#ဖင်းယန်ချိုင့်ဝှမ်းသို့ ဦးတည်ခြင်း#
Vol. 63 Ch. 887
မည်သည့်အတွက်ကြောင့် လက်ရှိသေမျိုးနယ်မြေ၏ ခွန်အားက အင်မော်နယ်မြေနောက်တွင် အလုံးအလျား ကျန်ရစ်ခဲ့လေသနည်း။
အရင်က သေမျိုးနယ်မြေတွင် ကျင့်ကြံခြင်းယဉ်ကျေးမှုက အတော်လေးတောက်ပပြီး ကျွမ်းကျင်သူများက မကြာခဏဆိုသလို ပေါ်လာတတ်သည်။
နယ်မြေခြောက်ခုလုံးကပင် လျစ်လျူရှုထား၍ မရနိုင်သည့်တည်ရှိမှုများရှိသည်။ အင်မော်တယ်နယ်မြေပင်လျှင် အနည်းငယ်အားနည်းပြီး သေမျိုးနယ်မြေနှင့်ဆိုပါက ဒုတိယနေရာတွင်ရှိသည်။
သို့စေကာမူ မည်သည့်အတွက်ကြောင့် မဟာကပ်ဘေးအပြီးတွင် သေမျိုးမယ်မြေက ယခုလိုအခြေအနေအထိ ကျဆင်းသွားရလေသနည်း။
ပထမအချက်က ဒါက ကျွမ်းကျင်သူများ၏ ကျဆုံးမှုနှင့်အတူ အမွေအနှစ်များ ပျောက်ကွယ်မှုကြောင့်ဖြစ်ပြီး အနာဂတ်မျိုးဆက်များက ဒီအားနည်းချက်ကို မဖြည့်ဆည်းနိုင်ခဲ့ကြပေ။
ဒုတိယအချက်က အမွေအနှစ်များ ပျောက်ကွယ်သွားပြီး ကျွမ်းကျင်သူများ သေဆုံးသွားလျှင်ပင် ထိုအချိန်က သေမျိုးနယ်မြေ၏ ပါရမီအရ အချိန်အတော်ကြာ ကုသမှုအပြီးတွင် သူတို့အရင်က ဂုဏ်ကျက်သရေကို တဖြည်းဖြည်းပြန်ရနိုင်သည်။
သို့သော် ဘာအတွက်ကြောင့် ကွာဟချက်က ပိုပိုပြီးပြင်းထန်လာရလေသနည်း။
ဒါကအရမ်းရိုးရှင်းသည်။ ရှေးခေတ်က နယ်မြေခြောက်ခုကြားက တိုက်ပွဲအပြီးတွင် သေမျိုးမယ်မြေထဲက ဝိဉာဉ်ချီအရည်အသွေးက သိသာစွာပင် နိမ့်ကျလာသောကြောင့်ပင်။
ရလဒ်အဖြစ် နောက်ပိုင်းမျိုးဆက်များ၏ ကျင့်ကြံခြင်းနှုန်းကလည်း နှေးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် တခြားနယ်မြေငါးခုနှင့် ယှဉ်ပါက သူတို့က အင်မတန် အားနည်းသည်ဟုဆို၍ရသည်။
သေမျိုးနယ်မြေကလည်း နယ်မြေခြောက်ခု၏ သမိုင်း၀င်အဆင့်ကနေ ကျဆင်းသွားခဲ့သည်။
......
ထိုအချိန်မှာပင် အဆင့်နိမ့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကြား အတားအဆီးနှင့် အင်မော်တယ်၀င်ပေါကသို့ သွားရာလမ်းတွင် ယဲ့ချိုးပိုင် ကျောက်တုံးလေးကို ကြည့်ရင်း သက်ပြင်းချသည်။
"ဂျူနီယာညီလေးက ကောင်းကင်အင်မော်တယ် တစ်၀က်အဆင့်ကိုရောက်နေပြီ၊ သူက သူ့အစ်ကိုကြီးထက်တောင် အများကြီး ပိုအားကောင်းနေပြီ"
ဟုန်ရင်စနောက်သည်။
"အစ်ကိုကြီးရဲ့နယ်ပယ်က ဘယ်တုန်းက အမြင့်ဆုံးကို ရောက်ခဲ့ဖူးလို့လဲ"
"ညီမလေး၊ ငါ့ကိုနှောင့်ယှက်နေတာ ရပ်လို့ရမလား" ယဲ့ချိုးပိုင် မျက်လုံးလိမ့်လိုက်သည်။
ကျောက်တုံးလေး ခေါင်းကုတ်ကာ ရယ်မောသည်။
"ဆရာကျွန်တော့်ကို အများကြီးကူညီခဲ့တာမို့ တိုးတက်လာခဲ့တာပါ"
ဒီစကားလုံးများက နှိမ့်ချနေသည်ဟု ထင်ရသော်လည်း သူ့အသံကမူ လုံး၀နှိမ့်ချခြင်းမရှိချေ။
ယဲ့ချိုးပိုင်နှင့် တခြားသူများ ပြုံးလိုက်ကြသည်။
ဒီဂျူနီယာလေးက အတော်လေးဂုဏ်ယူတတ်တာပဲ!
ဒါပေမယ့် သူ့အသက်အရွယ်မှာ ဒီနယ်ပယ်ကိုတောင် ရောက်နေပြီဆိုတော့ သူ့မှာ မောက်မာဖို့ အခွင့်အရေးရှိတာပဲလေ!
မျှော်လင့်မထားစွာပင် လုချန်ရှန်း သူ့အပေါ် ရုတ်တရက် ရေအေးနှင့် ပင်ဖြန်းလာသည်။
"ပြီးတော့ မင်းနယ်ပယ်မြင့်လာပြီး မင်းပါရမီ ကောင်းလာတာနဲ့ မောက်မာနိုင်ပြီလို့ တွေးမနေနဲ့၊ မင်းထက်အားကောင်းတဲ့လူတွေ ဒုနဲ့ဒေးပဲ၊ ဒီကမ္ဘာကြီးက အရမ်းကြီးမားကျယ်ပြန့်တယ်"
ဒီစရိုက်က လက်မခံနိုင်စရာပင်။
ထိုအချိန်ကလည်း ယဲ့ချိုးပိုင်နှင့် တခြားသူများအပေါ် သူသေချာပေါက်ပို၍ပင် ရက်စက်ခဲ့လောက်သည်။
ကျောက်တုံးလေး ချက်ချင်း မကျေမနပ်ခေါင်းငုံ့ကာ ရေရွတ်သည်။
"အိုး...."
ဒါကိုမြင်သောအခါ ကျန်သောသူများ ရယ်လိုက်ကြသည်။
သူ့ဆရာသာလျှင် ဒီကောင်စုတ်လေးကို ဖိနှိပ်နိုင်သည်။
ထိုနေရာတွင် လုချန်ရှန်းရုတ်တရက်ပြောသည်။
"ကောင်းပြီ၊ ရယ်နေကြတာရပ်တော့၊ အဆင်သင့်ပြင်ထားကြ၊ ငါတို့ရောက်နေပြီ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းရှေ့တွင် ဧရာမမမြင်ရသည့် အတားအဆီးတစ်ခုပေါ်လာသည်။
သူတို့ ကြယ်နယ်မြေအတားအဆီးကို မြင်ရသောအခါ သက်ပြင်းချမိကြသည်။
အရင်က သူတို့ဒီကြယ်နယ်မြေကနေ ဖြတ်ကျော်၀င်ရောက်ခဲ့စဉ်က သူတို့ခွန်အားနှင့် နယ်ပယ်က အရမ်းအားနည်းသည်။
အရာများစွာ မဖြစ်ပျက်သွားခဲ့ဘူးဟု ထင်ရသော်လည်း တကယ်တမ်း၌ အရာများစွာ ဖြစ်ပျက်သွားခဲ့သည်။
"မင်းတို့၀င်တဲ့အခါ ငါ့အတားအဆီးထဲကနေ အပြင်မထွက်ဖို့သတိရကြ" လုချန်ရှန်း သတိပေးသည်။
လူတိုင်းလေးနက်စွာ ခေါင်းညိတ်ကြသည်။
အင်မော်တယ်နယ်မြေက သူတို့တစ်ခါမှ နားမလည်ဖူးသည့် အမည်မသိကမ္ဘာတစ်ခုပင်။
အန္တရာယ်က သိသာထင်ရှားနေသဖြင့် တစ်ဘက်က နိုးကြားနေရင်း သူတို့ပို၍ သိချင်လာမိသည်။
သူတို့ဆီက ကျင့်ကြံသူများက အင်မော်တယ်နယ်မြေဟု ခေါ်သော နေရာကလူများနှင့် ကွဲပြားသလားဆိုတာကို သူတို့မသိကြပါ။
လုချန်ရှန်းလက်ကို ဝှေ့ယမ်းပြီး အတားအဆီးထဲက အာကာသအခင်းအကျင်းကို ချိုးဖျက်ပစ်သည်။
ထို့နောက် သူ့တပည့်အုပ်စု၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို အင်မော်တယ်နယ်မြေ၀င်ပေါက်သို့ ဦးတည်ခေါ်ဆောင်သွား၏။
သို့စေကာမူ သူ၀င်လိုက်သည့် အခိုက်အတန့်မှာပင် လုချန်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
အင်မော်တယ်နယ်မြေ၀င်ပေါက်၌ အောက်က အဆုံးမဲ့အမှောင်ထုထဲတွင် ကြောက်စရာကောင်းသည့် နတ်ဆိုးချီက ပြည့်လျှံနေလေပြီ။
ဒါကအရင်ကထက်ပို၍ပင်ပြင်းထန်သည်။
ချိပ်စည်းက ပိုပိုအားနည်းလာတာ သိသာထင်ရှားနေသည်။
လုချန်ရှန်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
"ကြည့်ရတာ ဒီချိပ်စည်းကို တတ်နိုင်သမျှအမြန်ဆုံး ငါအားဖြည့်ဖို့လိုနေပုံပဲ၊ မဟုတ်ရင် ဒီကလေးတွေ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
ထို့နောက် သူလူတိုင်းကို ဦးဆောင်ကာ အပေါ်က အလင်းဆီသို့ ပျံသန်းသွား၏။
ဒီတစ်ကြိမ်တွင် မျက်လုံးကြီးမပေါ်ပေါက်လာခဲ့ပေ။ လူတိုင်း၀င်ပေါက်ကထွက်ခွာပြီး အင်မော်တယ်နယ်မြေသို့ ခြေချလိုက်သည့် အချိန်မှသာ အဆုံးမဲ့အမှောင်ထုထဲက စေတီလေးက အနည်းငယ် တုန်ခါသွားပုံရသည်။
.....
ယခုအချန်၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြိုဆိုနေတာက တိမ်ထဲတွင် မျောလွင့်နေသည့် မြို့တစ်မြို့ပင်။
မြိူ့က တောင်များ၊ မြစ်များကဲ့သို့ပင် အဆုံးမဲ့နေပြီး အဆုံးမရှိပေ။
ဒါက လုချန်ရှန်းဒီကို ပထမဆုံးရောက်တုန်းကနှင့် အတူတူပင်။
ဘေးက ဟွမ်ချင်း အသက်ပြင်းပြင်းရှူပြီး အံ့ဩသင့်တကြီးပြောသည်။
"အင်မော်တယ်ချီဆိုတဲ့ အတိုင်းပါပဲ၊ သိပ်သည်းမှုဖြစ်စေ စင်ကြယ်မှုဖြစ်စေ ဒါက ဝိဉာဉ်ချီထက် အဆပေါင်းများစွာ ပိုမြင့်တယ်"
"ပိုပြီးကြောက်စရာကောင်းတာက ဒီအင်မော်တယ်ချီမှာ မှိန်ဖျော့တဲ့ နိယာမစွမ်းအားတွေ ပါ၀င်နေတာပဲ"
ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။
"ပိုကောင်းတဲ့သူဆိုတာ အမြဲရှိတယ်ဆိုတာကို ဒီအချိန်က ပြတ်ပြတ်သားသား မီးမောင်းထိုးပြလိုက်တာပဲ"
ဟုန်ရင်လေးနက်စွာခေါင်းညိတ်သည်။
"ဒီနေရာမှာကျင့်ကြံခြင်းက နယ်ပယ်အရာ၌ဖြစ်စေ ကျင့်ကြံခြင်းအဆင့်မှာဖြစ်စေ ငါတို့နေရာထက် အများကြီးပိုအားကောင်းတယ်...."
မုဖူရှန်း လုချန်ရှန်းဆီသို့ လျှောက်သွားပြီး မေးသည်။
"ဆရာ၊ ကျွန်တော်တို့နောက်ဘာလုပ်ကြမလဲ"
လုချန်ရှန်းကလည်း အလားတူအရာကို စဉ်းစားနေခြင်းပင်။
အင်မော်တယ်နယ်မြေက လူများစွာကို သူမသိလို အင်မော်တယ်နန်းတော်ကိုလည်း သူသေချာပေါက် သွား၍မရပေ။
သူသာအင်မော်တယ်နန်းတော်ကို သွားပါက ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည်မဟုတ်တော့ဘဲ နတ်ဆိုးဒေသကို ကိုင်တွယ်ရန်အတွက် ဆွဲခေါ်ခံရပေလိမ့်မည်။
ဒါက သူ့အစီအစဉ်များကို အလွယ်တကူ ပျက်စီးစေမည်သာ။
မည်သို့ပင်ဆိုစေကာမူ ချိပ်စည်းက ပို၍ ပြေလျော့လာနေသည်မဟုတ်ပေလော။
ထို့နောက် သွားရန်အတွက် နေရာတစ်နေရာတည်းသာ ရှိတော့သည်။
လုချန်ရှန်း အနီရောင်တုံကင်ကို ထုတ်ယူလိုက်၏။
တုံကင်က မီးတောက်ပုံသဏ္ဍာန်ကို ဆောင်ထားပြီး 'လောင်ကျွမ်းခြင်း' ဟူသော စာလုံးကို ထွင်းထုထားသည်။
မှန်ပေသည်။ ဒါကို လုချန်ရှန်းအား နေလောင်ချိုင့်ဝှမ်းက သခင်လေးဖင်းယန်ပေးခဲ့ခြင်းဖြစ်သည်။
ဒီတုံကင်က နေလောင်ချိုင့်ဝှမ်း(ဖင်းယန်ချိုင့်ဝှမ်း)၏ အလေးစားခံရဆုံးဧည်သည်ကို ကိုယ်စားပြုသည်။
ဒီတုံကင်သာရှိပါက ဖင်းယန်ချိုင့်ဝှမ်းကနေ အလိုရှိသလို ၀င်ထွက်လုပ်နိုင်သည်။
လုချန်ရှန်း ဆုံးဖြတ်လိုက်ပြီး သူတို့ကို ဖင်ယန်းချိုင့်ဝှမ်းသို့ ဦးတည်ခေါ်ဆောင်သွား၏။
ထိုချိုင့်ဝှမ်းက သူတို့နှင့်အရမ်းမလှမ်းပါ။ သို့မဟုတ် ဒါက လုချန်ရှန်းအတွက် အရမ်းမဝေးဘူးဟုဆိုပါက ပိုမှန်ပေလိမ့်မည်။
အမွေးတိုင်တစ်တိုင်စာခန့် အကြာမှာပင် သူတို့အပူလှိုင်းများနှင့် ဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်လာကြလေပြီ။
လုချန်ရှန်း သူ့အော်ရာကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။
သူတို့ချိုင့်ဝှမ်းထဲသို့ ၀င်လိုက်သည့် အခိုက်အတန့်၌ ဖင်းယန်ချိုင့်ဝှမ်းတပည့်နှစ်ယောက်က လုချန်ရှန်းနှင့် ကျန်သောသူများရှေ့တွင် ပေါ်လာသည်။
"မင်းဘယ်သူလဲ"
လုချန်ရှန်းတုံကင်ကို ပစ်ပေးလိုက်သည်။
တပည့်နှစ်ယောက် ဒါကိုမြင်သောအခါ သူတို့ကြက်သေသေသွားကြပြီးနောက် လေးစားသည့် အမူအရာများဖြင့် အလျင်အမြန်ပင် လက်သီးဆုပ်လိုက်ကြ၏။
"စီနီယာကို နှုတ်ဆက်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ ချိုင့်ဝှမ်းကို လိုက်ခဲ့ပါ"
လုချန်ရှန်းမေးသည်။
"သူတို့က ငါ့တပည့်တွေပဲ၊ သူတို့ရော ငါနဲ့အတူ ၀င်လို့ရမလား"
ဖင်ယန်ချိုင့်ဝှမ်းတပည့်တစ်ယောက် ဒါကို ကြားသောအခလ အလျင်အမြန်ခေါင်းညိတ်သည်။
"သူတို့က စီနီယာရဲ့တပည့်တွေဆိုမှတော့ သေချာပေါက် ၀င်လို့ရတာပေါ့"
လုချန်ရှန်းခေါင်းညိတ်ပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အထဲသို့ ဦးဆောင်ခေါ်သွားသည်။
.....
တခြားတစ်ဘက်တွင် အင်မော်တယ်အင်ပါယာနန်းတော်၌ ချန်းရူရှင်း ဧကရာဇ်ရှေ့တွင် ရပ်လိုက်သည်။
"အင်မော်တယ်အင်ပါယာ(အင်မော်တယ်ဧကရာဇ်)၊ လုချန်ရှန်း ဖင်းယန်ချိုင့်ဝှမ်းကို သွားခဲ့ပါတယ်"
"ဖင်းယန်ချိုင့်ဝှမ်း"
အင်မော်တယ်ဧကရာဇ်ရယ်မောသည်။
"အခုသူ့ကို ဒီအတိုင်းလွှတ်ထားလိုက်ပါ၊ အချိန်ကျလာတဲ့အခါကျရင် သူအင်မော်တယ်နန်းတော်ကို လာပါလိမ့်မယ်"
အပိုင်း(888) coming။