← Chapters

အခန်း (၁၂၆၇ - ခ)

Vol. 85 Ch. 1267

အခန်း (၁၂၆၇ - ခ)

Vol. 85 Ch. 1267

“ဟမ်”

အဘိုးအိုက မျက်မှောင်ကုတ်လိုက်သည်။

“ပြိုင်စံရှားဂိုဏ်းနဲ့ ယင်ယန်ဂိုဏ်းထဲမှာ ရန်ငြိုးတစ်ခုရှိတယ်။ ခင်ဗျားတို့က ဒီကြားထဲကို တကယ်ပါဝင်ပတ်သက် ချင်နေတာလား။” ဟယ်ဝူတီ၏ အသံသည်ထွက်ပေါ်လာခဲ့၏။

၎င်းတို့နှစ်ယောက်သည် ရီရှင်းချန်ကို စွန့်ခွာပြီးသည့်နောက်မှာတော့ အကြီးအကဲကျန့်အား လာရောက်ကူညီပြီး ယင်ယန်ဂိုဏ်းဆီသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

ထင်မှတ်ထားသည့်အတိုင်းပင် ကျန့်ရာသည် သူ၏ အစ်မကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သောကြောင့် သူတို့အနေနှင့် ကျိန်းသေပေါက် ကြီးမားသည့်ကလဲ့စားကို ချေရပေတော့မည်။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား။”

အဘိုးအိုသည် စူးရှသည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။ “နာမည်မရှိတဲ့ ဂိုဏ်းတစ်ခုက ဒီနယ်မြေကို လာပြီးတော့ ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်ဆောင်ချင်နေတာလား။”

သူ့အနေနှင့် အဓိကကုန်းမြေဆီသို့ မရောက်တာ အချိန်အတော်ကြာမြင့်ပြီဖြစ်သော်လည်း နာမည်ကျော်ကြားသည့် ဂိုဏ်းများကိုတော့ ကြားဖူးပြီးဖြစ်၏။ ပြိုင်စံရှားဂိုဏ်းကိုတော့ သူတစ်ခါမှ မကြားခဲ့ဖူးချေ။

“နာမည်မရှိတဲ့ ဂိုဏ်းတစ်ခု ဟုတ်လား။”

ဟယ်ဝူတီက ပြောလိုက်သည်။ “ခင်ဗျားက တကယ့်ကို အသိအမြင် မကြွယ်ဝသေးတာပဲ။”

သူသည် ရုတ်တရက် ပြောဆိုရာမှ ရပ်တန့်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အဝေးတစ်နေရာတွင် များပြားလှသည့် သူ၏ ဂိုဏ်းတူရောင်းရင်းများ ရောက်ရှိလာခဲ့ပြီးသည့်နောက် ပတ်ဝန်းကျင်တွင် ရှိနေသော ရန်သူများကို တိုက်ခိုက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ပြုံးလိုက်မိ၏။

အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည်လည်း ထိုအချင်းအရာကို သတိပြုမိသည်။ သူသည် မျက်လုံးအပြူးသားဖြစ်သွား မိ၏။ အထူးသဖြင့် ချီရှင်းနန်းတော်တွင်ရှိနေသော ဘိုးဘေးအကြီးအကဲကြီး ခုနှစ်ယောက်တို့ ရိုက်နှက် နှိပ်စက်ခြင်းကို ခံနေရကြောင်း မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသားများသည် တင်းကြပ် သွားခဲ့သည်။

“ခင်ဗျားမြင်လား။”

ဟယ်ဝူတီက ပြောလိုက်၏။ “ဒါက ခင်ဗျားမျက်လုံးရှေ့မှာရှိနေတဲ့ နာမည်မရှိတဲ့ ပြိုင်စံရှားဂိုဏ်းပဲ။”

……

ဆံပင်အဖြူနှင့် အဘိုးအို၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိနေ၏။ သူ့အနေနှင့် အဓိက ကုန်းမြေဆီသို့ မရောက်တာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေး၏။ သို့ပေမဲ့ ဤမျှအားကောင်းသည် လူများတည်ရှိနေသည့် ဂိုဏ်းတစ်ခုသည် မည်သည့်နေရာက ပေါ်ပေါက်လာရသနည်း။

ဒွီ ဒွီ ဒွီ

ထိုအချိန်မှာတော့ မြေပြင်တစ်ခုလုံးတုန်ခါလျက်ရှိနေပြီး အဝေးတစ်နေရာတွင် ဖုန်များအလိပ်လိပ်ဖြစ်တည်နေ၏။ မကြာခင်ကြီးမားလှသည့် မုန်တိုင်းကြီး တိုက်ခိုက်တော့မည်သကဲ့သို့ပင်။

အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် မျက်လုံး အပြူးသားဖြစ်မိနေသည်။

အဘယ့်ကြောင့်ဆိုသော် ဖုန်များထဲမှာတော့ ကြမ်းတမ်းလှသည့် သားရဲရိုင်းများကို စီးနင်းထားသည့် သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဝင်ရောက်လာကြသောကြောင့်ပင်။

“မြားတွေပြင်တော့။” ကျုံးရီက အော်ဟစ်လိုက်၏။

သားရဲစီးဟောခန်းထဲတွင်ရှိနေသော အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ နောက်ကွယ်တွင် ရှိနေသော နဂါးသွား လေးကို ထုတ်ယူကာဖြင့် မြားများနှင့် အဆင့်သင့် ပြင်ထားကြသည်။

ဆွစ် ဆွစ် …။

သေသေချာချာ လေ့ကျင့်သင်ကြားပေးထားသော ဟာရီကိန်းဝံပုလွေစီးတပည့်များအားလုံးသည် အမှန်ပင် ကျွမ်းကျင်စွာ လေ့ကျင့်ထားကြသူများဖြစ်သည်မို့ အချိန်ကိုက် လုပ်ဆောင်နိုင်စွမ်းရှိနေကြ၏။

“ချီးတဲ့မှ။ ဘာတွေဖြစ်ကုန်ပြီလဲ။ နောက်ကိုဆုတ်။ နောက်ကိုဆုတ်။”

ချက်ချင်းပဲ ဂိုဏ်းအသီးသီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် အနောက်ဘက်ဆီသို့ လှည့်ကာ ဖြင့် နေရာအနှံ့ဆီသို့ ပြေးတော့၏။ သူတို့အနေနှင့် ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော စွမ်းအားမြင့်သားရဲများကို ကြောက်ရွံ့၍ မဟုတ်ချေ။ သူတို့ကြောက်ရွံ့လှသည်မှာ ထိုသားရဲများကို စီးလာခဲ့သည့် လူများအားလုံးသည် သိုင်းဘုရင်များ ဖြစ်နေသောကြောင့်ပင်။

သိုင်းဘုရင်တစ်ရာကျော်ဆိုသည်ကို သူတို့လက်ခံနိုင်သေး၏။ ယခု ရောက်ရှိလာသည့်လူများသည် သိုင်းဘုရင် တစ်ထောင်ကျော်နီးပါးခန့်ဖြစ်၏။ သူတို့ မည်သို့ ဆက်လက်ကာ တိုက်ခိုက်ရမည်နည်း။

ချီရှင်းနန်းတော်၏ ဘိုးဘေးအကြီးအကဲတစ်ချို့သည် သားရဲစီးဟောခန်းမှလူများ ရောက်ရှိလာသည်ကို မြင်ရသည့် အချိန်မှာတော့ စိတ်ထဲမှာ အော်ဟစ်လိုက်မိ၏။ “ဒါ ဘယ်လိုသောက်တလွဲ မွန်းစတားကောင်တွေပါလိမ့်။”

သားရဲစီးဟောခန်းမှလူများ ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အရှိန်အဟုန်သည် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့တော့သည်။ တုနယ်မြေတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ဖနှောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြကုန်၏။

“အားလုံးပဲ။”

ယွမ်သခင်လေးသည် အဓိကတောင်ထွတ်၏ အပေါ်တွင် မတ်တပ်ရပ်နေ၏။ သူသည် ဂိုဏ်းချုပ်ဆီမှ ရယူထားခဲ့သော စပီကာကြီးကို ထုတ်ယူကာဖြင့် အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့အနေနဲ့ ပိုက်ဆံပေးမယ်ဆိုရင် ကျုပ်တို့သတ်မှာ မဟုတ်ဘူး။”

ဤစကားသည် ကုန်းရှန့် အတိုင်းပြုမူပြောဆိုခြင်းပင်ဖြစ်သည်။

“လျော်ကြေးပေးမယ်ဆိုရင်မသတ်ဘူး။”

“လျော်ကြေးပေးမယ်ဆိုရင်မသတ်ဘူး။”

သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည်လည်း သံပြိုင်အော်ဟစ်လိုက်၏။ ၎င်းတို့၏အသံများသည် ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွားသည်။

ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ၎င်းတို့သည် တောင်ပိုင်းပင်လယ်တုနယ်မြေတစ်ခုလုံးတွင် ရှိနေသော ဂိုဏ်းများအားလုံးကို အလုံးစုံဖျက်ဆီးနိုင်စွမ်းရှိနေ၏။

သို့ပေမဲ့ ၎င်းတို့အားလုံးသည် အကြင်နာကင်းမဲ့လှသော ကိစ္စရပ်များကို မပြုလုပ်ချင်ပေ။ လျော်ကြေးငွေသာ ပေးအပ်မည်ဆိုပါက ကျိန်းသေပေါက် လျော်ပေးလိုက်မှာ ဖြစ်သည်။

“ခင်ဗျားကြားလား။”

ဟယ်ဝူတီသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုကို ရုပ်သိမ်းကာ ပြောလိုက်၏။ “အခုချိန်ပေးမယ်ဆိုရင် အသက်ရှင်ဖို့နည်းလမ်းရှိတယ်။ မဟုတ်လို့ရှိရင်တော့ ခင်ဗျားတို့ဂိုဏ်းတွေ အကုန်လုံးက ယင်ယန်ဂိုဏ်းလိုပဲ အဆုံးသတ်ကုန်လိမ့်မယ်။”

……

ဆံပင်ဖြူနှင့်အဘိုးအို၏ မျက်နှာသွင်ပြင်သည် ပျက်ယွင်းသွားခဲ့၏။ သူသည် အစစ်အမှန် နောင်တရလျက်ရှိ၏။ သူသည် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိလာသနည်း။

ကိုယ့်ဘာကိုယ် တံခါးပိတ်ကျင့်ကြံနေရင် ရလျက်နှင့် အဘယ့်ကြောင့်လျှာရှည်ကာ ထွက်ခွာလာရသနည်း။

…

ယင်ယန်ဂိုဏ်းကြောင့်ပင် တောင်ပိုင်းပင်လယ်တု နယ်မြေတွင်ရှိနေသော ဂိုဏ်းများအားလုံးတို့သည် ၎င်းတို့၏ တပည့်များကို စေလွှတ်ခဲ့ကြ၏။ ထို့ကြောင့် ဤနေရာတွင် ရောက်ရှိနေသော သိုင်းကျင့်ကြံသူများသည် လေးသောင်းမှ ငါးသောင်းနီးပါးခန့်ပင် ရှိသည်။ ၎င်းတို့အားလုံးသည် တည်နေရာကြီးထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကိုလက်ပေါ်တင်ကာ ငုံ့လျက်ရှိနေကြ၏။

ဝတ်စုံအပြည့်ဝတ်ဆင်ထားခဲ့ကြသော သားရဲစီးဟောခန်းမှ လူများအားလုံးသည် ၎င်းတို့အား လေးများဖြင့် ချိန်တွယ်ထားကြ၏။ အဝေးတစ်နေရာ၏ တောင်ပေါ်တွင်တော့ချီရှင်းနန်းတော်မှ ဘိုးဘေးအကြီးအကဲများနှင့် တစ်ခြားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ကျောက်တုံးများကို မှီကာဖြင့် မောပန်းစွာဖြင့် ရပ်လျက်ရှိနေသည်။

၎င်းတို့၏ နဖူးပေါ်မှ ချွေးစက်များသည် တတောက်တောက်နှင့် ကျဆင်းနေကြ၏။ ၎င်းတို့သည် အလွန်အမင်း ပင်ပန်းနေကြပုံပေါ်၏။

ခရမ်းရောင်ဘုရင်၊ တင်းရှင်းဝမ်နှင့် တစ်ခြားသောသူများအားလုံးသည် တောင်ထိပ်ပေါ်တွင် မတ်မတ်ရပ်ပြီးသည့် နောက် အေးစက်စက်ဖြင့် ကြည့်ရှုနေကြသည်။

လက်ရှိအခြေအနေမှာတော့ ဤနေရာသို့ ရောက်ရှိနေကြသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် ၎င်းတို့သာ စိတ်အဆင်မပြေပါက တစ်ခါတည်းသေဆုံးခြင်းသို့ ရောက်ရှိကုန်မှာသေချာ၏။

“အားလုံးပဲ။”

ယွမ်သခင်လေးသည် စပီကာကြီးကို မြှောက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်ဟာ ခင်ဗျားတို့ တုနယ်မြေရဲ့ ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်။ ဒီတော့ ပြီးတော့ အရာအားလုံးမေ့မျောနေတဲ့အထိ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ ဒီကိစ္စကို ကျုပ်တို့ ဖြေရှင်းတာလွန်တယ် ထင်လား။”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိတ်တံခါးရှေ့တွင် ကုန်းရှန့်တစ်ယောက် ပြဿနာလာရှာစဉ်က သူသည် ဤကဲ့သို့ ခံစားခဲ့ရ၏။ လက်ရှိအချိန် တစ်ခြားသောသူများကို စိန်ခေါ်ရသည့့််အလုပ်ကိုလုပ်ရသည့် အချိန်မှာတော့ ကောင်းမွန်သည့် ခံစားချက်ကို ခံစားနေမိ၏။

“ရောင်းရင်း”

ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ပျက်ယွင်းသည့်မျက်နှာနှင့်အတူ ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲမိသားစုဝင်ကို နှိပ်စက်အနိုင်ကျင့်တဲ့ ယင်ယန်ဂိုဏ်းကလေ။ ကျုပ်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ကျုပ်တို့က ဒီကိစ္စအတွက် တာဝန်မရှိဘူးလေ။”

“ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူးဆိုရင် ….”

ယွမ်သခင်လေးက ပြောလိုက်သည်။ “ဘာလို့လူတွေကို ဒီနေရာကို လွှတ်လိုက်တာလဲ။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက လူတွေကို ဘာလို့တိုက်ခိုက်ခိုင်းတာလဲ။”

“ဒါက …”

ထိုဂိုဏ်းချုပ်သည် ဆွံ့အသွားခဲ့တော့၏။ သူတို့သည် ယင်ယန်ဂိုဏ်းအတွက် လာရောက်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ တောင်ပိုင်းပင်လယ်တုနယ်မြေ၏ ဂုဏ်သိက္ခာအတွက် လာရောက်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တဲ့အပြင် ရှိသည့်ဂုဏ်သိက္ခာများပါ ကျဆင်းခဲ့ရတော့၏။

ယွမ်သခင်လေးသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ခင်ဗျားတို့ ပါဝင်ပတ်သက်ပြီးပြီဆိုမှတော့ တာဝန်ယူရမှာပေါ့။ ဒီတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံး၊ ကျောက်ရိုင်းတုံး၊ ဆေးပင်၊ သလင်းအမြုတေ၊ ဘာမဆို ကျုပ်တို့ကို ပေးတော့။”

“ဟုတ်တယ်။ ခင်ဗျားတို့ ငြင်းပယ်မယ်ဆိုရင်တော့ ဖြစ်လာတဲ့ အကျိုးဆက်ကို တာဝန်ယူမှာမဟုတ်ဘူး။”

ဤစကားသည် ယဉ်ကျေးလွန်းသည်ဆိုသော်လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အားလုံးသောသူများက သိရှိကြ ၏။ အသစ်ဖြစ်တည်လာခဲ့သော ဒုဂိုဏ်းချုပ်သည် ကုန်းရှန့်၏ ပုံပန်းသွင်ပြင်အတိုင်းပဲ ငွေညှစ်ခြင်းကို ပြုလုပ်လျက် ရှိနေတော့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်မှာတော့ ချီရှင်းနန်းတော်၏ ဘိုးဘေးအကြီးအကဲနှင့် တစ်ခြားသော ဂိုဏ်းမှ အကြီးအကဲများအားလုံးသည် အညံ့ခံပြီး များပြားလှသည့် သိုင်းအရင်းအမြစ်များအားလုံး ကို ပေးအပ်လိုက်ရတော့၏။

များပြားလှသည့် ဂိုဏ်းများပါဝင်ပတ်သက်နေသည်မို့ အဆင့်မြင့်စွမ်းအားမြင့်ကျင့်ကြံသူများလည်း တော်တော်များကြ ၏။ ထို့ကြောင့်ပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံး၊ ဆေးပင်နှင့် တစ်ခြားသော အရာတော်တော်များများကို ရရှိခဲ့သည်။

ငရဲကြီးကိုးထပ်တွင် ချုပ်နှောင်ခြင်းခံထားရသည့် ကျွင်းချောင်ရှောင်းသည်သာ ဤအဖြစ်အပျက်ကို သိရှိသည်ဆိုပါက ကျိန်းသေပေါက်ပျော်ရွှင်နေပေလိမ့်မည်။

“အားလုံးပဲ။”

ယွမ်သခင်လေးသည် သေသေချာချာစစ်ဆေးပြီးသည့်နောက်မှာတော့ လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “အနာဂတ်မှာ ဆုံကြတာပေါ့။ သွားကြရအောင်။”

ဆွစ် ဆွစ်

သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များသည် အရင်ဆုံးပြန်လည်ထွက်ခွာသွားခဲ့၏။ ခရမ်းရောင်ဘုရင်နှင့် တစ်ခြားသော သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

ထိုသူတို့အားလုံးထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ တောင်ပိုင်းပင်လယ်တု နယ်မြေထဲတွင် ရှိသော ထိပ်ပိုင်းအကြီးအကဲများအားလုံးသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်နေမိ၏။ “ခင်ဗျားတို့နဲ့ ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး။”

…

အရှေ့ဘက်ပင်လယ်၊ အနောက်ဘက်ပင်လယ်နှင့် ယခု တောင်ပိုင်းတစ်ခုလုံးသည် ပြိုင်စံရှားဂိုဏ်း၏ ငွေညှစ်ခြင်းကို ခံခဲ့ရပြီး ဖြစ်လေ၏။

သို့ပေမဲ့ ကြီးမားသည့် ကပ်ဘေးကြီးကို မခံစားလိုက်ရခြင်းကသာလျင် ကံကောင်းသည်ဟု ဆိုရမည်။ ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်းထဲတွင် မရှိခြင်းကပင် ၎င်းတို့အတွက် ကံကောင်းခြင်းတရားပင် ဖြစ်တော့သည်။ မဟုတ်ပါက ကျန့်ရာ၏ အစ်မကြီး ဤကဲ့သို့ နှိပ်စက်ခြင်းကို ခံရသည်ကို မြင်ရပါက အားလုံးမွဲပြာကျသည်အထိ ငွေညှစ်တော့မှာ သေချာသည်။

“အစ်မကြီး ….”

အဓိကကုန်းမြေဆီသို့ ပြန်ရာလမ်းမှာတော့ ကျန့်ရာသည် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်ဆီမှာ အစ်မကြီးရဲ့ အသိစိတ်တွေ ပြန်ရဖို့အတွက် နည်းလမ်းတစ်ခုခုရှိရင် ရှိလိမ့်မယ်။”

သို့ပေမဲ့ သူ့အား ရူးကြောင်ကြောင်ဖြင့် ပြုံးကာ ကြည့်နေသည့် အစ်မကြီးအား မြင်နေရသည့်အချိန်မှာတော့ သူ၏ နှလုံးသားများသည် ဓားထက်ထက်တစ်ချောင်းနှင့်ပင် ထိုးနှက်ခံရသလို နာကျင်နေမိ၏။

……….

စိတ်ဝိညာဉ်အသွင်ပြောင်းသန့်စင်ခြင်း ကိုးမျိုး ဆေးလုံး။

ကြယ်ကောင်းကင်ခံတပ်၏ အကျဉ်းထောင်ထဲတွင် ရှိနေသည့် ကျွင်းချောင်ရှောင်းမှာတော့ ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူ၏ မျက်လုံးများသည် အဆင့်မြင့်စတိုးပေါ်တွင် ရှိနေသော အသစ်ပေါ်လာသည့် ဆေးလုံးအား ကြည့်ရှုကာ တွေးနေမိ၏။ “ဒီဆေးလုံးက ဝိညာဉ်နဲ့ သိစိတ်ထိခိုက်မှုကို ပြန်လည်ကောင်းမွန်စေတဲ့ ဆေး အမျိုးအစားတစ်ခုပဲ။”

All Chapters