#ယှဉ်ပြိုင်ခြင်း#
Vol. 63 Ch. 888
ဖင်းယန်ချိုင့်ဝှမ်းက မီးတောက်များနှင့် လောင်ကျွမ်းနေသည့် ချိုင့်ဝှမ်းတစ်ခုပင်။
ချိုင့်ဝှမ်းကို အာကာသကိုပင် ပုံပျက်စေသည့် အပူလှိုင်းတစ်ခုနှင့် ၀န်းရံထားသာ်။
ဘာမှဖြစ်ပုံမပေါ်သည့်တိုင် အာကာသက မြင့်မားသည့်အပူချိန်ကြောင့် အနည်းငယ် ပုံပျက်နေသည်။
အင်မော်တယ်နယ်မြေက အာကာသစွမ်းအားက သာမန်နေရာကကဲ့သို့မဟုတ်ပါ။ ဒါက အဆင့်မြင့်ကြယ်နယ်မြေကပင် လှည့်စားနိုင်သည့်အရာတစ်ခုမဟုတ်။
ဒီအပူလှိုင်းက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာကို ပုံဖော်ကြည့်နိုင်သည်။
ဖင်းယန်ချိုင့်ဝှမ်းသို့ လျှောက်သွားစဉ် ယဲ့ချိုးပိုင်တို့အပြင် ဟွမ်ချင်းနှင့် လျိုကျိယုတို့ပါ သူတို့အရေပြားများ လောင်ကျွမ်းနေပြီး ကိုယ်ထဲက သွေးများဆူပွက်နေသည့်ပမာ ခံစားနေရသည်။
ဖင်းယန်ချိုင့်ဝှမ်းတပည့်များ ဒီမြင်ကွင်းကို မြင်သောအခါ ပြုံးလိုက်မိကြ၏။
ဖင်းယန်ချိုင့်ဝှမ်းသို့ ၀င်ရန်ဟူသည် မလွယ်ကူပေ။
ဒါကလည်း သူတို့၏ဂုဏ်ယူမှုပင်။
ထိုအချိန်တွင် ဟွမ်ချင်းလက်ဝှေ့ယမ်းသည်။
နတ်ဖီးနစ်မီးတောက်ကနေ သိပ်သည်းထားသည့် အတားအဆီးတစ်ခုက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ၀န်းရံပစ်သည်။
ဒီတဒင်္ဂမှာပင် လောင်ကျွမ်းနေသည့် ခံစားချက်ကလည်း ပျောက်ကွယ်သွားသည်။
ဖင်းယန်ချိုင့်ဝှမ်းတပည့်များ နတ်ဖီးနစ်မီးတောက်ကို အာရုံခံမိသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြ၏။
ဖင်းယန်ချိုင့်ဝှမ်းက အင်မော်တယ်နယ်မြေတစ်ခုခုံးတွင် မီးနှင့်ဆော့ကစားနေသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သို့စေကာမူ သူတို့ဒီနတ်ဖီးနစ်ကို မြင်နိုင်စွမ်းမရှိသဖြင့် နှလုံးသား၌ ကြောက်စိတ်တစ်ခု ကိန်းအောင်းလာသည်။
ဒါက အင်မော်တယ်နယ်မြေဖြစ်သည့်တိုင် ဟွမ်ချင်း နတ်ဖီးနစ်သွေးကြောကို အသက်သွင်းပြီး သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် လုချန်ရှန်း၏ သွေးအဆီအနှစ်ဖြင့် ပေါင်းစပ်ခဲ့လေရာ အင်မော်တယ်နယ်မြေတစ်ခုလုံးတွင်ပင် ဒီနတ်ဖီးနစ်မီးတောက်က ထိပ်တန်းမီးတောက်တစ်ခု ဖြစ်လောက်သည်။
ထိုအချိန်တွင် သတင်းကိုရသွားသည့်အလား ရင်းနှီးနေသည့်လူတစ်ယောက် ပြေးလာသည်။ သူကဖင်းယန်ချိုင့်ဝှမ်းသခင်၏ သားဖြစ်ပြီး ဖင်းယန်ချိုင့်ဝှမ်း၏ လူသိရှင်ကြား အသိအမှတ်အပြာခံရဆုံး အစွမ်းထက်ဆုံးပါရမီရှင်ဖြစ်သည်။။
"စီနီယာလု"
ဖင်းယန်ပျော်သွားသလို အံ့ဩသင့်သွားပြီး လုချန်ရှန်းအားကြည့်လိုက်၏။
"စီနီယာလု၊ ဘာလို့ဒီကို ရောက်နေရတာလဲ"
လုချန်ရှန်း ဒီနေရာတွင် သူ့တပည့်များနှင့် အနားယူရန်လာသည်ဟု မပြောဘဲ ယင်းအစား ပါးနပ်စွာပြောသည်။
"ငါဒီကိုလာတာက လေ့ကျင့်ဖို့နဲ့ ဒီတန်ဖိုးမဲ့ကောင်တွေကို ကမ္ဘာကြီးကို မြင်စေချင်လို့ပဲ"
ဖင်းယန် လုချန်ရှန်းနောက်ကလူများအား သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။
တစ်ချင်ကြည့်ရုံနှင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ကိုယ်၌ အင်မော်တယ်ချီများစွာရ်ှိနေတာကို သူပြောနိုင်သည်။
"စီနီယာလု၊ ခင်ဗျားနောက်ပြောင်နေတာ ဖြစ်ရမယ်၊ ကျွန်တော်တို့ရဲ့ဖင်းယန်ချိုင့်ဝှမ်းကို ကမ္ဘာကြီးကို တွေ့ကြုံခံစားခွင့်ပေးတာက စီနီယာပဲဖြစ်သင့်တာပါ"
"စကားမစပ်၊ ခန်းမထဲမှာ အဖေစောင့်နေတယ်၊ စီနီယာကို အဲကိုအရင်ခေါ်သွားပေးရမလား"
လုချန်ရှန်းမငြင်းခဲ့ပါ။
"လမ်းပြပါ"
လမ်းတစ်လျှောက်တွင် ဖင်းယန်ချိုင့်ဝှမ်းမှ ကျင့်ကြံသူများက ကျင့်ကြံနေကြသလို တိုက်ခိုက်နေကြ၏။
သူတိူ့ကိုယ်ထဲက အော်ရာများက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အတော်လေး အားကိုးရာမဲ့ဖြစ်စေသည်။
အင်မော်တယ်ချီ၏ အရည်အသွေးက သေမျိုးနယ်မြေက ဝိဉာဉ်ချီထက် အများကြီးပိုမြင့်သည်။
အလားတူပင် ဒီအတွက်ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ လမ်းခရီးက ချောမွေ့လွန်းနေခဲ့ခြင်းပင်။
အရင်က သေမျိုးနယ်မြေ၌ ပါရမီရာ၌ သူတို့က နယ်ပယ်တူကလူများကို ချေမှုန်းပစ်နိုင်သည်။ တကယ့်တိုက်ပွဲတွင် သူတို့က နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည်။
သို့စေကာမူ အင်မော်တယ်နယ်မြေ၌ ဖင်းယန်ချိုင့်ဝှမ်းတွင်ပင် အလားတူနယ်ပယ်က ကျင့်ကြံသူများရှိကြသည်။
သို့သော် ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီကြားက အကြွင်းမဲ့ခြားနားမှုအောက်တွင် သူတို့ ကွာဟချက်တစ်ခုကို ခံစားနေရဆဲပင်။
လုချန်ရှန်း သူတို့၏စိတ်ခံစားချက်များကို အာရုံခံမိပုံရသည်။
"အခုပိုကောင်းတဲ့သူဆိုတာ အမြဲရှိနေတယ်လို့ မင်းတို့ခံစားမိကြပြီလား"
လုချန်ရှန်းနှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။
ဟွမ်ချင်းနှင့် လျိုကျိယုတို့ကမူ လုချန်ရှန်းကို ပြုံးပြကြသည်။
ဒီဇာတ်လမ်းဇာတ်ကွက်အရ ဆရာများက အမြဲလိုလိုသူတို့၏ တပည့်များကို နှစ်သိမ့်ပေးပြီး သူတို့ပါရမီများကို မဆိုးဟု ပြောသော်လည်း ကျင့်ကြံခြင်း၀န်းကျင်အရာ၌မူ သူတို့ရှုံးနိမ့်ကြသည်။
သူတို့သာကောင်းကောင်းကျင့်ကြံပါက ထိုသူများကို ကျော်လွှားရန်လွယ်ကူဖြစ်သည်။
ထို့ကြောင့်ကျင့်ကြံခြင်း၀န်းကျင်မှတဆင့် အရှုံးကနေ အောင်မြင်အောင် လုပ်ရပေမည်။
ဒါက တပည့်များ၏ ယုံကြည်မှုကို တည်ဆောက်ရန်ဖြစ်သည်။
သို့သော် လုချန်ရှန်းက မည်သူနည်း။
ဟွမ်ချင်းနှင့် လျိုကျိယုတို့က လုချန်ရှန်းကို ထပ်မံလျှော့တွက်မိခဲ့ကြသည်။
"အခုမင်းတို့သိပြီးဆိုတော့ နေရာတိုင်းမှာ ပြဿာနာမရှာကြနဲ့တော့၊ မင်းတို့ထဲက ဘယ်သူမှ သူတို့ကို မနိုင်ဘူး"
"ကောင်းကောင်းကျင့်ကြံကြ"
ဟွမ်ချင်း "...."
လျိုကျိယု "...."
ဖင်းယန် "????"
ဟမ်!!!
စီနီယာလုက တကယ်ပဲသူတို့ဆရာလား!
ကိုယ့်တပည့်တွေကို ဒီလိုတိုက်ခိုက်တဲ့ ဆရာရောရှိသေးလို့လား!
....
ဖင်းယန်နန်းတော်က ဖင်းယန်ချိုင့်ဝှမ်းသခင် နေထိုင်သည့်နေရာဖြစ်သည်။
ဒီနေရာက မီးတာအိုနိယာမ အပေါကြွယ်ဆုံးနေရာဟုလည်း ဆို၍ရသည်။
မရေမတွက်နိုင်လောက်သော မီးတောက်များက နတ်သမီးများပမာ ဖင်းယန်နန်းတော်တစ်ဝိုက် ကခုန်နေကြ၏။ ထိုမီးတောက်နတ်သမီးတိုင်းအလယ်၌ မီးတာအိုနိယာမက အတော်လေးသန့်စင်သည်။
ဒီမီးဝိဉာဉ်များကသာ တစ်ချိန်တည်းတွင် ပေါက်ကွဲသွားမည်ဆိုပါက ၎င်း၏စွမ်းအားကို ခန့်မှန်း၍ရမည်ပင်မဟုတ်။
ဖင်ယန် သူတို့ကို နန်းတော်သို့ ခေါ်သွားပြီးနောက် ပြုံးပြသည်။
"စီနီယာလု၊ အဖေအထဲမှာ စောင့်နေပါတယ်"
ထိုစဉ် လှိုက်လှဲပျူငှာသည့် အသံတစ်သံထွက်လာသည်။
"မိတ်ဆွေလေးလု၊ ငါ့သားက မင်းအကြောင်းကို ငါ့ဘေးမှာ တစ်ကြိမ်နှစ်ကြိမ်ထက်က ပြောဖူးတယ်"
ထိုအသံနှင့်အတူ ထွားကြိုင်သည့်လူတစ်ယောက် ဖြတ်လျှောက်လာသည်။
ခြေလှမ်းအနည်းငယ်နှင့် သူက လုချန်ရှန်းရှေ့တွင် ရောက်လာခဲ့သည်။
လုချန်ရှန်း ဖင်းယန်ချိုင့်ဝှမ်းသခင်ကို အကဲခတ်တိုင်းတာကြည့်နေစဉ် ချိုင့်ဝှမ်းသခင်ကလည်း လုချန်ရှန်းကို တိုင်းတာကြည့်နေသည်။
သူအနည်းငယ်ထိတ်လန့်သွား၏။
ဖင်းယန်ပြောသလိုပဲ ဒီလူ၏ အတိမ်အနက်ကို သူလုံး၀အာရုံခံနိုင်ခြင်းမရှိချေ။
အကြည့်တစ်ချက်တည်းနှင့် သူက သာမန်လူတစ်ယောက်နှင့် တူသော်လည်း သူတို့အဆင့်တွင် သာမန်လူတစ်ယောက်က ပတ်ပတ်လည်က မီးတောက်များ၏ တိုက်စားခြင်းကို မခံရဘဲ ဖင်းယန်ချိုင့်ဝှမ်းကို ဘယ်လို၀င်နိုင်မည်နည်း။
ဖင်းယန်ချိုင့်ဝှမ်းသခင် သူ့နှလုံးသားထဲက သံသယနှင့်မာနကို အနည်းငယ် ထိန်းချုပ်လိုက်သည်။
"အင်မော်တယ်မိတ်ဆွေလေးလု၊ မင်းဒီကို လာရတဲ့အကြောင်းရင်းကို ငါဖင်းယန်ဆီက ကြားပြီးပါပြီ"
"ကြည့်ရတာ မင်းရဲ့ဒီတပည့်တွေက ငါတို့ အင်မော်တယ်နယ်မြေက မဟုတ်ပုံပဲ"
လုချန်ရှန်းပြုံးသည်။
"ကျုပ်ကအပြင်ထွက်လည်ရတာကြိုက်တော့ ပုံသေအိမ်ဆိုတာမရှိဘူးလေ၊ ဒါကြောင့် ကျုပ်လက်ခံထားတဲ့ တပည့်တွေကလည်း အင်မော်တယ်နယ်မြေက မဟုတ်ဘူးပေါ့"
"ငါသိပြီ"
ချိုင့်ဝှမ်းသခင်ပြုံးသည်။
"သူတို့ကိုယ်ထဲက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် အပြည့်အ၀ပြောင်းပစ်ဖို့ဆိုတာက အချိန်အတော်ယူရမယ်၊ ဘာလို့ အင်မော်တယ်မိတ်ဆွေလေးလုရဲ့ တပည့်တွေကို ဖင်းယန်ချိုင့်ဝှမ်းက ငါ့တပည့်တွေနဲ့ အရင်မယှဉ်ပြိုင်ခိုင်းရတာလဲ"
"ငါ့ရဲ့ ဖင်းယန်ချိုင့်ဝှမ်းတပည့်တွေက အာရုံစိုက်မှုနဲ့ ထိုက်တန်သလားဆိုတာကို အင်မော်တယ်မိတ်ဆွေလေးလုကို သိခွင့်ပေးမယ်ဆိုရင်ရော"
ယှဉ်ပြိုင်ခြင်း.....!
လုချန်ရှန်းနားလည်သည်။
တစ်ဘက်လူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဆီကနေ သူတို့စွမ်းရည်ကို မြင်ချင်နေခြင်းပင်။
သို့စေကာမူ ယခုလိုတာအိုဆွေးနွေးမှုနှင့် ယှဉ်ပြိုင်မှုတွင် သတ်ဖြတ်ခြင်း သို့မဟုတ် ရန်လိုသည့်မြင်ကွင်းများရှိမည်မဟုတ်။
တစ်ချိန်တည်းမှာပင် ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို သူတို့နှင့် အင်မော်တယ်နယ်မြေက ကျင့်ကြံသူများအကြား ကြီးမားသည့် ကွာဟချက်ကို သိစေလိမ့်မည်။
ဒါက ကောင်းကျိုးရော၊ ဆိုးကျိုးပါရှိသည်ဟုဆို၍ရသည်။
ထို့ကြောင့် လုချန်ရှန်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
ချိုင့်ဝှမ်းသခင်ပြုံးသည်။
"ဒီလိုဆိုရင် အားလုံးအရင်ဆုံးအနားယူကြမလား၊ ဒါမှမဟုတ် အခုစကြမလား"
ဒီတစ်ကြိမ်တွင်မူ လုချန်ရှန်းဘာတစ်ခုမှ မပြောနိုင်သေးခင်မှာပင် သူ့နောက်က ယဲ့ချိုးပိုင်က အရင်ဆုံးဖြေလာသည်။
"အနားယူစရာမလိုပါဘူး"
ဟုန်ရင်ကလည်းပြောသည်။
"ကွာဟချက်က ဘယ်လောက်ထိ ကြီးမားသလဲဆိုတာကို ကျွန်မလည်းမြင်ချင်တယ်"
ရှောင်ဟိုင်၊ ရှီရှန်းနှင့် ကျန်သောသူများကလည်း ညင်သာစွာခေါင်းညိတ်ပြီး သူတို့၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေကြ၏။
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
ဒါက စိတ်အနှောက်အယှက်ဖြစ်စရာပဲ!
"ဒီလိုဆိုမှတော့ ချိုင့်ဝှမ်းသခင်ပဲ ဒါကို စီစဉ်လိုက်ပါ"
ဒါကိုကြားသောအခါ ချိုင့်ဝှမ်းသခင် ကျယ်လောင်စွာရယ်မောသည်။
"အင်မော်တယ်ကျင့်ကြံသူတွေမှာ ဒီလိုရဲရင့်တဲ့ စရိုက်မျိုးရှိရမယ်"
"ကောင်းပြီ၊ ဖင်းယန်၊ ဒီကိစ္စကို ဖင်းယန်စင်မြင့်မှာ သွားစီစဉ်လိုက်"
ဖင်းယန်ခေါင်းညိတ်ပြီး ချက်ချင်းဆိုသလို ပြင်ဆင်မှုများလုပ်ရန် ပြေးသွားသည်။
ဒီကိစ္စက ဖင်းယန်ချိုင့်ဝှမ်းတစ်ခုလုံးအတွင်း အလျင်အမြန်ပင် ပျံ့သွားခဲ့သည်။
တစ်ခဏအကြာတွင် လုချန်ရှန်းနှင့် သူ့တပည့်များက ဖင်းယန်ချိုင့်ဝှမ်းမှ တပည့်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
အပိုင်း(889) coming။