောပြော လောလောဆယ် လောကအဆောင်ကို အရင်ဝယ်ရမယ်။”
ကျွင်းချောင်ရှောင်းသည် ပထမရရှိထားသော တစ်ခွက်အပိုဆိုသည့်အရာအား အသုံးပြုပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ နှင့် လောကအဆောင်အား ဝယ်ယူခဲ့တော့သည်။ ဤအရာသည် သူ၏ အဆင့်ကို တစ်ဆင့် တိုးတက်စေနိုင်၏။ ထို့ကြောင့် အနာဂတ်တွင် အသုံးဝင်လာနိုင်ပေသည်။
“ကျန်တဲ့ နှစ်သောင်းက ငါဘာဝယ်ရင် ကောင်းမလဲ။”
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို ဖွင့်လိုက်တော့၏။ အထဲတွင်ရှိသော ပစ္စည်းများသည် ကောင်းမွန်လှသည် ဆိုသော်လည်း သူ၏ တိုက်ခိုက်မှုစွမ်းရည်ကို ချက်ချင်းတိုးမြှင့်ပေးနိုင်သည့်အရာမျိုးမရှိချေ။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက် ဖြစ်လျက်ရှိနေ၏။
“ဒါဆိုရင်လည်း Refresh လုပ်လိုက်လေ။” စနစ်က အားပေးလိုက်သည်။
“ကောင်းပြီ။”
“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၁၁၀၀၀၀ / ၁၀၀၀၀၀”
ကျွင်းချောင်ရှောင်းအနေနှင့် စနစ် ဤကဲ့သို့ ပြောဆိုလိုက်သည်နှင့် တစ်ခါတည်း ပြုလုပ်လိုက်ခြင်းသည် ဂိုဏ်းစုဆောင်းမှတ် များ ပိုလျှံနေသောကြောင့်ပင် ဖြစ်၏။
သို့ပေမဲ့ ဤတစ်ကြိမ်တွင်တော့ သူသည် ကံမကောင်းလှချေ။ အဆင့်မြင့်စတိုးထဲတွင် ရှိနေသော ပစ္စည်းများသည် ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း ဆေးလုံးဖော်မြူလာများကိုသာ တွေ့ရှိခဲ့ရ၏။ ကျွင်းချောင်ရှောင်းအား လက်ရှိ အချိန်တွင် အကူအညီဖြစ်စေနိုင်သည့်အရာမျိုး ပေါ်မလာခဲ့ပေ။
“ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်၏။ “ဂိုဏ်းစုဆောင်းမှတ်တွေကတော့ ဖြုန်းတီးသလိုဖြစ်သွားပြီ။ အနာဂတ်မှာ ဒါကို ငါဘယ်တော့မှမလုပ်တော့ဘူး။”
စနစ် “……..”
“စတိုးထဲမှာ Refresh လုပ်ရတယ်ဆိုတာက ထီထိုးရသလိုပဲလေ။ဒါမျိုးကို ငါဘယ်တော့မှ ဆက်ပြီးမလုပ်တော့တာ ကောင်းမယ်။” ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက်ချလိုက်၏။
ပြီးသည့်နောက်မှာတော့ စတိုးထဲမှ ထွက်ရန် ပြင်ဆင်လိုက်၏။ ထိုအချိန်မှာပဲ သူ၏ အကြည့်သည် ပစ္စည်း၏ အောက်ဆုံးတန်းတွင် ရှိနေသော အရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် သူက ပြောလိုက်သည်။ “နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော စွန်းဝူခုန်း ဝတ်စုံ”
“စွန်းဝူခုန်းဝတ်စုံ ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် အလျင်စလိုနှင့် ထိုအရာအား သေချာ ကြည့်ရှုလိုက်သည်။
ပစ္စည်း - နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော စွန်းဝူခုန်းဝတ်စုံ။
မိတ်ဆက် - အနောက်ဘက်သို့ ခရီးသွားခြင်းဇာတ်ကားထဲမှ ဝတ်စုံအား အခြေပြုကာ ဖန်တီးထားခြင်းဖြစ်တော့၏။ ဝတ်စုံတွင် ခေါင်းစွပ်၊ ဝတ်စုံနှင့် ဖိနပ် ဟူ၍ သုံးမျိုးပါဝင်သည်။
အကျိုးသက်ရောက်မှု - ခေါင်းစွပ်သည် မိစ္ဆာများအားလုံးကို ဖယ်ရှားပေးနိုင်ပြီး ချပ်ဝတ်သည် ရေနှင့်မီးကို ခုခံနိုင်၏။ ဖိနပ်သည် ကောင်းကင်နှင့် မြေကြီးတစ်ခွင်ကို လှည့်လည်သွားလာနိုင်စွမ်းရှိ၏။
အကျိုးသက်ရောက်မှု - ဝိညာဉ်၊ ခန္ဓာကိုယ်အားအင်နှင့် အမြန်နှုန်းသည် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။
အကျိုးမသက်ရောက်မှု - ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်မှ ဖန်တီးထားသည့်အရာဖြစ်သော်လည်း လိုအပ်သည့် အချက်အလက်သုံးခုသာ မကိုက်ညီပါက ဝတ်ဆင်သူသည် တည်နေရာမှာပင် တစ်ခါတည်း ပေါက်ကွဲ ပျက်စီးသွားပေလိမ့်မည်။
အထူးအကျိုးသက်ရောက်မှု - စွန်းဝူခုန်းအား ဆင့်ခေါ်ခြင်း။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀။
အဆင့် - ? ? ?