← Chapters

#‌လုချန်ရှန်း၊ ဒီလူက ငတုံးလား#

Vol. 63 Ch. 892

#‌လုချန်ရှန်း၊ ဒီလူက ငတုံးလား#

Vol. 63 Ch. 892

အစွမ်းထက်ရုပ်ခန္ဓာက ဖင်းယန်ကို အချိန်မရွေး မီးအဆိပ်ဖြင့် လုံး၀တိုက်စားပစ်စေမည့် အန္တရာယ်ကို ဆောင်ကြဉ်းပေးသည်။

ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်!

ဖင်းယန်ချိုင့်ဝှမ်းသခင်မှာ ဒီကိစ္စကြောင့် အတော်လေးခေါင်းကိုက်ခဲ့ရသည်။

သူဒီပြဿာနာကို ဖြေရှင်းရန်အတွက် မရေမတွက်နိုင်လောက်သော သူများကို ရှာခဲ့သော်လည်း လုပ်နိုင်တာဘာမှမရှိခဲ့ပေ။

ဒီအကြောင်းရင်းကြောင့်ပင် ချိုင့်ဝှမ်းသခင် အင်မော်တယ်နန်းတော်ကိုပင် သွားခဲ့သည်။ သို့သော် အင်မော်တယ်နန်းတော်က စွမ်းအားရှင်များလည်း ဘာမှမလုပ်နိုင်ခဲ့ကြပေ။

အင်မော်တယ်ဧကရာဇ်ကရော!

အကယ်၍ ဖင်းယန်ချိုင့်ဝှမ်းကသာ အင်မော်တယ်ဧကရာဇ်ကို ကျေနပ်စေသည့် အခြေအနေရပ်တစ်ခု မဖန်တီးနိုင်သရွေ့ သူတို့ တွေ့ရန်ဟူသည် မဖြစ်နိုင်ပေ။

သို့သော် လုချန်ရှန်းက သူဒါကို ဖြေရှင်းနိုင်သည်ဟု ပြောလာသည်။

တစ်ဘက်လူတွင် စွမ်းရည်ရှိ၊ မရှိက အရေးမကြီးပါ။ ချိုင့်ဝှမ်းသခင် 'မျှော်လင့်ချက်' ဟုခေါ်သည့် ဒီကြိုးစလေးကို ဖမ်းဆုပ်ထားရန် အကောင်းဆုံး ကြိုးစားရမည်သာ။

အဆုံး၌ ဒါကအလုပ်မဖြစ်ခဲ့လျှင်ပင် ပိုဆိုးသည့်ရလဒ်ရှိလာမည်မဟုတ်။

ဒါကနောက်ဆုံးအားထုတ်မှုလည်းဖြစ်သည်။

လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ဖင်းယန်အတော်လေးအံ့ဩသင့်သွားသလို ပျော်သွားသည်။

သို့သော်ဒီနှစ်များစွာအတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်သတိရသွားပြီး မရေမတွက်လူများစွာ၏ ကျရှုံးမှုကို မှတ်မိလာစဉ် သူ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်သွားခဲ့သည်။

သူခါးသီးစွာပြုံးသည်။

"ကျေးဇူးပါ၊ စီနီယာ"

လုချန်ရှန်း ဖင်းယန်ကိုကြည့်ပြီးမေးသည်။

"မင်းငါ့ကိုမယုံဘူးလား"

ဖင်းယန် အကူအညီမဲ့စွာပြောသည်။

"မျှော်လင့်ချက်များစွာ ဖျက်ဆီးခံရတာတွေကို တွေ့ကြုံခံစားရပြီးနောက်မှာ အခုတော့ ဒါကို ကံကြမ္မာကိုပုံအပ်ပေးရုံပဲလေ"

"ဒီလိုဆိုရင်တော့ ငါကြိုးစားကြည့်ပါရစေ"

လုချန်ရှန်း ‌ချိုင့်ဝှမ်းသခင်ကိုကြည့်သည်။

"ကျုပ်ပါ၀င်ပစ္စည်းနည်းနည်းလိုတယ်"

ချိုင့်ဝှမ်းသခင် ချက်ချင်းပြောသည်။

"စီနီယာ၊ ခင်ဗျားတစ်ခုခုလိုရင် ကျုပ်အခုချက်ချင်းတစ်ယောက်ကို ရှာဖို့ စေလွှတ်လိုက်ပါမယ်"

လုချန်ရှန်းပြောသည်။

"ကိုးသွယ်ဆန်းကြယ်ရေခဲသလင်း၊ မီးဖိနှိပ်ခြင်းကျောက်...."

ချိုင့်ဝှမ်းသခင် လုချန်ရှန်း၏ အတွေးအခေါ်ကို နားလည်ပါသည်။

ဒီပါ၀င်ပစ္စည်းနှစ်ခုက မီးအဆိပ်ကို တိုက်ဖျက်ရာ၌ အတော်လေးထိရောက်သည်။

သို့စေကာမူ ဒီပစ္စည်းနှစ်ခုကို ထိန်းချုပ်နိုင်သူက အရမ်းနည်းသည်။

ဒါကအရမ်းရှားပါးသည်ဟု ဆို၍ရသော်လည်း ဖင်းယန်ချိုင့်ဝှမ်း၏ အခြေခံအုတ်မြစ်အရ သူတို့တန်ဖိုးနည်းနည်း ပေးရမည်ဆိုလျှင်ပင် ဒါကို မရယူနိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။

သို့သော် လုချန်ရှန်း၏ နောက်ထပ်စကားလုံးများက ချိုင့်ဝှမ်းသခင်၏ အမူအရာကို အနည်းငယ်ပြောင်းလဲသွားစေသည်။

"မြေအောက်မြက်၊ ဝိဉာဉ်ဖျက်ပုလဲ၊ အင်မော်တယ်လောင်ကျွမ်းသစ်သား"

ဒီသုံးခုစလုံးက အတော်လေးအဆိပ်ပြင်းသည်။

ချိုင့်ဝှမ်းသခင်ကဲ့သို့ အတော်လေးအစွမ်းထက်သည့် ကျင့်ကြံသူပင်လျှင် ဒီသုံးခုကို တစ်ချိန်တည်းတွင် သုံးမည်ဆိုပါက သတိထားဖို့လိုအပ်သည်။

ဒါ့အပြင် ဒါကို ဖင်းယန်အတွက် သုံးမည်ဖြစ်လေရာ ဖင်းယန်၏ လက်ရှိခွန်အားနှင့်ဆိုပါက ဘာမှမဖြစ်လျှင်ပင် သူ့အသက်တစ်၀က်လောက်ကို ဆုံးရှုံးသွားနိုင်သည်။

လုချန်ရှန်း ချိုင့်ဝှမ်းသခင်၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိသဖြင့် ပြောလိုက်သည်။

"ခင်ဗျားဒါတွေကို ရှာဖို့ပဲလိုတယ်၊ ကျန်တာ ကျုပ်ကို လက်လွှဲထားလိုက်ပါ"

ဒါကိုကြားသောအခါ ချိုင့်ဝှမ်းသခင် တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြီး ဒီပစ္စည်းများကို ရှာရန် လူများကို အလျင်စလို စေလွှတ်လိုက်သည်။

လုချန်ရှန်းခြံ၀င်းထဲရောက်လာသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဒီနေရာတွင် စီစဉ်ပေးထားသည်။

လုချန်ရှန်း သူတို့ကို ယှဉ်ပြိုင်ရန်အတွက် ဖင်းယန်ချိုင့်ဝှမ်းက ဘယ်တပည့်ကိုမဆို ရှာနိုင်ကြောင်း ပြောလိုက်သည်။

"ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် အပြည့်အ၀ပြောင်းပစ်ဖို့ဆိုတာက ရက်အနည်းငယ်အတွင်း ပြီးနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး၊ တစ်ချိန်တည်းမှာပဲ မင်းတို့ဒါကို တည်ငြိမ်အောင် လုပ်ဖို့လိုတယ်လို့ ခံစားမိရင် ဖင်းယန်ချိုင့်ဝှမ်းက တပည့်တွေကို ယှဉ်ပြိုင်ဖို့အတွက် ရှာနိုင်ပြီး တကယ့်တိုက်ပွဲကနေ ပြီးပြည့်စုံတဲ့အင်မော်တယ်ချီကို တည်ငြိမ်အောင် လုပ်နိုင်တယ်"

"မင်းတို့ဝှက်ဖဲတွေကိုတော့ ထုတ်ပြလို့ မရသေးဘူး၊ နားလည်လား"

ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။

နောက်ရက်အနည်းငယ်တွင် လုချန်ရှန်း သူတို့ကိုယ်ထဲက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာ သင်ကြားပေးနေသည်။

ဟွမ်ချင်းနှင့် လျိုကျိယုတို့ကလည်း လုချန်ရှန်း၏ သင်ကြားမှုများကို ဂရုတစိုက် နားထောင်နေကြ၏။

ရိုးရှင်းစွာဆိုပါက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းလိုပါက ကိုယ်ထဲက ဝိဉာဉ်ချီကိုအရင် တိုက်ထုတ်ပစ်ရန်လိုအပ်သည်။

ဒါက အရိုးရှင်းဆုံးနှင့် အတည်ငြိမ်ဆုံးနည်းလမ်းပင်။

အင်မော်တယ်စွမ်းအင်ကို စုပ်ယူရင်း စုပ်ယူထားသည့် အင်မော်တယ်စွမ်းအင်ကို မရီဒျန်များနှင့် ဒန်တျန်မှ တိုက်ထုတ်ပစ်သည့် ဝိဉာဉ်စွမ်းအင်နေရာ၌ ထုတ်လွှတ်ပေးရမည်။

ဒါကိုထပ်ခါတလဲလဲလုပ်ခြင်းဖြင့် ဒီပြောင်းလဲမှုကို အောင်မြင်နိုင်သည်။

သို့သော် သူတို့ကာကွယ်ထားရန်အတွက် လုချန်ရှန်း၏ အထူးဆေးလုံးများနှင့် အခင်းအကျင်းအစီအရင်များကိုလည်း လိုအပ်သည်။

ကိုယ်ထဲက ရီဒျန်များနှင့် ဒန်တျန်ကို အားဖြည်းခြင်းက ကြီးမားသည့်ပဋိပက္ခကို မဖြစ်စေသော်လည်း မတူညီကွဲပြားသည့် ချီနှစ်မျိုး တွေ့ဆုံသောအခါ မရီဒျန်များနှင့် ဒန်တျန်ကို ပျက်စီးစေသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အပြည့်အ၀ တည်ငြိမ်အောင် လုပ်ပြီးမှသာ ပြောင်းလဲခြင်းဖြစ်စဉ်အတွက် အဓိကပြဿာနာဟူ၍ ရှိလာမည်မဟုတ်ပေ။

လုချန်ရှန်း ချိုင့်ဝှမ်းသခင်ဆီက သတင်းစကားကို ရရှိလိုက်သဖြင့် ဖင်းယန်နန်းတော်သို့ ဦးတည်လိုက်၏။

နန်းတော််ထိပ်ကနေ အောက်အထိ မိုင်တစ်ထောင်အတွင်း တခြားမည်သူတစ်ဦးတစ်ယောက်၏ အော်ရာမှ မရှိတော့ပါ။

တစ်ချိန်တည်းမှာပင် သူတို့ကအခင်းအကျင်း အစီအရင်များနှင့် ထောင်ချောက်များကို အလွှာလိုက် တပ်ဆင်လိုက်သည်။

ဒါကိုသတိထားမိသောအခါ လုချန်ရှန်း သူ့ရှေ့က ချိုင့်ဝှမ်းသခင်နှင့် ဖင်းယန်ကို ကြည့်သည်။

"ခင်ဗျားတို့ ပစ္စည်းတွေအားလုံး စုစည်းကြပြီးပြီထင်တယ်"

ချိုင့်ဝှမ်းသခင် ခေါင်းညိတ်ပြီး လုချန်ရှန်းကို သိုလှောင်လက်စွပ်တစ်ကွင်းပေးသည်။

"စီနီယာအတွက် ကျုပ်ချန်ထားခဲ့ပါမယ်"

ဖင်းယန်ကလည်း လက်သီးဆုပ်သည်။

"စီနီယာကို ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးပါ"

လုချန်ရှန်း ချိုင့်ဝှမ်းသခင်ဆီက သိုလှောင်လက်စွပ်ကို ယူပြီး ခေါင်းညိတ်သည်။

"ဒါက တူညီတဲ့ဖလှယ်မှုတစ်ခုပါပဲ၊ ကျုပ်ခင်ဗျားတို့ကို ဘာမှအကြွေးမတင်သလို ခင်ဗျားတို့လည်း ကျုပ်ကို ဘာမှအကြွေးမတင်ပါဘူး"

သို့စေကာမူ ချိုင့်ဝှမ်းသခင်ပြောသည်။

"မဟုတ်ဘူး၊ စီနီယာ ကျုပ်သားကို ကယ်တင်နိုင်နေသရွေ့ ဖင်းယန်ချိုင့်ဝှမ်းက ဒီကျေးဇူးကြွေးကို ထာ၀ရအမှတ်ရနေမှာပါ"

လုချန်ရှန်း "....."

ဒီလူက ငတုံးလား!

ကျုပ်ဆိုလိုတာကို ခင်ဗျားနားမလည်ဘူးလား!

ကျုပ်အနာဂတ်မှာ ခင်ဗျားတို့နဲ့ ဘာမှမပတ်သက်ချင်တာ မသိသာနေလို့လား!

"ကောင်းပါပြီ" လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"ချိုင့်ဝှမ်းသခင်၊ ခင်ဗျားအခုထွက်သွားလို့ရပြီ"

ချိုင့်ဝှမ်းသခင် ဒါကိုကြားသောအခါ သူ့မျက်နှာက တင်းကြပ်သွား၏။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူခေါင်းညိတ်ကာ ဖင်းယန်နန်းတော်မှ ထွက်သွားသည်။

နန်းတော်ထဲတွင် လုချန်ရှန်းနှင့် ဖင်းယန်တို့သာ ကျန်နေခဲ့ကြသည်။

ဖင်းယန်မေးသည်။

"စီနီယာ၊ ကျွန်တော်အခုဘာလုပ်ဖို့လိုလဲ"

လုချန်ရှန်းပြောသည်။

"ကောင်းပြီ၊ ထိုင်လိုက်၊ ပြီးတော့ မလှုပ်ရှားနဲ့"

ထိုင်ပြီးမလှုပ်ရှားရဘူးလား!

ဖင်းယန်ပဟေဠိဖြစ်သွားသော်လည်း ပြောသလိုလုပ်ခဲ့သည်။

လုချန်ရှန်း ဖင်းယန်၏နှလုံးပေါက်ကို လက်ညိုးထိုးလိုက်၏။

လုချန်ရှန်း၏လက်ချောင်းထိပ်ကနေ သူတော်စင်ချီအမျှင်စတစ်ခုက စိမ့်ထွက်လာပြီး မြွေလေးတစ်ကောင်ပမာ ဖင်းယန်၏ နှလုံးပေါက်ထဲ ၀င်သွားသည်။

မြင့်မြတ်ချီ(သူတော်စင်ချီ)ကို ခံစားမိသောအခါ ဖင်းယန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

ဒီအော်ရာက အင်မော်တယ်စွမ်းအင်ထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။

စီနီယာလုက တကယ်ပဲဘယ်သူလဲ!

"အိပ်မက်မက်နေတာရပ်တော့၊ မင်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ပြီး နှလုံးပေါက်မှာ စုစည်းလိုက်"

ဖင်းယန်ကြက်သေသေသွားသည်။

သူကျင့်ကြံခြင်းနည်းစနစ်ကို နှလုံးပေါက်တွင် စုစည်းရန်အတွက် လှည့်ပတ်သည်။

ဒါက နှလုံးပေါက်ရှိ ချိပ်စည်းကို ချိုးဖျက်ပစ်မည်ဖြစ်ပြီး မီးအဆိပ်ကို အထဲသို့ ကျူးကျော်၀င်ရောက်ခွင့်ပေးသည်နှင့်တူသည်။

ထိုအချိန်တွင် အခြေအနေရပ်ကို ပြန်ပြောင်းရန်အတွက် နည်းလမ်းရှိမည်မဟုတ်တော့။

ထိုအခိုက်အတန့်မှာပင် အဆုံးမဲ့ဆန္ဒစီးကြောင်းများက ဖင်းယန်၏ နှလုံးပေါက်ကို ၀န်းရံပစ်သည်။

လုချန်ရှန်း၏ အသံဆက်ထွက်လာသည်။

"ငါပြောသလိုလုပ်"

ဖင်းယန် သူပြောသည့်အတိုင်းလုပ်ခဲ့သည်။

ရုတ်ချည်းဆိုသလို နှလုံးပေါက်အပြင်ပက မီးအဆိပ်တပ်က အမိန့်တစ်ခုရသွားသည့်အလား နှလုံးပေါက်ကို တစ်ချိန်တည်းမှာပင် တိုက်ခိုက်လေတော့သည်။

ဖင်းယန်၏မျက်နှာက ချက်ချင်းပင် မီးတောက်ပမာနီရဲသွားပြီး အနက်ရောင်လှိုင်းများပင် ပေါ်လာကာ ‌ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်၏။

သို့စေကာမူ လုချန်ရှန်းတိုက်ခိုက်ရန်အတွက် အလျင်မလိုပါ။

ယင်းအစား မီးအဆိပ်ပမာဏအများအပြားကို ဖင်းယန်၏ နှလုံးပေါက်ထဲ ဆက်လက် ကျူးကျော်၀င်ရောက်စေသည်။

ဒါကိုမြင်သောအခါ ဖင်းယန် နှလုံးသားထဲကနေ ခါးသီးစွာပြုံးသည်။

ကြည့်ရတာ တခြားနည်းလမ်းမရှိတော့ပုံပဲ!

မေ့လိုက်ပါတော့၊ ဘာပဲဆိုဆို အခုဖြစ်ဖြစ်၊ နောင်ကျရင်ဖြစ်ဖြစ် သေရမှာပဲလေ!

သို့သော် ထိုအချိန်လေးမှာပင် မီးအဆိပ်က နှလုံးပေါက်ထဲသို့ အပြည့်အ၀၀င်ရောက်သွားချိန်တွင် အဆုံးမဲ့ဆန္ဒက ဖင်းယန်တစ်ကိုယ်လုံးကို လွှမ်းခြုံပစ်သည်။

တစ်ချိန်တည်းမှာပင် ကိုးသွယ်ဆန်းကြယ်ရေခဲသလင်း၊ မီးဖိနှိပ်ခြင်းကျောက်၊ မြေအောက်မြက်၊ အင်မော်တယ်လောက်ကျွမ်းသစ်သားနှင့် ဝိဉာဉ်ဖျက်ပုလဲတို့က တစ်ချိန်တည်းတွင် သူ့နှလုံးပေါက်ထဲသို့ ၀င်သွားကြသည်။

လုချန်ရှန်းလက်ချောင်းကို လက်ဖဝါးအဖြစ် ပြောင်းလဲပစ်ပြီး နှလုံးပေါက်အား ရိုက်လိုက်သည်။

ကြီးမားသည့်ရှင်ခြင်းနိယာမနှင့် သူတော်စင်ချီအမျှင်တန်းအနည်းငယ်က တစ်ချိန်တည်းတွင် သူ့နှလုံးပေါက်ထဲသို့ ကျူးကျော်၀င်ရောက်သွားကြ၏။

အပိုင်း(893) coming။

All Chapters