#ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်#
Vol. 63 Ch. 891
ရှောင်ဟိုင် ထပ်ခိုးသို့ပြန်သွားသောအခါ သူ့ဒဏ်ရာများက လုံး၀သက်သာသွားပြီး တစ်ချိန်တည်းမှာပင် သူ့ရုပ်ခန္ဓာက အရင်ကထက် အများကြီးပိုအားကောင်းလာပုံရသည်။
ဒါအားလုံးက ဖင်းယန်ချိုင့်ဝှမ်းသခင်ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။
ဒီစွမ်းရည်က....တကယ်ကိုထူးခြားတာပဲ!
သူ့ခွန်အားကို ဖုံးကွယ်ထားတာ အံ့ဩသင့်စရာ မရှိတော့ပါဘူးလေ!
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကို ပြန်လည်ကောင်းမွန်းလာခြင်းက လူတစ်ယောက်၏ ခွန်အားကိုလည်း တိုးမြှင့်ပေးနိုင်သည်။
ဒီလိုသာဆက်ဖြစ်နေပါက ရလဒ်ကို တကယ်မသိရလောက်ပါ။
ဘာလို့လုချန်ရှန်း ရှောင်ဟိုင်နဲ့ တခြားသူတွေကို ဝှက်ဖဲများကို ဖုံးကွယ်ထားရန် တောင်းဆိုခဲ့တာလဲ!
ပထမအကြောင်းရင်းက ဖင်းယန်ချိုင့်ဝှမ်းတပည့်များရှေ့တွင် သူတို့၏ သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို မထုတ်ဖော်စေချင်သောကြောင့်ဖြစ်သည်။
ဒုတိယအကြောင်းရင်းက နတ်ဆိုးဒေသကြောင့်ပင်။
နတ်ဆိုးဒေသ၏ချိပ်စည်းက ပြေလျော့လာနေပြီဖြစ်သည်။
(အဆင့်မြင့်ကြယ်နယ်မြေမှာရှိတာက နတ်ဆိုးဘုရင်ပိုင်နက်၊ ဂိုဏ်းအသေးစားပါ၊ အခုကကျ တခြားနတ်ဆိုးနယ်မြေဖြစ်တဲ့ နယ်မြေကြီးတစ်ခုပါ)
အပြင်ပ၌ ရှင်ကျန်သူအနည်းငယ်ရှိတာက ပုံမှန်သာ။ ဒါ့အပြင် ချိပ်စည်းပြေလျော့လာသည့်အတွက်ကြောင့် ပြဿာနာဖန်တီးရန် သူတို့အတွေးများက ပိုပို၍ လေးနက်လာကြပေလိမ့်မည်။
ဒါက တခြားတစ်ဘက်ကို နေရာတိုင်းတွင် သူလျှိုများထားနိုင်သည့် ဖြစ်နိုင်ချေကိုပါ ဦးတည်စေနိုင်သည်။
တခြားတစ်ဘက်တွင် လုချန်ရှန်း ဒီကိစ္စတွင် လုံး၀ပါ၀င်နေသည်။
ထို့ကြောင့် လုချန်ရှန်း၏တပည့်များဖြစ်သည့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ပစ်မှတ်ထားခံရရန် အလားအလာပိုများသည်။
ဒီအတွက်ကြောင့်ပင် အသက်ကယ်ဝှက်ဖဲများကို အရေးကြီးအခိုက်အတန့်များအတွက် ဝှက်ထားတာက ပိုကောင်းသည်။
ခုနှစ်ရက်အကြာတွင် ဖင်းယန်စင်မြင့်ပေါ်၌ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ဟွမ်ချင်းနှင့် ကျန်သောတပည့်များက တစ်လှည့်စီ ယှဥ်ပြိုင်ခဲ့ကြသည်။
နင်းချန်ရှင်း၏ရလဒ်များက အနည်းငယ်ပိုကောင်းခဲ့သည်။
ရှောင်ဟိုင်ကဲ့သို့ပင် သူကကျင့်ကြံရန်အတွက် ဝိဉာဉ်ချီကို မလိုအပ်သဖြင့် အင်မော်တယ်ချီ၏ ဖိနှိပ်ခြင်းကို မခံရပေ။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အင်မော်တယ်ချီ၏ ဖိနှိပ်ခြင်းကိုခံရသည်။
သူတို့ကနယ်ပယ်တူဖြစ်နေသောအခါ တိုက်ခိုက်ရန် မဖြစ်နိုင်သလို အင်မော်တယ်ချီ၏ ဖိနှိပ်ခြင်းကိုလည်း ခံရသဖြင့် သူတို့ထိုနေရာ၌ပင် အနိုင်ယူခြင်းခံရသည်။
ဖင်းယန်ချိုင့်ဝှမ်းက အင်မော်တယ်နယ်မြေတွင် တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘဲ အင်မော်တယ်နယ်မြေတစ်ခုလုံး၌ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ဖြစ်တည်မှုတစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် မရေမတွက်နိုင်လောက်သော သူပါရမီရှင်များရှိနေကြသည်။
မဟာပါရမီနှင့်အတူ အင်မော်တယ်စွမ်းအင်၏ အကြွင်းမဲ့ဖိနှိပ်မှုအောက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နယ်ပယ်တူက လူများကို နောက်ထပ်အလွယ်တကူ မကိုင်တွယ်နိုင်တော့သလို သေမျိုးနယ်မြေကကဲ့သို့ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရန်ဟူသည် မဖြစ်နိုင်တော့ပါ။
ဒါက ဖင်းယန်စင်မြင့်က တပည့်များကိုလည်း စိတ်သက်သာရာရသွားစေသည်။
"ကံကောင်းချင်တော့ အဲဒီခန္ဓာကျင့်ကြံသူနဲ့ ကွန်ဖြူရှပ်တာအိုကျင့်ကြံသူတို့ကလည်း နည်းနည်းပုံမှန်မဟုတ်တာ၊ ကျန်တဲ့သူတွေကတော့ ပုံမှန်ပါပဲ"
"ဒါပေမယ့် ဒါကလည်းမှန်ပါတယ်၊ အဲဒီအပြင်လူတွေမှာ အင်မော်တယ်ချီတောင် မရှိဘူး၊ တကယ်လို့ ငါတို့သာသူတို့ကို ရှုံးရင် ငါတို့ဖင်းယန်ချိုင့်ဝှမ်းက လူရယ်စရာ ဖြစ်လာမှာပေါ့"
"အနည်းဆုံးတော့ စိုးရိမ်စရာမလိုပါဘူး၊ သူတို့ပါရမီက မဆိုးပေမယ့် ငါတို့ဖင်းယန်ချိုင့်ဝှမ်းနဲ့ နှိုင်းယှဉ်လို့မရတာကတော့ ၀မ်းနည်းစရာပဲ"
ဖင်းယန်ဒါကိုကြားသောအခါ ခါးသီးစွာပြုံးသည်။
အင်မော်တယ်ချီမရှိတဲ့အချိန်မှာတောင် သူတို့က နယ်ပယ်တူက လူတွေနဲ့ တန်းတူတိုက်ခိုက်နိုင်တာ မင်းတို့မသိကြတာလား!
အဆုံးသတ်မှာ တစ်ဘက်လူ၏ဝိဉာဉ်ချီက ဒါကိုခံနိုင်ရည်မရှိသောအခါမှသာ ရှုံးခဲ့ကြခြင်းပင်။
ဒါကပင် တစ်ဘက်လူ၏ ပါရမီက သူတို့ထက် ပိုအားကောင်းတာကို သက်သေပြရန် လုံလောက်နေလေပြီ။
ဖင်းယန်တွေးနေတာက သူတို့သာ ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် အပြည့်အ၀ ပြောင်းလဲပစ်သောအခါ ဖင်းယန်ချိုင့်ဝှမ်းက နယ်ပယ်တူကလူများပင်လျှင် တစ်ဘက်လူအား ဖိနှိပ်နိုင်မည်မဟုတ်ပေ။
.....
တခြားတစ်ဘက်တွင် ဖင်းယန်နန်းတော်၌ ချိုင့်ဝှမ်းသခင်က လုချန်ရှန်းကို အရဿာစားသောက်ဖွယ်ရာများ ပြည့်နေသည့် စားပွဲဖြင်း ဧည့်ခံနေသည်။
ချိုင့်ဝှမ်းသခင်ပြုံးသည်။
"အင်မော်တယ်မိတ်ဆွေလေးလု၊ မင်းတပည့်တွေအားလုံးက အထင်ကြီးစရာပဲ၊ အထူးသဖြင့် ဟုန်ရင်ပေါ့၊ သူ့ကို ငါတို့ဖင်းယန်ချိုင့်ဝှမ်းကို ပေးမယ်ဆိုရင်ရော"
"သေချာတာပေါ့၊ ငါသူ့ရဲ့ပါရမီကို နစ်မြှုပ်သွားအောင် လုပ်ပစ်မှာမဟုတ်ဘူးဆိုတာ ကတိပေးတယ်၊ ငါကိုယ်တိုင်သူ့ကို သင်ကြားပေးမှာပါ"
ဟုန်ရင်က စံအိမ်တော်၌ မီးတာအိုနိယာတွင် အထူးချွန်ဆုံးတပည့်ဖြစ်သည်။ (ဟွမ်ချင်းက တပည့်မဟုတ်ပါ)
ဖင်းယန်ချိုင့်ဝှမ်းသခင်ပင်လျှင် မီးတာအိုနိယာမ၌ ဟုန်ရင်တွင် တမူထူးခြားသည့် ပါမီရှိတာကို ပြောနိုင်သည်။
လုချန်ရှန်းပြုံးသည်။
"ခင်ဗျားမှာ သူ့ကိုယူသွားနိုင်စွမ်းရှိရင် ကျုပ်မတားပါဘူး"
ဒါကိုကြားသောအခါ ချိုင့်ဝှမ်းသခင် လက်ဝှေ့ယမ်းရင်း ခါးသီးစွာပြုံးသည်။
"မင်းဒီလိုပြောလာမှတော့ ငါ့မှာ အခွင့်အရေးမရှိလောက်တော့ပါဘူး"
"ကျုပ်ခင်ဗျားနဲ့ ပူးပေါင်းချင်တယ်၊ ချိုင့်ဝှမ်းသခင်"
"ပူးပေါင်းမယ်" ချိုင့်ဝှမ်းသခင် မှင်သက်သွားရသည်။
"မှန်ပါတယ်" လုချန်ရှန်းခေါင်းညိတ်သည်။ သူခွက်ကိုချပြီးနောက်ပြောသည်။
"နောက်ရက်အနည်းငယ်အတွင်းမှာ ကျုပ်ရဲ့ဘာမဟုတ်တဲ့ တပည့်တွေကို ဖင်းယန်ချိုင့်ဝှမ်းက တပည့်တွေနဲ့ ယှဉ်ပြိုင်ခွင့်ပေးမယ်"
ချိုင့်ဝှမ်းသခင်နားလည်သဖြင့် နှလုံးသားထဲကနေ ပြူံးနေမိသည်။
သူက ဖင်းယန်ဂိုဏ်း၏တပည့်များကို သူ့တပည့်များ၏ တိုက်ခိုက်ဖော်များ ဖြစ်စေလိုခြင်းပင်။
"ဒါကပူးပေါင်းဆောင်ရွက်မှုတစ်ခုဆိုတော့ မင်း ဖင်းယန်ချိုင့်ဝှမ်းအတွက် ဘာယူလာပေးနိုင်မလဲ"
လုချန်ရှန်း စိတ်ပိုင်းဖြတ်ထားသည့်အလား တုံ့ဆိုင်းမနေဘဲ ပြောသည်။
"ဖင်းယန်က ခင်ဗျားသားဖြစ်ပြီး ဖင်းယန်ချိုင့်ဝှမ်းရဲ့ ဆက်ခံသူမလား"
"မှန်တယ်" ချိုင့်ဝှမ်းသခင်ခေါင်းညိတ်သည်။
"သူ့ပါရမီက စရိုက်အရဆိုရင် သူက ပြီးပြည့်စုံဆုံးပဲ"
ဒါကိုကြားသောအခါ လုချန်ရှန်းပြုံးသည်။
"ဒီလိုဆိုရင် ကျုပ် ဖင်းယန်ကို ဖင်းယန်ချိုင့်ဝှမ်းမှာ ရှိတုန်း သင်ကြားပေးနိုင်တယ်"
"မင်းသူ့ကို လမ်းညွှန်ပေးမှာလား"
ချိုင့်ဝှမ်းသခင်အနည်းငယ် ကြက်သေသေသွားပြီးနောက် မျက်မှောင်ကြုတ်သည်။
"ပွင့်လင်းမိတဲ့အတွက် ခွင့်လွှတ်ပါ၊ အင်မော်တယ်မိတ်ဆွေလေးလုကို အင်မော်တယ်ဧကရာဇ်က ဆင့်ခေါ်ခဲ့ပြီး ဖင်းယန်လည်း မင်းလုပ်ရပ်တွေကို ပြောတာ ကြားဖူးပေမယ့် ဖင်းယန်ကို မင်းရဲ့လမ်းညွှန်မှုက ငါကိုယ်တိုင်လမ်းညွှန်မှုထက် ပိုထိရောက်မလား၊ မရောက်ဘူးလားဆိုတာ ငါမသိဘူး"
ထိုအချိန်က လုချန်ရှန်း မည်သည့်အခင်းအကျင်းဆရာများထက်မဆို ပိုသာလွန်သည့် စွမ်းရည်ကို သုံးခဲ့တာကို သူသိသည်။
တစ်ချိန်တည်းမှာပင် သူက အင်မော်တယ်ဧကရာဇ်ဆင့်ခေါ်ခဲ့သည့် လူဖြစ်လေရာ ရိုးရှင်းသူတစ်ယောက်မဟုတ်ပါ။
သို့စေကာမူ မီးတာအိုနိယာမကရော!
သူ့၏ အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကရော!
အကယ်၍ ကျင့်ကြံခြင်းလမ်းစဉ်က မတူပါက လမ်းညွှန်ချက်ကလည်း ကွဲပြားပေလိမ့်မည်။
လုချန်ရှန်းပြုံးသည်။
"ကျုပ်မှာ ယုံကြည်ချက်ရှိတာပေါ့"
ဒီလိုအရာမျိုးကို ပြောသည့်အပေါ် လုချန်ရှန်းတွင် ၂၀၀ရာခိုင်နှုန်းယုံကြည်ချက်ရှိပေသည်။
တစ်ချိန်တည်းမှာပင် ဖင်းယန်၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံခြင်းအခြေအနေကို သူအာရုံခံစားမိသဖြင့် စနစ်ကို ချက်ချင်းမေးလိုက်သည်။
ဖြေရှင်းချက်ကိုသိပြီးမှသာ သူဒီအခြေအနေကို အဆိုပြုခဲ့ခြင်းပင်။
"ဒီလိုဆိုရင်ရော၊ ဖင်းယန်ကို လာခိုင်းလိုက်ပါ"
ချိုင့်ဝှမ်းသခင်သံသယဖြစ်နေသော်လည်း ဖင်းယန်ကို ၀င်လာခိုင်းဆဲပင်။
များမကြာမီ ဖင်းယန်တံခါးတွန်းဖွင့်ကာ ၀င်လာပြီး မေးသည်။
"အဖေ၊ ဘာလို့ကျွန်တော့်ကို ရှာနေတာလဲ"
ချိုင့်ဝှမ်းသခင်ပြောသည်။
"အင်မော်တယ်မိတ်ဆွေလေးလုကို မင်းကို လမ်းညွှန်ခွင့်ပေးလိုက်"
"အမ်" ဖင်းယန်ကြက်သေသေသွားသည်။
လုချန်ရှန်းလက်ပြပြီး ဖင်းယန်ကို လျှောက်လာရန် အရိပ်ပြသည်။
ဖင်းယန်သူပြောသည့်အတိုင်းပင် လုပ်ဆောင်သည်။ ထို့နောက် လုချန်ရှန်း သူ့လက်ကို ဖင်းယန်၏ နှလုံးပေါက်၌ ညင်သာစွာ တင်လိုက်၏။
"အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာ၊ ကံဆိုးချင်တော့ ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်က မင်းကို ဒုက္ခပေးနေတယ်"
အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာ!
ဒီရုပ်ခန္ဓာရှိသည့်သူများက အလွန်ပင် လွှမ်းမိုးကာဆန်းကြယ်သည့် မီးတောက်တစ်ခုကို ကျင့်ကြံနိုင်သည်။
ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးတောက်!
ဒီမီးတောက်က ဖီးနစ်မီးတောက်ထက်ပင် ပိုအားကောင်းသည့် မီးတောက်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နတ်ဖီးနစ်မီးတောက်နှင့် ယှဉ်၍ရသည်။
သေချာတာကတော့ သည်းခြေငါးချောင်းရွှေနဂါးနှင့် လုချန်ရှန်းတို့၏ သွေးအဆီအနှစ်က အားဖြည့်ထားသည့် နတ်ဖီးနစ်မီးတောက်နှင့်တော့ မယှဉ်နိုင်ပါ။
သို့စေကာမူ ဒီလိုအစွမ်းထက်မီးတောက်ရှိသလို တစ်ချိန်တည်းမှာပင် မီးအဆိပ်ကလည်း လိုက်ဖက်ပါရှိလာသည်။
လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ချိုင့်ဝှမ်းသခင်နှင့် ဖင်းယန်တို့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
ဒီအတွက်ကြောင့် ဒီကိစ္စကို တတိယလူဘယ်သူမှမသိပါ။
ချိုင့်ဝှမ်းသခင်က ဒါကို ကျင့်ကြံခြင်းဖြစ်စဉ်အတွင်း တွေ့ရှိခဲ့ခြင်းပင်။
ဒါပေမယ့် လုချန်ရှန်း လက်ကို နှလုံးပေါ် တင်ရုံနဲ့ အာရုံခံနိုင်တာလား!
လုချန်ရှန်းဆက်ပြောသည်။
"ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်က သူ့နှလုံးပေါက်ကို ကျူးကျော်၀င်ရောက်နေပြီ၊ ဖင်းယန် မကျင့်ကြံနိုင်တာ အချိန်အတော်ကြာနေပြီမလား"
ချိုင့်ဝှမ်းသခင် လေးနက်စွာခေါင်းညိတ်သည်။
"တကယ်လို့ ဆက်ပြီးသာကျင့်ကြံမယ်ဆိုရင် မီးအဆိပ်က နှလုံးပေါက်ကို အပြည့်အ၀ တိုက်စားသွားပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိတော့မှာ မဟုတ်တော့ဘူးလေ"
လုချန်ရှန်းပြောသည်။
"ကျုပ်ဒီပြဿာနာကို ဖြေရှင်းနိုင်တယ်"
ချိုင့်ဝှမ်းသခင် ချက်ချင်းထရပ်ပြီး လက်သီးဆုပ်သည်။
"မင်းဒီပြဿာနာကို ဖြေရှင်းနိုင်သရွေ့ ဖင်းယန်ချိုင့်ဝှမ်းတစ်ခုလုံးက သေချာပေါက် မင်းနောက်မှာ ရပ်တည်ပါမယ်"
အပိုင်း(892) coming။