← Chapters

#‌ပုန်းလျှိုးနေသည့် မတော်တဆမှု#

Vol. 63 Ch. 890

#‌ပုန်းလျှိုးနေသည့် မတော်တဆမှု#

Vol. 63 Ch. 890

အင်မော်တယ်ချီနှင့် ဝိဉာဉ်ချီကြားက ခြားနားချက်က စင်ကြယ်မှုနှင့် အရည်အသွေးဖြစ်သည်။

သို့စေကာမူ ကိုယ်ခန္ဓာသန့်စင်သူတစ်ယောက်တဖြစ်လဲ ရှောင်ဟိုင်က ကျင့်ကြံရန်အတွက် ဝိဉာဉ်ချီကိုသုံးစရာမလိုပါ။

ထို့ကြောင့် ဒီအင်မော်တယ်ကျင့်ကြံသူများနှင့် တိုက်ခိုက်သည့်ဖြစ်စဉ်အတွင်း အင်မော်တယ်ချီကြောင့် ဖြစ်စေသည့် ဖိနှိပ်မှုက အသုံးမဝင်ပေ။

ဒါ့အပြင် အင်မော်တယ်နယ်မြေက လူဘယ်နှစ်ယောက်ကများ ရှောင်ဟိုင်ကိုယ်ထဲက သွေးကြောနှင့် ရုပ်ခန္ဓာကို ယှဉ်နိုင်မည်နည်း။

မှန်ပေသည်။ အင်မော်တယ်နယ်မြေက ကျင့်ကြံသူများက သေမျိုးကမ္ဘာက လူများထက် ပိုအားကောင်းသည်။

သို့သော် မြေအင်မော်တယ်နယ်ပယ် နောက်ပိုင်းအဆင့်နှင့် ရှောင်ဟိုင်ကို အနိာင်ယူလိုပါက ဒါက သူ့ကိုယ်သူ ပိုတွက်ချက်နေမိခြင်းသာ။

ဖင်းယန်ချိုင့်ဝှမ်းက တပည့်များ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့ကြက်သေသေသွားကြ၏။ ဒါက သူတို့မျက်လုံးများ၌ ငလျင်တစ်စင်း လှုပ်ခတ်သွားသည့်အလား အဆက်မပြတ် တုန်ယင်နေသည်။

ယန်မန်ချန်းက ဖင်းယန်ချိုင့်ဝှမ်း၏ အထူးချွန်ဆုံးတပည့် မဟုတ်လောက်သော်လည်း ပါရမီရှိသည့် အတွင်းဂိုဏ်း တပည့်တစ်ယောက်ဖြစ်သည်။

ဒါ့အပြင် သူတို့နားလည်မှုအရ ရှောင်ဟိုင်နှင့် ကျန်သောသူများက မည်သည့်အင်မော်တယ်အော်ရာမှ မရှိသည့် အပြင်ပကမ္ဘာက သေမျိုးများသာ။

သို့စေကာမူ ရှောင်ဟိုင်၏ လက်သီးချက်က သူတို့ယုံကြည်မှုများကို လုံး၀ဖျက်ဆီးပစ်ခဲ့သည်။

မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်တဖြစ်လဲ ယန်မန်ချန်းက တစ်ချက်တည်းတွင် ရှောင်ဟိုင်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ဒါ့အပြင် လက်သီးထိုးနေရင်း ရှောင်ဟိုင်အေးစက်စွာပြောသည်။

"မင်းခွန်အားအပြည့်ကို မသုံးခဲ့တာလား၊ ဒီတော့ ငါမင်းကို ခွန်အားအပြည့်သုံးရအောင် ဖိအားပေးရတာပေါ့"

သူက ဖင်းယန်စင်မြင့်အောက်က တပည့်များကိုပင်ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

"ကြည့်ကတာ မင်းတို့စွမ်းအားအပြည့်ကို သုံးရင်တောင် ဒီလိုမျိုးပဲထင်တယ်"

"ငါ့အတွက် ပျော်စရာဖန်တီးနိုင်တဲ့လူ ရှိနေပါစေ၊ ငါ့ကို မင်းတို့ဖင်းယန်ချိုင့်ဝှမ်းကို အထင်မသေးစေနဲ့"

မောက်မာလိုက်တာ!

ဒါက တိုက်ပွဲအခြေအနေကို ဝင်ပြီးနောက်တွင်သာ ပေါ်လာတတ်သည့် ရှောင်ဟိုင်၏ ပင်ကိုယ်စရိုက်ပေတည်း။

ထပ်ခိုးရှိ ဖင်းယန်ချိုင့်ဝှမ်းသခင် ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင်၏ မောက်မာသော စကားလုံးများကြောင့် ဒေါသမထွက်ဘဲ ယင်းအစား မေးစေ့ကို ပွတ်ရင်း စိတ်၀င်စားစွာပြောသည်။

"အင်မော်တယ်မိတ်ဆွေလေးလု၊ မင်းတပည့်က ထူးခြားပုံပဲ၊ သူ့သွေးကြောစွမ်းအားဖြစ်စေ ရုပ်ခန္ဓာခွန်အားဖြစ်စေ၊ ရုပ်ခန္ဒာဖြစ်စေ သူကတကယ်ထူးခြားတယ်"

အင်မော်တယ်နယ်မြေက ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ခေါင်းဆောင်ဆိုသည့်အတိုင်းပင် ဒီတိုက်ပွဲတစ်ခုတည်းနှင့် ရှောင်ဟိုင်၏ ကိုယ်ခန္ဓာ၌ တစ်ခုခုမှားနေတာကို သူပြောနိုင်သည်။

လုချန်ရှန်းတွေးလိုက်မိသည်။

"ဒီကောင်စုတ်လေး ဘာလို့ဟန်ဆောင်နေတာလဲ"

အပြင်ပန်းတွင် သူပြုံးရုံသာပြုံးသည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ"

"ဟားဟား၊ အရမ်းနှိမ့်မချပါနဲ့" ချိုင့်ဝှမ်းသခင်ရယ်မောသည်။

"မှန်တာပေါ့၊ အစကတည်းက အင်မော်တယ်မိတ်ဆွေလေးလုကလည်း ရိုးရှင်းတာမှမဟုတ်တာ၊ အင်မော်တယ်ဧကရာဇ်တောင် ဆင့်ခေါ်ရတဲ့လူတစ်ယောက်က ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ၊ ဒီလိုဆိုမှတော့ သူလက်ခံခဲ့တဲ့တပည့်တွေက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ"

ထို့နောက် သူယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ကြည့်လိုက်၏။

"မင်းရဲ့တခြားတပည့်တွေမှာ ဘာထူးခြားတာတွေရှိလဲဆိုတာ ငါတကယ်သိချင်မိတယ်"

လုချန်ရှန်းပြုံးသော်လည်း ဘာမှမပြောပေ။

ထိုအချိန်မှာပင် ဖင်းယန်စင်မြင့်အောက်၌ ရှောင်ဟိုင်၏ စကားလုံးများကို ကြားပြီးနောက် ဖင်းယန်ချိုင့်ဝှမ်းတပည့်များက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလာကြသည်။

"မင်းတိုက်ပွဲတစ်ပွဲကို နိုင်လိုက်ရုံနဲ့ အရမ်းမောက်မာသွားတာလား"

"ဖင်းယန်ချိုင့်ဝှမ်းရဲ့ အခြေခံအုတ်မြစ်က မင်းစိတ်ကူးကြည့်နိုင်တဲ့ အရာတစ်ခု ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟမ့်၊ ဒီလိုဆိုမှတော့ ငါစမ်းကြည့်ပါရစေ"

သို့စေကာမူ မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် တပည့်တစ်ယောက် စင်ပေါ် ခုန်တက်သွားရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက်၏ လှမ်းတားခြင်းကို ခံလိုက်ရသည်။

"ငါလုပ်လိုက်မယ်"

လူတိုင်းလှမ်းကြည့်လိုက်စဉ် အတော်လေးပျော်သွားကြသည်။

"စီနီယာအစ်ကိုလောင်"

သူက ဖင်းယန်ချိုင့်ဝှမ်း၏ ကိုယ်ပိုင်တပည့် လောင်ချီပေတည်း။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များအကြား သူထိပ်တန်းအဆင့်သုံးနေရာ၌ နေရာယူထားသည်။

လောင်ချီ မီးလုံးတစ်လုံးအဖြစ် ပြောင်းသွားပြီး ဖင်းယန်စင်မြင့်ပေါ်တွင် ပေါ်လာကာ ရှောင်ဟိုင်အားကြည့်ရင်း ခပ်ရေးရေးပြုံးပြသည်။

"ငါ့နယ်ပယ်က မင်းခန္ဓာပြုပြုင်ခြင်းနယ်ပယ်နဲ့ အတူတူလောက်ဖြစ်မှာပါ၊ ဒါပေမ့် ဒါကမင်းကို အနိုင်ကျင့်တယ်လို့တောင် ယူဆလို့ရတယ်"

လောင်ချီက ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ဖြစ်သည်။

သူ့ထင်မြင်ချက်တွင် အဆင့်တူက ရှောင်ဟိုင်နှင့်တိုက်ခိုက်ခြင်းက အနိုင်ကျင့်ခြင်းသာ။

ရှောင်ဟိုင်ပြုံးသည်။

"ငါရှုံးနိမ့်မှုရဲ့ အရဿာကို ခံစားကြည့်ချင်တယ်"

လောင်ချီ မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

"ဒီလိုဆိုမှတော့ မင်း‌ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ထို့နောက် လောင်ချီတုံ့ပြန်ကာ ရှောင်ဟိုင်အား လှမ်းဆွဲလာသည်။

ရုတ်ချည်းဆိုသလို မီးမုန်တိုင်းက ရှောင်ဟိုင်အနီးတွင် ချက်ချင်းဖြစ်တည်လာပြီး သူ့အားဖိသိပ်လာသည်။

လောင်ချီ တိုက်ခိုက်မှု၌ ထိန်ချန်ထားခြင်းမရှိပါ။

အစွမ်းမီးတာအိုနိယာမက မီးမုန်တိုင်းတစ်စင်းအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်ပတ်လည်က လေဟာနယ်အား ဖြတ်သန်းသွား၏။

ရှောင်ဟိုင်၏ အစွမ်းထက်ကိုယ်ခန္ဓာပင်လျှင် မီးတောက်များကြောင့် လောင်ကျွမ်းသွားရပြီး သူ့အရေပြားများက စတင် အက်ကွဲနေသည်။

ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။

တကယ်တမ်းတွင်လည်း အင်မော်တယ်နယ်မြေက ဒီကျင့်ကြံသူများက သေမျိုးနယ်မြေက သူများနှင့် အခြေခံအားဖြင့် ကွဲပြားသည်။

အကယ်၍ သူသာ သေမင်းနယ်မြေက ကောင်းကင်အင်မော်တယ်တစ်၀က်အဆင့် ဆိုပါက ရှောင်ဟိုင်ကို ဒီလောက်ထိ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်။

လောင်ချီကမူ မီးမုန်တိုင်းက ရှောင်ဟိုင်ခန္ဓာကို မလွှမ်းခြုံသေးသော်လည်း နောက်ဆက်တွဲလှိုင်းအနည်းငယ်ကပင် ရှောင်ဟိုင်၏ကိုယ်ကနေ ကျယ်လောင်သည့် အသံများကို ထွက်ပေါ်လာစေရန် လုံလောက်နေလေပြီ။

"မင်းမှာရှိတာဒါပဲလား" လောင်ချီ လက်ကို ဆန့်တန်းပြီးပြောသည်။

"ဒါပဲဆိုရင်တော့ အရှုံးကို ၀န်ခံလိုက်ပါ"

ရှောင်ဟိုင်ကလည်း ဒီအတိုင်းရပ်ပြီး သေခြင်းတရားကို စောင့်နေမည်မဟုတ်။

နတ်ဆိုးချီရောင်ခြည်တန်းများက ရှောင်ဟိုင်ကိုယ်ကို စတင်ဝိုင်းရံလာသည်။

နတ်ဆိုးချက်ချီအမျှင်တန်းများကမူ ချပ်၀တ်အဖြစ် စတင်ပြောင်းလဲသွားပြီး နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ရှောင်ဟိုင်နောက်ကျောတွင် ပေါ်လာသည်။

ထိုအချိန်မှာပင် ရှောင်ဟိုင်၏မျက်လုံးများက အေးစက်နေပြီး သက်ရှိအားလုံးကို ဂရုမစိုက်သည့်အလား နတ်ဆိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထင်ရသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ကြည့်ရှုသူများအားလုံး ထိတ်လန့်သွားကြသည်။

လောင်ချီ အနည်းငယ်မျက်မှောင်ကြုတ်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ့တွင် နောက်ခံအစီအစဉ်ရှိနေဆဲပင်။

သူဒီအကြောင်းကို တွေးနေစဉ်မှာပင် ရှောင်ဟိုင်လှုပ်ရှားသည်။

ရှောင်ဟိုင်ရှေးတိုးပြီး မီးမုန်တိုင်းတစ်စင်းထံသို့ ပြေး၀င်သွား၏။

တောက်လောင်နေသည့်မီးတောက်များက နတ်ဆိုးဘုရင်ချပ်၀တ်ဆီသို့ ချက်ချင်းနီးပါး လိုက်ပါလာပြီး ရှောင်ဟိုင်ကိုယ်ကို တိုက်စားပစ်စဉ် သူ့အရေပြားက ချက်ချင်းနီးပါး အက်ကွဲသွားပြီး ကွဲအက်နေသည့် အရေပြားကနေ သွေးများစီးကျနေသည်။

သူ့အတွင်းအင်္ဂါများ၊ အရိုးများနှင့် ကြွက်သားများက စတင်ကျုံ့လာပြီး မီးတာအိုနိယာမ၏ အလွန်အမင်းတိုက်စားမှုအောက်တွင် စတင်လောင်ကျွမ်းသည်။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များ ဒါကိုမြင်သောအခါ သူတို့အနည်းငယ် ကြက်သေသေသွားကြ၏။

"သူဘာလုပ်နေတာလဲ"

"သူ့မှာ စီနီယာအစ်ကိုလောင်ရဲ့ မီးမုန်တိုင်းကို ခုခံဖို့ ယုံကြည်ချက်ရှိတယ်လို့ ငါထင်ခဲ့တာ၊ ကြည့်ရတာ သူအချိန်မရွေး အထဲမှာ သေသွားနိုင်ပုံပဲ"

"ဟမ့်၊ ကြည့်ရတာ သူ့အသံတင် မောက်မာနေတာမဟုန်ဘဲ သူ့ဦးနှောက်ကလည်း အတော်လေးမောက်မာပုံပဲ၊ သူဒါကို ခံနိုင်ရည်ရှိမယ်လို့ တွေးနေတာနေမယ်"

စင်ပေါ်၌ လောင်ချီ အနည်းငယ် မျက်မှောင်ကြုတ်သည်။

ယခုလိုလူတစ်ယောက်တွင် ဒီလောက်ထိ ရိုးရှင်းသည့် စိတ်ထားမျိုးရှိမည်မဟုတ်။

သူ့အင်္ကျီလက်ထဲတွင် ဖွက်ထားသည့် ဝှက်ဖဲများရှိရမည်သာ။

မဟုတ်ပါက သူဘယ်လိုလုပ် ဒီလောက်ထိ စိတ်လိုက်မာန်ပါဖြစ်နေနိုင်မည်နည်း။

လောင်ချီမှန်ပေသည်။

ရှောင်ဟိုင် မီးမုန်တိုင်းကို အပြည့်အ၀ ခုခံနိုင်စွမ်းမရှိသော်လည်း သူ့သွေးကြောတွင် အလွန်အမင်းအားကောင်းသည့် ပြန်လည်ကုစားခြင်းစွမ်းရည်ရှိသည်။

ဒါ့အပြင် ပြန်လည်သက်သာလာပြီးနောက်တွင် သူ့ရုပ်ခွန်အားက ထပ်မံမြှင့်တက်သွားပေလိမ့်မည်။

သူနှစ်ကြိမ်လောက် ထပ်လုပ်လိုက်ပါက လောင်ချီကို အနိုင်ယူရန် ခက်ခဲတော့မည်မဟုတ်။

သို့စေကာမူ ထိုအခိုက်အတန့်မှာပင် ထပ်ခိုးက အသံတစ်သံထွက်လာသည်။

"ကောင်းပြီ၊ ဒီလောက်ဆိုရပြီ"

ဒါက လုချန်ရှန်း၏ အသံဖြစ်သည်။

ရှောင်ဟိုင် ဒါကို ကြားသောအခါ အလျင်အမြန် ရပ်ပစ်သည်။

လုချန်ရှန်း အသံပို့ကာပြောသည်။

"မင်းရဲ့စွမ်းရည်အားလုံးကို မဖော်ထုတ်နဲ့၊ မင်းတို့ ဖင်းယန်ဂိုဏ်းရဲ့တပည့်အားလုံးကို စိန်ခေါ်လို့ရပေမယ့် ငါ့မှာတောင်းဆိုချက် တစ်ခုရှိတယ်၊ မင်းတို့ဝှက်ဖဲတွေအားလုံးကို မဖော်ထုတ်ကြနဲ့၊ နားလည်လား"

"မင်းတို့ခွန်အားကို ကန့်သတ်ပြီး တစ်ဘက်လူကို အနိုင်ယူမှ မင်းတို့ကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်နိုင်မှာ"

ဒီစကားလုံးများကို ရှောင်ဟိုင်အတွက်တင်မဟုတ်ဘဲ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအတွက်လည်းဖြစ်သည်။

ရှောင်ဟိုင်ဒါကိုကြားသောအခါ နတ်ဆိုးချီကို ရုပ်သိမ်းပြီး ဖင်းယန်စင်မြင့်ကနေ ထွက်သွားသည်။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များ၌ အထင်အမြင်သေးသည့်အကြည့်များရှိနေသည်။

သို့စေကာမူ ဖင်ယန်ချိုင့်ဝှမ်းသခင်နှင့် ဖင်းယန်တို့ကမူ ဒီမြင်ကွင်းကို အသေအချာ ကြည့်ရှုနေကြ၏။

အင်း.....!

သူခွန်အားအကုန်လုံးကို သုံးခဲ့ပုံမပေါ်ဘူး!

အပိုင်း(891) coming။

All Chapters