← Chapters

အခန်း (၁၂၆၆)

Vol. 85 Ch. 1266

အခန်း (၁၂၆၆)

Vol. 85 Ch. 1266

တောင်ပိုင်းပင်လယ် တုနယ်မြေ ….။

ခရမ်းရောင်ဘုရင်သည် ကိုယ်လုံးတီးဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိသည်။ သူသည် လက်နှစ်ဖက် ကို ပိုက်ကာဖြင့် တောင်၏ထိပ်ပိုင်းတွင် တည်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ဆီမှ တခြားသူများအား အထင်အမြင်သေး သည့် အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေသည်။ နဂါးနယ်မြေထဲသို့ ဝင်ရောက်ကာ နဂါးဥအား ခိုးယူရဲသည့် အထက်နယ်မြေဆီမှ ခွန်သားရဲကြီးတစ်ကောင်ဖြစ်သော်လည်း သူသည် ထိပ်ဆုံးအဆင့်ဆီသို့ ပြန်လည် မရောက်ရှိ နိုင်သေးချေ။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသော အရှိန်အဝါများမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းနေသေးသည်။

တောင်တစ်ခု၏ ထိပ်ပေါ်မှာတော့ တူညီသည့်ဝတ်စုံများကို ဝတ်ဆင်ထားသည့် အဘိုးအိုခုနှစ်ယောက်တို့သည် မတ်တပ်ရပ်လျက်ရှိနေ၏။ ၎င်းတို့သည် ချီရှင်းနန်းတော်၏ ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့ပင် ဖြစ်တော့၏။ ၎င်းတို့၏ အားအင်အဆင့်သည် သိုင်းနယ်မြေအဆင့်တွင် တည်ရှိနေကြ၏။ ချီရှင်းနန်းတော်သည် တောင်ပိုင်းပင်လယ် တုနယ်မြေတွင် အလွန်အားကောင်းလှသော ဂိုဏ်းတစ်ခုဖြစ်၏။ ၎င်းတို့၏ ဂုဏ်အရှိန်အဝါသည် အဓိကကုန်းမြေ၏ ထိုက်ရွမ်အအေးဂိုဏ်းနှင့်ပင် တူညီလျက်ရှိ၏။

“ခင်ဗျားတို့ တစ်ယောက်ချင်း တိုက်ခိုက်မှာလား။ ဒါမှမဟုတ် အဖွဲ့လိုက် တိုက်ခိုက်မှာလား”

ခရမ်းရောင်ဘုရင် သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မေးမြန်းလိုက်၏။ သူ၏လေသံကို ကြည့်ရသည်မှာ တစ်ဖက်လူများ မည်သို့ပင် တိုက်ခိုက်၊ တိုက်ခိုက် စိုးရိမ်ပူပန်ခြင်း မရှိချေ။

ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့၏ မျက်နှာမှာတော့ သုန်မှုန်သွားခဲ့တော့သည်။ ၎င်းတို့သည် အချိန် အတော်ကြာ တံခါးပိတ် ကျင့်ကြံလျက်ရှိနေကြ၏။ ပြင်ပတွင် ဖြစ်နေသည့် တခြားသောကိစ္စရပ်များကို ဂရုစိုက် သည့်လူများ မဟုတ်ကြချေ။ သို့ပေမဲ့ မကြာသေးသော အချိန်ကာလတွင် ပြင်ပမှလူများ တုနယ်မြေသို့ ရောက်ရှိ လာခဲ့ကြ၏။ ၎င်းတို့သည် အလွန်တရာ ကြမ်းရမ်းလွန်းလှပြီး ရှိရှိသမျှသော ဂိုဏ်းများအားလုံးနှင့် ပြဿနာ တက်ခဲ့ ကြသည်။ ထို့ကြောင့် မည်သို့မှ မနေနိုင်တော့ဘဲ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခဲ့ခြင်းသာ ဖြစ်၏။ သေချာပေသည်။ ထိုသူများအားလုံးသည် အလွန်တရာ မောက်မာလွန်းလှ၏။

“ကောင်လေး”

ဘိုးဘေးအကြီးအကဲကြီးသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ချီရှင်းနန်းတော်က အစီအရင်နဲ့ ပတ်သက်ရင် အဓိက ကျွမ်းကျင်တာပဲ။ ဒီတော့ တိုက်ခိုက်တဲ့အချိန်မှာ ကျုပ်တို့က အတူတူ တိုက်ခိုက်တယ်”

“ကျွတ်”

ခရမ်းရောင်ဘုရင်က စိတ်မရှည်သလို ပြောလိုက်၏။ “ဒါဆိုလည်း အတူတူ တိုက်ခိုက်ကြလေ။ အကြောင်း ပြချက် ရှာမနေနဲ့တော့”

“.........”

အကြီးအကဲကြီး ခုနှစ်ယောက်တို့၏ မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။

“လာခဲ့စမ်း။ လာခဲ့ကြ”

ခရမ်းရောင်ဘုရင်သည် သူ၏လက်ကို ယမ်းခါကာ ပြောလိုက်၏။ “အတူတူ တက်လာကြတော့”

သူသည် အဖွဲ့လိုက် တိုက်ခိုက်ရင်း ရိုက်နှက်ခံရမည်ကို အမှန်ပင် မကြောက်ရွံ့ချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ဆီသို့ ရောက်ရှိလာကတည်းက သူသည် အစဉ်အမြဲ တစ်ယောက်တည်း တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၏။

ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိလာသည့်အချိန်မှသာ သူ၏ အမူအကျင့် သည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် တချို့သော အချိန်ကာလများတွင် တစ်ယောက်တည်း တိုက်ခိုက် သည်ဆိုပါက ကျိန်းသေပေါက် အသက်ပင်ရှင်နေလိမ့်မည် မဟုတ်ချေ။

ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့သည် ဒေါသများ အလိပ်လိပ် တက်လာခဲ့သည်။ ပြီးသည့်နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီးသည့်နောက်မှာတော့ အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အစီအရင်ကြီးအား စတင်ကာ ဖန်တီးတော့၏။ ၎င်းတို့၏ လှုပ်ရှားသည့် ပုံပန်းသွင်ပြင်အရ ဆိုလျှင် အစီအရင်တွင် ကျွမ်းကျင်လှသည့်လူများဖြစ်ကြောင်း သိသာလှ၏။

ဟောခန်းသခင်ကျိ၏ နှုတ်ခမ်းပေါ်တွင်တော့ အထင်အမြင်သေးသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ မကြာ သေးသော အချိန်ကာလက သူသည် နေ့စဉ်နေ့တိုင်းဆိုသလို ဂိုဏ်းထဲ၌ ကောင်းကင်နှင့်မြေကြီး ထောင့်လေးထောင့် အစီအရင်အား အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ဖူး၏။ ထို့ကြောင့် သူ့အနေနှင့် အတွေ့အကြုံ တော်တော်ရရှိခဲ့ပြီးပြီ ဖြစ်သည်။ “ခင်ဗျားတို့က ကျုပ်နဲ့ တိုက်ခိုက်ချင်တာလား။ ခင်ဗျားတို့မှာ ရှိနေတဲ့ အစီအရင်က ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းထက် ပိုပြီး အားကောင်းမယ် ထင်နေတာလား”

ဟောခန်းသခင်ကျိသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်အဖြစ် တဖြည်းဖြည်းနှင့် လက်ခံလာခဲ့ရပြီ ဖြစ်၏။ ထို့အပြင် သူသည် လျှိုဝမ်ရှစ်၏ အစားအစာများကို စွဲလမ်းနေပြီဖြစ်သည်။ သူနှင့် ရီရှင်းချန်တို့သည် မောက်မာလှသည့် အသွင်အပြင်ကို ပိုင်ဆိုင်ကြသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ ဂိုဏ်းနှင့် တစ်သားတည်းဖြစ်ရန် အနည်းငယ်သာ လိုအပ်တော့၏။

ဆွစ် ဆွစ်

ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့သည် ပျံသန်းလာပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်အား ဝိုင်းပတ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ အစီအရင်ကို အသက်သွင်းကာဖြင့် များပြားလှသည့် အတားအဆီးများကို ဖန်တီးကြတော့သည်။

ဟူး ဟူး

ကောင်းကင်နှင့် မြေကြီး၏ ကြားတွင် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ကြမ်းတမ်းလွန်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ ဖြစ်တည်လာခဲ့၏။ ခရမ်းရောင်ဘုရင်သည် အစကနေ အဆုံးအထိ တစ်ချက်ကလေးမှ မလှုပ်ရှား သေးချေ။ သူ့အနေနှင့် အစီအရင်ထဲတွင် ပိတ်မိနေသည် ဆိုလျှင်တောင်မှ သူသည် ဖြည်းဖြည်းချင်းသာ လှုပ်ရှားလိုက်၏။ သူသည် ပန်းရောင်လက်အိတ်ကို ထုတ်ကာ ဝတ်လိုက်တော့၏။ သူ၏ လက်ရှိ အားအင်အဆင့်အရ ဆိုလျှင် သိုင်းနယ်မြေ ခုနှစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် အစီအရင်ကို ထုတ်ဖော်ကာ တိုက်ခိုက်နေသည် ဖြစ်သောကြောင့် သူ့အနေနှင့် အလေးအနက် ထားကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့မှာတော့ ပြိုလဲလုမတတ် ဖြစ်နေကြ၏။ သူတို့အနေနှင့် တစ်ဖက်လူ အဝတ်အစားကို ချွတ်၍ တိုက်ခိုက်သည်ကို သည်းခံနိုင်သေး၏။ သို့ပေမဲ့ အနီရောင်အတွင်းခံနှင့် ပန်းရောင်လက်အိတ်ကို ဝတ်ဆင်ကာ တိုက်ခိုက်နေသည်ကို ကြည့်ရှုရသည့်အချိန်မှာတော့ တကယ့်ကို မျက်လုံးထဲတွင် ထော်လော် ကန့်လန့် ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် မူလအားဖြင့် လေးလေးနက်နက် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဘိုးဘေး အကြီးအကဲကြီး ခုနှစ်ယောက်တို့သည် မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။ “မင်းက သောက်ရူးပဲ”

ဘုန်း

ရုတ်တရက် ခရမ်းရောင်ဘုရင်သည် လက်သီးတစ်ချက်ကို ထိုးလွှတ်လိုက်သည့်အချိန်မှာတော့ အတားအဆီး အစီအရင်ကြီးသည် ရုတ်တရက် တုန်ခါသွား၏။

“အမှန်ပဲ။ ကျုပ်က သောက်ရူးပဲလေ” ဟောခန်းသခင်ကျိသည် လူသားတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေနှင့် လောကကြီးမှ ပြောဆိုခဲ့သည့် စကားများကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ထိုသို့ ပန်းရောင် လက်အိတ်ကြီးကို ဝတ်ဆင်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ဖိအားများကို မည်သို့မှ မခံစားရချေ။

ဤနေရာတွင် ကုန်းရှန့်ဖြစ်နေမည် ဆိုလျှင်တော့ ကျိန်းသေပေါက် ပေါက်ကွဲမှာ သေချာ၏။ သူ့အား အရှက်ကင်းမဲ့ လွန်းလှသောလူအဖြစ် အားလုံးက လက်ခံထားရသည် မဟုတ်ပါလား။

ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့၏ မျက်နှာသွင်ပြင် အမူအရာများသည် ပြောင်းလဲသွားခဲ့၏။ တစ်ဖက် လူသည် သာမန်လက်သီးချက်တစ်ခုကို ထုတ်ဖော်လိုက်သည့်ပုံပေါ်သော်လည်း ၎င်းတို့စီရင်ထားသည့် အစီအရင် ကြီးသည် တုန်ခါသွားခဲ့၏။ တစ်ဖက်လူ၏ အားအင်အဆင့်သည် ၎င်းတို့ မျှော်မှန်းထားသည်ထက် ပိုမို၍ အားကောင်းမှာ သေချာ၏။

“အားလုံးပဲ”

ဘိုးဘေးအကြီးအကဲများထဲမှ တစ်ယောက်သည် လေးနက်သည့်အသံဖြင့် ပြောလိုက်၏။ “လှုပ်ရှားကြရအောင်”

ဟူး ဟူး ဟူး ဟူး …..။

ချက်ချင်းပဲ အစီအရင်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်သွား၏။ ပြီးသည့်နောက် ပုံရိပ်ယောင်များအဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အရှေ့ဆီသို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် ထိုးနှက် တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။

“လာခဲ့စမ်း”

ခရမ်းရောင်ဘုရင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “အဆုံးထိ တိုက်ခိုက်ရအောင်”

ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့သည် တုန်ခါသွား၏။ တစ်ဖက်လူ၏ အသံနှင့်ပင်လျှင် သူတို့ စီမံထားခဲ့ သည့် အတားအဆီး အစီအရင်သည် လှုပ်ခါသွားခဲ့သည် မဟုတ်ပါလား။ တိုက်ခိုက်ချက်တွင်သာ မဟုတ် အသံတွင်ပါ အားကောင်းလှသည့် စွမ်းအင်များ ပါဝင်နေသည်ကို သူတို့ ပထမဦးဆုံးအကြိမ် ကြုံရခြင်းပင် ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း ……။

ပေါင်းစပ်ထားသည့် အစီအရင်ကြီးအတွင်းမှာတော့ ခရမ်းရောင်ဘုရင်သည် ၎င်း၏ အားအင်များကို အပြည့်အစုံ ထုတ်ဖော်ကာ တိုက်ခိုက်လျက်ရှိနေ၏။

အဝေးတစ်နေရာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မည်ဆိုလျှင် နေရာအနှံ့၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဘုန်း ဘုန်း ဘုန်း

စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့တွင် ပျံ့နှံ့လျက် ရှိနေပြီး မြေပြင်တစ်ခုလုံးသည် ချိုင့်ဝင်လျက် ရှိနေတော့၏။ ဤနေရာတွင် တိုက်ခိုက်နေကြသူများမှာ သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ ပင်ဖြစ်ကြ၏။ ၎င်းတို့အားလုံးသည် မတူညီသည့် ပုံပန်းသွင်ပြင်နှင့် မတ်တပ်ရပ်နေကြပြီး များပြားလွန်းလှသော စွမ်းအင်အမျိုးအစားအစုံတို့သည် တည်နေရာထဲတွင် ဖြစ်တည်နေ၏။

ခဏလောက် တိုက်ခိုက်ပြီးသည့်နောက် ၎င်းတို့ အားလုံးသည် မောပန်းတကြီးဖြင့် ရပ်တန့်လိုက်ကြသည်။

ဟူး ဟူး ဟူး

လေအေးများ တိုက်ခတ်ပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိနေသော ဖုန်များသည် ငြိမ်ကျ သွား၏။ ပထမဦးဆုံး အားလုံးသောသူများ၏ မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်မှာ အလွန်လေးလံလှသည့် အော်ရာများ ထုတ်ဖော်နေသည့် ရွှေရောင်ဒိုင်းကြီး တစ်ခုပင် ဖြစ်တော့သည်။ ဤဒိုင်းသည် ရှောင်ကျီ၏ ဒိုင်းကြီးပင် ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဒိုင်း၏ အနောက်တွင် ခပ်မတ်မတ် ရပ်လျက် ရှိနေ၏။

ရီရှင်းချန်နှင့် ဟယ်ဝူတီသည်လည်း ထိုနေရာတွင် တည်ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် လက်များကို ယှက်ကာ ဖြင့် လေထုထဲတွင် မတ်မတ် ရပ်နေကြ၏။ တစ်ယောက်သည် အေးစက်၍ မာနကြီးသည့်ပုံပန်းသွင်ပြင်မျိုးရှိပြီး တခြားတစ်ယောက်မှာတော့ တည်ငြိမ်ပြီး အေးစက်လျက် ရှိနေသည်။

၎င်းတို့၏ ရှေ့တွင် ရှိနေသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်တို့၏ အမူအရာများသည် လေးလေးနက်နက် ဖြစ်သွား ကြ၏။ ၎င်းတို့သည် အချိန်အတော်ကြာ စုဝေးပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ အကာအကွယ် အတားအဆီးအား တစ်ချက်ကလေးမှ မချိုးဖြတ်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ ဂုဏ်သိက္ခာသည် ကြီးကြီး မားမား ထိခိုက်နေပြီ ဖြစ်၏။

“ဂျူနီယာညီလေးတို့”

ရှောင်ကျီက ပြောလိုက်သည်။ “ငါ သူတို့ကို တောင့်ခံထားလိုက်မယ်။ မင်းတို့နှစ်ယောက် သွားပြီး အကြီးအကဲကျန့်ကို ကူညီကြ”

“မလိုဘူး”

ရီရှင်းချန်သည် အကာအကွယ်ပေးထားသည့် တည်နေရာဆီမှ လှမ်းလျှောက်ထွက်ပြီးသည့်နောက် သူ၏ ခါးတွင် ရှိနေသော ဝိုင်ထည့်သည့် ဘူးသီးခြောက်ကြီးကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီအမှိုက်ကို ကျုပ်ရဲ့ တာဝန် ထားလိုက်တော့”

“ကောင်းပါပြီ ဂျူနီယာညီလေး”

ရှောင်ကျီသည် ပြောပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ ဟယ်ဝူတီကို ခေါ်ဆောင်ကာ အဝေးဆီသို့ ထွက်ခွာသွားခဲ့တော့သည်။

ဖေးအားညို၏ အနောက်ဘက်တွင် ရှိနေသော အကာအကွယ် အတားအဆီး အစီအရင်သည် ချက်ချင်းပဲ ပျောက်ကွယ်သွား၏။ “ချီးတဲ့မှ... ထွက်သွားတာလည်း မြန်လိုက်ကြတာ”

“သွားကြတော့”

ဝှစ် ဝှစ် ဝှစ်

များပြားလှသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ အားလုံးသည် ဒုတိယအကြိမ်မြောက် ထပ်မံကာ တိုက်ခိုက် တော့၏။ တလက်လက် တောက်ပနေသော စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့တွင် ဖြစ်တည်လာခဲ့သည်။

“သေကြစမ်း” ရီရှင်းချန်သည် ၎င်း၏ ဝိုင်ဘူးသီးခြောက်ကြီးကို ပစ်လွှတ်ကာ အော်ဟစ်လိုက်၏။

ဟူး ဟူး ……။

လေထုထဲတွင်တော့ အဖြူရောင်ဝိုင်ဘူးသီးခြောက်ကြီးသည် မြန်မြန်ဆန်ဆန်ဖြင့် ပေါ်ထွက်လာခဲ့သည်။ ပြီးသည့် နောက် ဝိုင်ဘူးသီးခြောက်ကြီး၏ နှုတ်ခမ်းပေါက်ဝကြီးသည် လှည့်ပတ်လာပြီးသည့်နောက်မှာတော့ အထဲတွင် ရှိနေသည့် စွမ်းအင်လှိုင်းများ အားလုံးကို စုပ်ယူတော့သည်။

“ဒါ …. ဒါက” သိုင်းကျင့်ကြံသူ ဒါဇင်ကျော်တို့သည် အလုံးစုံ ဆွံ့အသွားခဲ့၏။

ဟူး ဟူး

ချက်ချင်းပဲ ဝိုင်ဘူးသီးခြောက်ကြီးသည် တည်နေရာတွင် ရပ်တန့်သွားပြီးသည့်နောက်မှာတော့ ၎င်းစုပ်ယူထားသည့် စွမ်းအင်များ အားလုံးကို ရုတ်တရက် ပြန်လည် ထုတ်ဖော်လိုက်သည်။

“မကောင်းတော့ဘူး။ မြန်မြန် ရှောင်ကြတော့”

ဘုန်း ဘုန်း ဘုန်း

သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် လျင်လျင်မြန်မြန်ဖြင့် ရှောင်ရှားလိုက်ကြသည် ဆိုသော်လည်း အချိန်ကိုက်တော့ မရှောင်ရှားနိုင်ခဲ့ကြချေ။ ထို့ကြောင့် စွမ်းအင်လှိုင်းများ ထိမှန်ခံရပြီး ကြိုးပြတ်သည့်စွန်ကဲ့သို့ လွင့်စင်ကြကုန်သည်။

“အမှိုက်တွေပဲ”

ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော ဝိုင်ဘူးသီး ခြောက်၏ ပထမဦးဆုံး တိုက်ခိုက်မှုပုံစံသည် တစ်ဖက်သောသူများ၏ ခေါင်းများကို အဓိကထားကာ တိုက်ခိုက်ခြင်း ဖြစ်၏။ သို့ပေမဲ့ ဒုတိယပုံစံမှာတော့ စွမ်းအင်များ အားလုံးကို စုပ်ယူပြီးသည့်နောက်မှာတော့ ထိန်းချုပ်ကာဖြင့် တခြားသောသူများကို ပြန်လည်ကာ တိုက်ခိုက်နိုင်ခြင်းပင် ဖြစ်၏။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ တုပြည်နယ်အတွင်းတွင် ရှိနေသော များပြားလှသည့်ဂိုဏ်းများသည် စစ်ကူအဖြစ် ရောက်ရှိလာကြ၏။ ၎င်းတို့အားလုံးသည် သိုင်းကျင့်သူတစ်သောင်းနီးပါးခန့်ပင် ရှိလာကြ၏။ သူတို့နယ်မြေဆီသို့ ရောက်ရှိပြီး ပြဿနာလာရှာကြသည်ဆိုမှတော့ ၎င်းတို့အားလုံးသည် တစ်ဖက်လူများကို အလွတ်မပေးရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

“သွားကြစို့” အကြီးအကဲများထဲမှ တစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

ဆွစ် ဆွစ် ဆွစ်

တုနယ်မြေအတွင်းတွင် ရှိနေသော များပြားလှသော ဂိုဏ်းများမှ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများသည် ရှေ့ဆီသို့ ပျံသန်းလာပြီးသည့်နောက်မှာတော့ ရီရှင်းချန်အား အလွှာကြီးသုံးခုအဖြစ်ပင် ဝိုင်းရံလိုက်ကြ၏။ ဤလူအရေအတွက်သည် အလွန်တရာ များပြားလွန်းလှသည်။

ရီရှင်းချန်သည် မောက်မာကာ မောက်မာပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အနည်းငယ် စိတ်မသက်မသာ ခံစားနေရ၏။ သူရင်ဆိုင်နေရသည့် လူများသည် များပြားလွန်းနေသည် မဟုတ်ပါလား။

“ဂျူနီယာညီလေး”

ရုတ်တရက် ကောင်းကင်ယံဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ငါတို့ ရောက်လာပြီ”

ဝှစ် ဝှစ် ……။

လီချင်းယန် ဦးဆောင်သော ပြိုင်စံရှားဂိုဏ်းမှ အတွင်းစည်းတပည့်များသည် အလွန်တရာ မြန်ဆန်သည့် နှုန်းထားဖြင့် ပျံသန်းရောက်ရှိလာခဲ့၏။ မဲနက်နေသည့် တိမ်ပေါ်တွင်တော့ သံမဏိကဲ့သို့ မာကျောလှသည့် အရှိန် အဟုန်များ ဖြစ်ပေါ်လာခဲ့၏။

“ဂျူနီယာညီလေး... ငါတို့ ရောက်လာကြပြီ”

စုရှောင်မို၊ လီဖေး၊ ထျန်းချီနှင့် တခြားသောလူများသည် သံပြိုင် အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ အသံသည် တည်နေရာတစ်ခုလုံးကို ပျံ့လွင့်ပြီး တောင်များ၊ ချောင်းများကိုပင် လှုပ်ခါသွားစေသည်။

ရီရှင်းချန်သည် ကြောင်အသွား၏။ သူအန္တရာယ်နှင့် တွေ့ရသည့်အချိန်တွင် သူ၏ရောင်းရင်းများသည် ရောက်ရှိ လာကာ ကူညီခြင်းကို ပြုမူကြ၏။ ဤခံစားချက်သည် အလွန်ပင် ကောင်းမွန်လွန်းပေသည်။ ညအင်ပါယာ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။

ဟူး ဟူး

အကန့်အသတ်မဲ့စွာ များပြားလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့ပြီး သူ၏ရောင်းရင်း ဂိုဏ်းတူဂိုဏ်းသားအားလုံးသည် သူ့ကို လာရောက်ကာ ကူညီနေ၏။ ထို့ကြောင့် သူသည် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်မိသည်။

“ကျုပ်က တစ်ယောက်တည်း မဟုတ်တော့ဘူး”

ဝှစ် ဝှစ်

ရေတွက်လို့ မရအောင် များပြားလွန်းလှသော သက်တန့်ရောင်စဉ်များသည် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက် ပြီးသည့်နောက်မှာတော့ ရီရှင်းချန်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။

ဝှစ် ဝှစ် ဝှစ်

လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသောသူများ အားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းရောက်ရှိ လာပြီးသည့်နောက်မှာတော့ ဖေးအားညို၏ အနောက်ဘက်တွင် မတ်မတ်ရပ်လိုက်ကြ၏။ လက်ရှိအခြေအနေမှာ တော့ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် အရှိန်အဟုန်နှင့် အရှိန်အဝါများအားလုံးသည် တစ်ဖက်လူများ အားလုံးအနေနှင့် ဖြိုလဲ၍ မရနိုင်သည့်အရာများကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့သည်။

All Chapters