← Chapters

အစစ်အမှန် ရှန့်ထိုတစ်ပါး၏ မြေကြီး ခြေချခြင်းဖြစ်စဉ်

Vol. 96 Ch. 1339

အစစ်အမှန် ရှန့်ထိုတစ်ပါး၏ မြေကြီး ခြေချခြင်းဖြစ်စဉ်

Vol. 96 Ch. 1339

“ဒါဆိုရင် ကောင်းကင်ဓာတ်တော်ကို ကျုပ် အရင်ဆုံး ကြည့်လို့ရမလား...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်က တောင်းဆိုလိုက်လေ၏။ ပထမ တစ်ခါတုန်းက အင်ပါယာ အကြံပေး၏ မြင့်မားစွာ တန်ဖိုး ဖြတ်မှုကြောင့် သူ ကောင်းကင်ဓာတ်တော်ကို ကြည့်ရှုရန်ပင် စိတ်မဝင်စားခဲ့ချေ။ သို့သော်လည်း ယခုက သူ ၎င်းကို မြင့်မားသည့် ပြန်အမ်းငွေနှင့် လက်ခံရတော့မည် ဖြစ်သည်။ သို့ဖြစ်လေရာ... သူ သတိလက်လွတ် မလုပ်ရဲပါချေ။

“ရှင်က ကျွန်မရဲ့ အကဲဖြတ် စွမ်းရည်ကို မယုံတာလား...”

အင်ပါယာ အကြံပေးက မေးလိုက်၏။

"ကျုပ်ကို မရွဲ့ပါနဲ့... အခြေအနေက ပြောင်းလဲ သွားပြီတော့ ပစ္စည်းကို ကျုပ် ကိုယ်တိုင် စစ်ဆေးချင်တယ်... ခွင့်လွှတ်ပါ”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က အပြုံးမပျက်ပင် ဆိုလိုက်သည်။

“...”

ထာဝရ နတ်ဘုရား၏ အမူအရာက သုန်မှုန်နေ၏။ သူက ထိုနှစ်ယောက်နှင့် မလိုလားအပ်ပဲ စကားမရှည်ချင်တော့ချေ။ သူက ခပ်မြန်မြန်ပင် ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်၏။

"..."

သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။

"..."

ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ မျက်မှောင်ကြုတ် လိုက်၏။

"..."

အင်ပါယာ အကြံပေး၏ အပြုံးက အေးခဲ သွားသည်။

အကြောင်းပြချက်ကား...။

သေတ္တာမှာ...။

ဗလာနတ္ထိ ဖြစ်နေသောကြောင့်ပင်။

“ဘာလဲ...”

ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ မျက်လုံးအိမ် အတွင်းမှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေ၏။

ဘုန်း...

ရုတ်တရက်.. လောက တစ်ခုလုံးရှိ မန်များမှာ မန်နာများမှာ အရှိန်အဟုန်နှင့် လှုပ်ရှားလာကာ ပြင်းပြ ခက်ထန်သည့် ဝိညာဉ်ဖိအား တစ်ခု ပေါက်ထွက် လာခဲ့သည်။ ၎င်းက ထာဝရ နယ်မြေကိုပင် ကျော်လွန်ကာ ပတ်ဝန်းကျင် နယ်မြေများ အထိ အရှိန်အဟုန်နှင့် ရွေ့လျား သွားခဲ့၏။

ဝမ်... ဝမ်...

နတ္ထိ ဟင်းလင်းပြင်၏ နေရာ အနှံ့အပြား၌ လျှို့ဝှက် သင်္ကေတများမှာ စတင်၍ ထွန်းတောက်လာခဲ့သည်။ ၎င်းတို့မှာ လျှို့ဝှက် လမ်းစဉ် ကိုးခုကို ကိုယ်စားပြုကာ လှပစွာ လိမ်ယှက် ကခုန်ကြလျှက် အမှောင် ဟင်းလင်းပြင်ကို အလှဆင် နေကြ၏။

ထိုအခိုက်၌ သေမျိုးများ ပင်လျှင် သူတို့ အရှေ့၌ လျှို့ဝှက် သင်္ကေတများ ဖွဲ့စည်းလာနေသည်ကို တွေ့မြင် နေရပေသည်။

သင်္ဘောဦး၌ ရပ်ရင်း ဟန်ယုဟိုင်၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ ထာဝရ နယ်မြေဘက်ကို မျက်နှာမူရင်း သူ၏ နှလုံးသားက အရှိန်အဟုန် ပြင်းစွာဖြင့် တုန်ရီနေသည်။

အစစ်အမှန် ရှန့်ထို တစ်ယောက်၏ မြေကြီး နိုးထခြင်း....

....

ထာဝရ နယ်မြေ၊ အဆုံးမဲ့ ကောင်းကင် လောကနယ်မြေ အတွင်း၌...

ထာဝရ နတ်ဘုရား တစ်ယောက် အဆိုးရွားဆုံး ခိုးယူခံရမှုများကြောင့် အရူးတစ်ပိုင်း ဖြတ်နေခဲ့ချိန်တွင် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ စန်းလော့ယန်ကတော့ သူ့ ကိုယ်ပိုင် လောကနယ်မြေ အတွင်းတွင် ခုနစ်ရောင်ခြယ် အလင်းတန်းများ တောက်ပနေသည့် ကလေး လက်သီးဆုပ် အရွယ် မှော်သန့်စင် ဆေးအိုးကလေး တစ်ခုရှေ့၌ ရပ်နေခဲ့လေသည်။

အခန်း အတွင်းတွင်တော့ မြူနှင်း အလင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အောင်မြင်ခြင်း၏ အခြေခံမူများနှင့် ဆက်နွယ်နေသည့် အလွန်အမင်း စင်ကြယ်မှုမျိုးကို ထုတ်လွှတ်နေခဲ့သည်။

စန်းလော့ယန်မှာ မှော်သန့်စင် ဆေးအိုးလေး၏ အလွန် ဆွဲဆောင်မှု ရှိသည့် ပုံသဏ္ဌာန်ကို မျက်တောင်မခပ်ပဲ စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများမှာ ဝိညာဉ် အလင်းတန်းများနှင့် တဖိတ်ဖိတ် တောက်ပနေကာ အဆုံးစွန်သော စိတ်အား ထက်သန်မှုများကို ထုတ်လွှတ် နေခဲ့လေ၏။ ထိုအကြည့်များတွင် မူမမှန်မှု တစ်ခု ရှိနေကာ၊ လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အစစ်မှန်ဆုံး ခံစားချက် ဖြစ်သည့် “ရည်မှန်းချက်” များကို ဖော်ပြ နေခဲ့လေသည်။

“သမီး သေချာလား...”

စန်းလော့ယန်က ခြောက်ကပ်ကပ် အသံဖြင့် မေးလိုက်၏။ သူ၏ နောက်ဖက် နံရံ နံဘေးတွင်တော့ စန်းယွန်းလီမှာ သုန်မှုန်သည့် အကြည့်များနှင့် ရှိနေခဲ့သည်။

“သေချာပါတယ်...”

မိန်းကလေးက အဖြေပေးလိုက်သည်။ သူမ၏ မျက်ဝန်းများက ပင်လယ်ထက်မှ ပတ္တမြား တစ်ခုလို တဖိတ်ဖိတ် တောက်ပနေ၏။ ၎င်းတို့က မချင့်မရဲ ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ကို ဖော်ဆောင်နေသလို တစ်ချိန်တည်း၌ ဆုံးဖြတ်ချက် ပြတ်သားခြင်းနှင့် ရောင်ပြန်ဟပ် နေခဲ့သည်။

“ကျွန်မတို့မှာ ဒီတစ်ခုပဲ ရွေးချယ်စရာ ကျန်တော့တယ်... ဝေ့ဝူယင်က ကောင်းကင်ဓာတ်တော်ကို တရားဝင် ထုတ်ပြလိုက်ပြီ... ကျွန်မကတော့ ပြလို့ မရဘူး... ကျွန်မ အပိုင်ကို ဆုံးရှုံးမခံနိုင်ဘူး”

စန်းယွန်းလီက ခိုင်မာစွာပင် ဆိုလိုက်၏။ ကောဟလများ ပျံနှံ့လာပြီး ချက်ချင်း ဆိုသလိုပင် စန်းလော့ယန် ဦးဆောင်သည့် ထာဝရ အစည်းအရုံးမှာ ရှေးဟောင်း ကောင်းကင် လောကနယ်မြေသို့ ဆင်းသက်လာကာ ဝိညာဉ် ရှန့်ထို ဧကရာဇ်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အကယ်၍ လွတ်မြောက်ချင်လျှင်ပင် သူမမှာ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။

စန်းယွန်းလီ ပင်လျှင် သူမ၏ ကောင်းကင်လောက အမြုတေကို ထာဝရ နတ်ဘုရားထံ၌ လက်လွှတ်ရလုနီးနီး ဖြစ်ခဲ့သေးသည်။ သို့သော်လည်း... သူမမှာ ထိုအခြေအနေမှ လွတ်မြောက်ရန် အလျှင်အမြန် တွေးတောခဲ့ကာ စန်းလော့ယန်ထံ လျှို့ဝှက် ဝိညာဉ် အစီအရင် တစ်ခုနှင့် ဆက်သွယ်ခဲ့သည်။

စန်းလော့ယန်ကလည်း ထိုကိစ္စကို ဖုံးကွယ်ရန် အတွက် လိုက်လံ၍ ကစားပေးခဲ့သည်။ သူက ထာဝရ နတ်ဘုရားထံ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖန်တီးနေကြောင်း၊ မဟာ စက်ဝန်း ရှန့်ထို ညီလာခံနှင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး ကိစ္စတို့ကြောင့် ခေတ္တ ရပ်နားထားခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခု ပြန်လည် ဖော်စပ်နေပြီး နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။

ထိုအရာက ထာဝရ နတ်ဘုရားနှင့် ထာဝရ သူရဲကောင်းများကိုပင် အလွန်ပင် တုန်လှုပ် သွားစေခဲ့သည်။ ထာဝရ နတ်ဘုရား ဆိုလျှင် အလွန်ပင် စိတ်လှုပ်ရှားနေရကား အမှန်တကယ် ဟုတ်၊ မဟုတ်ပင် စူးစမ်းဖို့ မကြိုးစားခဲ့ချေ။ ထို့အပြင်...စန်းလော့ယန်မှာ တကယ်မဟုတ်ပဲ ထိုကဲ့သို့ လိမ်ညာတတ်သူ တစ်ယောက် မဟုတ်ချေ။

မကြာခင်မှာပင်... အမျိုးမျိုးသော ကောလဟလများနှင့် အတူ အင်အားစုများစွာမှာ ထာဝရ အစည်းအရုံး၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ အခြေအနေက အဖက်ဖက်မှ ဆိုးရွားနေသယောင် ထင်ရသော်လည်း ထာဝရ နတ်ဘုရားထံတွင် အမြုတေ နှစ်ခုစလုံးကို ထိန်းသိမ်းထားရန် နည်းလမ်း တစ်ခု ရှိပေသည်။

ဤသို့ဖြင့်... ဝိညာဉ်ရှန့်ထို ဧကရာဇ်က သူတို့ကို ပထမဆုံး စတင်ကာ တံခါးခေါက်ခဲ့သည်။ သူက ဝိညာဉ် လမ်းလျှောက်သူကို သုံးကာ လျော်ကြေးကို တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုအား ပယ်ချရန် အတွက် ယိုပေါက် တစ်ချို့ကို တွေ့ရှိခဲ့သည့်တိုင် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ နောက်ထပ် အကွက်များကို ပြင်ဆင်လာလိမ့်မည် ဖြစ်ကြောင်း ထာဝရ နတ်ဘုရား ရိပ်မိခဲ့သည်။ သူ့အနေဖြင့် အချိန်ဆွဲကောင်း ဆွဲနိုင်သည့်တိုင် ရလဒ်ကိုတော့ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း... ၎င်းကို ဖြေရှင်းနိုင်သည့် နည်းလမ်း တစ်ခု ရှိပေသည်။ ကြွယ်ဝ ချမ်းသာမှုပင်။ ထာဝရ အစည်းအရုံးမှ မဆင်းရဲချေ။ ကြွယ်ဝ ချမ်းသာမှု၊ ရင်းမြစ်တို့နှင့် အတူ သူတို့ မဖြေရှင်းနိုင်သည့် ပြဿနာ မရှိပါချေ။

ထာဝရ နတ်ဘုရားမှာ စန်းလော့ယန်ကို ဆက်လက်၍ ဆေးဖော်စပ်ခွင့် ပြုခဲ့သည်။ အကယ်၍ သူသာ အောင်မြင်သွားပါက ထာဝရ အစည်းအရုံး၏ အရေးပါမှုနှင့် အင်အားတို့မှာ နောက်တစ်ဆင့်ကို မြင့်တက် သွားလိမ့်မည် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံး ထာဝရ အစည်းအရုံး၏ ကြီးမြတ်မှုကို အသိအမှတ် ပြုရလိမ့်မည် ဖြစ်သည်။ သူတို့ အနေဖြင့် ကောင်းကင်ဓာတ်တော်ကို ဖိအားပေး တောင်းဆိုရဲတော့မည် မဟုတ်ချေ။

ထိုအရာက ထာဝရ နတ်ဘုရား၏ အစီအစဉ် ဖြစ်သည်။ ရိုးရှင်းပုံ ပေါ်သည့်တိုင် တစ်လောကလုံးကို ထိတ်လန့် တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

“ဒါပေမဲ့... ဒါက အလုပ်ဖြစ်ပါ့မလား...

စန်းလော့ယန်က သံသယ ဖြစ်စွာဖြင့် မေးလိုက်၏။

“ဒါပေါ့... ဒါက အကြွင်းမဲ့ နိုးထခြင်း မှော်ဆေးအိုးပဲလေ... လမ်းစဉ်ခြောက်သွယ် ဧကရီက အစစ်အမှန် အဂ္ဂိရတ် ရှန့်ထို လမ်းကြောင်းမှာ ဒီမှော်ဆေးအိုးကို သုံးခဲ့ဖူးတယ်”

စန်းလော့ယန်က သူမ၏ မွေးစားအဖေ ဖြစ်သူကို တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။ ကောင်းကင်လမ်းစဉ် စာအုပ် လမ်းပြသည့် လမ်းကြောင်းအတိုင်း လိုက်ရင်း သူမ ထိုရတနာကို ရှေးဟောင်းနယ်မြေ တစ်ခုတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ မှော်သန့်စင် ဆေးအိုးမှာ အဂ္ဂိရတ် ဝိညာဉ်မှ လာသည့် ဝိညာဉ် အလင်းကို အသုံးပြုကာ အသန့်စင်ဆုံး အဂ္ဂိရတ် မြူနှင်းကို ဖန်တီးနိုင်သည့် ရတနာ တစ်ခု ဖြစ်သည်။ မှော်သန့်စင် ဆေးအိုးတွင် အသုံးဝင်မှု နှစ်ခု ရှိသည်။

ပထမ တစ်ခုက... မသန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို ဆေးဖော်စပ်ပြီးချိန်တွင် အဆင့်နိမ့် ထုတ်ကုန်များ အဖြစ် ပြောင်းလဲ ပစ်နိုင်ခြင်း ဖြစ်သည်။ ၎င်းက သေမျိုး အဆင့်နှင့် အဆင့်နိမ့် ထုတ်ကုန် အားလုံး အတွက် အလွန် ထိရောက်ပေသည်။

ဝေ့ဝူယင်သာ ထိုရတနာ အကြောင်းကို သိရှိပါက စိတ်ဝင်စား သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူထံတွင်လည်း အလားတူ ဖြစ်စဉ်မျိုးကို တုပနိုင်သည့် အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင် တစ်ခု ရှိနေခဲ့သည် မဟုတ်ပါလား။

အဓိက ကွာခြားချက်က မှော်သန့်စင် ဆေးအိုးမှာ အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်နိုင်ခြင်း ဖြစ်ပြီး ဝေ့ဝူယင်၏ အစီအရင်ကတော့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။

မှော်ဆေးအိုး၏ ဒုတိယမြောက် စွမ်းရည်ကတော့ အလွန်ပင် ဆန်းကြယ်ပေသည်။ ၎င်းမှာ ဆေးဖော်စပ်ခြင်း ဖြစ်စဉ်ကို စောင့်ရှောက်ပေးနိုင်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဆေးဖော်စပ်မှု ကျရှုံးသွားလျှင်ပင် ၎င်းမှာ ဝိညာဉ် အလင်းကို အသုံးပြု၍ အသန့်စင်ဆုံး မြူနှင်းများကို အသုံးပြုကာ ဖြစ်စဉ် လည်ပတ်နိုင်အောင် ဆက်လက် ကူညီပေးနိုင်ခြင်း ဖြစ်သည်။

“လမ်းစဉ်ခြောက်သွယ် ဧကရီ ဟုတ်လား... သူက ဘယ်သူလဲ...”

စန်းယွန်းလီ၏ စကားလုံးများက စန်းလော့ယန်၏ သိချင်စိတ်ကို နှိုးဆွနေ၏။ နာမည်ကတော့ ပြိုင်စံရှား ကျင့်ကြံသူ တစ်ယောက်လိုလို ဘာလိုလို ဖြစ်သည်။ သူမက မြေကြီး ရှန့်ထို အဆင့်ထက် ကျော်လွန်နေသည့် ကျင့်ကြံသူ တစ်ယောက်လော။

***

All Chapters