← Chapters

အကြွင်းမဲ့ အနိုင်ရရှိသူ၊ တည်ငြိမ်မှု တစ်ခု အစပျိုးခြင်း

Vol. 96 Ch. 1341

အကြွင်းမဲ့ အနိုင်ရရှိသူ၊ တည်ငြိမ်မှု တစ်ခု အစပျိုးခြင်း

Vol. 96 Ch. 1341

သူတော်စင် ခုနစ်ပါး ထောာက်တိုင် ကြယ်ကွင်းပြင်...

အလွန်တရာ ကြီးမားလှသော ကြယ်မျိုးစေ့ကြီး၏ တောက်ပနေသော ထုထည် အတွင်းတွင် ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အသုံးပြုကာ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ပြန်လည် စတင် နေခဲ့သည်။ နေကြယ်မှာ ဖြည်းညင်းစွာပင် နတ္ထိ ဟင်းလင်းပြင်နှင့် သဟဇာတ ဖြစ်လာနေခဲ့ကာ တည်ငြိမ်သည့် အခြေအနေ တစ်ခုသို့ ခပ်အေးအေး ဝင်ရောက် နေခဲ့၏။

နေကြယ်အတွင်း လျှို့ဝှက် စွမ်းအင် ပို့လွှတ်နေသည့် မြေကြီး ရှန့်ထို ၁၀၀၀၁ ယောက်၏ မြင်ကွင်းကတော့ ပြန်လည်၍ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဝိညာဉ်များမှာ ကုန်ဆုံးသွားခဲ့သည့် သူတို့၏ လျှို့ဝှက် စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် ဆက်စပ်မှု စစ်အလံထဲ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ဝူယုမှာလည်း ဂြိုဟ်အပျက်အစီး တစ်ခုထက်၌ နေရာယူကာ အလားတူပင် လုပ်ဆောင် နေခဲ့၏။ နေကြယ် ဖန်တီးခြင်း လုပ်ငန်းစဉ်မှာ ဝေ့ဝူယင် မျှော်လင့်ထားသည်ထက်ပင် ပိုမို အကုန်အကျ များခဲ့ပေသည်။ အပြန်အလှန် အနေဖြင့် အကောင်းဆုံးသော နေကြယ်မျိုးစေ့ကို သူ ရရှိနိုင်လိမ့်မည် ဖြစ်သည်။

အခြားလူမျာကတော့ သူ၏ လုပ်ရပ်ကို ရူးသွပ်မှု တစ်ခုဟု ရှုမြင်ကောင်း မြင်လိမ့်မည် ဖြစ်သည်။ ကောင်းကင် စစ်ဝိညာဉ်နှင့် ပိုင်ရှုတို့ပင် အလားတူ မှတ်ချက်ပြုခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း... ယခုတွင်တော့ သူတို့၏ အမြင်များမှာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

“အောင်မြင်သွားရင် နင့်ရဲ့ လောကချည်နှောင် ကြယ်တာရာ နယ်မြေက ကောင်းကင်ကိုတောင် စိန်ခေါ်နိုင်မှာ သေချာတယ်”

ရွှေရောင်ဥကလေးက အံ့ဩစွာဖြင့် ဆိုလိုက်၏။ ‘ကောင်းကင်ကို စိန်ခေါ် ‘ ဆိုသည့် စကားလုံးမှာ ဤနေကြယ် စီမံကိန်း အတွက် အသင့်တော်ဆုံး ဖော်ပြချက် တစ်ခု ဖြစ်ကြောင်းကိုပင် သူမ ခံစားနေရသည်။

"ဟုတ်တယ်... စွန့်စားဖို့ မထိုက်တန်ဘူးလို့ ကျွန်မလည်း မထင်တော့ဘူး”

ပိုင်ရှုကလည်း တက်ကြွစွာပင် သူမ အမြင်ကို ကြေညာလိုက်၏။ သူမ၏ မျက်ဝန်းများက ဝေ့ဝူယင် အပေါ် လေးစားမှုများနှင့် တဖိတ်ဖိတ် တောက်ပနေခဲ့၏။

ဝေ့ဝူယင် တိမ်ပြာတို့ သုံးယောက်နှင့် တိုက်ခိုက်ခဲ့ချိန်၌ သူမမှာ မှော်ဆေးအိုး ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို အာရုံစိုက် လုပ်ဆောင်နေခဲ့ရလေရာ... လူငယ်၏ အစစ်အမှန် ခွန်အားကို မြင်တွေ့ခွင့် မရခဲ့ချေ။ သို့သော်လည်း... ဟယ်ပို့ကျွင်းနှင့် တိုက်ပွဲကိုတော့ သူမ အနီးကပ် လေ့လာခွင့် ရခဲ့ပေသည်။ တိုက်ပွဲ၏ ရလဒ်က သူမကို အလွန်အမင်း ထိတ်လန့် အံ့ဩစေခဲ့သည်။

သို့တိုင်အောင် ဝေ့ဝူယင်မှာ သူ၏ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအား ဖြစ်သည့် ဆေဘာကို တစ်စက်ကလေးမှ သုံးမသွားခဲ့ချေ။ ထိုအရာက သူမ၏ ကျင့်ကြံခြင်း လမ်းစဉ် အပေါ် သမာရိုးကျ အမြင်များကို ပြောင်းလဲ စေခဲ့သည်။ ဝေ့ဝူယင်မှာ ဤဧရာမ နေကြယ်ကြီးကို သုံးကာ ကြယ်တာရာ သခင် အဆင့် ကပ်ဘေးကို ဆင့်ခေါ် ခဲ့လျှင်ပင် အောင်မြင်နိုင်လိမ့်မည်ဟု သူမ အပြည့်အဝ ယုံကြည်ပေသည်။

နေကြယ်ကို သန့်စင်ရင်း တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ အပြင်လောကမှ အစီရင်ခံစာ များစွာကို လက်ခံ ရရှိနေခဲ့သည်။ ကံကောင်းစွာပင် သူက ထပ်နေသည့် သတင်းများကို စစ်ထုတ်နိုင်သည့် ဉာဏ်ရည် စနစ် တစ်ခုကို ဖန်တီးထားလေရာ သိန်းနှင့် ချီသည့် ထပ်တလဲလဲ အစီရင်ခံစာများကို ဖတ်ရှုနေဖို့ မလိုအပ်တော့ပါချေ။

အဆုံးမဲ့ ကောင်းကင်၏ ထိပ်သီး အင်အားစုများ ထာဝရ နယ်မြေကို ရောက်ရှိလာသည်မှ အစ... ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့် အပေးအယူ ဖြစ်သည် အထိ သူ အရာအားလုံးကို အချိန်နှင့် တစ်ပြေးညီ သိရှိနေခဲ့သည်။

“အင်ပါယာ အကြံပေး...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ သူမမှာ ခန့်မှန်းရန် အလွန် ခက်ခဲလှသည့် လူတစ်ယောက် ဖြစ်သည်။ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ မူလဇစ်မြစ် အကြောင်း သူ သိရှိထားသည့် အရာ အလွန်ပင် နည်းပါးလှသည်။ သူမက နတ်ဘုရား အင်ပါယာ အယုံကြည်ရဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ မျက်စိနှင့် နားများလည်း ဖြစ်သည်။ ပိုမို၍ အရေးကြီးသည့် အချက်က... သူမမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး မြေကြီးရှန့်ထို သုံးယောက် အနက် တစ်ယောက် ဖြစ်နေခြင်း ဖြစ်လေသည်။

မည်သို့ပင် ဆိုစေ... သူ၏ အစီအစဉ်များကတော့ အဆင်ပြေပြေပင် ဆက်လက် ရွေ့လျား နေခဲ့သည်။ အင်ပါယာ အကြံပေးမှာ နောက်ဆုံးပေးချေရမည့် ရက်ကို လျှို့ဝှက် ကျိန်စာ ကျိန်ဆိုဖို့ အကြံပြုခဲ့လေရာ ပြီးပြည့်စုံသည်ထက်ပင် ပိုမို၍ ပြီးပြည့်စုံနေသေးသည်။ ထာဝရ နတ်ဘုရားက သူ ကောင်းကင်ဓာတ်တော် ပိုင်ဆိုင်ထားကြောင်းကို အတည်ပြုကာ အင်ပါယာ အကြံပေးက ၎င်းကို တန်ဖိုးဖြတ်ပေးခဲ့သည်။

တန်ဖိုးဖြတ်မှု ပြီးစီးပြီး မကြာခင်မှာပင် ထာဝရ နတ်ဘုရားမှာ ထာဝရ ဘဏ္ဍာတိုက် အတွင်းသို့ အပြေးအလွှား ဆင်းပြေး သွားခဲ့တော့သည်။ ထိုအခါ ဝေ့ဝူယင် မျှော်လင့်ထားသလိုမျိုး အစစ်အမှန် ထောင်ချောက်မှာ ပေါ်လွင် လာခဲ့လေတော့၏။

ထာဝရ ဘဏ္ဍာတိုက် အတွင်း ထာဝရ နတ်ဘုရား ဝင်ရောက်လိုက်သည့် အခိုက်တွင်ပင် ဝေ့ဝူယင်မှာ သူ၏ ရှန့်ထို လက်စွပ်နှင့် ထာဝရ နတ်ဘုရား၏ သိုလှောင် လက်စွပ် နေရာလွတ်လို့ အကြား ဆက်သွယ်မှု တစ်ခု ဖွဲ့စည်းလာသည်ကို ခံစားခဲ့ရသည်။

“အာကာသ သိုလှောင်မှု အယူအဆတွေက အတော်လေး ဆန်းကြယ်တယ်...”

ဝေ့ဝူယင် ပြုံးလိုက်မိ၏။ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ဆိုလျှင် အာကာသ လက်စွပ်များမှာ သိုလှောင်ရုံနှင့် ပိုင်ရှင်တို့ အကြား ချိတ်ဆက်ပေးသည့် တံခါးတစ်ခု အဖြစ် ကျော်ကြားသည်။ ၎င်းကို ဖန်တီးရသည်က လွယ်ကူကာ အာကာသ ကျောက်တုံး တစ်ခု ရှိရုံဖြင့်ပင် အဆင့်နိမ့် ကျင့်ကြံသူများပင် လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

အာကာသ လက်စွပ်များနှင့် ခြားနားစွာပင် သိုလှောင် လက်စွပ်များမှာ ကိုယ်ပိုင် နေရာလွတ် တစ်ခုကို ပိုင်ဆိုင်ထားသည့် လက်စွပ်များ ဖြစ်သည်။ ပစ္စည်း သိုလှောင်ထားသည့် အခြားနေရာ တစ်ခုခုနှင့် ဆက်သွယ်ခြင်းမျိုး မဟုတ်ပဲ လက်စွပ် အတွင်းတွင်သာ အရာအားလုံး ရှိနေခြင်းမျိုး ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့် အတွင်းက ဝေ့ဝူယင်၏ အရိပ်မှာ ထာဝရ ဘဏ္ဍာတိုက် အတွင်း ဝင်ရောက်ခဲ့ကာ ဘဏ္ဍာတိုက်ကြီး တစ်ခုလုံးကို ဝေ့ဝူယင်၏ သိုလှောင် နေရာ အဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။ ထိုသိုလှောင်နေရာအတွင်း ရှိနေသည့် မည်သည့် ပစ္စည်းကို မဆို ကြားခံ လက်စွပ် တစ်ခုဖြင့် သူ အလွယ်တကူပင် ထုတ်ယူလို့ ရပေသည်။ နောက် အစီအရင် တစ်ခု ထပ်ပေါင်းထည့်လိုက်ခြင်းဖြင့် ဘဏ္ဍာတိုက် အကန့်အသတ် အတွင်းရှိ အခြား နေရာလွတ် အကုန်လုံးမှာလည်း သူ့ လက်စွပ်နှင့် ဆက်သွယ်သွားခဲ့သည်။

ထာဝရ နတ်ဘုရားက တရားခံကို ရှာဖွေရန် အာရုံစိုက်နေသည့် အတောအတွင်းမှာပင် ဝေ့ဝူယင်မှာ ရိုးရှင်းသည့် အတွေးတစ်ခုနှင့် အတူ ထိုအဂ္ဂိရတ် ရှန့်ထို၏ သိုလှောင် လက်စွပ် အတွင်းရှိ လိုချင်သည့် အရာ မှန်သမျှကို ယူဆောင်ခဲ့သည်။

ဤသို့ဖြင့်... မဟာ စက်ဝန်းကြယ်ကွင်းပြင်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ခိုးယူ လုယက်မှုကြီးမှာ အောင်မြင်ခဲ့လေသည်။

ကံမကောင်းတာ တစ်ခုက... ထိုအစီအစဉ်၏ ခြေလှမ်းတိုင်းကို အောင်မြင်ရန် သူ မည်မျှ အာရုံစိုက်ခဲ့ရသည်ကို မည်သူမှ မသိနိုင်ခြင်း ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကို ထာဝရ အစည်းအရုံး၏ လက်အတွင်း ထည့်လိုက်ခြင်းမှ အစ... ဘဏ္ဍာတိုက် တစ်ခုလုံးတွင် အလွန် ရှုပ်ထွေးသည့် အာကာသ အမှတ်အသား တစ်ခု ဖန်တီးခဲ့သည် အထိ... အရာအားလုံးကို သူ ဂရုတစိုက် စီစဉ်ခဲ့ရသည်။

ရိုးရှင်းသယောင် ထင်ရသည့်တိုင် အစီအစဉ်ကြီး တစ်ခုလုံး ပြီးမြောက်ရန် အတွက် သူ ဆယ်စုနှစ် တစ်ခုကျော်လောက် အချိန်ပေးခဲ့ရသည်။ သူ၏ ရည်ရွယ်ချက်က ထာဝရ ဘဏ္ဍာတိုက်သာ ဖြစ်သည်။ ကောင်းကင် လောက အမြုတေများကိုပါ ခိုးယူနိုင်ခဲ့ခြင်းကတော့ ထပ်ဆောင်းအပို ဆုလာဒ် တစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင်မှာ ထာဝရ နတ်ဘုရားထံမှ ကောင်းကင် လောက အမြုတေ တစ်ခုတည်းကိုသာ ရရှိခဲ့ခြင်း မဟုတ်ချေ။ နှစ်ခုတိတိ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ခုကို အကြမ်းဖျဉ်း စစ်ဆေးကြည့်ရာ တစ်ခုမှာ ပင်းထျန်း၏ ကောင်းကင် လောက အမြုတေနှင့် ထပ်တူညီသည့် ကောင်းကင်မန်နာများကို သိမ်းဆည်းထားကြောင်း တွေ့ရှိခဲ့ရသည်။ နောက်တစ်ခုကတော့ ကောင်းကင်မန်နာ ၂ သို့မဟုတ် ၃ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးထားပေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူ သုံးခုစလုံးကို ရရှိခဲ့ပေသည်။

ဝေ့ဝူယင် မသိလိုက်သည့် အရာကား... ထာဝရ နတ်ဘုရားမှာ ဆေးဖော်စပ်မှု အောင်မြင်ပြီးစီးသည်နှင့် စန်းလော့ယန်ထံ ကောင်းကင်ဓာတ်တော် ပြန်ပေးမည် ဖြစ်သော်လည်း... လောဆလောဆယ်တွင်တော့ မမြင်နိုင်သည့် အခြေအနေများကို ကာကွယ်ရန် သူ့ကိုယ်ပေါ်တွင် ထားရှိဖို့ သဘောတူညီ ထားခဲ့ခြင်း ဖြစ်ပေသည်။

စန်းလော့ယန်ကလည်း အသာတကြည်ပင် ခွင့်ပြုခဲ့သည်။ ထာဝရ နတ်ဘုရားမှာ စကားတည်သူ ဖြစ်လေရာ လျှို့ဝှက်ကျိန်စာပင် ကျိန်ဆိုခြင်း မပြုခဲ့ချေ။ သို့သော်လည်း.. အဆုံးသတ်တွင်တော့ အရာအားလုံးမှာ ဝေ့ဝူယင် လက်အတွင်းကိုသာ ကျရောက်သွားခဲ့သည်။

အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ အကျိုးအမြတ်များအား သိမ်းပိုက်ရသည့် ခံစားချက်ကို အလွန်ပင် နှစ်ခြိုက်ပေသည်။

“အခု နေကြယ်စီမံကိန်းကို အပြည့်အဝ အာရုံစိုက်ဖို့ အချိန်ကျပြီ... ကျန်တာတွေ အားလုံးကို အာဏာရှင်နဲ့ ဗာကီရီ အဖွဲ့ဝင်တွေပဲ ဆက်ပြီး ကိုင်တွယ်လိမ့်မယ်”

ဝေ့ဝူယင်က သူ့ ရည်ရွယ်ချက်ကို အပြည့်အဝ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်လေတော့၏။

...

အခြားတစ်ဖက်၌... စန်းလော့ယန် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ပဥ္စမြောက် မြေကြီး အဂ္ဂိရတ် ရှန့်ထို ဖြစ်လာသည့် သတင်းက ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို တုန်ဟီးသွားစေခဲ့သည်။ ထာဝရ အစည်းအရုံးအား ဖိအားပေးရန် ရောက်ရှိလာသည့် အင်အားစုများမှာ ချီးမွမ်းစကားများနှင့် အတူ ဂုဏ်ပြုပွဲ အခမ်းအနား တစ်ခု အသွင် ပြောင်းလဲ သွားခဲ့သည်။

အဂ္ဂိရတ် ရှန့်ထို တစ်ယောက် မွေးဖွားလာခြင်း ဆိုသည့် ဂုဏ်သတင်းမှာ ထာဝရ အစည်းအရုံး အ‌ပေါ် အလွန်ပင် သက်ရောက်မှု ကြီးမားပေသည်။ တစ်ခဏ အတွင်းမှာပင် အဖက်ဖက်မှ ကျဆင်းနေသည့် အစည်းအရုံး၏ ဂုဏ်သိက္ခာများက အမြင့်ဆုံးထိ တစ်ဖန်ပြန်လည် ထိုးတက်သွားည်။ ထာဝရ အစည်းအရုံးမှာ အဂ္ဂိရတ် ရှန့်ထိုများကို ပြုစု ပျိုးထောင် ပေးနိုင်စွမ်း ရှိသည် ဆိုသည့် အယူအဆ အသစ်ကိုလည်း လူများမှာ ကျယ်ပြန့်စွာပင် လက်ခံလာကြသည်။

ရွှေရောင် အသက်နန်းတော်နှင့် ဝေ့ဝူယင်တို့၏ ထိုးနှက်မှုများကြောင့်... ထာဝရ အစည်းအရုံး၏ အဂ္ဂိရတ် စာမေးပွဲ ဝင်ဖြေရန် တုန့်ဆိုင်း နေကြသော လူငယ် အဂ္ဂိရတ် ပညာရှင်များစွာမှာလည်း ဆက်လက်၍ အချိန်ဆွဲ မနေကြတော့ပဲ သူတို့၏ အရည်အချင်းကို အသိအမှတ်ပြုခံရန် ထာဝရ အစည်းအရုံးထံ ခရီးနှင် လာကြသည်။ အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာနိုင်သည် ဆိုသည့် အလားအလာမှာ စွန့်လွှတ်ဖို့ အလွန် ခက်ခဲသည့် မက်လုံး တစ်ခုဖြစ်သည်။

ထို့အပြင်... ထာဝရ အစည်းအရုံးမှာ ကျဆင်းနေပြီ ဟူ၍လည်း မည်သူမှ မတွေးကြတော့ချေ။ သူတို့ထံတွင် အဂ္ဂိရတ် ရှန့်ထို နှစ်ယောက်မှာ နှစ်ထောင်ပေါင်းများစွာ ရှိနေမည် ဖြစ်ပြီး နောက်ထပ်ရာစုနှစ်၊ ထောင်စုနှစ်များ အတွင်းတွင်လည်း သုံးယောက်မြောက်၊ လေးယောက်မြောက်များ အချိန်မရွေး ပေါ်လာနိုင်စွမ်း ရှိပေသည်။

ထိုကဲ့သို့သော အလားအလာများ ကြောင့်ပင် ထာဝရ နတ်ဘုရားမှာလည်း အကျိုးအမြတ်များ ရရှိခဲ့ပေသည်။ အနာဂတ်နှင့် ပတ်သက်၍ ကတိကဝတ်များ ပြုလုပ်ရုံဖြင့်ပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အထွတ်အထိပ် အင်အားစုများထံမှ သူ လျှို့ဝှက် ကျောက်တုံး ၄၅၀,၀၀၀ ကို စုဆောင်းနိုင်ခဲ့သည်။ ထာဝရ အစည်းအရုံးလိုပင် များလှစွာသော အင်အားစုများထံတွင် နှစ်ပေါင်း သောင်းချီ စုဆောင်းထားခဲ့သည့် ဘဏ္ဍာတိုက်များ ရှိပေသည်။ အဆုံးမဲ့ ကောင်းကင် နေကြယ်ကြီးမှ ဖန်တီးသည့် စွမ်းအင် ကြွယ်ဝသော ပတ်ဝန်းကျင် ကြောင့်ပင် သူတို့၏ ပိုင်ဆိုင်မှုများက အလွန်ပင် များပြားလှပေသည်။

အရင်းအနှီးအားဖြင့် ကြီးမားလှသည့်တိုင် အဂ္ဂိရတ် ရှန့်ထို နှစ်ယောက် ပိုင်ဆိုင်ထားသည့် ထာဝရ အစည်းအရုံးနှင့် အနာဂတ် ရေရှည် ဆက်ဆံရေးကို ထောက်ချင့်ရလျှင် သူတို့ ပေးဆပ်ထားရသည့် တန်ဖိုးများက ထိုက်တန်မှု ရှိပေသည်။

ထိုကဲ့သို့ ထာဝရ အစည်းအရုံးနှင့် ထာဝရ နတ်ဘုရားတို့ အကျိုးအမြတ်များ ရရှိနေခဲ့ချိန်တွင် လူတစ်ယောက်ကတော့ ဒေါသတကြီး ပေါက်ကွဲ နေခဲ့လေသည်။

“အား... ဒီခွေးမသားကြီး...”

စန်းယွန်းလီမှာ ပရိဘောဂများကို ပစ်ပေါက်ရင်း အော်ဟစ် နေခဲ့လေ၏။ အဘယ်ကြောင့်နည်း။ သူမ အပ်ထားခဲ့သည့် ကောင်းကင်လောက အမြုတေမှာ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ထာဝရ နတ်ဘုရားက အကြောင်းကြားလာခဲ့သောကြောင့်ပင်။

ထိုလူအိုကြီးမှာ အကြောင်းပြချက်ကိုပင် ပြောပြခြင်း မပြုချေ။ ရှင်းလင်းစွာပင်... သူက သူမကို သေမျိုးတစ်ယောက်ကို ဘောင်မသွင်း အဖက် မလုပ်ခြင်း ဖြစ်သည်။

စန်းယန်းလီ၏ အမြင်၌... ထိုခွေးမသားကြီးမှာ ကောင်းကင် လောက အမြုတေ နှစ်ခုစလုံးကို လက်ဝါးကြီး အုပ်သွားခြင်း ဖြစ်သည်။ ဘာကို ယုံကြည်ရသနည်း။ သူက ရွံရှာဖွယ် ကောင်းသည့် ကပ်ပါး စုပ်ပိုး တစ်ကောင်သာ ဖြစ်သည်။

စန်းယွန်းလီ အတွက်တော့... ကောင်းကင်လောက အမြုတေကိုသာ မကပဲ ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်သည့် အကြွင်းမဲ့ နိုးထခြင်း မှော်သန့်စင် ဆေးအိုးကိုပါ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သူမမှာ မူလ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း... ယခုမှ ပထမ အဆင့်သာ ဖြစ်သည်။ အဆင့်နှစ်ကို ရောက်အောင်ပင် သူမ မသန့်စင်ရသေးချေ။

“ဒါတွေ အားလုံးက နင့်ကြောင့်...”

စန်းယွန်းလီ ဝေ့ဝူယင်ကို အပြစ်တင်လိုက်မိ၏။ သူ ဝင်ရှုပ်ခြင်းကြောင့်ပင် သူမ၏ ကံကြမ္မာ လမ်းကြောင်းများ ပျောက်ဆုံးကုန်ရခြင်း ဖြစ်သည်။ ထိုခွေးကောင်လေးသာ ကောင်းကင်ဓာတ်တော်ကို မထုတ်ဖော်ခဲ့ပါက သူမ အကြောင်းကိုလည်း မည်သူမှ သိလိမ့်မည် မဟုတ်ချေ။

ဆယ်စုနှစ် တစ်ခု...

သူမ အလွန် သိုသိပ်ခဲ့ရသည်။ သတိထားခဲ့ရသည်။ တဖြည်းဖြည်းနှင့် အပျက်အစီး နိုဗာကိစ္စကိုပင် လူအများ မေ့လျော့လာခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ လှုပ်နှိုးမှုနှင့် အတူ အရာအားလုံးက တဖန်ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင်သာ သူမ၏ အတွေးများကို သိရှိပါက အူမြူးစွာဖြင့် ရယ်မောနေလောက်ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် အနေဖြင့် သူမသည်လည်း အခြား ကောင်းချီးခံများ၏ ကံကြမ္မာများကို အစဉ်အမြဲ လုယူနေခဲ့သည် မဟုတ်ပါလား။

"ပြီးတာက ပြီးသွားပြီ ထားတော့... ဒီနေ့ကစပြီး ငါ နောက်မဆုတ်တော့ဘူး”

စန်းယွန်းလီက ဆုံးဖြတ်ချက် ချလိုက်၏။ ထို့နောက် သူမက တင်ပျဉ်ချိတ် ထိုင်ချကာ ကောင်းကင်လမ်းစဉ် စာအုပ်ကို စတင်ကာ လေ့လာခဲ့တော့သည်။ အချိန်စီးဆင်းမှု အပြောင်းအလဲ ဖြစ်မှာကို စိုးရိမ်ကာ ဂရုတစိုက် လှုပ်ရှားတာမျိုး သူမ လုပ်တော့မည် မဟုတ်ချေ။

စန်းယွန်းလီ၏ မျက်လုံးထဲ၌ ဝေ့ဝူယင်မှာလည်း သူမလို လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်သည်။ သူက ဘာကိုမှ ဂရုမစိုက်ပဲ အကျိုးအမြတ် အားလုံးကို သိမ်းယူခဲ့သောကြောင့် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် ဘီလူး တစ်ကောင် ဖြစ်လာခဲ့သည်။

နောက်လာမည့် ဆယ်စုနှစ်များကား... မရေမတွက်နိုင်သည့် ကောင်းချီးခံ သားကောင်များကို ဖန်တီးပေးမည့် နှစ်များ ဖြစ်လာပေတော့မည် ဖြစ်သည်။

***

All Chapters