အခန်း (၁၂၅၉)
Vol. 85 Ch. 1259
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားစွမ်းရည်ကို အသုံးပြုပြီး ရီဖေးရွှယ်အား အနိုင်ယူပြီးသည့်နောက် ငရဲကြီး ကိုးထပ်တွင် တစ်ထပ်ကိုသာ ရှင်းလင်းရန် ကျန်ရှိတော့၏။ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး တွေးကြည့်ရလျှင် အလွန်တရာ ရိုးရှင်းလှသည်ကို ခံစားနေမိ၏။
စနစ်သည် ဆွံ့အလျက် ရှိနေသည်။ "တစ်ကယ့်ကောင်ပဲ။ မသိရင် ဆရာကြီးလိုလို"
ရီဖေးရွှယ်အား အနိုင်ယူပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုသူဆီမှ ဝိညာဉ်အရင်းအမြစ်ကို မတောင်းဆိုခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် အစစ်အမှန် ဓားတာအိုကို နားလည်သော သူတို့သည် မည့်သို့သော အခါမှ သူတို့၏ သိက္ခာကို ချနင်းလိမ့်မည် မဟုတ်ကြောင်း သူကောင်းကောင်း နားလည်သောကြောင့်ပင်။
ချင်လင်းရန်နှင့်အခြားသော သူများသာ ဤအချင်းအရာကို ကြားသိသည် ဆိုပါက အိမ်သာထဲတွင် ကျိန်းသေပေါက် ထိုင်ကာ ငိုနေပေလိမ့်မည်။ ဂုဏ်သိက္ခာတစ်ခုလုံးချနင်းခံရသည့် ခံစားချက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် အကျဉ်းသားများ အားလုံးကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "ဒီထဲမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူရှိလား"
အားလုံးထဲတွင် ကိုယ်ယောင်ဖျောက်လျက် ရှိသော လူသုံးယောက်တို့သည် အသာ လျှောက်လာကြ၏။ ၎င်းတို့ အားလုံးသည် သနားစရာကောင်းလှသော သိုင်းအင်ပါယာများပင် ဖြစ်ကြ၏။
ဤ အင်ပါယာများ၏ အဓိက နာမည်သည် ကျောက်၊ရှင်းနှင့် စွန်းတို့ပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးဆီမှ လာရောက်ပြီး သူတို့သုံးယောက်အား လာရောက် ကယ်တင်သည်ကို ကြားသိရသည့် အချိန်မှာတော့ မျက်ရည် မဆယ်နိုင်အောင်ပင် စိတ်လှုပ်ရှားနေကြ၏။
ငရဲကြီးရှစ်ထပ်မြောက်တွင် ချုပ်နှောင်ခံခဲ့ရသော သိုင်းအင်ပါယာ သုံးယောက်သည် သနားစရာ ကောင်းလွန်းလှသလို လူသိများ ထင်ရှားသူများ မဟုတ်ခဲ့ကြချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အတွက်တော့ ၎င်းတို့ အားလုံးသည် အရေးကြီးလှသည့် လူများ ဖြစ်လို့နေသည်။
အဘယ့်ကြောင့်ဆိုသော် အထူးတာဝန်ကြီး နှစ်ခုသည် ၎င်းတို့ ကိုးယောက်နှင့်ပတ်သက်နေသောကြောင့်ပင်။
"ခင်ဗျားတို့ သုံးယောက်"
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။ "နောက်ဆုံးအဆင့်ရဲ့ အဓိက ပြဿနာကောင်ကို အနိုင်ယူပြီးတဲ့ အချိန်မှာ ကျုပ် ခင်ဗျားတို့ကို လာကယ်မယ်"
ပုံရိပ်ယောင် အစီအရင်ကြီးသည် သူ့အား တောက်လျှောက် ကြည့်ရှုနေသည်ကို ခံစားမိ၏။ ထို့ကြောင့် အရေးကြီးသည့် စကားလုံးများကို အသံပို့လွှတ်နည်း သုံးကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း"
အင်ပါယာရှင်းက ပြောလိုက်၏။ "ငရဲကြီးကိုးထပ်ရဲ့ အောက်ဆုံးထပ်မှာ ဖမ်းချုပ်ခံထားရတာ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ နတ်ဆိုး တစ်ကောင်ပဲ။ အလျင်မလိုပါနဲ့ "
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "တကယ့်ကို ရက်စက်လွန်းတဲ့ သားရဲကြီးလား"
အင်ပါယာစွန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာများ ဖြစ်တည်လာ၏။ သူသည် အလျင်အမြန်ပဲ ပြောလိုက်၏။ "ဒါက အနည်းဆုံး အသက်ငါးသောင်းလောက် တည်ရှိနေတဲ့ ရှေးသားရဲကြီး တစ်ကောင်ပဲ။ အရင်တုန်းက သူ့ကို ဖမ်းစီးဖို့ ကင်းသမား ဆယ့်နှစ်ယောက်လုံး အားသွန် ခွန်စိုက် ကြိုးစားခဲ့ရ တယ်။"
"အဲလိုလား"
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ ကြယ်ကောင်းကင် ခံတပ်ရှိ ကင်းသမားများ၏ အားအင်အဆင့်သည့် တည်နေရာ ချိုးဖျက်ခြင်း အလယ်အလတ် အဆင့်ရှိသည်ဟု တစ်ခါက ရှန့်ယုဟန် ပြောဖူးသည်။ ထိုသို့ဆိုလျှင် ကိုးထပ်မြောက်တွင် ရှိနေသော အဓိက ပြဿနာကောင်သည် အလွန် ကြမ်းတမ်း လွန်းပေလိမ့်မည်။
"ငါ ဆင်းသွားရမလား" ကျွင်းချောင်ရှောင်းသည် တွေဝေလျက် ရှိနေ၏။ သူတွင် လောက အဆောင်နှင့် စွန်းဝူခုန်း ဝတ်စုံတို့ ရှိနေ၏။ ထို့ကြောင့် ပြိုင်ဖက်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။
ပြဿနာမှာ သူသည် တိုက်ခိုက်မည်ဆိုပါက သူ၏ ဝှက်ဖဲများကို ထုတ်ကာ တိုကိခိုက်မှ ဖြစ်ပေလိမ်မည်။ ထိုသို့ တိုက်ခိုက်ရန် လိုအပ်နေသည်လား။
စနစ်က ပြောလိုက်၏။ "အထူးတာဝန်က အင်ပါယာကိုးယောက်ကို ကယ်တင်ဖို့ပဲလေ။ လက်ခံသူအနေနဲ့ ဒီနေရာတစ်ခုလုံးကို ရှင်းချင်လား၊ မရှင်းချင်ဘူးလား အပေါ် မူတည်မနေဘူး။ ဒီတော့ အကျဉ်းထောင်ကနေ မြန်မြန်ဆန်ဆန် ထွက်နိုင်ပြီး ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ပြန်နိုင်မဲ့ နည်းလမ်း ရှာနိုင်ရင် အဆင်ပြေပြီ။”
"ဒင် … သီးခြားတာဝန် အသက်ဝင် "
"ထပ်လာပြန်ပြီလား"
ကျွင်းချောင်ရှောင်းသည် စနစ်ကို အသာဖွင့်ကာ ကြည့်ရှုလိုက်ပြီး နောက်မှာတော့ တာဝန်ကို မြင်လိုက် ရ၏။ သူသည် ကျိန်ဆဲ လိုက်တော့၏။ "ချီးတဲ့မှ ငါ့ကို သက်သက် ဒုက္ခပေးနေတာပဲ ..."
စနစ်သည် ပြိုလဲသွားမိ၏။ သူသည်သာ ခန္တာကိုယ် ရှိပါက သူ့ပါးကိုသူ ပိတ်ရိုက်မိမှာ သေချာသည်။
အဓိက တာဝန်သည် `ကျေးဇူးပြု၍ အောက်ဆုံးကိုးထပ်မြောက်တွင် ရှိနေသော ပြဿနာကောင်အား အနိုင်ယူရန်´ ဟူ၍ ဖြစ်နေ၏။
ကျွင်းချောင်ရှောင်း အနေဖြင့် ရှစ်ထပ်ကို ရှင်းလင်းပြီးဖြစ်သည်။ လက်ရှိ အချိန်မှာတော့ ထိုအလွှာ တစ်ခုတည်းသာ ရှင်းလင်းရန်ကျန်ရှိတော့သည်။ တာဝန်အရဆိုလျှင် ကိုးထပ်လုံးကို ရှင်းလင်းရမည် ဟူသော တာဝန်နှင့် ဘာထူးတော့မည်နည်း။
ဟင်း …..
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "အထူးတာဝန် အနေနဲ့ ငါ သွားကိုသွားရတော့မှာပဲ"
သာမန်တာဝန်များသာ ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ဆုလာဘ်အဖြစ် ရရှိ၏။ ထိုမျှလောက်ဆိုလျှင် တာဝန်ကို သူ လက်လျှော့ပေးလိမ့်မည်။
သို့ပေမဲ့ ဤ တစ်ကြိမ်မှာတော့ သူသည် အစစ်အမှန် ယောက်ျား တစ်ယောက် အနေဖြင့် ကြောက်ရွံ့၍ မဖြစ်တော့ချေ။ လက်ရှိ အချိန်မှာတော့ ဂိုဏ်းခေါင်းဆောင်ဟောင်းဝမ်၏ ပုံရိပ်သည် သူ၏ မျက်လုံးထဲတွင် ပြန်လည်ကာ ပေါ်ပေါက်လာတော့သည်။
ဖျောက် …..။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းထွက်လိုက်၏။
"ဂိုဏ်းချုပ်ကျွင်း"
အင်ပါယာ သုံးယောက်တို့သည် သူ တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ လှမ်းလျှောက် သွားသည်ကို မြင်ရသည့် အခါမှာတော့ အမူအရာများ အေးခဲ သွားကြတော့သည်။
ကြီးမားသည့် ကျောက်တုံးပေါ်တွင် ထိုင်လျက် ရှိနေသော ရီဖေးရွှယ်သည် ခေါင်းကို မော့ကာ ပြောလိုက်၏။ "တကယ့်ကို အောက်ဆုံး အဆင့်ထိ သွားတော့မှာလား "
"အမှန်ပဲ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရီဖေးရွှယ်သည် လက်သီးကို ဆုပ်ကာဖြင့် ချီးကျူးစွာ ပြောလိုက်၏။ "တကယ့်ကို ယောက်ျား စစ်စစ်ပဲ"
ထိုအထပ်တွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးတစ်ကောင် တည်ရှိနေသည်ကို သူသိထားခဲ့၏။ သူသည် အကြိမ်ပေါင်းများစွာ စိန်ခေါ်နိုင်မလားဟု တွေးကြည့်ခဲ့ဖူး၏။ နောက်ဆုံးမှာတော့ ယုံကြည်ချက် မရှိသောကြောင့် ထိုအကြံအစည်ကို လက်လွှတ်ခဲ့ရသည်။
အားလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် အစီအရင်ထဲသို့ ဝင်ပြီးနောက် ဝှစ်ခနဲ ပျောက်ကွယ် သွားတော့၏။
"သူအောက်ကို ဆင်းသွားပြီ။ သူတစ်ကယ် အောက်ကို ဆင်းသွားတာပဲ”
“အောက်ဆုံးထပ်မှာ ဖမ်းချုပ်ခံထားရတဲ့ကောင်က တစ်ကယ့်ကို ရက်စက်လွန်းတဲ့ ရှေးသားရဲကြီး တစ်ကောင်ပဲ။ သူတော့ သွားပြီနဲ့ တူတယ်"
ရှစ်လွှာရှိ အကျဉ်းသားများသည် ထို သားရဲကို တစ်ခါမှ မမြင်ဘူး ခဲ့ကြချေ။ သို့ပေမဲ့ ထိုသူသည် တည်နေရာချိုးဖျက်ခြင်း အထက်အဆင့်ကိုပင် ခြေတစ်လှမ်း ဝင်ရောက်ပြီးဖြစ်သည် ဟု ကောလဟာလများ ကြားသိခဲ့ရ၏။
"ဂိုဏ်းချုပ်ကျွင်း"
သိုင်းအင်ပါယာ သုံးယောက်တို့သည် စိတ်ထဲမှ ကြိတ်ကာ ဆုတောင်းနေမိကြသည်။ "ခင်ဗျား အသက်ရှင်နိုင်ဖို့ အတွက် ကျုပ်တို့ မျှော်လင့် နေတယ်.."
စောင့်ကြည့်ရေးအခန်းထဲမှာတော့ ….
ကျွင်းချောင်ရှောင်း တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်သည့် ပုံရိပ်ကို မြင်ချိန်၌ ကင်းသမားများသည် မျက်မှောင်ကုတ်ကာ ပြောလိုက်ကြ၏။
"ရဲရင့်တာပဲ။ အောက်ဆုံးထပ်မှာ ရှိနေတဲ့ လူကိုတောင် သွားပြီးတော့ စိန်ခေါ်ရဲတယ်။ သူသေသွားမှာ စိုးရိမ်ရတယ်" ကင်းသမားတစ်ယောက်က ပြောလိုက်သည်။
ထိုကင်းသမားသည် ခနလောက် စဉ်းစားပြီးနောက် အသံပို့လွှတ်လိုက်၏။ "တတိယအစ်ကို သူ့ကို တားဆီးပြီး အားအင်အဆင့်ကို စမ်းသပ်လိုက်"
ရီဖေးရွှယ်သည် ကျွင်းချောင်ရှောင်းကို ရှုံးနိမ့်ခဲ့ရ၏။ သို့ပေမဲ့ ဤလူအားကောင်းလွန်းသည်ဟု သူ မထင်မိချေ။ ဓားတာအိုနှင့် ပတ်သက်၍ နက်နဲသော နားလည်မှု ရှိနေသဖြင့် ရီဖေးရွှယ်က အရှုံး ပေးခဲ့ခြင်း ဖြစ်ကြောင်း သူ သုံးသပ်မိသည်။
ထို့ကြောင့် တစ်ကယ်တမ်းသာ တိုက်ခိုက်မည် ဆိုပါက မည်သို့ရလာဒ်ဖြစ်လာမည်ကို မသိရှိနိုင်ပေ။ ထို့ကြောင့် စမ်းသပ်ကြည့်ရန် စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။
"ချမယ်"
ဆွစ်ဆွစ် ဆွစ်
သူ၏ ရှေ့ရှိ မြင်ကွင်းများသည် ပြောင်းလဲသွား၏။ ကျွင်းချောင်ရှောငိးသည် အလင်းများ တောက်လောင်နေသည့် ပတ်ဝန်းကျင် တည်နေရာအတွင်းသို့ ရောက်ရှိသွားသည်။
ထို့ကြောင့် သူသည် အံ့အားတသင့်ဖြင့်ပြောလိုက်၏။ "နောက်ဆုံး အဆင့်လား။ ဒါကို အကျဉ်းထောင် အခန်း တစ်ခုလို့ ငါဘာကြောင့် မခံစား မိတာလဲ"
"အမှန်ပဲ… ဒါက ပုံရိပ်ယောင် အစီအရင် တစ်ခုလေ"
မှုန်ကုတ်ကုတ်နှင့် ကင်းသမား တစ်ဦးသည် အလင်းများ လင်းထိန်နေသော တည်နေရာသို့ လျှောက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။
"ခင်ဗျားက"
ကျွင်းချောင်ရှောင်းသည် မေးလိုက်သည် ဆိုသော်လည်း တစ်ဖက်လူ၏ အဝတ်အစားများကို ကြည့်ရုံနှင့် ခန့်မှန်းပြီးပြီ ဖြစ်၏။
"ကြယ်ကောင်းကင် ခံတပ်ရဲ့ ကင်းသမား ဆယ့်နှစ်ယောက်ထဲက တစ်ယောက်"
ကင်းသမားသည် လက်သီးကို ဆုပ်ကာ သူ၏ ခေါင်းကို မော့လိုက်သည်။ ရင်"
"ရင် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ "ဒါဆို တခြား ကင်းသမားတွေရဲ့ နံမည်က ကျိ ၊ရှု ၊ချောင် ၊ဟို ၊မြောင် အဲတာတွေလား"
"အမှန်ပဲ" ကင်းသမားက ပြန်ဖြေသည်။
ကျွင်းချောင်ရှောင်းသည် ဟာသ လုပ်လိုက်တော့၏။ "ဒါဆို ခင်ဗျားတို့က ကင်းသမားတွေ မဟုတ်တော့ဘူး။ ဇိုးဒစ်ဆိုင်း (zodiac sign) ထဲက ဟာတွေ ဖြစ်လိမ့်မယ်"
တစ်ဖက်လူ တည်နေရာရွေ့ပြောင်းလာခြင်းကို အခွင့်ကောင်းယူ၍ ကင်းသမားသည် ပုံရိပ်ယောင် အစီအရင်ဆီသို့ ခေါ်ယူခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောငိ့ သူသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ပထမ ကနေပြီးတော့ အဌမ အထိအောင် တိုက်ခိုက်ခဲ့တယ် ဆိုတော့ မင်းက စွမ်းရည် ရှိမဲ့ ပုံပဲ"
"ကံတရားကြောင့်ပါ။ ကံတရားကြောင့်" ကျွင်းချောင်ရှောင်းသည် ပြန်ဖြေလိုက်၏။
ကင်းသမားက မေးလိုက်သည်။ "အမှောင်နတ်ဆိုးဘုရင်ကို သတ်ခဲ့တာကော ကံတရားကြောင့်ပဲလား"
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ ထိုအကြောင်းအရာကို တစ်ဖက်လူ မည်သို့ သိရှိသနည်း။
"ကောင်လေး"
ကင်းသမားသည် စပ်ဖြီဖြီးနှင့် ပြောလိုက်၏။ "မင်း မျက်နှာပေါ်မှာ ရှိတဲ့ လူသား အရေခွံကို ချွတ်လိုက် ငါတို့က မင်း ဘယ်သူလဲ ဆိုတာ သိပြီးပြီ.."
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်မိသည်။
ဆွစ်
သူ၏ ပုခုံးကို လှုပ်ခါပြီးနောက် သူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဖယ်လိုက်၏။
"လာစမ်း"
ကင်းသမားသည် မောက်မာစွာ စိန်ခေါ်လိုက်သည်။ "ကျုပ်နဲ့ တိုက်ခိုက်ရအောင်"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။ "ကျုပ်က နောက်ဆုံးခန်းမှာ ရှိနေတဲ့ အဓိက ပြဿနာကောင်ကို သွားပြီး စိန်ခေါ်ချင်သေးတယ်"
"မင်းအနေနဲ့ ငါ့ကို နိုင်အောင် မတိုက်ခိုက်နိုင်ဘူး ဆိုရင် ကိုးထပ်မြောက်ကိုရောက်တာနဲ့ အနိုင်ကျင့် ရိုက်နှက် ခံရမှာပဲ" ကင်းသမားက သတိပေးလိုက်၏။
"လာစမ်း လာစမ်း ။ ငါ့ကို အရင် နိုင်အောင်တိုက် ။ နိုင်ရင် ငါမင်းကို အဆင့်ကိုး စိတ်ဝိညာဉ် တစ်သန်း ပေးမယ်"
ကျွင်းချောင်ရှောငိးသည် ထိုသူနှင့် မတိုက်ခိုက်ချင်ပေ။ ထို့ပြင် တိုက်ခိုက်ခြင်းအားဖြင့် စွမ်းအင်များကို ကုန်ဆုံး စေ၏။ သို့ပေမဲ့ စိတ်ဝိညာဉ် ကျောက်တုံးဆိုသည့် အသံသည် သူ၏ မျက်နှာကို ဝင်းလက် သွားတော့သည်။
"ချီးတဲ့မှ ဒီကျွင်းက ပိုက်ဆံတွေ မက်မောတဲ့ လူတစ်ယောက်လို့ ထင်နေတာလား"
ဆွစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သူ၏ အသွင်အပြင်ကို ထုတ်ဖော်ကာ ပြောလိုက်၏။ "လာခဲ့စမ်း "
ဘုန်း
ရုတ်တရက် တည်နေရာကြီး တစ်ခုလုံး လှုပ်ခါ သွားပြီးသည့်နောက် စိတ်ဝိညာဉ် စွမ်းအင် များသည် လှိုင်းကဲ့သို့ ဖြစ်တည်လာခဲ့သည်။
အရာအားလုံး ပြန်လည် တည်ငြိမ်သွားချိန်မှာတော့ ရင်သည် သူ၏ တည်နေရာတွင် မတ်တပ် ရပ်လျက်ရှိ၏။ သူသည် လက်သီးများနှင့် ဆက်တိုက် ဆိုသလို ထိုးနှက်လျက် ရှိ၏။
ပထမအထပ်ဆီမှ အဌမအထပ်ဆီသို့ ချိုးဖျက်ရှောက်ရှိခဲ့ပြီးသော ကုန်းရှန့်သည် လက်သီးထိုးချက်များကို ပယ်ပယ်နယ်နယ် ခံနေရတော့သည်။