အခန်း (၁၂၅၄ - ၁၂၅၅)
Vol. 85 Ch. 1254 - 1255
မိမိ၏ ကံကြမ္မာကို မိမိဘာသာရေးထိုးမည်ဆိုသည့် စိတ်နှလုံးကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းအနေနှင့် တခြားသော သူများ၏ စိုးမိုးမှုကို လက်မခံနိုင်ချေ။ သူသည် သူ၏ ကံကြမ္မာကို တခြားသူက ရေးထိုးခြင်းကို ဘယ်သောအခါမှ လက်ခံလိမ့်မည် မဟုတ်ပေ။ သူ၏ ကံကြမ္မာသည် သူ၏လက်ထဲတွင်သာ ရှိရမည်။ တစ်နေ့ အထက်နယ်မြေဆီသို့ လှမ်းတက်နိုင်လိမ့်မည် ဆိုလျှင်တောင် သူသည်မည်သူ့ကိုမှ ဦးညွတ်လိမ့်မည် မဟုတ်ချေ။
အစီအရင်ကို အသုံးပြု၍ အပေါ်သို့ တက်သွားနိုင်မည်ဆိုလျှင် သူသည် တစ်ဂိုဏ်းလုံးကို သူနှင့်အတူ ခေါ်သွားမှာ ဖြစ်၏။ အကြောင်းပြချက် ပေးရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ ဝူခုန်း၏ ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ထို့ကြောင့် သူသည် တစ်လောကလုံးတွင် ရှိနေသည့်အရာများကို ဂရုမစိုက်သည့် သဘောသဘာဝများ ကူးစက်သွားခဲ့သည်လား မသိပေ။
ဟုတ်ပေသည်။ သူ၏ စိတ်တစ်ခုလုံးသည် အဓိကတာဝန်အပေါ်တွင် ရှိနေသေး၏။ ရမ်ရှင်းရွဲ့နှင့် ခဏကြာ စကားပြောပြီးသည့်နောက် ဤအင်ပါယာများဆီမှ တခြားထူးခြားသည့် သတင်းအချက်အလက်များကို မရနိုင်တော့ကြောင်း သိလိုက်ရသည်။။ ထို့ကြောင့်ပင်လျှင် အောက်ထပ်ဆီသို့ ဆင်းရန် တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။
ရွှီး …။
ကောင်းကင်စတေးခြင်းလှံအား သူ၏ပခုံးပေါ်တွင် တင်ပြီးသည့်နောက် သူသည် ခန္ဓာကိုယ်ကို တစ်ပတ် ပတ်လိုက်၏။ အစီအရင်သည် အလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
ဘုတ်
ချင်လင်းရန်သည် ရုတ်တရက် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ခဏကြာသည့်နောက် သူသည် ရင်ထဲမှ လာသော စကားကို ပြောလိုက်မိသည်။ “ဒါ တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ”
..............
သတ္တမမြောက်အထပ်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံ့ကာဖြင့် အသာလှမ်းလျှောက်လာခဲ့သည်။ သူ၏ ကောင်းကင်စတေးခြင်းလှံကြီးသည် ပခုံးပေါ်တွင် တည်ရှိနေပြီး အလွန်တရာ အားကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေသည်။
ခြေတစ်လှမ်း လှမ်းတိုင်းတွင် ကျယ်လောင်သည့်ခြေသံများ ထွက်ပေါ်နေ၏။ သူ့နှင့် အရှေ့ ထေို့အပြင် ၎င်းတို့အားလုံးသည် သာမန်ထက်ပိုသည့် အရည်အသွေးကို ပိုင်ဆိုင်သည့် လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများကို ကိုင်ဆောင်ထားကြသေး၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းကို စူးစိုက်ကြည့်နေကြသည်။
“ကောင်လေး”
စွမ်းအင်အနည်းငယ် ပိုမိုအားကောင်းပုံပေါ်သည့် အကျဉ်းသားတစ်ယောက်သည် ရှေ့တည့်တည့်၌ ရပ်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “မင်းဘာလုပ်ချင်တာလဲ”
ကျွင်းချောင်ရှောင်းသည် မတ်မတ် ရပ်ပြီး ပြောင်ချော်ချော် အကြည့်ဖြင့်ကြည့်ကာ ပြုံးလိုက်မိ၏။ “ခုန ဘာပြောလိုက်တယ်”
ကုန်းရှန့်သည် ဝူခုန်း၏ ဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ အနည်းငယ် နောက်တောက်တောက်နှင့် ဖြစ်နေ၏။ ဓာတ်ကူးသည်လားမသိချေ။ သူသည် အမှန်ပင် ကောင်းကင်ပေါ်သို့တက်၍ အရာအားလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည့် သူတော်စင် စွန်းဝူခုန်းကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်လျက် ရှိနေသည်။
လမ်းကိုပိတ်ထားသော အကျဉ်းသားသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းကဘယ်သူလဲ။ ဘာလို့ အောက်ကို ဆင်းလာတာလဲ”
ဘန်း
ကောင်းကင်စတေးခြင်းလှံသည် မြေပေါ်သို့ ထောက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည့် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားသည်။ သူ့အားဝိုင်းရံလျက် ရှိနေသည့်အကျဉ်းသားများ အားလုံးသည် အနောက်ဘက်သို့ လွင့်စင်သွား၏။
“သေသေချာချာ နားထောင်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုအသာမော့က ပြောလိုက်သည်။ “ကျုပ်က သူတော်စင်ကြီး ကျွင်းချောင်ရှောင်းပဲ”
“ဘယ်လောက် မောက်မာလိုက်တဲ့ကောင်လဲ။ ကြည့်မနေနိုင်တော့ဘူး။ ရိုက်လိုက်ကြရအောင်” အားလုံးသည် ဒေါသထွက်သွားကြ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာငဲ့စောင်းကာဖြင့် ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျုပ်က ဒီသတ္တမအလွှာရဲ့ ဆရာကြီးပဲ။ ကျုပ်က ခင်ဗျားတို့ အားလုံးရဲ့ ဆရာကြီး”
“မောက်မာလိုက်တာ”
အကျဉ်းသားများသည် ဒေါသမထိန်းနိုင်ဖြစ်ကုန်ကြ၏။ “သွား.. သွား ဒီကောင့်ကို ရိုက်ကြကွာ”
ဝှစ် ဝှစ် ဝှစ်
အကျဉ်းသားတစ်ထောင်ကျော်တို့သည် မည်သို့မှ မခံစားနိုင်ကြတော့ချေ။ ၎င်းတို့၏ လက်နက်များဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ အရှေ့ဆီသို့ လှမ်းတက်ပြီး တိုက်ခိုက်လိုက်ကြသည်။ မှောင်မဲလျက် ရှိနေသော အကျဉ်းခန်းကြီး တစ်ခုလုံးသည် ရောင်စုံအလင်းတန်းများနှင့် ပြည့်နှက်သွားသည်။
ဝါး ….။
ကျွင်းချောင်ရှောင်းသည် သန်းဝေလိုက်၏။ သူ့အား ဖိနှိပ်ရန် ကျဆင်းလာသည့် စွမ်းအင်များ အားလုံးကို ကြည့်ရှုပြီးသည့်နောက် သူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ အားလုံးက သေလမ်းရှာနေတာပဲ”
………..
ဘုတ်
သတ္တမအလွှာတွင်ရှိနေသော သူ့အား လမ်းပိတ်ကာ ပြောဆိုခဲ့သည့် အကျဉ်းသားသည် ရုတ်တရက် ဒူးကို ထောက်လိုက်တော့၏။ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေ၏။
သူ၏ အနီးအနားတွင် ရှိနေသော အကျဉ်းသားတော်တော်များများသည် မြေပေါ်တွင် လဲလျက် ရှိနေ၏။ ၎င်းတို့လက်ထဲတွင် ကိုင်ဆောင် ထားသည့် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ အားလုံးသည် မြေပေါ်၌ ပြန့်ကျဲလျက် ရှိနေသည်။
ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသည့်ပုံပေါ်သည်။ သို့ပေမဲ့ စတင်တိုက်ခိုက်ပြီး ဆယ်မိနစ် မကြာခင်မှာပင် ၎င်းတို့ အားလုံးသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်၏။
“အင်း” ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင် ထောက်ကာထားသည့် လက်နက်အား အသာကိုင်ကာဖြင့် အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်မိ၏။ စွန်းဝူခုန်း ဝတ်စုံ၏ ထောက်ပံ့မှုအောက်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်၊ ခန္ဓာကိုယ်နှင့် အမြန်နှုန်းများသည် ကြီးကြီးကျယ်ကျယ် တိုးတက်သွားခဲ့၏။ ထို့ကြောင့် သတ္တမထပ်တွင် ရှိနေသော အကျဉ်းသားများသည် အားကောင်းလှသည်ဆိုသော်လည်း သူ၏အရှေ့တွင်တော့ ပုရွက်ဆိတ်ကလေးများကဲ့သိုပင် ဖြစ်နေတော့သည်။
ဒွီ …..
ရုတ်တရက် မြေပြင်နှင့် ချိန်းကြိုး ပွတ်တိုက်သည့်အသံများ ထွက်ပေါ်လာပြီး လူတစ်ယောက်သည် အမှောင်ထဲမှ လှမ်းထွက်လာ၏။
“သူထွက်လာပြီ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာငဲ့စောင်းကာဖြင့် ကြည့်လိုက်၏။ သူ၏အကြည့်သည် ခြေနှင့်လက် များအား ချိန်းကြိုးများဖြင့် ပတ်ထားသည့် အမှောင်ထဲမှ အဓိကပြဿနာကောင်ဆီသို့ အကြည့်ရောက်သွား၏။ သူသည် ရောက်ရောက်ချင်း ဤဆရာကြီးနှင့် တိုက်ခိုက်ရမည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ဆရာကြီးသည် နောက်ဆုံးအချိန်မှ ရောက်ရှိလာခဲ့သည်။
ဟူး
တည်နေရာတစ်ခုလုံး တုန်ခါသွားပြီး လေလှိုင်းများ ဖြစ်တည်လာခဲ့၏။
ဘုန်း
ကျွင်းချောင်ရှောင်း တည်ရှိနေရာနေရာမှာတော့ ဆံပင်များ ပွစာကျဲလျက်ရှိနေသည့် အဓိက ရြုတ်တရက် ရောက်ရှိလာခဲ့၏။ သူ၏ ချိန်းကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရသော ညာဘက်လက်သီးသည် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လို့နေသည်။
မြန်ဆန်လွန်းလှချေသည်။ ကြည့်နေသူများသည် ထိုသူ မည်သို့လှုပ်ရှားသွားသည် ဆိုသည်ကိုပင် ကောင်းကောင်း မမြင်လိုက်ရချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ သူရပ်တန့်နေရာ တည်နေရာမှာတင် ဂုဏ်ယူစွာဖြင့် ရပ်တန့်လျက်ရှိနေ၏။ အားကောင်းလှသော အတားအဆီး အကာအကွယ်ကြီးတစ်ခုသည် သူ၏ရှေ့တွင် ဖြစ်တည်လာပြီးသည့်နောက် ရန်သူ၏ လက်သီးချက်ကြီးကို ကြံ့ကြံ့ခံကာ ရင်ဆိုင်ခဲ့၏။
အဓိကပြဿနာကောင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြစ်တည်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ကြိုတင်မြင်ခဲ့သည်သာမက အကာအကွယ် အတားအဆီး ကိုပင် ဖန်တီးနိုင်ခဲ့၏။ ထို့ကြောင့် အလွန်အားကောင်းလှသည့် သူတစ်ယောက်ဖြစ်မှန်း သေချာပေသည်။ သူသည် ဆဋ္ဌမအထပ်ဆီမှ ဆင်းသက်လာရဲသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
“ပြန်ပြီး တုံ့ပြန်ရတဲ့အတွက် မယဉ်မကျေး လုပ်ရတော့မယ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ပြောပြောပြီးချင်းမှာပဲ သူ၏ကောင်းကင်စတေးခြင်း လှံကြီးဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်၏။
ကြမ်းကြမ်းတမ်းတမ်း ယမ်းခါပြီးသည့်နောက်မှာတော့ အားကောင်းသော စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့သည်။
သူသည် ဤငရဲကြီးကိုးထပ်တွင်ရှိနေသော အကာအကွယ်စနစ်အား အမှန်ပင် ချီးကျူးခဲ့မိ၏။ အဘယ်ကြောင့်ဆိုသော် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီး ထုတ်ဖော်လိုက်သည့် စွမ်းအင်လှိုင်းများသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည် ဆိုသော်လည်း လက်ရှိတည်နေရာကြီးမှာတော့ တုန်ခါရုံသာ ဖြစ်ခဲ့သည်။
ဤနေရာတွင် သာမန်ကုန်းမြေတိုက် တစ်ခုသာဆိုပါက သူထုတ်ဖော်လိုက်သည့် စွမ်းအင်လှိုင်း များကြောင့် ပျက်စီးသွားမှာ သေချာ၏။
ဘုန်း…။
ကောင်းကင်စတေးခြင်းလှံသည် အရှေ့ဆီသို့ ရောက်လာခဲ့၏။ ဘာတစ်ခွန်းမှ မပြောရသေးသော အဓိက ပြဿနာကောင်သည် တိုက်ခိုက်မှုကို သူ၏ ချိန်းကြိုးများ ရစ်ပတ်ထားသည့်လက်များဖြင့် ကာဆီးလိုက်၏။ ပြီးနောက် ချက်ချင်းပဲ အဝေးတစ်နေရာဆီသို့ အသာလှမ်းဆုတ်လိုက်သည်။
ခေါင်းကို အသာမော့လိုက်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသော အပြုံးတစ်ခုကို ဖန်တီးလာ၏။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိသည်။ စွန်းဝူခုန်းဝတ်စုံ၏ ထောက်ပံ့မှုနှင့်အတူ သူသည် တစ်ဖက်လူ အား တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏ တိုက်ခိုက်ချက်များအား လွယ်လွယ်ကူကူဖြင့် တားဆီးနိုင်စွမ်း ရှိနေတော့၏။ ကြည့်ရသည်မှာ အလွန်အားကောင်းလှသည့် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “ဒီလူက တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်နားကို ရောက်နေတဲ့လူ တစ်ယောက်ပဲ”
“အံ့အားသင့်စရာ မဟုတ်တော့ဘူး” ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။
သူ၏ နှုတ်ခမ်းထောင့်တွင် ရှိနေသောအပြုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို အသုံးပြုပြီးသည့်နောက် စွန်းဝူခုံးဝတ်စုံကို သူ ဝယ်ယူခဲ့ရ၏။ ပြီးနောက် သူ၏ တိုက်ခိုက်မှု စွမ်းအင်သည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်နီးပါးအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ သူမည်မျှ အားကောင်းသနည်းဆိုသည်ကို သေချာ စမ်းသပ်ရမည့် အခွင့်အရေး ရရှိလာပြီဖြစ်၏။
“လာစမ်း”
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏လက်ထဲတွင် ရှိနေသော ကောင်းကင် စတေးခြင်း လှံသည် အလင်းရောင်များနှင့် တောက်ပလာခဲ့သည်။ “စိတ်လိုလက်ရ တိုက်ခိုက်လိုက်ကြရအောင်”
ဘုန်း ဘုန်း ဘုန်း
ချက်ချင်းဆိုသလိုပဲ သတ္တမမြောက် အကျဉ်းခန်းထဲတွင် များပြားလွန်းလှသော စွမ်းအင်လှိုင်းများနှင့် လင်းထိန်သွား၏။
ဟူး ဟူး ဟူး ဟူး
ဘုန်း
ဖောက် ဖောက် ဖောက်
ကြမ်းတမ်းလွန်းလှသော လေလှိုင်းများ၏ လွှမ်းခြုံမှုအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရွှေရောင်အဆင်း တောက်ပလျက်ရှိသည့် လှံကြီးကို ကိုင်ထားပြီး အလွန် ခမ်းနားလွန်းသော သူတော်စင်တစ်ယောက်၏ ဟန်ပန်မျိုးကို ထုတ်ဖော်ပြသလျက် ရှိနေ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
ချိန်းကြိုးအား တရွတ်တိုက်ဆွဲလာသည့် အဓိကပြဿနာကောင်သည် မြေပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ မျက်လုံးထဲတွင် အလင်းတန်းများ ဖြစ်တည်သွား၏။ သူသည် လက်ဝါးကို အသာဆုပ်လိုက်ပြီးသည့် နောက်မှာတော့ ခန္ဓာကိုယ်ဆီမှ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ ထိုစွမ်းအင်လှိုင်းများသည် များပြားလှသည့် နဂါးများအဖြစ်သို့ ဖြစ်တည်လာသည်။
ဝေါင်း ဝေါင်း
ဒေါသတကြီး အော်ဟစ်သံများသည် အကျဉ်းထောင်ထဲတွင် ပေါ်ထွက်လာခဲ့ပြီးနောက် အဝေးတစ်နေရာတွင် ရှိနေသော အကျဉ်းသားများ၏ သွေးများကိုပင် ပြောင်းပြန်ဆန်တက်စေခဲ့၏။
ကျွင်းချောင်ရှောင်းမှာတော့ လှံကြီးကို ကိုင်ဆောင်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ လှံထိပ်ဦးသည် ထိုစွမ်းအင်လှိုင်းများဆီသို့ ထိုးနှက်၏။ ချက်ချင်းဆိုသလိုပဲ သူသည် သက်တန့်ရောင်စဉ် နည်းစနစ်ကို ထုတ်ဖော်ကာဖြင့် ရောင်စုံအလင်းတန်းများနှင့်အတူ တစ်ဖက်လူကို ပစ်လွှတ်တိုက်ခိုက်ပြန်သည်။
ဘုန်း ဘုန်း ဘုန်း
ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင် တွင်ရှိနေသော သိုင်းကျင့်ကြံသူ အကျဉ်းသားများ အားလုံးသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့ကြ၏။ နတ်ဘုရားများ တိုက်ခိုက်သည့်အချိန်တွင် သာမန်လူများသည် ဆိုးရွားသည်ခံစားမှုကို ရရှိကြ၏။ လက်ရှိ ဖြစ်ပျက်နေသည့် အဖြစ်အပျက်သည် ဤအရာပင်ဖြစ်တော့၏။
ဝှစ်
ဘုန်း
မကြာခင်မှာပဲ ဆံပင်များ ပွစာကျဲလျက် ရှိနေသော အဓိကပြဿနာကောင်သည် အနောက်ဘက်သို့ လွင့်စင်ပြီး မြေပေါ်သို့ လဲကျသွား၏။ သူ၏မျက်နှာပေါ်တွင်တော့ နာကျင်နေသည့်အမူအရာများ ဖြစ်တည်လာသည်။
အား အား အား
သူသည် ခေါင်းကို အသာမော့ကြည့်ပြီးသည့်နောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ထူးဆန်းသည့်ဓာတ်သဘာဝများ ထွက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သုံးဆယ်မီတာခန့် ကြီးမားလှသည့် ဓမ္မပုံရိပ်ယောင်ကြီးတစ်ခုသည် သူ၏ အနောက်ဘက်တွင် ဖြစ်တည်လာခဲ့၏။ ထိုဓမ္မပုံရိပ်ယောင်၏ ရင်ဘတ်တွင် ကြီးမားလှသည့် ရွှေရောင်ရှမ့်ဟူသည် စကားလုံးကို ရေးထိုးထားသည်။
“ရှမ့်အင်ပါယာရဲ့ သွေးမျိုးဆက် …. လှည့်ကွက်ကိုသုံး”
“မြန်မြန်၊ မြန်မြန် ပုန်းကြ ပုန်းကြ”
သတ္တမထပ်တွင် ရှိနေသော အကျဉ်းသားအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပြင်းထန်သည့် ဒဏ်ရာများကို လျစ်လျှူရှုကာဖြင့် ခပ်ဝေးဝေး တည်နေရာဆီသို့ ပြေးကြတော့သည်။ လက်ရှိတိုက်ခိုက်မှုသည် ၎င်းတို့ကို မသက်ရောက်စေရန်ပင် ကြိတ်ကာ ဆုတောင်းလျက် ရှိနေ၏။
ဝုန်း
အဓိကပြဿနာကောင်၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့သည် ဓမ္မပုံရိပ်ယောင်ကြီးသည် လူဝံသားရဲကြီး တစ်ကောင်ကဲ့သို့ ၎င်း၏ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ထုနှက်လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။
ဟူး ဟူး ဟူး
ကြမ်းတမ်းလှသော လေလှိုင်းများအားလုံးသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ ငရဲကြီး ကိုးထပ်၏ အကာအကွယ်စနစ်ကိုပင် တုန်ခါစေ၏။
သို့ပေမဲ့ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်များနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မရှောင်ရှားချေ။ တိုက်ခိုက်နိုင်သည့် တည်နေရာ အတောအတွင်းမှာပဲ မတ်မတ်ရပ်လျက် ရှိနေသည်။
သူသည် စွန်းဝူခုန်းဝတ်စုံ၏ အကာအကွယ်စနစ်ကို စမ်းသပ်ချင်နေသည်လား။
ဟူး ဟူး
ကျဆင်းလာသည့် လက်သီးချက်ကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထိုလက်သီးချက်ကြီးသည် ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာသည့်အချိန်သည် တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မလှုပ်ရှားသေးချေ။
ဟူး ဟူး ဟူး
ကျွင်းချောင်ရှောင်း၏ လက်ထဲ၌ ကတ်ပြားလေး တစ်ခု ရုတ်တရက် ပေါ်လာသည်။
လေလှိုင်းများ တိုက်ခတ်ပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးပင် ကွဲအက်လာခဲ့တော့၏။ သို့ပေမဲ့ ထိုအချိန်မှာပဲ အရာအားလုံး ရပ်တန့်သွား၏။
ဓမ္မပုံရိပ်ယောင် ကြီးကို ထိန်းချုပ်လျက်ရှိနေသော အဓိကပြဿနာကောင်သည် ၎င်း၏ ရှုပ်ထွေးနေသော ဆံပင်များကို အသာဖယ်ရှားပြီးသည့်နောက် ခြောက်ကပ်ကပ်အသံဖြင့် မေးလိုက်မိ၏။ “ကောင်လေး... မင်းလက်ထဲက ဘာကြီးလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ယူလိုက်လေ”
“ငါ့ကိုပေးတာ ဟုတ်လား” အဓိကပြဿနာကောင်သည် တီးတိုးပြန်မေးလိုက်၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် ထိုကတ်ပြားအား အသာပစ်လွှတ်လိုက်သည်။
အဓိကပြဿနာကောင်သည် ထိုအရာကို လှမ်းကာ ကိုင်ကြည့်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ကို အသာထည့်သွင်းကြည့်ရှုလိုက်သည်။ ချက်ချင်းပဲ ၎င်း၏ စိတ်ထဲတွင် ပုံရိပ်ယောင်နှင့် စကားလုံးများ ပေါ်ပေါက်လာခဲ့တော့၏။ ၎င်းဖန်တီးထားသော ဓမ္မပုံရိပ်ယောင်ကြီးသည် ပျောက်ကွယ်သွား၏။ ကြီးမားလှသည့် ရှမ့်ဟူသည့် စာလုံးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ချိန်းကြိုးများဖြင့် ချုပ်နှောင်ခြင်းကို ခံထားရသော အဓိကပြဿနာကောင်သည် ရှေ့ဆီသို့ လှမ်းတက်လာကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း။ ထျန်းယွမ်ကုန်းမြေတိုက်ကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ အတွက်ပါ။ ခုနတုန်းက ရန်ပြုခဲ့မိတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရှမ့်ယုဟန်ပေးခဲ့သော ကျောက်စိမ်းပြားသည် ပုံရိပ်နှင့် အချက်အလက်များအားလုံးကို သိမ်းဆည်းထားနိုင်သည့် သိုလှောင်ပစ္စည်းတစ်ခုကဲ့သို့ပင်ဖြစ်၏။ ရှမ့်မျိုးနွယ်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့်လူတစ်ယောက်သည် ထိုအရာကို အသက်သွင်းလိုက်သည်ဆိုသည်နှင့် အထဲတွင် ရှိနေသော သတင်းအချက်အလက်များကို သိရှိနိုင်စွမ်း ရှိလေ၏။ ထို့ကြောင့် သူသည် ဖြစ်စဉ်တစ်ခုလုံးကို နားလည်သွားခဲ့ခြင်း ဖြစ်သည်။