← Chapters

အခန်း (၁၂၆၅)

Vol. 85 Ch. 1265

အခန်း (၁၂၆၅)

Vol. 85 Ch. 1265

ကျွင်းချောင်ရှောင်းသည် ပိုက်ဆံများအား အညစ်အကြေးကဲ့သို့ ဆက်ဆံတတ်သည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးများကိုတော့ ရတနာဟု သတ်မှတ်သည်။ ထို့ကြောင့် သူသည် ရင် ဆီမှ ရရှိ ထားသော စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းအား အမှန်ပင်လိုချင်မိ၏။ လက်ရှိအခြေအနေတွင် ထိုအရာကို အသုံးပြုပြီး အလောင်းအစား ပြုလုပ်ခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပေလိမ့်မည်။

ကင်းသမားများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တစ်ဖက်လူသည် အစီအရင်အား ချိုးဖြတ်ရန် ကြီးမားသည့် ယုံကြည်မှု ရှိနေသည်လား။ ၎င်းတို့ အားလုံးသည် သေသေချာချာ သတိထား ကြည့်ရှုလေ ပိုမို၍ ဟာကွက်များ ရှိလေလေဟု ခံစားမိကြ၏။ ထို့အတူ တစ်ဖက်လူအား သေချာကြည့်ရှုလေ၊ လေကြွားနေခြင်း ဖြစ်ကြောင်းသူတို့ခံစားမိလေလေ ဖြစ်သည်။

“ခေါင်းဆောင်”

ကင်းသမားတစ်ယောက်က ပြောလိုက်၏။ “သူနဲ့ လောင်းလိုက်ကြရအောင်”

ကျွင်းချောင်ရှောင်း ၏ မောက်မာလှသော အသွင်အပြင်သည် သူတို့အား မသက်မသာ ခံစားရစေ၏။ သူတို့သည် စိတ်မကျေနပ်သလို ခံစားနေမိသည်။

“ဟမ့်”

ကင်းသမားသည် နှာခေါင်းကို ရှုံ့လိုက်၏။ “ဒီလိုမျိုး ကိုယ့်ရဲ့အစွမ်းအစကို အထင်ကြီးအားကိုးလွန်းတဲ့ မောက်မာတဲ့လူတန်းစားကို မြင်ဖူးတာကြာပြီ။ နောက်ဆုံးမှာတော့ ရှုံးနိမ့်ခဲ့ရတာပဲ”

ကင်းသမားခေါင်းဆောင်သည် သေသေချာချာ တွေးတောစဉ်းစားပြီးနောက် ပြောလိုက်၏။ “မင်းအနေနဲ့ အထက်အဆင့်ကို သွားနိုင်တဲ့ အတားအဆီးအစီအရင်ကို ချိုးဖြတ်နိုင်မယ်ဆိုရင် သွားလို့ရတယ်။ ဒါပေမဲ့ ဒီငရဲကြီးကိုးထပ်ကနေပြီးတော့ ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို ခံယူရလိမ့် မယ်နော်”

“စိတ်မပူပါနဲ့”

ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိ၏။ “ဒီမှာရှိတဲ့လူတိုင်းက ဦးနှောက်ရှိတဲ့လူတွေပဲလေ။ ဒီ အကျဉ်း ထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး လွယ်မှာလဲ”

ကင်းသမားခေါင်းဆောင်သည် မည်သည့်စကားကိုမှ ဆက်၍ မဆိုတော့ချေ။ ထကာ ထွက်ခွာသွားခဲ့တော့၏။ သို့ပေမဲ့ သူသည် မထွက်ခွာခင်မှာတော့ ကျွင်းချောင်ရှောင်းအား တလျှောက်လုံး ကြည့်ရှုထားရန် အမိန့်ပေးလိုက်၏။ တရားမဝင်ကိစ္စရပ် တစ်ခုခုကို ဆောင်ရွက်ပါက ချက်ချင်း အရေးယူရန် မှာကြားထားခဲ့သေး၏။

ထိုကဲ့သို့ သတိထားနေသည်ဆိုလျှင် အဘယ်ကြောင့် အစီအရင်အား ချိုးဖြတ်ရန်အတွက် သဘောတူညီခဲ့ရ သနည်း။ ပထမ အလွှာဆီမှ နဝမအလွှာဆီသို့ ရောက်ရှိလာနိုင်ခဲ့သည့်အပြင် ခန္ဓာကိုယ်ထဲတွင်လည်း စိတ်ဝိညာဉ်မျိုးစေ့ နှစ်ခုကတည်း တည်ရှိနေသေး၏။ ဤလူသည် အမှန်ပင် ပါရမီရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။ အစီအရင်နှင့် ပတ်သက်သော ပါရမီသည် ထူးကဲစွာ ပါရှိနေမည်လားဆိုသည်ကို ကင်းသမားခေါင်းဆောင်က သိချင်နေမိသောကြောင့်ပင်။

ပြောနေစရာပင် မလိုချေ။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် နဝမမြောက်အထပ်၏ အဓိက ပြဿနာကောင်ဖြစ်လာခဲ့သည်ဆိုသော်လည်း သူ့အနေနှင့် ကြီးမားလှသည့် မှုခင်းများကို ပြုလုပ်ခဲ့သည့်လူ တစ်ယောက်လည်း မဟုတ်ပေ။ ဤနေရာတွင် ဖမ်းချုပ်ခံထားရခြင်းသည် မြို့ထဲတွင် ရန်ပွဲဖြစ်ပွားခဲ့ခြင်းထက် မပို လှချေ။ ထို့ကြောင့် ကြီးမားသည့် အန္တရာယ်ပေးနိုင်မှု အဆင့်သတ်မှတ်ချက်သည်လည်း မရှိချေ။

နဝမမြောက် အထပ်၏ အဓိကပြဿနာကောင်အား အဆင့် သတ်မှတ်ရမည်ဆိုလျှင် အလွန်တရာ ကြီးမားလှသည် ဖြစ်သောကြောင့် အဆင့်တစ်ထက်ပင် ပိုကာ အန္တရာယ်ပေးနိုင်သည့်အဆင့်အဖြစ် သတ်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ကုန်းရှန့်သည် ထိုတည်နေရာတွင် ရှိနေသော အဓိက ပြဿနာကောင်အား စိန်ခေါ်အနိုင်ယူနိုင်ခဲ့သောကြောင့် သမိုင်းမှတ်တမ်းတွင် အန္တရာယ်ပေးနိုင်မှု အမှတ်မရှိဘဲနှင့် ပထမဦးဆုံး ဆရာကြီးဖြစ်ခဲ့သည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

စနစ်သည်သာ ထိုအချင်းအရာကို သိမည်ဆိုပါက ကျိန်းသေပေါက် စောဒက တက်ပေလိမ့်မည်။ “ဒီကောင်က တကယ့် သောက်ပြဿနာကောင်လေ။ အဆင့်တစ်တောင် မဟုတ်ဘူး။ တစ်ထက် ပိုတဲ့အဆင့်ကိုတောင် ပေးထားရမယ့် လူမျိုးပဲ”

.........

“အစီအရင်ကို ဘယ်လို ချိုးဖြတ်ရမလဲ” ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီးသည့်နောက်မှာတော့ လေးလေး နက်နက်ဖြင့် စဉ်းစားလျက်ရှိနေသည်။ သူသည် စောင့်ကြည့်ခံထားရသည် ဖြစ်သောကြောင့် အချိန်နှင့် တည်နေရာ ပိုးကောင်ကို ထုတ်ယူကာ ဝါးမြိုခြင်းမျိုးကို မပြုလုပ်နိုင်ပေ။ ထို့ကြောင့် အစီအရင်ကို ချိုးဖြတ်ချင်သည်ဆိုပါက သူ၏ ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်ပိုင်အားအင်ကိုသာ ထုတ်ကာ အသုံးပြုမှ ဖြစ်ပေလိမ့်မည်။

“အကြီးအကဲကျန့် တစ်ချိန်တုန်းကပြောခဲ့ဖူးတယ်”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ “အစီအရင်ဆိုတာက အစီအရင်မျဉ်းကြောင်းတွေနဲ့ ဖန်တီးခဲ့တဲ့ အရာမျိုးပဲလေ။ ဘယ်လောက်ပြည့်စုံတယ်ဖြစ်ဖြစ် ပြစ်ချက်ဆိုတာတော့ ရှိနေတာပဲလေ။ အဲဒီပြစ်ချက်၊ လိုအပ်ချက် နေရာကို ငါရှာနိုင်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ချိုးဖြတ်နိုင်မှာ သေချာတယ်”

ရွှီး …….။

တွေးကြည့်ပြီးသည့်နောက်မှာတော့ သူသည် အရှေ့ကို သေသေချာချာ ကြည့်ရှုလိုက်၏။ လတ်တလော ဖြစ်ပျက် ခဲ့သည့် အကြောင်းအရာများသည် သူ့အား ကြီးမားသည့် အတွေ့အကြုံမျိုးကို ရရှိစေ၏။ သူသည် ဓားနှင့် သိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အစီအရင်နှင့် ပတ်သက်၍ တချို့သောအရာများကို လျစ်လျှူရှုထားခဲ့၏။ အဓိက အကြောင်းအရာအားဖြင့် သူသည် ထိုအရာများကို လေ့လာရန် ပျင်းရိနေသောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည် နဝမမြောက် အကျဉ်းခန်း၏ အလယ်ဗဟိုရှိရာဆီသို့ သွားလိုက်တော့၏။ ပြီးသည့်နောက် သူ၏ အားကောင်းလွန်းလှသော ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် မျက်လုံးကြီးကောင်အား ချုပ်နှောင်ထားသည့် တည်နေရာအား သေသေချာချာ ကြည့်ရှုလိုက်၏။

ဝှစ် …။

သူသည် အသာကိုင်ကြည့်ပြီးသည့်နောက် ထိုအရာကို ဖောက်ထွင်းကြည့်လိုက်၏။ ပြီးနောက် အံအားတသင့်ဖြင့် မေးလိုက်မိသည်။ “ဒီလောက် ရိုးရှင်းတာလား။ လွယ်လွယ်နဲ့ ဝင်ကြည့်လို့ရနေတယ်”

မျက်လုံးကြီးသည် ဤနေရာတွင် ရှိနေသော အတားအဆီးအစီအရင် စနစ်အား အကြိမ်ပေါင်းများစွာ ထုနှက် ရိုက်နှက် ခဲ့သည်။ သို့ပေမဲ့ တစ်ချက်ကလေးတောင်မှ မကျိုးပြတ်ခဲ့ချေ။ သူ့အနေနှင့် တစ်ခါတည်းဖြင့် လွယ်လွယ် ကူကူ ပေါင်းစပ်နိုင်ခြင်းဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။ သို့ပေမဲ့ တစ်စက္ကန့်လောက် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ သူ၏ အကာအကွယ် အတားအဆီးအစီအရင်သည် အထဲတွင် ရှိနေသော ရေတွက်လို့မရအောင် များပြားလှသည့် မျဉ်းကြောင်းများကို မြင်လိုက်ရ၏။ ထိုမျဉ်းကြောင်း များ အားလုံးသည် အလွန် ရှုပ်ထွေးလွန်းလှပြီး တစ်ချက်ကြည့်လိုက်သည် နှင့် ခေါင်းပါ မူးသွားရ၏။

“မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒါက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ အကြီးအကဲကျန့်နဲ့ ရှင်းရောင်တို့ကို ခေါ်ပြီး ကြည့်ရှု ခိုင်းမယ်ဆိုရင်တောင်မှ သူတို့ ဒီနေရာက ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် စောနတုန်းက အမှန်ပင် မောက်မာခဲ့သည်။ သို့ပေမဲ့ အကာအကွယ်အတားအဆီးစနစ်၏ ရှုပ်ထွေးလှသည့်အရာများကို မြင်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။

“အင်း...”

စနစ်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း စတိုးကို အားကိုးတော့လေ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ငါ့အနေနဲ့ ငါ့ကိုယ်ငါ့ အားကိုးမှ ဖြစ်မယ်”

..............

ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အချိန်ယူကာဖြင့် သေသေချာချာ စဉ်းစားတော့သည်။ ဤအစီအရင်ကို မည်ကဲ့သို့ ချိုးဖြတ်ရမည်ဆိုသည့်အကြောင်းကို စဉ်းစားနေခြင်းပင်။ ထို့အပြင် သူသည် သိုင်းအင်ပါယာကိုးယောက်တို့အား မည်ကဲ့သို့ ခေါ်ဆောင်သွားရမည်နည်း ဆိုသည်ကိုပါ တစ်ဆက်တည်း စဉ်းစားနေမိ၏။

စနစ်သည် ဆွံ့အလျက် ရှိနေသည်။ “မင်း တည်နေရာကို ချိုးဖြတ်ပြီးတော့ သူတို့အားလုံးကို စုစည်းနိုင်မယ် ဆိုရင်တောင်မှ အချိန်နဲ့ တည်နေရာပိုးကောင်ကို မသုံးဘူးဆိုရင် ငရဲကြီးကိုးထပ်ကနေ ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ။ ပြီးတော့ မမေ့နဲ့အုံး။ ဒါက အကျဉ်းထောင်တစ်ခုပဲ ရှိသေးတယ်။ အပြင်မှာ မြို့တစ်ခုလုံးရဲ့ အကာအကွယ် အတားအဆီး ရှိနေသေးတယ်”

“ငါ ဒါကို အစောကြီးကတည်းက တွေးပြီးသားလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးရဲ့ တည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးကို အသုံးပြုလိုက်လို့ရတယ်။ စွေ့ဟွာကို ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးရဲ့ အတားအဆီး အစီအရင်ကို ဝါးမြိုခိုင်းလိုက်မယ်။ ပြီးရင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးရဲ့ တည်နေရာခံတပ်ကတဆင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်လို့ရတယ် မဟုတ်လား”

“ချီးတဲ့မှ” စနစ်သည် ထကာ အော်လိုက်မိ၏။ ဤကဲ့သို့ ထောင်ဖောက်ခြင်း အစီအစဉ်သည် အလွန်တရာ အံ့အား သင့်စရာ ကောင်းလွန်းလှ၏။ လက်ခံသူ၏ ဦးခေါင်းသည် ရွှေချထားသင့်သည်။

“လက်ခံသူအနေနဲ့ ကြယ်ကောင်းကင်ခံတပ်ဆီ လာတဲ့အချိန်မှာ တည်နေရာ ရွေ့ပြောင်းခြင်းအစီအရင်ကို တစ်ခါတည်း သယ်ဆောင်လာခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ အကြံတစ်ခု ရှိနေတာကိုး” စနစ်က ပြောလိုက်မိ၏။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ငါ ဂြိုဟ်တိုက်ပွဲ တည်နေရာ ရွေ့ပြောင်းခြင်းအစီအရင်ကို ယူဆောင်လာတယ်ဆိုတာက အန္တရာယ်ကြီးကြီးမားမား ကြုံလာလို့ရှိရင် ဝင်ပုန်းလို့ရအောင်လို့”

“.........”

စနစ်သည် စိတ်ဓာတ်ကျသွားမိ၏။ သို့ပေမဲ့ တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးလိုက်မည်ဆိုလျှင် အဝင်ပေါက်ဝကြီးသည် ချက်ချင်းပေါ်လာမှာဖြစ်၏။ လက်ခံသူသည် အကာအကွယ်စနစ်တစ်ခုလုံးကို လျစ်လျှူရှု နိုင်ပြီး အကျဉ်းထောင်ထဲမှ ထွက်ခွာသွားရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လူတိုင်းသိရှိသွားမည့် အရာကြီးလည်း ဖြစ်သည်။

“တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုတယ်ဆိုရင် ဝင်ပေါက်ကြီးတစ်ခု ပေါ်လာမယ်။ ဒီတော့ လက်ခံသူ အဲထဲကို မဝင်ခင်မှာ တခြားသူတွေ အကုန်လုံးက သိရှိသွားလိမ့်မယ်”

“ဒါကြောင့် ဒါကြီးကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားဖို့ လိုတယ်လေ”

“လက်ခံသူက တကယ့်ကို ပြောင်းလဲသွားခဲ့ပြီ”

“ငါ ပြောင်းလဲသွားတယ် ဟုတ်လား”

“အင်း”

“မင်းရဲ့အမူအကျင့်အရဆိုရင် ကိုယ့်ကို နှိပ်စက် အနိုင်ကျင့်ပြီး ထောင်ထဲမှာ ဖမ်းဆီးခံထားရမယ်ဆိုရင် ဒီအရာက နေပြီးတော့ ချိုးဖောက်နိုင်ဖို့ နည်းလမ်းနဲ့ ကလဲ့စားချေတဲ့ ကိစ္စရပ်မျိုးကို လုပ်မှာ မဟုတ်လား”

“ဟုတ်တယ်”

“အခုတော့ ဘယ်လိုထွက်ပြေးရမလဲဆိုတဲ့ကိစ္စရပ်ပဲ မင်းရဲ့စိတ်ထဲမှာ ပြည့်နေပြီလေ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ထအော်လိုက်မိ၏။ “ငါ့အနေနဲ့ ပြဿနာရှာလို့ မရဘူးလေ။ အပြင်ဘက်မှာ မျက်လုံးကြီးကောင်လိုမျိုး အားကောင်းလှတဲ့ လူဆယ့်တစ်ယောက် ရှိနေသေးတယ်။ ငါ့ရဲ့လှည့်ကွက်တွေ အကုန်လုံးကို ထုတ်ပြီး အသုံးပြုမယ်ဆိုရင် နိုင်ဖို့ မသေချာဘူး”

ထို့အပြင် ခံတပ်သခင်ကလည်း ရှိလို့နေသေး၏။

“ဒီတော့ …”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက အရွယ်ရောက်ခဲ့ပြီလေ။ ဒီလို အခိုက်အတန့်မျိုးမှာ အလောသုံးဆယ် မပြုလုပ်ဘဲ သေသေချာချာ ဦးနှောက်ကို အသုံးပြုပြီး စဉ်းစားတဲ့ အခြေအနေမျိုးကို ရောက်လာပြီ”

“ငါ အရင်တုန်းက ဦးနှောက်ကို မသုံးခဲ့လို့လား”

“တကယ်ကော သုံးခဲ့လို့လား”

............

ကျွင်းချောင်ရှောင်းသည် ထောင်မှ ချိုးဖောက်နိုင်ရန်အတွက် အကြံအစည်တစ်ခုကို စဉ်းစားလျက်ရှိ၏။ ပြီးသည့် နောက်မှာတော့ အပေါ်ဆီသို့တက်နိုင်ရန်အတွက် ချိတ်ဆက်ထားသည့် အစီအရင်အား မည်ကဲ့သို့ ချိုးဖြတ်ရမည်ကို စဉ်းစားနေမိ၏။

ရက်အနည်းငယ်ကြာ သေသေချာချာ လေ့လာစဉ်းစားပြီး သည့်နောက်မှာတော့ သူသည် အဆင့်မြင့်စတိုး အား ဖွင့်ရန်သာ စိတ်ထဲတွင် ပြင်ဆင်လိုက်တော့သည်။

“.........”

စနစ်သည် ဆွံ့အသွားမိ၏။ တစ်ဖက်လူသည် သူ့ကိုယ်သူသာ အားကိုးမည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့၏။ သို့ပေမဲ့ အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းများကို အသုံးပြု၍ အဆင့်မြင့်စတိုး ကို ဖွင့်ရန်သာ ရွေးချယ်ခဲ့၏။

“တခြား နည်းလမ်းလည်း မရှိဘူး။ ငါ့အနေနဲ့ ဒီအကျဉ်းထောင်ကနေ အရင်ဆုံး ထွက်နိုင်အောင် ကြိုးစားရမယ်။ ပြီးရင် သိုင်းအင်ပါယာကိုးယောက်ကိုလည်း ခေါ်သွားရအုံးမှာမဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“..........”

စနစ်က ပြောလိုက်သည်။ “ဟုတ်ပါပြီ”

.............

ပြိုင်စံရှားဂိုဏ်း၊ အဓိကတောင်ထွတ်၏ အဓိကဟောခန်း

ကျွင်းချောင်ရှောင်းတစ်ယောက် အကျဉ်းထောင်ထဲမှ မည်သို့ ထွက်ခွာရမည်ကို စဉ်းစားနေတုန်းမှာပဲ ယွမ်သခင်လေး၊ အကြီးအကဲဝေ၊ တင်းရှင်းဝမ်နှင့် အခြားသော အထက်ပိုင်း အကြီးအကဲများသည် အဓိကဟောခန်း ထဲတွင် စုဝေးလျက် ရှိနေ၏။ အကြီးအကဲကုန်းက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်မိသည်။ “အကြီးအကဲကျန့်က တောင်ပိုင်းတုနယ်မြေကို သွားတာ အတော်ကြာပြီ။ ဘာသတင်းမှ မကြားသေးဘူး။ မတော်တဆ ကိစ္စရပ်တစ်ခုခု များဖြစ်နေလား မသိဘူး”

“အကြီးအကဲကျန့် နဲ့အတူ လိုက်သွားတဲ့လူတွေလည်း ရှိတယ်လေ။ ဒီတော့ စိုးရိမ်နေစရာ မလိုပါဘူး” အကြီးအကဲကျန်းက ပြောလိုက်မိသည်။

ကျွင်းချောင်ရှောင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ထွက်ခွာသွားသည့်အချိန်တွင် ကျန့်ရာသည် သူ၏ အစ်မ (ယခင်က ညီမဟုရေးခဲ့) ကို ရှာဖွေရန် တောင်ပိုင်းပင်လယ်တု နယ်မြေဆီသို့ ထွက်ခွာသွားခဲ့၏။ သူနှင့်အတူ လိုက်ပါသွားသည့်လူများမှာ ရီရှင်းချန်၊ ရှောင်ကျီ၊ ဟယ်ဝူတီတို့ပင် ဖြစ်၏။ သို့ပေမဲ့ လအနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ မည်သည့်သတင်းမှ မကြားရချေ။ ထို့ကြောင့် အားလုံးသော သူများသည် စိုးရိမ်ပူပန်လျက် ရှိနေ၏။

“အင်း”

ဟွမ်သခင်လေးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီလိုဆိုရင် ဂိုဏ်းချုပ်ပြန်လာတဲ့အထိ စောင့်ရမယ်။ ပြီးတော့မှ ရှာဖွေဖို့ကိစ္စကို လုပ်ရမယ်”

အကြီးအကဲဝေက မေးလိုက်၏။ “အရာအားလုံး ဂိုဏ်းချုပ်က လုပ်ပေးနေရတယ်ဆိုရင် ငါတို့ တည်ရှိနေတာက ဘာကြောင့်လဲ”

“............”

ယွမ်သခင်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အကြီးအကဲဝေက ပြောလိုက်၏။ “ဂိုဏ်းရဲ့အားအင် အဆင့်ဆိုတာ ဂိုဏ်းချုပ်ရဲ့ အားအင်အဆင့်ပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ တစ်ဂိုဏ်းလုံးရဲ့ အားအင်အဆင့် ပေါ်မှာ မူတည်တယ်။ တပည့်တွေအနေနဲ့ လေ့ကျင့်ဖို့ ထွက်သွားတယ်ဆိုရင် ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမယ်ဆိုတာ ရှောင်လွှဲလို့ရတဲ့အရာမဟုတ်ဘူး။ အရေးအကြီးဆုံးအရာတစ်ခုက ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ပဲ”

“အကြီးအကဲဝေ ပြောတာမှန်တယ်” တင်းရှင်းဝမ်သည် သဘောတူညီလိုက်၏။ အတွေ့အကြုံမြင့်မားလှသော အဘိုးကြီး နှစ်ယောက်တို့သည် သူတို့၏ ဂိုဏ်းသားများ ဒုက္ခရောက်နေသည့်အချိန်တွင် မကူညီဟု ပြောဆိုနေခြင်း မဟုတ်ပေ။ သို့ပေမဲ့ အရာအားလုံးကို ဂိုဏ်းချုပ်အပေါ်တွင် မှီခိုနေ၍ မဖြစ်ပေ။ သူတို့အနေနှင့် သူတို့အားကို သူတို့ ကိုးမှ ဖြစ်ပေလိမ့်မည်။

“သတင်းတစ်ခုရှိတယ်”

ထိုအချိန်မှာပဲ လီလိုရှုသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “တောင်ပိုင်းတုနယ်မြေမှာ အကြီးအကဲကျန့်နဲ့ တခြားသူတွေအားလုံးက ဒေသတွင်းက ဂိုဏ်းတွေ တော်တော် များများနဲ့ တိုက်ခိုက်နေကြတယ်တဲ့”

“မိုးဆွေဟောခန်းရဲ့ သတင်းအချက်အလက်က တောင်ပိုင်းတုနယ်မြေထိတောင် ဖြန့်ကျက်ထားနိုင်ပြီလား” ယွမ်သခင်လေးသည် အံ့အားသင့်သွား၏။

လီလိုရှုက ရှင်းပြလိုက်သည်။ “မဟုတ်ပါဘူး။ ရီရှင်းချန်ရဲ့ သိမ်းငှက်ကြီးဆီက ရရှိတဲ့သတင်းလေ”

“ဪ... သိပြီ။ သိပြီ”

အားလုံးသောသူများသည် နားလည်သွားမိတော့၏။ အားညို၏ ကျောက်စိမ်းပန်းပုသည် အားလုံးသောသူများ ပိုင်ဆိုင်ချင်သည့်အရာပင် ဖြစ်တော့၏။ ထို့အပြင် သာမန်လူတစ်ယောက်သည် ပျံသန်းနိုင်သော သားရဲမျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည့်အရာ မဟုတ်ပါလား။

လီလိုရှုက ပြောလိုက်၏။ “အကြီးအကဲကျန့်ရဲ့အစ်မကို ရှာလို့တွေ့ပြီတဲ့။ ဒါပေမဲ့ ဒေသတွင်းဂိုဏ်းတွေနဲ့ သူတို့ ပဋိပက္ခတွေ ဖြစ်နေတာကြောင့် အဲနေရာကနေ ခေါ်ထုတ်လို့ မရနိုင်သေးဘူး ထင်တယ်။ ဂိုဏ်းအနေနဲ့ အကူ အညီ ကြီးကြီးမားမားပေးဖို့ လိုအပ်နေပြီ”

အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်မိ၏။ ၎င်းတို့အားလုံးသည် မြင့်မားလှသည့် ရာထူးများကို ရရှိထားသည်ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်ကဲ့သို့ ကိစ္စရပ်များကို ဦးစီးဦးဆောင် ပြုလုပ်ခဲ့သူများ မဟုတ်ကြချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းတစ်ခုလုံးကို အသက်သွင်းကာဖြင့် တိုက်ခိုက်ရန် စဉ်းစားရတော့သည်။

အကြီးအကဲဝေက ပြောလိုက်၏။ “ဒါဆို ဘာလို့ စောင့်နေမှာလဲ။ မြန်မြန် လူတွေ စေလွှတ်ရမယ်” အချစ်ရေးတွင် အတွေ့အကြုံများသော လူတစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်းတွင် ကြီးမားလှသည့် တာဝန်ကို ယူထားရသည် ဖြစ်သောကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် ဤကဲ့သို့သော ကိစ္စရပ်များတွင် ဝင်ရောက်ဆုံးဖြတ်မှ ဖြစ်ပေလိမ့် မည်။

“အကြီးဆုံးတပည့်ကြီးနဲ့ ဒုတိယတပည့်ကြီးကို သတင်းပို့လိုက်တော့။ သားရဲစီးဟောခန်းက ဟောခန်းသခင်ရွှဲ့ကို လည်း သတင်းပို့။ ပြီးတော့ စိတ်ဝိညာဉ်သားရဲဟောခန်းမှာရှိတဲ့ ဒုတိယဟောခန်းသခင် အကြီးအကဲညိုတို့ အားလုံးကိုလည်း သတင်းပို့လိုက်ကြတော့”

ဂိုဏ်း၏ အဓိကဟောခန်းဆီမှ အမိန့်များအားလုံးသည် ထွက်ပေါ်လာခဲ့ကြတော့၏။ ဤနေ့မှာတော့ ဂိုဏ်းထဲတွင် ရှိနေသော အထက်ပိုင်း အကြီးအကဲများနှင့် အတွင်းစည်းတပည့်များ အားလုံးသည် စတင်ကာ လှုပ်ရှားလာခဲ့ကြပြီ ဖြစ်၏။ သားရဲစီးဟောခန်းတွင် ရှိနေသော အဓိက လက်ရွေးစင်အဖွဲ့ကြီး လေးဖွဲ့လုံးသည် စတင်ကာ ထွက်ခွာတော့၏။

“စီနီယာအစ်မလျှို”

ရောင်မုန့်ယဉ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျွန်မတို့ တကယ့်ကို သွားတိုက်ခိုက် ရတော့မှာပေါ့”

ပထမတုန်းက ဂိုဏ်းထဲတွင် ရှိနေသော အကြီးအကဲများ အားလုံးသည် သူမအား အပြင်ဘက်သို့ ထွက်ခွာစေရန် ရည်မှန်းချက် မရှိကြချေ။ သို့ပေမဲ့ သူမ၏ တောက်လျောက်ပြောဆိုမှုကို မည်သို့မှ မခံစားနိုင်တော့ဘဲ သဘောတူညီလိုက်ကြသည်။

ရောင်မုန့်ယဉ်သည် လောကကြီးက လက်မခံသော သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ထိုခန္ဓာကိုယ်ကို သူမ ပိုင်ဆိုင်သည်ဖြစ်ကြောင်း တစ်လောကလုံးက သိရှိသွားသည်ဆိုလျှင်တောင်မှ ဂရုစိုက်စရာ အကြောင်းမရှိချေ။ မည်သည့်လမ်းမှန်ဂိုဏ်း ကမှ သူတို့ကိုလာ၍ ပြဿနာရှာရဲမည် မဟုတ်တာ သေချာ၏။

“သွားကြရအောင်”

ရွှီး ရွှီး

ပျံသန်းနိုင်သော သားရဲများသည် တောင်ပံများကို ခတ်ကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီမှ တောင်ပိုင်းတုနယ်မြေဆီသို့ ပျံသန်းလာခဲ့ကြသည်။

ရှောင်မိုရှန်းသည် သူမ၏ မူရင်းအသွင်အပြင်ကို ပြောင်းလဲလိုက်ပြီးသည့်နောက်မှာတော့ နဂါးလေးနှင့် တောဝက်ရိုင်းလေးတို့ကို ကျောပေါ်တွင် တင်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲများ ဖြစ်သည်မို့ ၎င်းတို့သည်လည်း ပြိုင်စံရှားဂိုဏ်း၏ အစိတ်အပိုင်းများ ဖြစ်သည်။ ကျန့်ရာနှင့် တခြားသူများ ဒုက္ခရောက်နေသည့်အချိန်တွင် ၎င်းတို့သည် ကျိန်းသေပေါက် သွား၍ကူညီရမှာ သဘာဝပင်ဖြစ်၏။

ချလွမ် ချလွမ်

အောက်အီးအီးအွတ်

ရုတ်တရက် ကောင်းကင်ယံထက်တွင် ကြက်ဖအော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဤကြက်ဖသည် ဗာမေလီယန် သွေးမျိုးဆက်ကို ပိုင်ဆိုင်သူဖြစ်သောကြောင့် အလွန်တရာ မြန်ဆန်သည့်နှုန်းထားဖြင့် လိုက်ပါလာနိုင်ခဲ့သည်။ သို့ပေမဲ့ ၎င်းသည် တောင်ပံကို ဖြန့်ကျက်ကာ ပျံသန်းသည့်အချိန်တွင် ရှောင်မိုရှန်း၏ အနောက်တွင် ပြတ်ကျန်ခဲ့ရ၏။

ကျန့်ရာနှင့် တခြားသူများ ပြဿနာတက်နေသည်ဆိုသော်လည်း မည်သည့်ပြဿနာမှန်းတော့ သေချာ မသိကြချေ။ သို့ပေမဲ့ ပြဿနာတက်နေသည်ကို သိရှိပြီးသည့်နောက်မှာတော့ တကယ့်လက်ရွေးစင် ဂိုဏ်းသား များသည် စတင်ကာ ထွက်ခွာလာခဲ့တော့၏။

.............

“အမဲရောင်နတ်ဆိုး”

သံမဏိအရိုးတောင်၏ အမြင့်တည်နေရာတစ်ခုတွင် ထိုင်လျက်ရှိနေသော အဖြူရောင်နတ်ဆိုးက ပြောလိုက်၏။ “ဂိုဏ်းကိုကြည့်ရတာ တကယ့်ကို တက်တက်ကြွကြွနဲ့ သွားနေတာပဲ။ ငါတို့ သွားပြီး ကူညီရမလား”

အမဲရောင်နတ်ဆိုးသည် ခေါင်းကို ခါယမ်းလိုက်သည်။ “ငါတို့အနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကာကွယ်ဖို့ပဲ လုပ်ရမယ်လေ။ ဒီလို ကိစ္စတွေလောက်ကို သူတို့ဘာသူတို့ လုပ်တာပဲ ကောင်းလိမ့်မယ်”

“ကောင်းပြီ” အဖြူရောင်နတ်ဆိုးသည် ဆက်လက်ကာ မပြောဆိုတော့ချေ။ ကျွင်းချောင်ရှောင်းသည်လည်း ဂိုဏ်းထဲတွင် ရှိမည်ဆိုပါက ကျိန်းသေပေါက် ၎င်းတို့အား သွားခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ထို့ပြင် တောင်ပိုင်းပင်လယ် တု နယ်မြေဆီသို့ သွားရောက်ရသည့် ကိစ္စရပ်လေးတစ်ခုတွင် ဤလူနှစ်ယောက်ကိုသာ စေလွှတ်လိုက်သည်ဆိုပါက တစ်ဖက်လူများအား သေမိန့်ပေးလိုက်ခြင်းနှင့်ပင် ဆင်တူနေလိမ့်မည် မဟုတ်ပါလား။

ပြိုင်စံရှားဂိုဏ်းသည် အစစ် အမှန်ပင် လှုပ်ရှားတက်ကြွစွာဖြင့် တောင်ပိုင်းပင်လယ်တုနယ်မြေဆီသို့ ဦးတည်သွားလာနေပြီဖြစ်တော့၏။

All Chapters