← Chapters

#‌မင်းခွန်အားအပြည့် မသုံးခဲ့တာလား#

Vol. 63 Ch. 889

#‌မင်းခွန်အားအပြည့် မသုံးခဲ့တာလား#

Vol. 63 Ch. 889

မီးတာအိုနိယာမကို ကျင့်ကြံခြင်းက သူတို့ကို ပို၍စိတ်တိုလွယ်ကာ တိုက်ရိုက်ဆန်စေပြီး တစ်ချိန်တည်းမှာပင် ဖင်းယန်ချိုင့်ဝှမ်းတပည့်များကို အတော်လေးရန်လိုစိတ်ဖြစ်စေသည်။

ဖင်းယန် လုချန်ရှန်း၏တပည့်များနှင့် တိုက်ပွဲကိုကြားသောအခါ ဖင်းယန်စင်မြင့်၌ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြ၏။

လူတိုင်းထိတ်လန့်သွားကြသလို တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားသွားကြသည်။

သူတို့ထိတ်လန့်ရခြင်းက ဖင်းယန်စင်မြင့်ကို လွယ်လွ‌ယ်နှင့်မဖွင့်သောကြောင့်ပင်။

တပည့်များ၏ တိုက်ပွဲကနေ ဂိုဏ်းအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သောအခါ၌ဖြစ်စေ သို့မဟုတ် အရေးပါသည့်တပည့်များကြားက မကျေမနပ်မှုများကို မဖြေရှင်းနိုင်သောအခါဖြစ်စေ ထိုအခါမှသာ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲရန်အတွက် ဖင်းယန်စင်မြင့်ကို အသုံးပြုသည်။

ဒီတစ်ကြိမ်က ဖင်းယန်ချိုင့်ဝှမ်းက အပြင်လူများအတွက် ဖင်းယန်စင်မြင့်ကို ပထမဆုံးအကြိမ် အသက်သွင်းခဲ့ခြင်းပေတည်း။

"စီနီယာအစ်ကိုလောင်၊ သူတို့က ဘယ်သူတွေလို့ထင်လဲ၊ ဘာလို့ချိုင့်ဝှမ်းသခင်က သူတို့ကို ဒီလောက်လေးစားရတာလဲ"

လောင်ချီက ဖင်းယန်ချိုင့်ဝှမ်းအကြီးအကဲတစ်ဦး၏ ကိုယ်ပိုင်တပည့်ဖြစ်သည်။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များအကြား သူ့ပုံရိပ်က အတော်လေးမြင့်မားသလို သူ့ပါရမီကလည်း တတိယကျသည်။

ဖင်းယန်ကမူ ဖင်းယန်ချိုင့်ဝှမ်း၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။

လောင်ချီ ခပ်ပေါ့ပေါ့ပြုံးရင်း ခေါင်းခါယမ်းသည်။

"ချိုင့်ဝှမ်းသခင်ရဲ့ ရည်ရွယ်ချက်တွေကို ငါတို့ဘယ်လိုခန့်မှန်းနိုင်မလဲ၊ ဒါပေမယ့် ဖင်းယန်စင်မြင့်ကို အသုံးပြုချင်ကတည်းက ဒီကိစ္စက သူ့အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာကို ပြသနေတာပဲ"

"ငါတို့တစ်ဘက်လူကို အနိုင်ယူဖို့နဲ့ ဖင်းယန်ချိုင့်ဝှမ်းရဲ့မျက်နှာကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားဖို့ပဲ လိုတယ်"

တပည့်တစ်ဦးကထပ်ဆင့်ပြောသည်။

"စီနီယာအစ်ကိုလောင်ပြောတာ မှန်တယ်၊ အခုကျွန်တော်တို့ ဖင်းယန်စင်မြင့်ကို သွားကြမလား"

"အတူတူသွားကြရအောင်"

ဖင်းယန်ချိုင့်ဝှမ်းမှ တပည့်များက ဖင်းယန်စင်မြင့်ဆီသို့ လျှောက်သွားကြသည်။

"အဲဒီလူတွေ ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကြည့်ကြတာပေါ့"

"တံခါးကိုစောင့်ကြပ်တဲ့ တပည့်ဆီကနေ ငါကြားခဲ့တာက အဲဒီလူတွေရဲ့ကိုယ်ထဲမှာ အင်မော်တယ်ချီမရှိဘူးတဲ့၊ အဲဒီအစား နိမ့်ကျတဲ့ ဝိဉာဉ်ချီပဲရှိတယ်တဲ့"

"အိုး၊ ဒါတောင်သူတို့က ဖင်းယန်စင်မြင့်ပေါ်မှာ ယှဥ်ပြိုင်ရဲသေးတာလား"

"ဟီးဟီး၊ ကြည့်ရတာ သူတို့က ပြင်ပကမ္ဘာက လာတာဖြစ်ရမယ်၊ သူတို့ရဲ့မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်ချင်တယ်ဆိုမှတော့ ငါတို့ခွန်အားကို သူတို့ကို ပြသရုံပဲပေါ့"

.....

တပည့်များစွာက ဖင်းယန်စင်မြင့်၌ စုဝေးနေကြ၏။

ထပ်ခိုးတစ်နေရာ၌ လုချန်ရှန်း၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများရှိသည်။

အောက်သို့ငုံ့ကြည့်ရင်း လျိုကျိယု အပြုံးဖြင့်မေးသည်။

"ဘယ်လိုလဲ၊ မင်းတို့ဖိအားတစ်ခု ခံစားနေရလား"

ယဲ့ချိုးပိုင်ပြုံးသည်။

"သူတို့နဲ့ ကျွန်တော်တို့အကြားက ကွာဟချက်ကို ခင်ဗျားလည်း မြင်နိုင်တယ်ဆိုတာ သိသာနေတာပဲလေ၊ ဒါပေမယ့် ကျွန်တော် သူတို့နဲ့တွေ့ချင်သေးတယ်"

ဟုန်ရင်ခေါင်းညိတ်သည်။

"အတိတ်က နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်တာကိုပဲ ခက်ခဲတယ်ထင်ခဲ့တာ၊ ဒါပေမယ့် နယ်ပယ်တူက လူတစ်ယောက်ဆီက ဖိအားကို ကျွန်မတစ်ခါမှ မခံစားရဖူးဘူး၊ ဒါက နည်းနည်းဆန်းသစ်နေတယ်"

ရှီရှန်း ခပ်အအပြုံးရင်းခေါင်းကုတ်သည်။

"ကျွန်တော်တို့ကို ဆရာသင်ပေးထားတာဆိုတော့ အရမ်းဆိုးဆိုးရွားရွားတော့ ရှုံးမှာမဟုတ်ပါဘူး"

မုဖူရှန်းအံ့ဩသင့်တကြီးပြောသည်။

"အဲ၊ အမ်၊ စီနီယာအစ်ကိုရှီရှန်း သခင်မလေးဇီရှန်းဆီကနေ အများကြီးသင်ယူခဲ့တာပဲ၊ ဘယ်လိုချီးကျူးရမလဲဆိုတာ သူတကယ်သိနေပြီ"

ရှီရှန်း "???"

လုချန်ရှန်း၏မျက်နှာက မည်းမှောင်သွားသည်။

"ငါကမြင်းတစ်ကောင်လို့ မင်းဆိုလိုချင်တာလား"

မုဖူရှန်း၏မျက်နှာ တောင့်တင်းသွား၏။

ဘေးက ဟွမ်ချင်းရယ်မောနေသည်။

ထိုအချိန်မှာပင် ဖင်းယန်ချို့င့်ဝှမ်းသခင် ရုတ်တရက်ဘေးတွင် ပေါ်လာပြီး အပြုံးဖြင့်ပြောသည်။

"အင်မော်တယ်မိတ်ဆွေလေးလု၊ ဖင်းယန်ချိုင့်ဝှမ်းက ငါ့တပည့်တွေက မင်းအာရုံစိုက်မှုနဲ့ ထိုက်တန်လား"

လုချန်ရှန်း ပါးနပ်သည့်အပြုံးဖြင့်ပြောသည်။

"ခင်ဗျားဂိုဏ်းကတပည့်တွေက ထိပ်တန်းပါရမီရှင်တွေပဲ၊ ကျုပ်တပည့်တွေက သူတို့နဲ့ နှိုင်းယှဉ်လို့မရပါဘူး"

ဒါကမုသားတစ်ခုဆိုတာကို ‌သိသော်လည်း ဖင်းယန်ချိုင့်ဝှမ်းသခင်ပြုံးမိသည်။

"ဒီလိုဆိုမှတော့ အင်မော်တယ်မိတ်ဆွေလေးလုရဲ့ တပည့်တွေကို အရင်သွားခွင့်ပေးမယ်လေ၊ ပြီးမှ တိုက်ခိုက်ဖို့အတွက် နယ်ပယ်တူက တပည့်တစ်ယောက်ကို ရွေးမယ်ဆိုရင်ရော"

လုချန်ရှန်းခေါင်းညိတ်သည်။

"သေချာတာပေါ့"

ထို့နောက် သူယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ကြည့်ပြီးမေးသည်။

"ဘယ်သူအရင်သွားချင်လဲ"

မူလကယဲ့ချိုးပိုင် တိုက်ခိုက်ချင်သည်။

သို့စေကာမူ ရှောင်ဟိုင်ပြုံးကာ ခုန်ဆင်းပြီးနောက် ဖင်းယန်စင်မြင့်ဆီသို့ ပြေးသွားသည်။

ပြင်းထန်သည့်တိုက်ပွဲဆန္ဒနှင့် ထိုးထွက်လာသည့် နတ်ဆိုးချီက ရှောင်ဟိုင်ပတ်လည်၌ အဆက်မပြတ် ရောထွေးနေသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကိုမူ ပြုံးလိုက်မိကြသည်။

သေချာတာတစ်ခုကတော့ ရှောင်ဟိုင်၏ ရန်လိုသည့်စရိုက်က ဘယ်တော့မှ မပြောင်းလဲသွားပါ။

ရှောင်ဟိုင်အနီးက နတ်ဆိုးချီကို မြင်သောအခါ လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။

တစ်ဘက်လူက နတ်ဆိုးနယ်မြေက အကြွင်းအကျန်တစ်ယောက်ဟု သူတို့ပထမက တွေးမိသည်။

သို့စေကာမူ သူတို့ဂရုတစိုက် အာရုံခံကြည့်သောအခါ ရှောင်ဟိုင်ကိုယ်တစ်ဝိုက်က နတ်ဆိုးချီက လုံး၀ဆိုးယုတ်နေခြင်းမရှိဘဲ အလွန်အမင်း သန့်စင်သည့်နတ်ဆိုးချီသာဖြစ်သည်။

စင်ပေါ်သို့သွားပြီးနောက် ရှောင်ဟိုင် လက်သီးဆုပ်လိုက်သည်။

"စံအိမ်တော်၊ ရှောင်ဟိုင်"

စံအိမ်တော်!

ဖင်းယန်ချိုင့်ဝှမ်းတပည့်များ ကြက်သေသေသွားကြသည်။

စံအိမ်တော်ကဘာလဲ!

"ငါဒါကို တစ်ခါမှမကြားဖူးဘူး"

"အခြေခံအုတ်မြစ်မရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ရမယ်၊ မဟုတ်ဘူးဆိုရင် ငါတို့ဘာလို့ မကြားဖူးရမှာလဲ"

"ဟုတ်တယ်၊ အဲဒါမှန်တယ်"

အပေါ်တွင် လုချန်ရှန်းမျက်နှာကို ဖုံးလိုက်မိသည်။

ဘာလို့ဒီကောင်က ကိုယ့်ကိုကိုယ် မိတ်ဆက်နေရတာတုန်း!

ဖင်းယန် လုချန်ရှန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ဖင်းယန်စင်မြင့်အောက်က တပည့်များကလည်း တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။

"ဘယ်သူသွားမလဲ" တစ်ဘက်လူက ခန္ဓာကျင့်ကုံသူတစ်ယောစ်ဖြစ်ပုံရသည်။ ဒီလိုရုပ်ခွန်အားမျိုးနဲ့ သူက ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့် ဖြစ်လောက်လား!

"ဟီးဟီး၊ ငါတို့ဘက်က မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်တစ်ယောက် သွားမယ်ဆို ပိုမကောင်းဘူးလား"

"မှန်တယ်၊ ဒါဆိုငါအရင်သွားမယ်"

ထိုသို့ပြောပြီး အနီ၀တ်ထား‌သည့် လူတစ်ယောက်ခုန်တက်ကာ ရှောင်ဟိုင်ဆန့်ကျင်ဘက်တွင် ရောက်လာသည်။

ထို့နောက် သူလက်သီးနှစ်ဖက်ဆုပ်သည်။

"ဖင်းယန်ချိုင့်ဝှမ်း၊ ယန်မန်ချန်း"

ယန်မန်ချန်းလက်ဟန်ပြလိုက်သည်။

"မင်းအရင်စပါ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်ချီအမျှင်တန်းများက ယန်မန်ချန်းတစ်ဝိုက် လေထဲသို့ မြှင့်တက်လာပြီး မီးတောက်များအဖြစ် ပြောင်းလဲကာ သူ့ကိုယ်ပတ်လည်၌ ကခုန်နေသည်။

ဒါကိုမြင်သောအခါ ရှောင်ဟိုင်ကလည်း ရပ်မနေပေ။

လိုင်းများက သူ့ကိုယ်ပေါ်၌ ပေါ်လာသည်။

ထို့နောက် သူရှေ့သို့တစ်လှမ်းတိုးစဉ် ဖင်းယန်စင်မြင့်က တုန်ခါသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ဟိုင်၏ ခန္ဓာကလည်း ပျောက်ကွယ်သွားသည်။

လေထဲ၌ ကျယ်လောင်သည့်အသံများစွာ ပေါ်လာပြီး ရုတ်ချည်းဆိုသလို သူယန်မန်ချန်းရှေ့တွင် ပေါ်လာပြီး လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။

ယန်မန်ချန်း၏ မျက်သူငယ်အိမ်က အနည်းငယ်ကျုံ့သွားသည်။

"ကောင်းလိုက်တဲ့အမြန်နှုန်း"

ထို့နောက် သူလက်ကို အသာအယာ ဝှေ့ယမ်းလိုက်စဉ် မီးတောက်များစွာက သူ့ရှေ့တွင် လွင့်မြောလာပြီး ဧရာမမီးလျှံလှံတစ်စင်းကို ဖန်တီးကာ ရှောင်ဟိုင်၏ လက်သီးကိုရင်ဆိုင်သည်။

လူတိုင်း၏အကြည့်အောက်တွင် လှံက လက်သီးနှင့်တိုက်မိသည်။

ဘန်းခနဲ့မြည်သံများကို ကြားနေရပြီး သူတို့တိုက်ချက်များအလယ်ကနေ အပြင်ထိ ဆက်လက်ပျံ့သွားသည်။

တစ်ချိန်တည်းမှာပင် ဖင်းယန်ချိုင့်ဝှမ်းတပည့်များကို အံ့ဩသင့်သွားစေတာက ယန်မန်ချန်း၏ ထိုမီးလျှံလှံကို ရင်ဆိုင်ရသည့်တိုင် ရှောင်ဟိုင်က တိုက်ရိုက် လွင့်စင်မသွားခြင်းပင်။

ယန်မန်ချန်းအားအပြည့်ကို မသုံးထားသော်လည်း ဒါက အင်မော်တယ်ချီပင် မရှိသည့် ဒီအပြင်လူများ ခုခံနိုင်သည့် အရာတစ်ခုမဟုတ်ပါ။

ထိုအချိန်တွင် ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ မေးသည်။

"မင်းခွန်အားအပြည့် မသုံးခဲ့တာလား၊ ဒါမှမဟုတ် မင်းခွန်အားက ဒီလိုပဲလား"

"မင်းခွန်အားအပြည့်ကို မသုံးခဲ့လူးဆိုမှတော့ ငါမင်းကို အတင်းလုပ်ရတော့မှာပေါ့"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယန်မန်ချန်း၏အမူအရာ မပြောင်းလဲနိုင်သေးခင်မှာပင် ရှောင်ဟိုင် တခြားလက်တစ်ဖက်ကို ဆန့်ပြီး မီးလျှံလှံထိပ်ကို ဖမ်းကိုင်သည်။

တီးတိုးတစ်ချက်အော်ဟစ်ရင်း ရှောင်ဟိုင် လက်ဖဝါးထဲတွင် အားသုံးလိုက်သည်။

တစ်ချိန်တည်းမှာပင် လိုင်းင်းကြောင်းက တောက်ပသည့်နတ်အလင်းတစ်ခုကို ထုတ်လွှတ်သည်။

ခရက်ခ်.....!

ယန်မန်ချန်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် မီးလျှံလှံက အက်ကွဲသွား၏။

ရှောင်ဟိုင်ရှေ့တစ်လှမ်းတိုးပြီး ယန်မန်ချန်းအား ရင်ဘတ်အား ထိုးနှက်ပစ်သည်။

ယန်မန်ချန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လက်အစုံကို ရင်ဘတ်ရှေ့တွင် ထားထားစဉ် မီးတောက်များက မီးဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

သို့စေကာမူ ရှောင်ဟိုင်၏ လက်သီးချက်ကြောင့် သူလွင့်စင်သွားဆဲဖြစ်ပြီး ဖင်းယန်စင်မြင့်ကနေ တိုက်ရိုက်ပစ်ချခံရသည်။

ယန်မန်ချန်းဖယ်ရှားခံလိုက်ရလေပြီ။

ဒီလက်သီးချက်က ဖင်းယန်ချိုင့်ဝှမ်းက လူတိုင်းဆီက မထီမဲ့မြင်အကြည့်များကို ဖယ်ရှားပစ်ခဲ့သည်။

အပိုင်း(890) coming။

All Chapters