← Chapters

အခန်း (၁၂၅၈)

Vol. 85 Ch. 1258

အခန်း (၁၂၅၈)

Vol. 85 Ch. 1258

သိုင်းနယ်မြေထိပ်ဆုံးအဆင့်အားအင်ကိုသာ ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းသည် အဘယ့်ကြောင့် တည်နေရာ ချိုးဖြတ်ခြင်းအနိမ့်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေရသနည်း။

သူ့တွင် လက်နက်နှင့် တစ်ခြားအရာများ တည်ရှိနေသည်ဆိုလျှင်တောင်မှ ပို၍ အရေးကြီးသည်မှာ သူသည် ဓားနှင့် သိုင်းတာအို နှစ်ခုကို ကျင့်ကြံသည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ဤကဲ့သို့ နှစ်ခု ပေါင်းစပ်မှုသည် ကြီးမားသည့်အားအင်ကို ထုတ်ဖော်နိုင်စွမ်းရှိနေ၏။

ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် လမ်းတစ်လျှောက်တွင် အားကောင်းလွန်းလှသော ရန်သူများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရသည်ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ ဂုဏ်မငယ်ခဲ့ချေ။ အနိုင်မယူနိုင်ဘူးဆိုလျှင်တောင်မှ ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုကိုတော့ ဖြစ်ပေါ်လိမ့်မည်မဟုတ်ချေ။

ထို့အပြင် တစ်ခြားသူများနှင့် တိုက်ခိုက်သည့်အချိန်တွင် သူသည် လက်ဗလာ သို့မဟုတ် ဓားမော့နှင့် လှံကိုသာ ထုတ်ဖော်တိုက်ခိုက်ခဲ့သည်။ သို့ပေမဲ့ ဓားကို ထုတ်ဖော်အသုံးပြုရသည်မှာတော့ ရှားပါးလွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ဓားပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်များကို သောက်သုံးကာဖြင့် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လာသည့် လူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။

ပြိုင်စံရှားဂိုဏ်းတွင် များပြားလှသည့် ဓားတာအိုကျင့်စဉ်များ မရှိချေ။ သို့ပေမဲ့ ရှိသည့်အရာကလည်း အလွန်တရာ အားကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် လင်းကျန်ဓားသိုင်းနှင့် ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ ဓားနည်းစနစ် နှစ်ခုအား အဓိကထားကာ ကျင့်ကြံခဲ့၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ဤအရာများကို နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်း မပြုလုပ်သော်လည်း အကောင်းမွန်ဆုံးနားလည်ပြီး ပြည့်စုံအောင် ထုတ်ဖော်နိုင်နေပြီဖြစ်သည်။

အခြားကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် စနစ်တစ်ခုကို လက်ဆောင်ရခဲ့၏။ ထိုစနစ်ကို အမှီအခိုပြုကာဖြင့် သူသည် တစ်လျှောက်လုံး ဂိမ်းဆာဗာကို ခိုးယူကာ တစ်ခြားသူများကို အနိုင်ယူ တိုက်ခိုက်ခဲ့သည်သာ ဖြစ်၏။

ဝှစ် ဝှစ် ဝှစ်

ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့၏ ဒုတိယအကွက်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဆန်းကြယ်လွန်းသော ဓား၏ အော်ရာများ ထွက်ပေါ်လျက်ရှိနေပြီး အနားပတ်ဝန်းကျင်တွင် ရှိနေသော ဖုန်မှုန့်၊ ကျောက်တုံးကျောက်ခဲနှင့် ပစ္စည်းပစ္စယများအားလုံးတို့သည် လေထုထဲသို့ လွှင့်တက်လာခဲ့၏။

“ကောင်းကင်ဘုံ ….. ဒါက ဘယ်လိုဓားနည်းစနစ်မျိုးလဲ။ တည်နေရာတစ်ခုလုံးမှာရှိတဲ့ အရာတွေအကုန်လုံးက ထက်ရှတဲ့ ဓားအော်ရာတွေ ထွက်နေပါလား။”

အနားပတ်ဝန်းကျင်တစ်ဝိုက်တွင် တည်ရှိနေကြသော ဒဏ်ရာများပရဗွနှင့် အကျဉ်းသားများအားလုံးသည် မျက်လုံး အပြူးသားနှင့် ဖြစ်မိနေကြ၏။ လက်ရှိအခြေအနေမှာတော့ လေဝဲကဲ့သို့ ဓားအော်ရာများ၏ အလယ်တည့်တည့်တွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လောကကြီးတစ်ခုလုံး၏ အရာအားလုံးအား ထိန်းချုပ်နိုင်စွမ်းရှိသော ဆရာကြီးတစ်ပါးကဲ့သို့ပင် ဖြစ်တည်နေတော့သည်။

ဤနေရာတွင် ပြဿနာတစ်ခုရှိနေသည်။ အဘယ့်ကြောင့် ကုန်းရှန့်သည် သူ၏ ဓားအား ရှားရှားပါးပါး ထုတ်ဖော်ကာ အသုံးပြုနေရသနည်း။

အဘယ့်ကြောင့်ဆိုသော် သူနှင့်ရင်ဆိုင်တိုက်ခိုက်နေရသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်သည် ဓားကျင့်ကြံသူ ဖြစ်နေသည်သာမက တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်တွင် တည်ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်လို့ နေသောကြောင့်ပင်။

ထို့ကြောင့်ပင် သူသည် ဤကဲ့သို့ အားကောင်းလှသော ဓားနည်းစနစ်ကို တစ်ခါတည်း ထုတ်ဖော် တိုက်ခိုက်နေရခြင်းပင် ဖြစ်၏။

“မဆိုးဘူး။ မဆိုးဘူး။”

ထိုလူ၏ အကြည့်များသည် တောက်ပလာခဲ့သည်။ ဓားတာအို၏ ထိပ်ဆုံးကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်မို့ လူငယ်ဆီမှ ထွက်ပေါ်လာခဲ့သော ဓားအော်ရာများသည် မရိုးရှင်းလှကြောင်း သူကောင်းကောင်း နားလည်သည်။

ရွှီ ….။

သူသည် လက်နှစ်ချောင်းကို ကောင်းကင်ယံဆီသို့ လှုပ်ရှားလိုက်၏။ သူ၏ နောက်ကျောဘက်တွင်ရှိနေသော ဓားကိုးစင်းတို့သည် လေထုထဲသို့ လွှင့်တက်လာပြီးသည့်နောက်မှာတော့ ဥဒေါင်း၏ အတောင်ပံကဲ့သို့ပင် လေထု ထဲတွင် လွှင့်ကာ တည်ရှိနေ၏။

ထိုဓားများဆီမှ အားကောင်းလွန်းလှသော အော်ရာများထွက်ပေါ်လျက်ရှိနေသည်။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ “လာခဲ့။ ငါမင်းကို ဓားနည်းစနစ်တွေရဲ့ အရသာဘာလဲ မြည်းစမ်းပေးမယ်။”

ထိုသူ၏နာမည်သည် ရီဖေးရွှယ် ဖြစ်၏။ ထိုသူသည် အဋ္ဌမထပ်တွင်ရှိနေသော အဓိကပြဿနာကောင်ပင် ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက ဓားလမ်းစဉ်ကို လိုက်စားခဲ့သူဖြစ်ပြီး အဆုံးသတ်မှာတော့ သူသည် ဓားတာအို တစ်ခုကို ပိုင်ဆိုင်ခဲ့၏။ နောက်ဆုံးမှာတော့ သေမျိုးစကြဝဠာတစ်ခုလုံးတွင် ထိပ်တန်းဓားကျင့်ကြံသူ တစ်ယောက် အဖြစ် ဖြစ်လာခဲ့၏။

ရီ မျိုးနွယ်များသည် ဓားနှင့်ပတ်သက်လျှင် အလွန်အားကောင်းသည်ဆိုသည်ကို အားလုံးသိရှိပြီး ဖြစ်ပေလိမ့်မည်။

နောက်ဆုံးမှာတော့ ကြယ်ကောင်းကင်ခံတပ်သည် ကင်းသမား ၄ ယောက်ကို စေလွှတ်ကာ သူ့အား ဖမ်းဆီးခဲ့တော့၏။ ပြီးနောက် သူ့အား အနိုင်ယူကာ အကျဉ်းထောင်ထဲသို့ စေလွှတ်ခဲ့သည်။

ဤအကျဉ်းလွှာ တစ်ခုချင်းစီတိုင်းတွင် တည်ရှိနေသော အဓိကပြဿနာကောင်များ အားလုံးသည် သူ့နေရာနှင့် သူတော့ အားကောင်းပြီးသားဖြစ်၏။ သို့ပေမဲ့ ရီဖေးရွှယ်၏ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအား သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူ၏ အန္တရာယ်ပေးနိုင်မှုအဆင့်သည် အဆင့် ၁ အဖြစ် သတ်မှတ်ထား၏။

ရှမ့် မျိုးနွယ်ဘိုးဘေးကြီးသည် အလွန်တရာ အားကောင်းလွန်း၏။ သူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ် အဆင့်ကို ချိုးဖြတ်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့၏။ သို့ပေမဲ့ ၎င်း၏ အန္တရာယ်ပေးနိုင်မှုမှာ အဆင့် ၂ အဖြစ်သာ သတ်မှတ်ခြင်းကို ခံထားရသည်။

ထို့ကြောင့် ရှေ့ပိုင်းတွင် တိုက်ခိုက်ခဲ့သည်များမှာ ကျွင်းချောင်ရှောင်းအတွက် သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး လက်ရှိ အဋ္ဌမထပ်၏ အဓိကပြဿနာကောင်နှင့် ရင်ဆိုင်သည့်အချိန်မှာတော့ သူသည် အစစ်အမှန်ပင် လေးလေးနက်နက်ထားကာ တိုက်ခိုက်မှဖြစ်ပေတော့မည်။

ဟူး ဟူး ဟူး

ဓားဆန္ဒများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ တည်နေရာတစ်ခုလုံးဆီသို့ ပျံ့နှံ့လျက်ရှိ၏။ တစ်ခြားသော ဖုန်နှင့် အညစ်အကြေး၊ အမှိုက်များအားလုံးသည် တည်နေရာတစ်ခုထဲကို စုဝေးလျက်ရှိပြီး လေပွေလှိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေသည်။

ကြည့်ရှုလိုက်မည်ဆိုလျှင် သောင်းပေါင်းများစွာသော ဓားများသည် လိမ်ဖယ်ကာဖြင့် အထဲတွင် တည်ရှိနေသည်ဖြစ်ကြောင်းကို မြင်နိုင်မှာသေချာ၏။

“စီနီယာ”

ကျွင်းချောင်ရှောင်းသည် လေထဲတွင် လွင့်မျောရင်းမှ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျုပ်ကို လမ်းပြပေးပါအုံး။”

ရွှီး

သူ၏ရှေ့ဆီသို့ ကောင်းကင်နဂါးဓားကြီးကို မြှောက်လိုက်သည့်အချိန်မှာတော့ ချာချာလည်လျက်ရှိနေသော ဓား၏ အလင်းတန်းများအားလုံးသည် ရီဖေးရွှယ် ဆီသို့ မုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်သွားတော့၏။ အထူး စွမ်းအင်များသည် တည်နေရာတစ်ခုလုံး၌ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လေဟာနယ်တစ်ခုလုံးပင် စုတ်ပြတ်သပ်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ဓားလမ်းစဉ်ကို သေသေချာချာ လေ့လာလိုက်စားခဲ့ခြင်းမဟုတ်ဘူးဆိုသော်လည်း သူ၏ အားအင်အဆင့် တိုးတက်လာသည်နှင့်အမျှ ဓားကို အသုံးပြုသည့်နေရာတွင်လည်း ပိုမိုကာ နက်နဲလာခဲ့သည်။

အထူးသဖြင့် ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ နည်းစနစ်အား ထုတ်ဖော်အသုံးပြုပြီးအချိန်တွင် သူသည် အလုံးစုံပြည့်စုံသည့် အခြေအနေတစ်ခုသို့ပင် ရောက်ရှိနေခဲ့၏။ ဤဓားနည်းစနစ်သည် အလွန်အလှည့်အပြောင်း များလှပြီး အံ့အားသင့်စရာလည်း ကောင်းလွန်းနေ၏။

ပုံရိပ်ယောင်မြင်ကွင်းဆီမှတဆင့် ကြည့်ရှုနေကြသော ကင်းသမားများအားလုံးသည် ထိုဓားမုန်တိုင်းကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အလုံးစုံ အံ့အားသင့်မိနေကြသည်။

“ဓားလမ်းစဉ်နဲ့ပတ်သက်ပြီး ဒီလိုအဆင့်မျိုးရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ ဒီကောင်လေးက ငယ်ရွယ်စဉ်က တည်းက ဘယ်လောက်အားကောင်းတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ရတာလဲ။”

သိုင်းလမ်းစဉ်ကျင့်ကြံသူများအားလုံးသည် သေမျိုးစကြဝဠာကြီးထဲတွင် သာမန်သာဖြစ်၏။ သို့ပေမဲ့ ဓားလမ်းစဉ်ကို နားလည်ဖို့ဆိုသည်မှာတော့ အလွန်တရာ ခက်ခဲလွန်းလှသည်။ ကြီးမားသည့်အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ပြီး မှလျှင် ထိုအရာကို ရရှိနိုင်၏။

ဥပမာအားဖြင့် ကျိုးဟုန်ပင်ဖြစ်သည်။ သူသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်သည့်အချိန်တွင် တစ်လျှောက်လုံး ဓားလမ်းစဉ်ကို နေ့စဉ်နားလည်နိုင်အောင် ကြိုးစားခဲ့ရ၏။ စိတ်နှလုံးတစ်ခုလုံးကို ဓားပေါ်သို့ ပုံအပ်ပြီးသည့် နောက်မှာတော့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာခဲ့သည်။ သူသည် တစ်ခြားသော ကျင့်ကြံသူများကဲ့သို့ ကျင့်ကြံခြင်းနည်းစနစ်နှင့် အသုံးအဆောင်ပစ္စည်းများအပေါ် အမှီအခို မပြုခဲ့ချေ။ မည်သူမျှသည် ဓားလမ်းစဉ်နှင့်ပတ်သက်၍ လွယ်လွယ်ကူကူ အောင်မြင်နိုင်လိမ့်မည်မဟုတ်ချေ။

ထိုကဲ့သို့ အောင်မြင်လာပြီဆိုလျှင်လည်း နောက်ကွယ်တွင် ရေတွက်၍ မရအောင် များပြားသော အခက်အခဲနှင့် ဘေးဒုက္ခများကို ရင်ဆိုင်ခဲ့သည်ချည်းသာဖြစ်၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းမှာတော့ ချွင်းချက်ပင် ဖြစ်သည်။

ဟူး ဟူး ဟူး …..။

ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့၏ ဒုတိယတိုက်ကွက်သည် အလွန်တရာအားကောင်းလှပြီး ဓားများ သည် ကြီးမားလှသည့် နဂါးကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တစ်ဖက်လူဆီသို့ တိုးဝင်သွားခဲ့၏။

ရွှီ ရွှီ ရွှီ ….။

လေဟာနယ်ထဲတွင် ဓားခုတ်ချက်များ ဖြစ်တည်လာပြီးသည့်နောက် လေဟာနယ်သည် အချိန်မရွေး စုတ်ပြတ်သပ်မလို ဖြစ်တည်နေ၏။ ရီဖေးရွှယ် သည် သူ၏ လက်များကို ဆုပ်ပြီး လေးနက်သည့်အမူအရာမျိုးနှင့် ပြောလိုက်သည်။ “ဓားကိုးခုသည် တစ်ခု၊ ငါက ပြိုင်ဘက်ကင်း။”

ဟူး ဟူး ….။

သူ၏ နောက်ဘက်တွင်ရှိနေသော ရှေးဟောင်းဓားကိုးခုသည် မြန်မြန်ဆန်ဆန်ဖြင့် စုဝေးလာပြီးသည့်နောက် ကြီးမားသည့် ဓားရိပ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းထုတ်ဖော်လာ သော ဓားမော့နားကြီးဆီသို့ ဝင်ရောက်ကာ ခုတ်ပိုင်းတော့၏။

ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်

နောက်ထပ်ဓားအော်ရာများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေဟာနယ်တစ်ခုလုံးသည် မည်သို့မှ မခုခံနိုင်ဘဲ စတင်ကာ ပြိုကွဲကုန်သည်။

သို့ပေမဲ့ အားကောင်းလွန်းလှသော ဓားဆန္ဒနှစ်ခုတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ချိန်မှာတော့ တည်နေရာတစ်ခုလုံးတွင် ရှိနေသော များပြားလှသည့် ပစ္စည်းများအားလုံးသည် တိုးဝင်ကာ ထိမှန်ကုန်တော့၏။ နေရာအနှံ့ဆီသို့ ထိုပစ္စည်း ပစ္စယများအားလုံးသည် လွှင့်စင်သွားခဲ့၏။

ရွှီး ရွှီး ……။

များပြားလွန်းလှသော ဓားအလင်းတန်းများသည် ကြီးမားလှသည့် ဓားကြီးကို ဖြတ်သန်းသွား၏။ ပြီးသည့် နောက်မှာတော့ ထိုဓားအလင်းများသည် ရီဖေးရွှယ်၏ ဘေးနားဆီမှ ဖြတ်သန်းထွက်ခွာသွားသည်။

ဒင် ဒင် ဒင် …..

ဓား ဓားချင်း ထိမှန်သည့် အသံများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ တစ်ချို့သော ဓားများသည် အကျဉ်းထောင်၏ နံရံထဲသို့ စိုက်ဝင်လျက် ရှိနေ၏။

ဘုန်း

တစ်ချိန်တည်းမှာပဲ ဓားကိုးခုဆီမှ ဖြစ်တည်လာသည့် စွမ်းအင်လှိုင်းများသည် တောင်ကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

ရွှီး ရွှီး ရွှီး …….။

အားကောင်းလှသော ဓားအော်ရာများ မပျောက်ကွယ်ခင်မှာဘဲ ရှေးဓားကိုးစင်းသည် အနောက်ဘက်သို့ ပြန်လည် လွှင့်စင်သွားပြီးနောက် ရီဖေးရွှယ်၏ အနောက်ဘက်ရှိ ဓားအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။

ကျွင်းချောင်ရှောင်းမှာတော့ လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ် တည်လျက်ရှိ၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေကြပြီး တည်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

ဟူး …။

လေပြင်းတစ်ချက်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ရီဖေးရွှယ်၏ မုတ်ဆိတ်မွေးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်မိ၏။ “မင်းက အရမ်းကြီးအားကောင်းတယ် မဟုတ်ပေမဲ့ ဓားတာအိုထိန်းချုပ်နိုင်မှုက ထိပ်ဆုံးအဆင့်ကိုတောင် ရောက်နေပြီပဲ။ ငါ ရှုံးတယ်။”

“ကျေးဇူးပါပဲ။” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။

…

“ပြီးသွားပြီ။”

“ပြီးသွားပြီဟုတ်လား။ အော်ရာကို သုံးသပ်ကြည့်မယ်ဆိုရင် ဆရာကြီးက ပိုပြီးတော့ အားကောင်းတယ်လေ။ ဘယ်လိုလုပ် ရှုံးတယ်လို့ ဝန်ခံရတာလဲ။”

“မင်းမသိဘူးလား။ ဓားတာအိုကို ကျွမ်းကျင်သူတွေရဲ့ ထိပ်တန်းတိုက်ခိုက်မှုဆိုတာ ဘယ်သူက အားကောင်းတယ် ဆိုတာ အဓိက မဟုတ်ဘူး။ ဘယ်သူက ဓားတာအိုကို ပိုပြီး နက်နက်နဲနဲ နားလည်တယ်ဆိုတာက အဓိကပဲ။”

“ကြည့်ရတာ ဒီလူငယ်ကလေးက ဆရာကြီးထက်တောင် ပိုပြီးတော့ အားကောင်းတဲ့ ဓားတာအိုကို ပိုင်ဆိုင်နေတာပဲ။”

“မဟုတ်ရင် သူဘယ်လိုလုပ် အရှုံးပေးမှာလဲ။”

အကျဉ်းထောင်ထဲတွင် ရှိနေသော အကျဉ်းသားများအားလုံးသည် ဆွေးနွေးလျက်ရှိနေကြ၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုစကားအသံများကို မကြားရချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ နားထဲတွင် စနစ်၏ သတိပေးသည့် အသံများပေါ်ပေါက်နေသောကြောင့်ပင် ဖြစ်၏။

“ဒင် … သီးခြားတာဝန်ပြည့်စုံ။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ အား ရရှိ၏။”

“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၃၀၀၀၀ / ၁၀၀၀၀၀”

“ဒင် … သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဖုံးကွယ်ထားသည့် ဆုလာဘ်အား ရရှိခဲ့သည်။ လင်းယွမ်ခန်းမဆောင်၏ နတ်ဘုရားလက်နက်မြှင့်တင်ခြင်း ကျောက်တုံးတစ်ခု၊ ထိုအရာအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”

အဋ္ဌမထပ်သို့ ဝင်ရောက်သည့် အချိန်တွင် ကျွင်းချောင်ရှောင်းသည် သီးခြားတာဝန်တစ်ခုအား ရရှိခဲ့၏။ ထိုတာဝန်သည် ရီဖေးရွှယ် အား ဓားစွမ်းရည်ကို အသုံးပြုကာ အနိုင်ယူရန်ပင် ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ထိုတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

ဖောက်

သူသည် လေထဲမှ အောက်ဆီသို့ ခုန်ဆင်းြပြန်လည် သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ အဝေးတစ်နေရာတွင်ရှိနေသော တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ လှမ်းကြည့်ကာ ဖြင့် ပြောလိုက်မိ၏။ “နောက်တစ်ဆင့်ဆီကို သွားရတော့မှာပေါ့။”

All Chapters