#နှစ်ရက်က မြန်တာလား#
Vol. 63 Ch. 883
တခြားသူများ၏အမြင်တွင် အာကာသနှလုံးကို ဒီအဆုံးမဲ့အာကာသမုန်တိုင်းနောက်က ဟင်းလင်းပြင်၌ ဖွက်ထားပြီး ရယူရန် အနည်းငယ်ခက်ခဲသော်လည်း လုချန်ရှန်းအတွက်မူ အာကာသကို ကျွမ်းကျင်မှုနှင့်အတူ အာကာသမုန်တိုင်း၏ တည်နေရာကို တွက်ချက်ပြီးနောက် သူအာကာသနှလုံးသားရှိရာသို့ အလွယ်တကူ ချဉ်းကပ်လာနိုင်ခဲ့သည်။
ထိုအချိန်တွင် တခြားသူများအတွက် အင်မတန်ဝေးကွာသေးငယ်ပုံရသည့် အာကာသနှလုံးသားက လုချန်ရှန်းအရှေ့တွင် တောင်ငယ်လေးတစ်လုံးပမာ အတော်လေးကြီးမားသည်။
တောင်ငယ်လေးတစ်လုံး အရွယ်အစားရှိသည့် အာကာသနှလုံးသားက အလွန်အမင်း ထူထဲသိပ်သည်းသော သန့်သည့်အာကာသစွမ်းအားဖြင့် ပြည့်နှက်နေသည်။
အလွန်အမင်းသိပ်သည်းသည့် အာကာသစွမ်းအားကနေ ဖွဲ့စည်းထားသည့် အာကာသနှလုံးသားက အတော်လေးကြီးသည်။
အာကာသနှလုံးသားကို လုယက်ရန်အတွက် အဓိကဂိုဏ်းများနှင့် နတ်သခင်အဆင့်ဂိုဏ်းများ ဘာကြောင့်တိုက်ခိုက်နေရသလဲဆိုတာကို ပုံဖော်ကြည့်၍ရသည်။
ဒါက မည်သည့်ဂိုဏ်းအတွက်မဆို ကြီးမားသည့် တိုးတက်မှုတစ်ခုပေတည်း။
လုချန်ရှန်း လက်ကိုဆန့်ထုတ်လိုက်၏။
သို့စေကာမူ သူဆန့်ထုတ်လိုက်သောအခါ ရုတ်ချည်းဆိုသလို အာကာသနှလုံးသားက အန္တရာယ်ကို ခံစားမိသည့်အလား သူ့ဆီကနေ အာကာသစွမ်းအားအမျှင်တန်းများက ထက်ရှသည့်ဓားသွားများပမာ ပစ်၀င်လာသည်။
ထို့နောက် ပြင်းထန်စွာရွာသွန်းသော မိုးပမာ လုချန်ရှန်းဆီသို့ တည့်တည့်ဦးတည်လာကြသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်း လက်ကို ဆန့်ထုတ်ပြီး ရှေ့သို့ဖမ်းကိုင်လိုက်သည်။
သူက သတ္တုအသွင်ရှိသည့် တစ်စုံတစ်ရာကို ဖမ်းကိုင်လိုက်သည့်အလားပင်။
လုချန်ရှန်း အာကာသတစ်ခုလုံးကို လက်ထဲတွင် ကိုင်ထားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အာကာသဓားသွားများက ပြိုကွဲသွားကြ၏။
ဒီမြင်ကွင်းကိုမြင်ပြီးနောက် ကြည့်ရှုနေကြသူများ ထိတ်လန့်သွားကြသည်။
အာကာသနှလုံးသား၏ ဘယ်ဘက်ခြမ်းတွင် အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။
အာကာသနှလုံးသားကမူ အက်ကြောင်းထဲ တိုး၀င်ကာ တွားတွားသွားပြီး ထွက်ပြေးရန် ပြင်နေစဉ်မှာပင် လုချန်ရှန်း အက်ကြောင်းရှေ့တွင်ပေါ်လာပြီး လက်ကိုအသာလေး ဝှေ့ယမ်းလိုက်၏။
အာကာသစွမ်းအားတစ်ခု ပစ်လွှတ်လာပြီး အက်ကြောင်းက ချက်ချင်းကောင်းမွန်သွားသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်း သူ့လက်ကို အာကာသနှလုံးသားပေါ်သို့ တင်လိုက်သည်။
"မင်းထွက်ပြေးချင်သေးတာလား"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဧရာမဖိနှိပ်အားတစ်ခုက အာကာသနှလုံးသားကို လွှမ်းခြုံသွား၏။
အာကာသနှလုံးသား ဘယ်လောက်ပင် ကြိုးစားရုန်းကန်ပါစေ ဒီဝိုင်းရံမှုကနေ လွတ်မြောက်နိုင်ခြင်းမရှိချေ။
ထို့ကြောင့် လုချန်ရှန်း လက်ချောင်းကို မြှောက်လိုက်သည်။
လုချန်ရှန်း၏ အတင်းဖိသိပ်မှုအောက်တွင် အာကာသနှလုံးသားက သိသိသာသာပင် စတင်ကျုံ့လာပြီးနောက် လုချန်ရှန်းလက်ထဲတွင် အလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းနောက် လုချန်ရှန်း သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ဒီနည်းနှင့် အာကာသနှလုံးသားက နောက်ဆုံးတော့ သူ့လက်ထဲရောက်လာလေပြီ။
ထို့နောက် သူဟွမ်ချင်း၊ လျိုကျိယုတို့နှင့် တွေ့ဆုံသည်။
"ရသွားပြီလား"
လုချန်ရှန်းခေါင်းညိတ်ပြီးနောက် သက်ပြင်းချသည်။
"ဒီတစ်ကြိမ် ငါလုံလုံလောက်လောက် မပြင်ဆင်ထားခဲ့ဘူး၊ ငါအာကာသနှလုံးသားရဲ့ ခုခံမှုကို တကယ်ထည့်မတွက်ခဲ့မိဘူး၊ ငါအချိန်တွေအများကြီး ဖြုန်းမိပြီး လူများစွာကို ဆွဲဆောင်ခဲ့မိတာပဲ"
ဟွမ်ချင်း "......"
လျိုကျိယု "....."
အင်း၊ ဒီစိတ်နေသဘောထားကတော့ ဒီတစ်သက် ဘယ်တော့မှ ပြောင်းမယ်မထင်တော့ဘူး!
"ဒါပေမယ့် အဲဒီနတ်သခင်တွေက စီနီယာကို ဘိုးဘေးအင်ပါယာနယ်မြေအပြင်ဘက်မှာ စောင့်နေကြတယ်"
လျိုကျိယု အနည်းငယ် လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ဘိုးဘေးအင်ပါယာနယ်မြေ၀န်းကျင် တစ်ခုလုံးမှာ ၀န်းရံခံနေရလောက်ပြီ"
အကယ်၍ နတ်သခင်အဆင့်ဂိုဏ်းခြောက်ဂိုဏ်းကသာ ပူးပေါင်းလိုက်မည်ဆိုပါက သူတို့ရေတစ်စင်ပင်လျှင် မယိုဖိတ်နိုင်အောင် အလွယ်တကူလုပ်နိုင်သည်။
ဟွမ်ချင်း လုချန်ရှန်းကို စိုက်ကြည့်ကာ မေးသည်။
"ဘာလုပ်ကြမလဲ၊ သူတို့ကို ရိုက်နှက်ပစ်ရမလား"
ဘေးက လျိုကျိယု ဒါကိုကြားသောအခါ နဖူးက ချွေးများကို သုတ်လိုက်မိသည်။
ထပ်လာပြန်ပြီလား!
ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ ဒီအဒေါ်ကြီးကပဲ ဒီလိုစကားမျိုးကို ပြောရဲလောက်တယ်!
"သူတို့ကိုရိုက်နှက်ပစ်မယ်" လုချန်ရှန်း သူမကိုစိုက်ကြည့်သည်။
"ရိုက်နှက်ရမယ်၊ ငါဘာလို့ လူတွေကို သတ်ဖြတ်လုယက်ခြင်းကနေ ကြိုတင်ကာကွယ်မှု မလုပ်နိုင်ရမှာလဲ"
"ပြီးခဲ့တဲ့နှစ်ရက်က သေမျိုးကျေးရွာမှာ ငါမင်းတို့အတွက် အဲဒီအဆောင်တွေနဲ့ ဆေးလုံးတွေပဲ ပြင်ဆင်ခဲ့တာမဟုတ်ဘူး"
ထို့နောက် လုချန်ရှန်း စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။
လျိုကျိယုနှင့် ဟွမ်ချင်းတို့၏ ရှုပ်ထွေးနေသည့် အကြည့်များအောက်တွင် လုချန်ရှန်း ဖြည်းဖြည်းချင်းဖြန့်လိုက်သည်။
ထို့နောက်တွင် အာကာသစွမ်းအားစီးကြောင်းများက အရူးအမူးစိမ့်ထွက်လာကြသည်။
လျိုကျိယု၏မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်သွားပြီး သူ့မျက်သူငယ်အိမ်များက မယုံနိုင်မှုဖြင့် ပြည့်နှက်နေသည်။
သူတို့မျက်လုံးရှေ့တွင်ပင် ဒီအာကာသစွမ်းအားကို ကြီးမားသည့်အာကာသတယ်လီပို့အခင်းအကျင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
လုချန်ရှန်း တယ်လီပို့အခင်းအကျင်းကို လက်ညိုးထိုးပြပြီး ခပ်ပေါ့ပေါ့ပြောသည်။
"ငါတခြားနေရာကို ဆန္ဒရှိသလို မပို့ဆောင်နိုင်သေးပေမယ့် သေမျိုးကျေးရွာကိုတောင် ရောက်နိုင်ပါသေးတယ်"
လျိုကျိယု ဧရာမအာကာသတယ်လီပို့အစီအရင်ကို မိန်းမောတွေဝေစွာ ကြည့်ရင်း ပြောသည်။
"စီနီယာဆိုလိုတာက.... ဒီနှစ်ရက်အတွင်းမှာ ကျွန်တော်တို့ကို ဆေးလုံးတွေ၊ အဆောင်တွေ၊ သီးခြားအစီအရင်တွေနဲ့ ကူညီပေးဖို့အတွက် အဲဒါတွေလုပ်ခဲ့ရုံတင်မက တိုက်ရိုက်တယ်လီပို့အစီအရင်တစ်ခုကိုလည်း လုပ်ခဲ့တာပေါ့"
သူ ပိုးချည်အိတ်ထဲက တောင်ကဲ့သို့ ဆေးလုံးများ၊ အဆောင်များနှင့် အစီအရင် အခင်းအကျင်းများကို တွေးလိုက်မိသည်။
ထို့နောက် သေမျိုးကျေးရွာနှင့် ဘိုးဘေးအင်ပါယာနယ်မြေ၏ အကွာအဝေးကိုပါ သူတွေးမိသည်။
နှစ်ရက်အတွင်းမှာ ဒါတွေအားလုံးကို ပြီးသွားခဲ့တာလား!
လုချန်ရှန်း အပြစ်ကင်းစင်စွာမေးသည်။
"နှစ်ရက်ကမြန်လို့လား"
နှစ်ရက်.....!
ဒါကမြန်တာတဲ့လား!
လျိုကျိယု လုံး၀ဆွံအနေသည်။
ဟွမ်ချင်း အားကိုးရာမဲ့စွာပြုံးမိသည်။
လုချန်ရှန်းကဲ့သို့ မွန်းစတားတစ်ယောက်အတွက် ဒါက တကယ်ကိုမမြန်သော်လည်း လျိုကျိယု သို့မဟုတ် တခြားကျင့်ကြံသူများအတွက်မူ ဒါကမဖြစ်နိုင်ပါ။
"ကောင်းပြီ၊ ဘာလို့ဒီလောက်အရှုပ်တွေ လုပ်နေရတာလဲ" လုချန်ရှန်း တယ်လီပို့အခင်းအကျင်းကို လက်ညိုးထိုးပြသည်။
"မြန်မြန်၀င်ကြရအောင်၊ ဒီနေရာက တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားရမယ်၊ ငါ့မှာ တခြားလုပ်စရာတွေရှိသေးတယ်"
တခြားလုပ်စရာတွေလား!
ဟွမ်ချင်းပြောသည်။
"သူတို့ကို အင်မော်တယ်နယ်မြေကို ခေါ်သွားတော့မှာလား"
လုချန်ရှန်း ပင်ပန်းပြီးမျှော်လင့်ချက် ကင်းမဲ့နေသည့်ဟန်ဆောင်ရင်း ခေါင်းညိတ်သည်။
"အခုမြေအင်မော်တယ်နယ်ပယ်ကို ရောက်ဖို့ အချိန်ကျပြီ...ဘယ်လို၀ဋ်ကြွေးမျိုးလဲ၊ အဲဒီကောင်စုတ်လေးတွေကို လက်ခံပြီးကတည်းက ငါငြိမ်းငြိမ်းချမ်းချမ်း မနေရတော့ဘူး"
လျိုကျိယု၏ နှုတ်ခမ်းအစုံက ကွေးသွားသည်။
"ခင်ဗျား ကျွန်တော့်ကိုအသုံးချထားတာတောင် ဒီလိုပုံစံလုပ်နေသေးတယ်နော်"
လုချန်ရှန်း သူ့ထံ သတ်ဖြတ်လိုသည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။
"ငါလှုပ်ရှားမှုအသစ်တွေ စမ်းသပ်ထားတယ်၊ အတူတကွလေ့ကျင့်ကြတာပေါ့"
လျိုကျိယု၏မျက်နှာ ချက်ချင်းပင် ဖြူရော်သွားပြီး သူ့ပါးစပ်သူရိုက်လိုက်မိသည်။
ဒီလိုဈေးပေါတဲ့ပါးစပ်မျိုး ပိုင်ဆိုင်ဖို့ မင်းကို ဘယ်သူတောင်းဆိုခဲ့တာလဲ!
.....
ထိုအခိုက်အတန့်၌ ဘိုးဘေးအင်ပါယာနယ်မြေအပြင်တွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ဒီနေရာကို ၀န်းရံထားကြသည်။
နတ်သခင်ခုနှစ်ဦးကမူ ဒီနေရာအား ကိုယ်တိုင်ကိုယ်ကျပင် စောင့်ဆိုင်းနေကြ၏။
ယခုလိုအရာမျိုးဖြစ်ပျက်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင်ကြာသွားပြီလဲ!
နတ်သခင်ခုနှစ်ဦးက လူတစ်ယောက်ကို တစ်ချိန်တည်းတွင် ဝိုင်းရံထားသည်။
ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရ ဓားသခင် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။
သူ့အကြည့်က ဘိုးဘေးအင်ပါယာနယ်မြေကို ထိုးဖောက်သွားသည့် ဓားတစ်စင်းအလားပင်။
"အာကာသနှလုံးသာသရဲ့အော်ရာက ပျောက်ကွယ်သွားပြီ"
ဘေးက ယင်ယန်သခင်က သူ့၏ သေးသွယ်သောခန္ဓာနှင့်အတူ သူ့အသံနှင့် မကိုက်ညီသည့် အေးစက်စက်အသံတစ်သံကို ထုတ်လွှတ်သည်။
"ဒါဆို သူမကြာခင် ထွက်လာလိမ့်မယ်"
"ဒါပေမယ့် ငါတို့အာကာသနှလုံးသားကို ဘယ်လိုခွဲကြမလဲ"
"အရင်ရယူကြတာပေါ့"
ထို့နောက် သူတို့ခုနှစ်ရက်တိတိ စောင့်နေခဲ့သည်။
ကောင်းကင်မီးနတ်သခင် မျက်မှောင်ကြုတ်သည်။
"သူဘာလို့မထွက်လာရသေးတာလဲ၊ သူကြောက်နေတာများလား"
ကောင်းကင်မြေအောက်နတ်သခင် ခေါင်းခါယမ်းသည်။
"ဘိုးဘေးအင်ပါယာနယ်မြေမှာ ငါတို့တောင် အကြာကြီးနေနိုင်မှာ မဟုတ်ဘူး၊ အဲဒီမှာ ဝိဉာဉ်ချီရော၊ နိယာမစွမ်းအားရော မရှိဘူးလေ"
"ဖြစ်နိုင်တာက....."
နတ်သခင်ဟောင်တျန်းအပြင် ကျန်သော နတ်သခင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သူတို့ချက်ချင်းပင် သူတို့လူများအား ဘိုးဘေးအင်ပါယာနယ်မြေသို့ ၀င်ရန် ညွှန်ကြားလိုက်ကြသည်။
မကြာမီ သတင်းကပျံ့သွားခဲ့သည်။
နတ်သခင်ခြောက်ဦး ဒါကိုကြားသောအခါ သူတို့၏ အမူအရာများက မည်းမှောင်သွားကြ၏။
ကျန်သောကျင့်ကြံသူများကမူ ထိတ်လန့်သွားကြသည်။
နတ်သခင်ခုနှစ်ယောက်ရှိနေတာတောင် ကိုယ်တိုင်ကိုယ်ကျလာနိုင်ပြီး ဘယ်သူမှ သတိမထားမိဘဲ လွတ်မြောက်သွားနိုင်တဲ့ လူတစ်ယောက် ရှိသေးတာလား!
အပိုင်း(884) coming။