← Chapters

#‌အာကာသနှလုံးသားကို စုပ်ယူခြင်း#

Vol. 63 Ch. 885

#‌အာကာသနှလုံးသားကို စုပ်ယူခြင်း#

Vol. 63 Ch. 885

သေမင်းဝိဉာဉ်နန်းတော်တွင် ဝိဉာဉ်အရှင်သခင် စားပွဲထိပ်တွင် မည်းမှောင်သည့် အမူအရာနှင့် ထိုင်နေပြီး မေးသည်။

"တစ်ဘက်လူရဲ့တည်နေရာကို ရှာဖို့က တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား"

အကြီးအကဲတစ်ဦး အကူအညီမဲ့စွာပြောသည်။

"ဝိဉာဉ်အရှင်သခင်၊ ကျွန်တော်တို့ ဘိုးဘေးအင်ပါယာနယ်မြေကို ၀င်ပြီး အသေးစိတ် မရှာသရွေ့ ကျွန်တော်တို့မှာ ဘာသဲလွန်စမှ တကယ်မရှိဘူး"

"မဟုတ်ဘူးဆိုရင် အဲဒီနတ်သခင်ဂိုဏ်းတွေတောင် မရှာနိုင်တဲ့လူတစ်ယောက်ကို ကျွန်တော်တို့လည်း ရှာမတွေ့နိုင်ဘူး"

ဒါကိုကြားသောအခါ ဝိဉာဉ်အရှင်သခင် လေးနက်စွာပြောသည်။

"မင်းတို့ ဘိုးဘေးအင်ပါယာနယ်မြေကို ၀င်လို့မရဘူး၊ အဲမှာ နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ရန်မစနိုင်တဲ့ တည်ရှိမှုတစ်ခုရှိတယ်"

အကြီးအကဲထိတ်လန့်သွား၏။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်တောင် သူ့ကို ရန်မစနိုင်တာလား!

ဒါဆိုတစ်ဘက်လူက ဒဏ္ဍာရီလာနယ်ပယ်ကများလား!

"ဒီတော့ ငါတို့လက်လျှော့ရုံပဲပေါ့...."

....

ဟောင်တျန်းဂိုဏ်း၏ ဖြန့်ကြက်မှုအပြီးတွင် သတင်းများကို နောက်ထပ်မဖိသိပ်ထားနိုင်တော့ဘဲ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ ပျံ့သွားသည်။

အဓိကဂိုဏ်းအားလုံးနှင့် မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြ၏။

ထိတ်လန့်မှုနှင့်အတူ မှန်းဆချက်များလည်းရှိသည်။

"နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းနဲ့ နတ်သခင်ကျွမ်းကျင်သူတွေကြားကနေ အာကာသနှလုံးသားကို လုယူနိုင်ပြီး တစ်ဘက်လူကို အကူအညီမဲ့တဲ့ အခြေအနေအထိ တွန်းပို့ပစ်ခဲ့တာဆိုတော့ သူက တကယ်ပဲ ဘယ်အဆင့်မှာလဲ..."

"သူဘယ်အဆင့်လဲဆိုတာ ငါမသိပေမယ့် ဒီဖြစ်ရပ်နောက်မှာတော့ ပြိုင်ဘက်ကင်းလို့ ယူဆလို့ရတဲ့ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက သေချာပေါက်မျက်နှာပျက်ပြီး သူတို့ရဲ့ ဂုဏ်သတင်းကလည်း အကြီးအကျယ် ထိခိုက်သွားရလိမ့်မယ်"

"အချိန်တော်တော်ကြာ နတ်သခင်တွေက အဆင့်မြင့်ကြယ်နယ်မြေရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာ၊ ဘယ်သူမှသူတို့ကို မလှုပ်နိုင်သလို မစော်ကားနိုင်ဘူး၊ ဒါပေမယ့် သူတို့ အဆင့်ပိုမြင့်လာလေလေ၊ အောက်ကို ပိုကျလာလေလေပဲ...."

"ဟားဟား၊ ဒါကတကယ်ကို ကျေနပ်စရာပဲ၊ ပုံမှန်ဆိုရင် အဲဒီနတ်သခင်အဆင့်ဂိုဏ်းက တပည့်တွေက မခံမရပ်နိုင်လောက်အောင် မောက်မာပြီး လူတိုင်းကို မထီမဲ့မြင်ပြုတတ်ကြတယ်၊ သူတို့ တခြားဂိုဏ်းတွေက ဘယ်သူ့ကိုမှ မျက်လုံးထဲတောင် မထည့်တတ်ကြဘူး၊ အခုတော့ သူတို့ခေါင်းငိုက်စိုက်ကျသွားရတော့မယ်ထင်တယ်"

"ရှူး၊ မင်းစကားလုံးတွေကို သတိထား၊ နတ်သခင်အဆင့်ဂိုဏ်းတွေရဲ့ ဂုဏ်သတင်းက ထိခိုက်သွားတယ်ဆိုပေမယ့် ငါတို့ရန်စစော်ကားနိုင်တဲ့ အရာတစ်ခုတော့ မဟုတ်သေးဘူး"

"ဘာကိုကြောက်နေစရာလိုလို့လဲ၊ သူတို့က ဒီကိစ္စကို ကိုင်တွယ်ရာမှာ အလုပ်ရှုပ်နေလောက်တယ်၊ ငါတို့ကို ဂရုစိုက်ဖို့ သူတို့မှာ ဘယ်လိုလုပ် အချိန်ရှိနိုင်မှာလဲ"

အနီး၀န်းကျင်က နတ်သခင်အဆင့်ဂိုဏ်းတပည့်များက ဒီစကားလုံးများကို ကြားသောအခါ သူတို့မျက်နှာများက မည်းမှောင်သွားကြ၏။

သို့စေကာမူ သူတို့ဘာမှမလုပ်နိုင်ပါ။

မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးက ဒီအကြောင်းကို ဆွေးနွေးနေကြခြင်းသာ။

သူတို့တစ်ယောက်နှစ်ယောက်ကို သတ်ပစ်လျှင်ပင် ဘာအသုံး၀င်မည်နည်း။

လူများအား သူတို့အကြောင်းကို ပြောနေခြင်းကနေ ဘယ်လိုလုပ် ရပ်တန့်တားဆီးနိုင်မည်နည်း။

ဒီအတွက်ကြောင့် ပြစ်မှုကျုးလွန်မိသည်နှင့် ဆန့်ကျင်ဘက်တုံ့ပြန်မှုများပင် ရှိနိုင်မည်ဖြစ်ကာ နတ်သခင်အဆင့်ဂိုဏ်း၏ ဂုဏ်သတင်းထိခိုက်ပျက်စီးမှုက ပို၍ပင် ဆိုးရွားသွားနိုင်ပေသည်။

အကယ်၍ ဒီသတင်းသာ ကျယ်ကျယ်ပြန့်ပြန့် မပျံ့နေပါက ဒီလိုမှတ်ချက်များအပေါ် သူတို့ကို သတ်ရန် အဆင်ပြေပါသေးသည်။

သို့စေကာမူ အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူတိုင်း ဒီအကြောင်းကိုသိကြသည်။

......

ယခုအချိန်တွင် မျက်စိအဖမ်းစားလုံးလူသားကတော့ သေမျိုးကျေးရွာကို ပြန်ရောက်နေလေပြီ။

ယခုအခိုက်အတန့်၌ မစ္စတာ၏ ခြံ၀င်းထဲတွင် လုချန်ရှန်း၊ ဟွမ်ချင်း၊ မစ္စတာနှင့် ကျောက်တုံးလေးတို့အားလုံး ရှိနေကြသည်။

တစ်ချိန်တည်းမှာပင် ခြံတစ်ဝိုက်နှင့် သေမျိုးကျေးရွာတစ်ခုလုံးတွင်ပင် လူချန်ရှန်း အတားအဆီးနှစ်ထပ် ချထားခဲ့သည်။

ဒါက အာကာသနှလုံးသားကို စုပ်ယူနေစဉ် ၎င်း၏အော်ရာကို တခြားဂိုဏ်းများ အာရုံခံမိခြင်းကနေ ကာကွယ်တားဆီးရန်ဖြစ်သည်။

လုချန်ရှန်း အာကာသနှလုံးသားကို ထုတ်ယူလိုက်၏။

မစ္စတာအနည်းငယ်ခေါင်းညိတ်သည်။

"မရေမတွက်နိုင်လောက်တဲ့ အာကာသအဆီအနှစ်တွေကို စုပ်ယူခြင်းကနေ ဖြစ်တည်လာတဲ့ အာကာသနှလုံးသားဆိုတဲ့ အတိုင်းပဲ၊ အထဲက အာကာသစွမ်းအားက တိုင်းတာလို့တောင်မရဘူး"

"ဒါပေမယ့် ကျောက်တုံးလေးတောင် ဒီလိုကြီးမားတဲ့ အာကာသစွမ်းအားကို တစ်ကြိမ်တည်းနဲ့ မစုပ်ယူနိုင်ဘူး"

ကျောက်တုံးလေး၏ရုပ်ခန္ဓာက အာကာသနှင့် ပတ်သက်လာပါက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသလို အာကာသတာအိုကို ကျင့်ကြံရန်အတွက် သူ့ထက် ပိုသင့်တော်သူမရှိသော်လည်း သူ့လက်ရှိကျင့်ကြံခြင်းအဆင့်အရ အာကာသစွမ်းအားများစွာကို အခြေကျအောင် လုပ်နိုင်စွမ်းကင်းမဲ့နေဆဲပင်။

လုချန်ရှန်းခေါင်းညိတ်သည်။

"ကျုပ်နည်းလမ်းတစ်ခု စဉ်းစားပြီးပြီ"

လုချန်ရှန်း အာကာသနှလုံးသားကို ရယူရန်အတွက် နည်းလမ်းဆယ်ခုကျော်စဉ်းစားပြီးလေပြီ။

အာကာသနှလုံးသားကို စုပ်ယူရန်အတွက် ဒီနည်းလမ်းက ကျောက်တုံးလေးအတွက် အရမ်းကြီးအန္တရာယ်မရှိပေ။။

ထိုအချိန်တွင် ကျောက်တုံးလေးခေါင်းကုတ်ကာ မေးသည်။

"ဆရာ၊ ဒါကိုစုပ်ယူပြီးရင် ကျွန်တော် အရမ်းအားကောင်းလာမှာလား"

လုချန်ရှန်းမဖြေနိုင်သေးခင်မှာပင် လျိုကျိယု မျက်လုံးလိမ့်လိုက်သည်။

"ဒါက အဲဒီနတ်သခင်တွေတောင် လုယူချင်တဲ့ နတ်ပစ္စည်းတစ်ခုပဲလေ၊ သေချာပေါက် အများကြီးအားကောင်းလာစေမှာပေါ့"

အဖြေကိုရလိုက်သဖြင့် ကျောက်တုံးလေး၏ မျက်လုံးများက ချက်ချင်းလင်း၀င်းသွား၏။

"ဒါဆိုဘာကိုစောင့်နေ‌ရသေးတာလဲ" ကျောက်တုံးလေးအလျင်စလိုပြောသည်။

"ဆရာ၊ ဆရာ၊ ဒါကို ကျွန်တော့်ကို မြန်မြန်စုပ်ယူခွင့်ပေးပါ"

ကျောက်တုံးလေး၏ မျက်လုံးများကို ကြည့်ရင်း လုချန်ရှန်း ရင်းနှီးနေသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ့အရင်ဘ၀က တန်ဖိုးရှိ လေ့လာရေးပစ္စည်းအနည်းငယ်ကို မြင်ဖူးသည့် နှာဘူးတစ်ယောက်ကို မြင်ရသည့်ပမာ သူခံစားနေရခြင်းပင်။

"ကောင်လေး၊ အေးဆေးနေစမ်း၊ မင်းအားကောင်းလာတဲ့အခါကျရင် အဲလိုအရာတွေကို မလုပ်နဲ့တော့၊ မဟုတ်ဘူးဆိုရင် ငါမိသားစုအရေးထက် ဖြောင့်မှတ်မှန်ကန်မှုကို ပိုပြီးဦးစားပေးမှာ"

သူ့ဆရာ၏ မျက်လုံးများကနေ ရက်စက်သည့် အကြည့်ကို မြင်ရသောအခါ ကျောက်တုံးလေး၏ ကိုယ်က တုန်ယင်သွားပြီး ဟွမ်ချင်းနောက်သို့ အလျင်အမြန်ပြေးကာ သူမအင်္ကျီထဲတွင် ခေါင်းကိုမြှုပ်ရင်း မကျေမနပ်ညည်းတွားသည်။

"အစ်မဟွမ်ချင်း၊ ဆရာကိုကြည့်ပါဦး"

သို့စေကာမူ ထိုသို့ပြောပြီးနောက်တွင် လုချန်ရှန်း ဗလုံးဗထွေးညီးညူသံကို ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် ထပ်ပြီး ဒေါသထွက်သွားသည်။

ဟွမ်ချင်း ကျောက်တုံးလေးကို ကာကွယ်ပြီးပြောသည်။

"သူကငယ်သေးတယ်လေ၊ ရှင့်ဘာလို့ အဲလောက်ကြမ်းတမ်းရတာတုန်း"

လုချန်ရှန်း မျက်လုံးလိမ့်ကာ မစ္စတာအား ကြည့်လိုက်၏။

သူ မစ္စတာအား 'ဒါခင်ဗျားသင်ကြားခဲ့တဲ့ ကျောင်းသားလား' ဟုမေးနေသည့်အသွင်။

လုချန်ရှန်း၏မျက်လုံးကနေတဆင့် မေးခွန်းကို နားလည်သည့်အလား မစ္စတာခေါင်းငုံ့ကာ လျစ်လျူရှုလိုက်သည်။

ကျောက်တုံးလေးမှားနေတာကို သူသိသော်လည်း အနည်းငယ်စိတ်ရှုပ်နေမိသည်။

အပြင်ထွက်ပြီးနောက် ဒီကောင်စုတ်လေး ဘယ်လိုလုပ် မျက်နှာလိုမျက်နှာရ လုပ်တတ်လာတာလဲ!

"လုံလောက်ပြီ" လုချန်ရှန်း အသက်ပြင်းပြင်းရှုပြီး သူ့မပျော်ရွှင်မှုကို ဖိနှိပ်ကာ ပြောသည်။

"ဒီမှာလာထိုင်"

ထိုစကားကို ကြားသောအခါမှသာ ကျောက်တုံးလေး ခေါင်းညိတ်ပြီး အလျင်အမြန် ခေုချင်းချိတ်ထိုင်ပြီး ကိုယ်ထဲက အာကာသစွမ်းအားကို လှည့်ပတ်လိုက်၏။

သူအာကာသစွမ်းအားကို လှည့်ပတ်လိုက်သည့် အခိုက်အတန့်၌ ကျောက်တုံးလေးအနီးက လေဟာနယ်က စတင်အတက်အကျဖြစ်လာသည်။

မစ္စတာခေါင်းညိတ်သည်။

"ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာက နာမည်နဲ့ တကယ်လိုက်တာပဲ...."

အာကာသနှင့် သူ့ရဲ့ဆက်နွှယ်မှုက အတော်လေးရယ်စရာကောင်းသည်။

ကိုယ်ထဲက အာကာသစွမ်းအားကို လှည့်ပတ်လိုက်ရုံမျှနှင့် သူက ပတ်ပတ်လည်က အာကာသကိုပင် ပြောင်းလဲစေနိုင်သည်။

ရုတ်တရက် လုချန်ရှန်း လက်ထဲတွင် အာကာသနှလုံးသားကို ကိုင်ပြီး ကျောက်တုံးလေးထံပြေးကာ ကျောက်တုံးလေး၏ ဒန်တျန်ထဲကို တည့်တည့်ပင်၀င်စေသည်။

ဒါကိုမြင်သောအခါ မစ္စတာ၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ ကြက်သေသေသွားကြ၏။

လုချန်ရှန်းရှေ့တိုးပြီး သူ့လက်ကို ကျောက်တုံးလေးခေါင်းထိပ်တွင် တင်လိုက်သည်။ ထို့နောက် ကျောက်တုံးလေးကိုယ်ထဲ ဘာဖြစ်နေသလဲဆိုတာ သူအာရုံခံရန် ကြိုးစားသည်။ သို့မှသာ ကျောက်တုံးလေးက အာကာသနှလုံးကြောင့် ထိခိုက်မည်မဟုတ်ပေ။

သို့စေကာမူ မျှော်လင့်မထားစွာပင် အာကာသနှလုံးသား ကျောက်တုံးလေးဒန်တျန်ထဲ ၀င်သွားပြီးနောက် ၎င်းက အဓိကရုဏ်းမလုပ်ဘဲ ယင်းအစား အတော်လေးကို သိမ်မွေ့နေသည်။

၎င်းက အာကာသစွမ်းအားကို အပြည့်အ၀ မထုတ်လွှတ်ဘဲ ယင်းအစား ကျောက်တုံးလေး ယခုလက်ခံနိုင်သည် အဆင့်တစ်ခုအထိ အသန့်စင်ဆုံးအာကာသစွမ်းအားကို ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ အနည်းငယ်စီ ပေါင်းစပ်နေသည်။

ဒါက ကျောက်တုံးလေး၏ခွန်အားနှင့် ရုပ်ခန္ဓာကို တိုးရန်ကူညီပေးသည်။

မစ္စတာ သဲလွန်စများကို မြင်သောအခါ ပြောသည်။

"ဒါက ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာကြောင့်ဖြစ်မယ်၊ ဒီခန္ဓာက အသန့်စင်ဆုံးအာကာသစွမ်းအားရှိတဲ့ အာကာသနှလုံးသားကိုတောင် ဆွဲဆောင်နိုင်တယ်"

ထိုအချိန်တွင် အာကာသနှလုံးသား၏ အကူအညီဖြင့် ကျောက်တုံးလေး၏ နယ်ပယ်က ဆက်တိုက်စတင်မြှင့်တက်လာသည်။

အမွေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ဒါက ကျောက်တုံးလေးကို မြေအင်မော်တယ်နယ်ပယ်အထိ ရောက်သွားစေသည်။

အပိုင်း(886) coming။

All Chapters