← Chapters

အခန်း (၁၂၆၇ - က)

Vol. 85 Ch. 1267

အခန်း (၁၂၆၇ - က)

Vol. 85 Ch. 1267

ကျွင်းချောင်ရှောင်းအနေနှင့် အရှေ့ဘက်ပင်လယ်နှင့်အနောက်ပိုင်းပင်လယ်ဆီသို့ သွားရောက်ခဲ့ဖူး၏။ သို့ပေမဲ့ သူသည် တောင်ပိုင်းပင်လယ်တုနယ်မြေဆီသို့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။ သို့ပေမဲ့ ယနေ့မှာတော့ လီချင်းယန်ဦးဆောင်သော ၎င်း၏ အတွင်းစည်းတပည့်များအားလုံးသည် ဂိုဏ်းချုပ်ကိုယ်စား ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်၏။

“ဂျူနီယာညီလေး … ငါတို့အားလုံး ရာက်လာပြီ။”

ထိုအော်သံသည် ကောင်းကင်နယ်မြေကြီးတစ်ခုလုံးကိုပင် တုန်ခါလျက်ရှိနေစေသည်။

“ဒီလူတွေ ဘယ်သူတွေလဲ။”

များပြားသည့်အလင်းတန်းများအားလုံးသည် ပျံသန်းရောက်ရှိသည်ကို မြင်ရသည့်အချိန်မှာတော့ ဂိုဏ်းအသီးသီး တွင် ရှိနေသော ကျွမ်းကျင်သူများ အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ သူတို့သည် ရှိရှိသမျှသော အဓိကဂိုဏ်းများ၏ တပည့်များကို ခေါ်ထုတ်ကာဖြင့် ပြင်ပလူများနှင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်၏။

လက်ရှိအခြေအနေမှာတော့ အလွန်အားကောင်းလှသော လူသုံးရာခန့်တို့သည် ပျံသန်းရောက်ရှိလာသည်ကို မြင်လိုက်ကြရ၏။ အလင်းတန်းများသည် တဖြည်းဖြည်းရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ အလွန်တရာ အားကောင်းလှသည့် အရှိန်အဟုန်များကို ထုတ်ဖော်ထားသည့်လူများအဖြစ် သူတို့၏ မြင်ကွင်းရှေ့တွင် ပေါ်လာကြသည်။

ဝှစ် ဝှစ် ဝှစ်

လီချင်းယန်နှင့်တစ်ခြားသောသူများသည် ရီရှင်းချန်ဆီသို့ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ သည့်အော်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး တောင်ပိုင်းပင်လယ်တုနယ်မြေတွင်ရှိနေသော လူများ အားလုံးအနေနှင့် ဤလူများမှာ အလွန်တရာအားကောင်းလှသည့်လူများဖြစ်မှန်း သိသွားကြ၏။

အတိတ်တုန်းကသာဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ အားနည်းလွန်းခဲ့၏။ ဟောင်ရန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများ လာရောက်ကျူးကျော်သည့်အချိန်က သူတို့သည် မည်သည့်ကျင့်ကြံခြင်းအဆင့်မှ မရှိသော အကြီးအကဲဝေကို ထုတ်ဖော်ကာ အားကိုးခဲ့ရဖူး၏။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ အားကောင်းလွန်းနေခဲ့၏။ အတွင်းစည်းတပည့်များ အားလုံးသည် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီး ဂိုဏ်းထဲတွင် များပြားလွန်းလှသော သိုင်းဘုရင်များ တည်ရှိနေ၏။

တောင်ပိုင်းပင်လယ်တုနယ်မြေတွင်ရှိသော ဂိုဏ်းများမှာတော့ မည်သို့ဖြစ်သနည်း။ ၎င်းတို့အားလုံးသည် မည်မျှ အားကောင်းသည်ဆိုဆို ပြိုင်စံရှားဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးတော့ မရှိကြချေ။

လက်ရှိအခြေအနေတွင် ညအင်ပါယာ၏ အနောက်ဘက်တွင် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် သိုင်းကျင့်ကြံသူများသည် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းတို့အားလုံးသည် တောင်ပိုင်းပင်လယ်တုနယ်မြေမှ လူများအားလုံးအား မောက်မာခြင်း၊ အထင်မြင်သေးခြင်းစသည့် ဟန်အမူအရာများနှင့် ရပ်လျက်ရှိနေကြသည်။

ဤအရာသည် အလွန်အားကောင်းလှသည့် ဂိုဏ်းတစ်ခု၏ အခြေခံပင် ဖြစ်တော့သည်။ တစ်ချိန်က မည်သည့်အဆင့်မှ မရှိသော အဆင့်ကိုးဂိုဏ်းသည် လက်ရှိအခြေအနေမှာတော့ အလွန်တရာခမ်းနားပြီး အားကောင်းလွန်းလှသော အရှိန်အဝါများကို ထုတ်ဖော်နိုင်သည့် ဂိုဏ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

လက်ရှိအခြေအနေတွင် အားကောင်းလွန်းလှသော တပည့်များအားလုံးသည် စုဝေးရောက်ရှိနေခဲ့ကြပြီးဖြစ်၏။ ကောင်းကင်ပေါ်တွင် ရှိနေသော ဂိုဏ်းခေါင်းဆောင်ဝမ် သည် ဤမြင်ကွင်းကို မြင်သည်ဆိုပါက ကျိန်းသေပေါက် ဂုဏ်ယူဝင့်ကြွား နေမှာ သေချာသည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ပျံသန်းရောက်ရှိလာသည့်အချိန်တွင်တော့ ကောင်းကင်ယံတစ်ခုလုံးတွင် ကြီးမားလှ သည့် အရှိန်အဟုန်ကြီး ဖြစ်တည်လာခဲ့တော့၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထွက်ပေါ်နေသည့် အော်ရာများ သည် သံမဏိကဲ့သို့ မာကျောလှသည့် စိတ်ဓာတ်၏ အဟုန်ကို ထုတ်ဖော်ပြသလျက်ရှိနေ၏။

ထိုအရှိန်အဝါများသည် တောင်ပိုင်းပင်လယ်တုနယ်မြေတွင် ရှိနေသော ကျွမ်းကျင်သူများအားလုံးကို ရူးသွပ်သွားစေခဲ့၏။ ရောက်ရှိလာသည့် လူများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

နောက်ဆုတ်ရမည်လား။ ဤသို့ နောက်ဆုတ်ရန် နောက်ကျလွန်းနေပြီဖြစ်၏။

ဘုန်း

လက်ရှိအခြေအနေမှာတော့ နားကွဲလောက်အောင် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်ခုသည် အဝေးဆီမှ ဖြစ်တည်လာခဲ့သည်။ အတွင်းခံအနီကို ဝတ်ဆင်ထားသည့် ခရမ်းရောင်ဘုရင်သည် ကြမ်းတမ်းလွန်းလှသည့် စွမ်းအင် လှိုင်းများကို ထုတ်ဖော်ပြီးနောက် ၎င်း၏ ငရဲဒေါသလက်အိတ်ကို အသုံးပြုကာဖြင့် စွမ်းအားမြင့်ကျင့်ကြံ သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေလေသည်။

ဖူး ဖူး …။

ချီရှင်းနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ေ၎င်းတို့ပေါင်းစပ်ထားသည့် အစီအရင်သည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ခရမ်းရောင်ဘုရင်၏ မာကျောမှုကို မတွန်းလှန်နိုင်ခဲ့ကြချေ။ ထို့ကြောင့် အလုံးစုံသောစွမ်းအင်၏ အောက်တွင် ဖျက်ဆီးခြင်းကို ခံခဲ့ရလေသည်။

သို့ပေမဲ့ ၎င်းတို့ ခုနှစ်ယောက်အား ပိုမို၍ တုန်လှုပ်စေသည်မှာ မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိနေသော လူငယ်လေး တစ်ယောက်သည် သူတို့၏ မြင်ကွင်းရှေ့တွင် ရုတ်တရက်ပေါ်ပေါက်လာခြင်းပင် ဖြစ်၏။ ထိုသူသည် ရှည်လျား လှသည့်လက်သည်းများကို ထုတ်ဖော်ကာဖြင့် ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ အော်ကာ တိုက်ခိုက်လာ၏။

“သေကြစမ်း။ ဘယ်ကောင်က သတ္တိရှိတာလဲ။”

“မကောင်းတော့ဘူး။”

ဘုန်း

ဘိုးဘေးအကြီးအကဲကြီးမှ တစ်ယောက်သည် ရှောင်ရှားနိုင်ခြင်းမရှိတော့ဘဲ ချက်ချင်းပဲ နဂါးလေး၏ တိုက်ခိုက်မှုကို ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားခဲ့၏။ တစ်ခြားသောဘိုးဘေးအားလုံး၏ မျက်နှာများသည်လည်း ပျက်ယွင်းသွားခဲ့သည်။

ဟဲ ဟဲ ဟဲ

ရုတ်တရက်ဆိုသလိုပဲ ၎င်းတို့၏ နားထဲတွင် ရယ်သံတစ်ခုထွက်ပေါ်လာ၏။ လှည့်၍ ကြည့်လိုက်သည့်အချိန်တွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာ ရှိသော မိန်းကလေးတစ်ယောက်သည် သူတို့၏ အနောက်သို့ ရောက်ရှိနေကြောင်းကို သိရှိလိုက်ရ၏။

သူမသည် သေးငယ်လှသည့်လက်များကို အသာမြှောက်လိုက်သည့်အချိန်မှာတော့ ငှက်မွေးများကဲ့သို့ အလင်းတန်းများသည် မည်သည့်နေရာကမှန်း မသိဘဲ ပေါ်လာခဲ့သည်။

“ဒီကောင်လေးကို ရှင်းပစ်လိုက်မယ်။”

ဆွစ် ဆွစ် ဆွစ်

ကောင်းကင်ယံတစ်ခုလုံးတွင် ငှက်မွေးများနှင့် ပြည့်နှက်သွားခဲ့ပြီးသည့်နောက်မှာတော့ ထက်ရှလွန်းသည့် မြားများ ကဲ့သို့ လူတစ်စုဆီသို့ ဝင်ရောက်သွား၏။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ယံအထက်တွင် ပေါက်ကွဲသံများ အတွဲလိုက်ဖြစ်ပေါ်နေသည်။ စွမ်းအင်လှိုင်းများမှာ အလွန်တရာ အားကောင်းလွန်းသောကြောင့် တည်နေရာကြီးသည် မည်သို့မှ မခံစားနိုင်ဘဲ စတင်ကာ ပြိုလဲလာသည်။

ဝှစ် .. ဝှစ် ….။

ဤပေါက်ကွဲလျက်ရှိနေသော တည်နေရာအထဲမှာတော့ ဘိုးဘေးအကြီးအကဲ ခုနှစ်ယောက်တို့သည် ဆိုးဆိုးရွားရွား ပုံပန်းသွင်ပြင်မျိုးဖြင့် လွင့်စင်လျက်ရှိနေ၏။ ၎င်းတို့၏ အမြင်အရဆိုလျှင် နဂါးလေးနှင့်ရှောင်မိုရှမ်တို့သည် အလွန်တရာ အားကောင်းလွန်းနေ၏။

ဟူး ဟူး

ဘိုးဘေးအကြီးအကဲတစ်ယောက်သည် မနည်းကြိုးစားရုန်းကန်ကာဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက် သည့်အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် မိစ္ဆာအော်ရာများသည် သူ့အား ရုတ်တရက် ရစ်နှောင်သွားသည်။ ရတနာငါးပါးလက်ဝါးသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာသည်။

ဘုန်း

မြေပြင်တစ်ခုလုံး ရုတ်တရက် ချိုင့်ဝင်သွားပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံး ဖုန်အလိပ်လိပ် ဖြစ်တည် သွားသည်။ တင်းရှင်းဝမ်သည် လက်နှစ်ဖက်ကို အနောက်ပစ်ပြီးသည့်နောက် ကောင်းကင်၏ အမြင့်တစ်နေရာတွင် မတ်တပ်ရပ်နေ၏။ သူသည် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်၏။ “တစ်ယောက်မှ လွတ်မြောက်ဖို့ မစဉ်းစားနဲ့။”

ဟုတ်ပေသည်။ တစ်ခြားသော ဘိုးဘေးအကြီးအကဲများသည်လည်း မလွတ်မြောက်နိုင်ခဲ့ကြချေ။ အဘယ့်ကြောင့်ဆို သော် နဂါးလေး၊ ရှောင်မိုရှမ်း၊ နင်ညီအစ်ကို၊ အဘိုးကြီးကုန်း နှင့် တစ်ခြားသော အထက်ပိုင်း အကြီးအကဲများအားလုံးသည် ထိုသူတို့နောက်ကို လိုက်ပါကာ သတ်ဖြတ်နေသောကြောင့်ပင် ဖြစ်သည်။

ဤကဲ့သို့သော ပြဿနာကြီး၏ အစသည် ယင်ယန်ဂိုဏ်းကြောင့်ပင် ဖြစ်၏။ ယင်ယန်ဂိုဏ်းသည် ကြီးမားလှသည့် ပြဿနာသေးသေးလေးမှတဆင့် တည်နေရာကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားနိုင်စွမ်းရှိသည့် ပြဿနာကြီးတစ်ခုကို ဆင့်ခေါ်လာခဲ့သည်မှန်း မသိရှိခဲ့ကြချေ။

…

ယင်ယန်ဂိုဏ်း

ဤဂိုဏ်းသည် ယင်ယန်ကို အဓိကလေ့ကျင့်သည့် ဂိုဏ်းတစ်ခုဖြစ်၏။ ကုန်းမြေတိုက်ကြီး၏ သတ်မှတ်ချက်အရ ဆိုလျှင် ၎င်းတို့သည် အဆင့်ငါးဂိုဏ်းလေးတစ်ခုမျှသာဖြစ်၏။ ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်သည် ထူးဆန်းလွန်း လှပြီး အမျိုးသားနှင့်အမျိုးသမီးနှစ်ယောက်တို့ ပေါင်းစပ်၍ ကျင့်ကြံရသော ယင်ယန်နည်းစနစ်ကို အဓိကထား၏။

ထို့ကြောင့် အချိန်ခဏကြာလျှင် တစ်ခါဆိုသလို ၎င်းတို့သည် သင့်တော်သည့် အမျိုးသမီးများကို ရှာဖွေနိုင်ရန်အတွက် ကုန်းမြေတိုက်ကြီးဆီသို့ လူများကို စေလွှတ်ကာ ဖမ်းဆီးခြင်းပြုလုပ်သည်။ ဤအရာသည် ဆိုးရွားလွန်းသည့် မိစ္ဆာ အတတ်ပညာများ မဟုတ်သည့်အပြင် ဖမ်းဆီးခံရသော အမျိုးသမီးများသည် အကျိုးကျေးဇူးကို ရရှိကြ၏။ ထို့ကြောင့်ပင်လျှင် မိစ္ဆာဂိုဏ်းဟု ခေါင်းစဉ်အတပ်မခံရချေ။

ထို့ကြောင်ပင်လျှင် ဤတောင်ပိုင်းပင်လယ်တုနယ်မြေထဲတွင် နှစ်ပေါင်းတစ်ထောင်ကျော်နီးပါးခန့် တည်ရှိနေခဲ့ခြင်းပင် ဖြစ်၏။ မကြာသေးသည့်အချိန်အခါက ယင်ယန်ဂိုဏ်းသည် အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီသော အမျိုးသမီး တစ်ဒါဇင်ကျော် တို့ကို ကုန်းမြေတိုက်ကြီးဆီမှ ထုံးစံအတိုင်း သွားရောက်ဖမ်းဆီးခဲ့သည်။

၎င်းတို့အနေနှင့် တပည့်များဆီသို့ ဖြန့်ဝေခြင်းကို မပြုလုပ်ရချိန်မှာဘဲ ရင်းနှီးမှုမရှိသည့် သိုင်းကျင့်ကြံသူ အနည်းငယ် တို့သည် ၎င်းတို့ဆီသို့ ရောက်ရှိလာခဲ့၏။

အဆင့်ငါးဂိုဏ်းတစ်ခု ဆိုသည်မှာ အလွန်အားကောင်းလှသည်ဟု သတ်မှတ်ခံထားရသည် ဖြစ်သောကြောင့် ခွင့်ပြုချက်မရှိဘဲ တစ်ခြားသူများ ဝင်ရောက်မေးမြန်းလာသည်ကို မည်သို့သည်းခံရမည်နည်း။

တိုက်ခိုက်ရမည်။ ၎င်းတို့အနေဖြင့် ကျိန်းသေပေါက် တိုက်ခိုက်ရမည်ဖြစ်၏။ သို့ပေမဲ့ ဤလူစိမ်းများကို သူတို့သည် အနိုင်မယူနိုင်ခဲ့ကြချေ။ ဂိုဏ်းတစ်ခုလုံးစုတ်ပြတ်သပ်သွားခဲ့၏။

တောင်ပိုင်းပင်လယ်တုနယ်မြေထဲတွင် နေထိုင်တာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ယင်ယန်ဂိုဏ်း သည် အခြားသောဂိုဏ်းများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်၏။ ထို့ကြောင့်ပင်လျှင် အကူအညီများကို ဖိတ်ခေါ်ခဲ့သည်။

များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများသည် လာရောက်ကာ ကူညီကြ၏။ သို့သော်ငြား လူစိမ်းများသည် အလွန်တရာ အားကောင်းလွန်းသောကြောင့် ကူညီရန်လာရောက်သည့်သူအားလုံးပင်လျှင် ရိုက်နှက်ခံခဲ့ရ၏။

ထို့ကြောင့်ပင်လျှင် အကူအညီများကို ဆက်တိုက်ဆိုသလို ဆင့်ကာဆင့်ကာ ခေါ်ခဲ့ရ၏။ နောက်ဆုံးမှာတော့ တောင်ပိုင်း ပင်လယ်တုနယ်မြေတစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်ကုန်တော့၏။ နောက်ဆုံး ကြီးမားသည့် ဂုဏ်သရေ ကို ပိုင်ဆိုင်သည့် ချီရှင်းနန်းတော်ပင်လျှင် မနေနိုင်တော့ဘဲ ပါဝင်ပတ်သက်လာခဲ့ရသည်။

အနှစ်ချုပ်ရမည်ဆိုလျှင် သေးငယ်သောကိစ္စရပ်လေးတစ်ခုမှသည် ကြီးမားလှသည့် ကိစ္စရပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်ဖြစ်၏။

ယင်ယန်ဂိုဏ်းဆီသို့ ချိုးဖောက်ဝင်ရောက်လာသည့် လူစိမ်းများမှာတော့ ခရမ်းရောင်ဘုရင်နှင့် တစ်ခြားသော သူများပင် ဖြစ်တော့၏။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ယွမ်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော ကျန့်ရာသည် ၎င်းရင်းနှီးနေသည့် ပုံပန်းသွင်ပြင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ သူသည် သူ၏ အစ်မ နှင့် အချိန်အတော်ကြာ ခွဲခွာနေခဲ့သည်ဖြစ်သော်လည်း သူမ၏ ပုံပန်းသွင်ပြင်မှာ နှလုံးသားထဲတွင်ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ချေ။

ထို့ကြောင့်ပင်လျှင် ယင်ယန်ဂိုဏ်းဆီသို့ ရောက်ရှိလာပြီး အချုပ်ခန်းတံခါးဆီသို့ ဖွင့်လိုက်သည့်အချိန်မှာတော့ ထောင့်တည်နေရာတစ်ခုတွင် ကွေးကွေးလေးနှင့် တုန်ယင်လျက်ရှိနေသည့် အမျိုးသမီးကို မြင်လိုက်ရ၏။

သူသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာတွင် ရုတ်တရက်ရပ်တန့်သွားမိတော့၏။ သူမ၏ဆံပင်များသည် ပွစာကျဲလျက်ရှိပြီး မျက်နှာတစ်ခုလုံးသည်လည်း ဖြူရော်လျက်ရှိနေသည်။ မျက်လုံးများသည် အသက်မဲ့သလိုဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်နေသည်။

ကျန့်ရာ၏ ဦးခေါင်းတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားမလို ခံစားလိုက်မိ၏။ သူသည် ကြမ်းတမ်းလွန်းသော စွမ်းအင်လှိုင်းများကို ညာဘက်လက်တွင် စုစည်းကာဖြင့် အချုပ်ခန်းတံခါးကြီးကို ဖျက်ဆီးခဲ့သည့်အပြင် ယင်ယမ်ဂိုဏ်း၏ အဆောက်အဦများကို ဆက်တိုက်ပင် ဖျက်ဆီးတော့၏။

တည်နေရာထဲမှ လှမ်းလျှောက်ထွက်ခွာလာပြီးသည့်နောက်မှာတော့ သတ်ဖြတ်လိုခြင်း ္ဒ အပြည့်ဖြင့် ပြောလိုက်တော့သည်။ “ငါ့ရဲ့အစ်မကြီးကို ဘယ်ကောင်က နာကျင်အောင်လုပ်ရဲတာလဲ။ ဒါကို ခွင့်လွှတ်ပေးလို့မရဘူး။”

“……….”

ရှောင်ကျီ၊ ရီရှင်းချန်နှင့် တစ်ခြားသောသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ အချုပ်ခန်းထဲတွင် ပက်ပက်စက်စက် ရိုက်နှက်၍ အနိုင်ကျင့်ခံထားရသည့် သနားစရာ အမျိုးသမီးတစ်ယောကို ချီလာသော ကျန့်ရာကို မြင်လိုက်သည့်အချိန်မှာတော့ ၎င်းတို့၏ မျက်လုံးများသည် စူးရှသည့် သတ်ဖြတ်လိုခြင်းများနှင့် ပြည့်နှက်သွားတော့၏။

လေထုထဲတွင်ရှိနေသော ခရမ်းရောင်ဘုရင်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ယင်ယန် ဂိုဏ်းဆိုတာ ရှိဖို့ မလိုအပ်တော့ဘူး။ ပြိုင်စံရှားဂိုဏ်း စိတ်ဝိညာဉ်သားရဲဟောခန်း၏ ဟောခန်းသခင် တစ်ယောက်အနေနဲ့ ဒီဂိုဏ်းကို ချက်ချင်းဖျက်ဆီးပစ်ဖို့ စစ်ကြေညာတယ်။”

…

ထို့ကြောင့်ပင်လျှင် အားလုံးသောသူများသည် ယင်ယန်ဂိုဏ်းကို ဝင်ရောက်ကာ ဖျက်ဆီးကြတော့၏။ ယင်ယန်ဂိုဏ်း တစ်ခုလုံး အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည့်အချိန်မှာတော့ ကျန့်ရာသည် ဖုန်များအလိမ့်လိမ့်နှင့် သူ၏ ညီမလေးကို ပွေ့ကာ ထွက်ခွာလာခဲ့၏။

“မင်းက ဘယ်သူလဲ။”

“ကျန့်ရာလေ။”

“မင်းကို ငါမသိဘူး။ ဘာလို့ ငါ့ကို ခေါ်လာတာလဲ။”

“အိမ်ကို ပြန်ခေါ်သွားမလို့ပေါ့။”

“အိမ် ဟုတ်လား။ ဒါနဲ့ မင်း ဘာလို့ငိုနေတာလဲ။”

ကျန့်ရာသည် ရပ်တန့်လိုက်မိ၏။ သူသည် ခံစားချက်များကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ပေ။ သူ၏ နှစ်ကာလရှည်ကြာ ပျောက်ဆုံးနေသော အစ်မကြီးကို အသာဖက်ကာဖြင့် ငိုယိုလျက်ရှိ၏။

“ကောင်းကင်ဘုံ။ ဘာလို့ ကျုပ်ကို ဒီလိုကိစ္စမျိုးလုပ်ရတာလဲ။”

“ဟေ့ကောင်။”

ရုတ်တရက် အေးစက်သည့် လေသံတစ်ခုသည် သူ၏အနောက်ဘက်ဆီမှ ပေါ်ပေါက်လာခဲ့တော့၏။ “တုနယ်မြေမှာရှိတဲ့ ကျုပ်တို့ရဲ့ဂိုဏ်းကို ဖျက်ဆီးတဲ့အတွက် မင်းသေဖို့သင့်ပြီ။”

ဝှစ် ဝှစ် …..။

အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ကောင်းကင်ယံဆီမှ ပျံသန်းလာ၏။ ထိုသူသည် ညာဘက်လက်ကို မြှောက်ကာဖြင့် အားကောင်းလှသည့် လက်ဝါးရိုက်ချက်ကြီးကို ထုတ်ဖော်တော့သည်။

ဘုန်း

ယိုင်တိုင်တိုင်ဖြစ်နေသော ယင်ယန်ဂိုဏ်း၏ အဆောက်အဦများအားလုံးသည် ထပ်မံကာပြိုလဲသွား၏။ များပြားလှ သည့် အဆောက်အဦများအားလုံးသည် ပြာပုံအမှုန့်အဖြစ်သို့ပင် ပြောင်းလဲနေပြီဖြစ်၏။

စွမ်းအင်လှိုင်းများ အားလုံး ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ကျန့်ရာသည် ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်တန့်လျက် ရှိနေပြီး ရှောင်ကျီသည် ၎င်း၏အနောက်ဘက်တွင် ဒိုင်းကြီးတစ်ခုအဖြစ် ကာကွယ်ထားခဲ့တော့၏။ သူ၏ခြေထောက်များသည် မြေကြီးထဲသို့ နစ်ဝင်လျက်ရှိသည်ဆိုသော်လည်း မျက်နှာမှာတော့ အပြုံးတစ်ခု ဖြစ်တည်နေသည်။

All Chapters