← Chapters

#‌ပြင်ဆင်ခြင်း၊ အင်မော်တယ်နယ်မြေသို့ ဦးတည်ခြင်း#

Vol. 63 Ch. 886

#‌ပြင်ဆင်ခြင်း၊ အင်မော်တယ်နယ်မြေသို့ ဦးတည်ခြင်း#

Vol. 63 Ch. 886

အာကာသနှလုံးသား ကျောက်တုံးလေး၏ ဒန်တျန်ထဲ၀င်သွားပြီးနောက် ၎င်းက ကျောက်တုံးဘေးခုခံနိုင်သည်အထိ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ခြေလက်အင်္ဂါများနှင့် အရိုးများကို အားဖြည့်ရန်အတွက် အာကာသစွမ်းအားကို အသုံးပြုပြီး ကျောက်တုံးလေး၏ခွန်အားကို တိုးလာစေသည်။

ဒါက ကျောက်တုံးလေး၏ နယ်ပယ်ကို အဆက်မပြတ်မြှင့်တက်သွားစေသည်။

အချိန်တိုအတွင်းမှာပင် မယုံနိုင်လောက်ဖွယ်ရာ အမြန်နှုန်းဖြင့် သွေးပြောင်းလဲခြင်းနယ်ပယ်ကနေ မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။

ဒီအဆင့်ကိုရောက်ပြီးမှသာ ချိုးဖျက်သည့် အမြန်နှုန်းက နှေးသွားပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကို ရောက်သောအခါတွင်မူ ရပ်သွားသည်။

သို့စေကာမူ သူကျင့်ကြံနေသရွေ့ ကျောက်တုံးလေးကိုယ်ထဲက အာကာသနှလုံးသားက ဒန်တျန်ထဲသို့ အာကာသစွမ်းအားကို ဖြည်းဖြည်းချင်း ပေါင်းစပ်ပေးပြီး ပို၍မြန်မြန်နှင့် ပိုထိရောက်စွာ ချိုးဖျက်နိုင်ရန် ကူညီပေလိမ့်မည်။

လျိုကျိယု မနာလိုအားကျစွာပြောသည်။

"အာကာသနှလုံးသားက တကယ်ပဲ နတ်ပစ္စည်းတစ်ခုပဲ၊ ဒီအချိန်မှာ သူက ကိုယ်ပိုင်အသိစိတ်ကိုတောင် ပိုင်ဆိုင်နေပြီ၊ ဘာပဲဆိုဆို စီနီယာလုအတွက် အာကာသနှလုံးသားကို စုပ်ယူစရာမလိုဘူးလေ၊ ဒါက ကျောက်တုံးလေးကို ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုအထိ ခွန်အားကို တိုးဖို့အတွက် ကူညီခဲ့တယ်"

ဟွမ်ချင်းကလည်း ခေါင်းညိတ်သည်။

"ကြည့်ရတာ ငါ့ရဲ့ပြင်ဆင်မှုတွေက အချည်းနှီးဖြစ်သွားပုံပဲ"

လုချန်ရှန်းပခုံးတွန့်သည်။

"ပြင်ဆင်မှုဆိုတာက မတော်တဆမှုတွေကနေ ကာကွယ်တားဆီးဖို့ပဲ၊ တကယ်လို့ မတော်တဆတစ်ခုခုဖြစ်လာပြီး ငါတို့ ပြင်ဆင်မထားဘူးဆိုရင် ဒါက ပိုဆိုးမသွားဘူးလား"

ထိုနေရာတွင် လုချန်ရှန်း ကျောက်တုံးလေးကို ပြန်ကြည့်ပြီး အပြုံးဖြင့်ပြောသည်။

"ဒီကောင်စုတ်လေးကို ကောင်းကင်က ကောင်းချီးပေးထားတာပဲ၊ သူ့နယ်ပယ်က သူ့စီနီယာအစ်ကိုအစ်မတွေထက် သာလွန်နေပြီ"

"ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေ ကျောက်တုံးလေးရဲ့ခွန်အားကို မြင်ရတဲ့အခါ ဘယ်လိုတွေးကြမလဲဆိုတာ ကျွန်မသိချင်မိတယ်" ဟွမ်ချင်းပါးစပ်ဖုံးကာ ရယ်မောသည်။

ထိုအချိန်မှာပင် မစ္စတာလျှောက်လာသည်။

"ရှေးခေတ်ကတည်းက အာကာသနှလုံးသားက သုံးကြိမ်တောင် မပေါ်လာခဲ့ဖူးဘူး၊ ပေါ်လာတဲ့အကြိမ်တိုင်း ဒါက ရွေးချယ်ခံရသူရဲ့ မွေးဖွားမှုနဲ့အတူ ပေါ်လာတတ်တယ်"

"ကြည့်ရတာ ကျောက်တုံးလေးရဲ့ ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာ(ဟင်းလင်းပြင်သူတော်စင်ခန္ဓာ)က အာကာသနှလုံးသားကို ပေါ်လာရစေတဲ့ အကြောင်းခံဖြစ်ရမယ်"

ထို့နောက် သူလုချန်ရှန်းအား ကြည့်လိုက်၏။

"ကျောက်တုံးလေးက ဟင်းလင်းပြင်သူတော်စင်ခန္ဓာကို သုံးနိုင်တာမို့ သူ့ကို မင်းကိုပေးတာက ဖြုန်းတီးရာမကျပါဘူး"

ဒါကိုကြားသောအခါ လုချန်ရှန်း သူ့ကိုယ်သူ အတော်လေးဂုဏ်ယူသွား၏။ သို့စေကာမူ သူလေးနက်စွာ လက်ဝှေ့ယမ်းလိုက်သေးသည်။

"ဟမ့်၊ ဒီကောင်စုတ်လေးသာ ကောင်းကောင်းပြုမူမယ်ဆိုရင် ကျုပ်မှာ ဒီလောက် ခေါင်းကိုက်စရာတောင် ရှိမှာမဟုတ်ဘူး"

လျိုကျိယုနှင့် ဟွမ်ချင်းတို့က နှလုံးသားထဲကနေ ရယ်မောလိုက်မိကြသည်။

သူအတော်လေးပျော်နေတာ သိသာနေသော်လည်း တင်းကျပ်သည့်ဆရာတစ်ဦးပမာ ဟန်ဆောင်နေဆဲပင်။

"မင်းရဲ့နောက်ထပ်ခြေလှမ်းကဘာလဲ" မစ္စတာ ခပ်ပေါ့ပေါ့မေးလာသည်။

ဒါကိုကြားသောအခါ လုချန်ရှန်းမျက်မှောင်ကြုတ်သည်။

"ကျုပ် သူတို့ကို အင်မော်တယ်နယ်မြေကို ခေါ်သွားရမယ်၊ ထုတ်လုပ်ရေးအဖွဲ့က မြည်းတွေက အိမ်မှာပဲနေရင် ဘာမှမဟုတ်ဘူးလေ"

အင်မော်တယ်နယ်မြေ!

မစ္စတာအံ့ဩသင့်ခြင်းမရှိဘဲ ယင်းအစား လုချန်ရှန်း၏ ရည်ရွယ်ချက်ကို သူမှန်းဆမိသည်။

"မင်းကိုယ်ထဲက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် အပြည့်အ၀ပြောင်းလဲပစ်ချင်လို့လား"

လုချန်ရှန်း မစ္စတာကို အဓိပ္ပာယ်ရှိသော အကြည့်နှင့် ကြည့်လိုက်၏။

သေမျိုးကျေးရွာက လူအနည်းငယ်ကသာ အင်မော်တယ်နယ်မြေ၏ တည်ရှိမှုကို သိတာကို သူသိပါသည်။

နတ်သခင်များကသာ ဒီအဆင့်နှင့် ထိတွေ့နိုင်သည်။

မစ္စတာ ဒါကိုသိရုံတင်မက သူ့ရည်ရွယ်ချက်များကိုပါ တည်ငြိမ်စွာ မှန်းဆနိုင်ခဲ့သည်။

သူ့ရှေ့က မစ္စတာက ထူးခြားသည့်လက္ခဏာတစ်ခုရှိနေတာကို မြင်နိုင်သည်။

"ငါဘယ်သူလဲဆိုတာ မင်းခန့်မှန်းနေဖို့ မလိုပါဘူး"

လုချန်ရှန်း၏ အကြည့်ကို ခံစားမိသည့်အပေါ် မစ္စတာတည်ငြိမ်စွာပြောသည်။

"အချိန်ကျလာတဲ့အခါကျရင် ငါဘယ်သူလဲဆိုတာ မင်းသိမှာပါ"

"မင်းသိဖို့လိုတာက မင်းက သေမျိုးကျေးရွာအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်သရွေ့ ငါကမင်းရဲ့ရန်သူမဟုတ်ဘူး"

"သေမျိုးကျေးရွာကလည်း မင်းရန်သူမဟုတ်ဘူး"

လုချန်ရှန်းပခုံးတွန့်သည်။

"ခင်ဗျားကျုပ်ကို ထိခိုက်အောင် မလုပ်ချင်သရွေ့ ကျုပ်ကဘာလို့လုပ်ရမှာလဲ"

မစ္စတာပြုံးသည်။

"ဒါအကောင်းဆုံးပဲ"

"ကောင်းပြီ၊ ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီဆိုတော့ စောစောထွက်သွားကြတော့"

ထို့နောက် မစ္စတာထိုင်ပြီး လက်ဖက်ရည်သောက်‌လိုက်သည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

"ကျုပ် ခင်ဗျားကို ကျေးဇူးကြွေးတစ်ခု တင်ရှိသွားပြီ"

မစ္စတာပြုံးသော်လည်း ဘာမှမပြောပေ။

နှုတ်ဆက်ပြီးနောက် လုချန်ရှန်း ကျောက်တုံးလေး၊ ဟွမ်ချင်းနှင့် လျိုကျယုတို့ကို အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ခေါ်သွားလေတော့သည်။

.....

တခြားတစ်ဘက်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဒီကာလအတောအတွင်း စံအိမ်တော်က တပည့်များက ထပ်မံတိုးတက်သွားခဲ့ကြသည်။

ပြန်လည်တည်ဆောက်ထားသည့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း!

ထိုအချိန်တွင် အင်မော်တယ်ဓား ဓားဆန္ဒနှစ်ခုက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ အဆက်မပြတ်မြင့်တက်နေသည်။

တောင်နောက်တွင် လိန်ရှင်းယွန်နှင့် ကျန်းကျိယွမ်တို့က ယဲ့ချိုးပိုင်နှင့်အတူ ဓားသိုင်းလေ့ကျင့်နေကြ၏။

သို့စေကာမူ ယဲ့ချိုးပိုင်နှင့်သူတို့တိုက်ပွဲတွင် ကောင်းကင်အင်မော်တယ်နယ်ပယ် ဓားအင်မော်တယ်နှစ်ဦးက ဘာအသာစီးမှမရဘဲ ယင်းအစား ယဲ့ချိုးပိုင်ကသာ အသာစီးတစ်ချို့ရခဲ့သည်။

သူတို့သုံးယောက်က ဝိဉာဉ်ချီကိုမသုံးဘဲ ယင်းအစား ဓားဆန္ဒတစ်ခုတည်းနှင့် ယှဉ်ပြိုင်နေကြခြင်းပင်။

သို့စေကာမူ ထိုသို့ဆိုလျှင်ပင် ဒီဓားသမားနှစ်ယောက်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ထိပ်တန်းအဆင့်၀င်သည်။

သို့သော်ငြားလည်း သူတို့ ယဲ့ချိုးပိုင်ဆီကနေ ဘာအသာစီးမှ မရခဲ့ပေ။

တခြားသူများသာ ဒါကိုမြင်မည်ဆိုပါက သူတို့ထိတ်လန့်သွားကြလောက်သည်။

ထိုအချိန်မှာပင် ဓားဆန္ဒပျောက်ကွယ်သွားပြီး သုံးယောက်စလုံး ယှဉ်ပြိုင်နေတာကို ရပ်လိုက်ကြ၏။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီး ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်ကြသည်။

"လူငယ်မျိုးဆက်တွေက ငါတို့ကို ကျော်လွန်သွားလိမ့်မယ်...." ကျန်းကျိယွန် အကူအညီမဲ့စွာပြောသည်။

မှန်ပေသည်။ ကျန်းကျိယွမ်၊ လိန်ရှင်းယွန်နှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက နံပါတ်တစ်ဓားသမား ဟောင်တျန်းဟန်တို့နှင့် နေ့ရောညပါ ယှဉ်ပြိုင်ပြီးနောက် ယဲ့ချိုးပိုင် မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်ကိုပင် ရောက်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ဓားဆန္ဒကလည်း အနည်းငယ် တိုးတက်သွားခဲ့သည်။

သို့စေကာမူ ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဘယ်သူက ဒီလိုဆက်ဆံမှုမျိုးကို ရနိုင်မည်နည်း။

ထိပ်တန်းအဆင့်ဓားအင်မော်တယ်သုံးယောက်ကို လေ့ကျင့်ဖော်တွေအဖြစ် ဆိုတာက မဖြစ်နိုင်သောအရာတစ်ခုသာ။

ယဲ့ချိုးပိုင် လက်သီးဆုပ်ပြီး နှိမ့်ချစွာပြောသည်။

"စီနီယာ၊ ခင်ဗျားတို့က အရမ်းလေးနက်‌လွန်းနေတာပဲ၊ ခင်ဗျားတို့ရဲ့ လမ်းညွှန်မှုသာ မရှိဘူးဆိုရင် ကျွန်တော်ဒီအဆင့်ကို ဘယ်လိုရောက်နိုင်မှာလဲ"

"ကောင်လေး၊ ဒီလောက်နှိမ့်ချမနေနဲ့၊ ငါတို့မရှိဘူးဆိုရင်တောင် မင်းပါရမီနဲ့ ငါတို့ မနာလိုဖြစ်လာရဖို့ဆိုတာက အချိန်အတိုင်းအတာတစ်ခုပဲလိုတာ"

ဂိုဏ်းကိစ္စများကို ကိုင်တွယ်ပြီးနောက် ဟောင်ကျန်းဟန် အလျင်အမြန်ရောက်လာပြီး ယဲ့ချိုးပိုင်အား လက်ညိုးထိုးကာ ရွှတ်နောက်စွာ ဆူပူလိုက်သည်။

"ငါတို့သုံးယောက်ကို မင်းကျော်လွန်သွားဖို့ဆိုတာက အရမ်းမကြာလောက်ဘူး"

ထို့နောက် ဟောင်တျန်းဟန်ဆက်သည်။

"ကောင်းပြီ၊ စီးပွားရေးအကြောင်း ပြောကြရအောင်၊ တိမ်ဖီးနစ်အင်ပါယာနဲ့ ပညာသင်ခန်းမတို့ရဲ့ ဖွံ့ဖြိုးမှုနှုန်းက ပထမတန်းစားဂိုဏ်းတွေအဆင့်ကို လုံး၀တက်လှမ်းသွားပြီ"

တိမ်ဖီးနစ်အင်ပါယာ၊ ပညာသင်ခန်းမ!

ဟုန်ရင်၏တိုးချဲ့မှုနှင့် နင်းချန်ရှင်း၏ ဟောပြောချက်နှင့်အတူ တစ်နည်းအားဖြင့် သူတို့နောက်ကွယ်တွင် လုချန်ရှန်းရှိသဖြင့် မရေမတွက်နိုင်လောက်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများက တိမ်ဖီးနစ်အင်ပါယာကို ဧည့်အကြီးအကဲများအဖြစ် ပါ၀င်ရန် ရွေးချယ်ခဲ့ကြသည်။

ကျန်းကျိယွမ်နှင့် လိန်ရှင်းယွန်တို့ကလည်း ယခုတွင် တိမ်ဖီးနစ်အင်ပါယာ အဖွဲ့၀င်များ ဖြစ်လာကြလေပြီ။

တစ်ချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်းက တိမ်ဖီးနစ်အင်ပါယာ၊ ပညာသင်ခန်းမတို့နှင့် အနီးကပ်ပူးပေါင်းမှုကို ထိန်းသိမ်းထားသည်။

ဒီဂိုဏ်းနှစ်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကြောက်စရာအမြန်နှုန်းနှင့်အတူ ဖွံ့ဖြိုးနေသည်ဟု ဆို၍ရသည်။

ဒါက ဟုန်ရင်နှင့်နင်းချန်ရှင်းတို့၏ ခွန်အားကို အဆက်မပြတ်တိုးတက်စေသည်။

ဟုန်ရင်က ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀င်အဆင့်ကို ရောက်သွားခဲ့သည်။

နင်းချန်ရှင်းကလည်း မြေအင်မော်တယ်အထွတ်အထိပ်အဆင့်တစ်ဦးကို တိုက်ခိုက်နိုင်လေပြီ။

ရှောင်ဟိုင်၊ မုဖူရှန်း၊ မု၀မ်အာနှင့် ရှီရှန်းတို့ကလည်း အလားတူတိုးတက်မှုနှင့် ပြေးလွှားနေကြ၏။

.....

ဒုတိယနေ့တွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက လုချန်ရှန်း၏ အသံပို့လွှတ်မှုကို လက်ခံရရှိခဲ့သဖြင့် သူတို့တိမ်ဖီးနစ်အင်ပါယာတည်နေရာတွင် စုစည်းခဲ့ကြသည်။

လုချန်ရှန်းသူတို့အား စိုက်ကြည့်သည်။

"ကောင်းပြီ၊ မင်းတို့လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားပြီဆိုတော့ ငါနဲ့အတူ အင်မော်တယ်နယ်မြေကို သွားဖို့အတွက်ပြင်ဆင်ကြ"

"အင်မော်တယ်နယ်မြေကို ၀င်ပြီးတဲ့အခါကျရင် ငါ့အတွက် စိတ်ချမ်းသာအောင်လုပ်ပေး၊ နားလည်လား၊ ဘယ်ကိုမှမသွားနဲ့၊ ဘာပြဿာနာမှ မဖြစ်စေနဲ့"

"မင်းဘာကိုကြည့်နေတာလဲ၊ ငါမင်းကို ပြောနေတာကွ"

လုချန်ရှန်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်ပြီး မုန်းတီးစွာပြောသည်။

ယဲ့ချိုးပိုင် "....."

အပိုင်း(887) coming။

All Chapters