← Chapters

#‌ရှောင်ဟိုင်၊ ကျွန်တော်ချက်တာက အဲလောက်ထိဆိုးတာလား!

Vol. 63 Ch. 893

#‌ရှောင်ဟိုင်၊ ကျွန်တော်ချက်တာက အဲလောက်ထိဆိုးတာလား!

Vol. 63 Ch. 893

ရက်တစ်၀က်ခန့်ကြာပြီးနောက် ဖင်းယန်ကိုယ်ထဲက ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပါက လုံး၀ဖိနှိပ်ခံလိုက်ရသည်။

ဖင်းယန် နိုးလာသောအခါ ချိုင့်ဝှမ်းသခင်ကလည်း နန်းတော်ကိုပြန်ရောက်လာလေပြီ။

ပထမက လုချန်ရှန်း ချိုင့်ဝှမ်းသခင်ကို ခေါ်သောအခါ တစ်ခုခုမှားနေပြီဟု တွေးမိသွားပြီး သူ့အမူအရာက စိုးရိမ်ပူပန်မှုနှင့် ပြည့်နှက်နေသည်။

သူကအဆိုးဆုံးအခြေအနေအတွက်ပင် ပြင်ဆင်ထားသည်။

သို့စေကာမူ သူ၀င်လာသောအခါ လုချန်ရှန်း၏ စကားလုံးများက ချိုင့်ဝှမ်းသခင်ကို နှုတ်ဆိတ်သွားစေသည်။

"အင်း၊ ကျုပ်ခင်ဗျားကို စိတ်ပျက်အောင် မလုပ်ခဲ့တာ ၀မ်းသာပါတယ်"

ဘာ!

ငါ့ကိုစိတ်မပျက်စေခဲ့တာလား!

ချိုင့်ဝှမ်းသခင်ကြက်သေသေသွားပြီးနောက် မေးသည်။

"ရက်တစ်၀က်ပဲရှိသေးတာမလား"

လုချန်ရှန်းခေါင်းညိတ်သည်။

"ရက်တစ်၀က်ကလုံလောက်ပြီ"

ချိုင့်ဝှမ်းသခင် မိန်းမောတွေဝေစွာမေးသည်။

"ကျုပ်သားရဲ့ ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်က လုံး၀ဖိနှိပ်ခံလိုက်ရပြီလား"

လုချန်ရှန်း ချိုင့်ဝှမ်းသခင်အား ကြည့်ပြီး ပြောသည်။

"အတိအကျဆိုရရင် ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီး‌အဆိပ်က ဖင်းယန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ"

ချိုင့်ဝှမ်းသခင် "???"

ချိုင့်ဝှမ်းသခင်၏ စိတ်ရှုပ်ထွေးမှုကို မြင်ရသောအခါ လုချန်ရှန်းအနည်းငယ် ပဟေဠိဖြစ်သွားရသည်။

"ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မေးဖို့အတွက် ခင်ဗျားလူအများကြီး မရှာခဲ့ဘူးလား"

"ကျုပ်ရှာခဲ့တယ်" ချိုင့်ဝှမ်းသခင်ပြောသည်။

"ဒါဆို တကယ်လို့ အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဒာက ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်ကို စုပ်ယူပြီး မသုံးဘူးဆိုရင် အသုံးမ၀င်ဘူးဆိုတဲ့ အချက်ကိုရော မမေးခဲ့ဘူးလား"

"ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်က အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုပဲ"

"တစ်နည်းပြောရရင် ခင်ဗျား ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်ကို ဖယ်ရှားပစ်ချင်တယ်ဆိုရင် အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်"

လုချန်ရှန်း၏ ရှင်းပြချက်ကို ကြားရသောအခါ ချိုင့်ဝှမ်းသခင် အနည်းငယ် မှင်သက်သွားခဲ့သည်။

သို့သော် သူနားလည်တာတစ်ခုက ဖင်းယန်၏ အကျပ်အတည်းအခြေအနေက ဖြေရှင်း၍ ပြီးသွားလေပြီ။

ဖင်းယန်လည်း တဖြည်းဖြည်းအသိစိတ်၀င်လာပြီး ချက်ချင်းဆိုသလို လုချန်ရှန်းအား လက်နှစ်ဖက်ဆုပ်သည်။

"စီနီယာရဲ့ကြင်နာမှုကို ကျွန်တော်မမေ့ပါဘူး"

မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ! လုချန်ရှန်းမျက်လုံးလိမ့်ကာ တွေးနေမိသည်။

သို့စေကာမူ အပြင်ပန်တွင် သူသွယ်ဝိုက်စွာပြောသည်။

"ငါတို့က ငါတို့လိုအပ်တာတွေအတွက် လုပ်နေကြတာပါပဲ"

ချိုင့်ဝှမ်းသခင်က လုချန်ရှန်းအား ကြားဖြတ်ပြီး လေးနက်စွာပြောသည်။

"မဟုတ်ဘူး၊ စီနီယာလုက ကျုပ်သားအသက်ကို ကယ်တင်ခဲ့ပြီး အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကိုလည်း ထိန်းသိမ်းထားပေးခဲ့တယ်၊ ဖင်းယန်က စီနီယာကို အကြွေးတင်နေတယ်လို့ ပြောရမယ်ဆိုရင်တောင် ဒါကချဲ့ကားပြောဆိုနေတာ မဟုတ်ပါဘူး"

"ဒါကြောင့် ဖင်းယန်ချိုင့်ဝှမ်းက အနာဂတ်မှာ သေချာပေါက် စီနီယာလုနောက်က ရပ်တည်ပါမယ်"

ဖင်းယန်ချိုင့်ဝှမ်းသခင်က အင်မော်တယ်မိတ်ဆွေလေးလုအဖြစ်ကနေ စီနီယာလုအဖြစ်ကိုပင် ပြောင်းလဲပစ်ခဲ့သည်။

ချိုင့်ဝှမ်းသခင် လူများစွာရှာခဲ့ပြီး သူ့ထက် ပိုအားကောင်းသောသူများပင် ပါဝင်သော်လည်း အဖြေမရှိခဲ့ပေ။

လုချန်ရှန်း၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် ခွန်အားကို မဆိုထားနဲ့၊ သူ့အသိပညာနှင့် အခြေခံက ထိုလူများထက် ပိုအားကောင်းသည်။

သူ့ကိုစီနီယာလို့ခေါ်တာက မမှားပါ။

တကယ်တမ်းတွင် လုချန်ရှန်းနှင့် မိတ်ဆွေဖွဲ့ချင်ကြသည့် လူတစ်ချို့လည်းရှိသည်။

အင်မော်တယ်ဧကရာဇ်၏ ဆင့်ခေါ်ခြင်းက သူ့၏ အင်မော်တယ်အခင်းအကျင်းအစီအရင်သခင်စွမ်းရည်နှင့် ဒီလိုအမြင်ပိုင်းနည်းစနစ်မျိုးက သာလွန်သောကြောင့်ပင်။

ဒါကသေချာပေါက် ထူးခြားသည်။

လုချန်ရှန်း သူ့ရှေ့ကလူနှစ်ယောက်ကို ဆွံအစွာကြည့်နေမိသည်။

သူရှင်းရှင်းလင်းလင်းပြောခဲ့သည့်တိုင် သူတို့က သူ့အားတွယ်ကပ်ထားကြသည်။

သူတို့အားကောင်းသလား၊ မကောင်းဘူးလားဆိုတာ သူမသိသော်လည်း အဖေရောသားပါ ရူးနေကြတယ်ဆိုတာကတော့ သေချာသည်။

"ကောင်းပြီ၊ လုပ်ရိုးလုပ်စဉ်တွေကို ကျော်လိုက်ကြရအောင်" လုချန်ရှန်းလက်ကို ဝှေ့ယမ်းပြီး ဖင်းယန်အားကြည့်သည်။

"အခု ကိုးသွယ်ဆန်းကြယ်အင်မော်တယ်မီးအဆိပ်ကို မြန်မြန်စုပ်ယူလိုက်၊ ဒီနည်းနဲ့ မင်းခွန်အားကလည်း အများကြီး တိုးတက်လာလိမ့်မယ်"

ဒါကိုကြားသောအခါ ဖင်းယန် အရမ်းပျော်သွားပြီး အလျင်အမြန် ခြေချင်းချိတ်ထိုင်ကာ ကျင့်ကြံလိုက်၏။

လုချန်ရှန်း ချိုင့်ဝှမ်းသခင်ဘက်သို့ လှည့်လိုက်သည်။

"အခုဒါကအဆင်ပြေသွားပြီဆိုတော့ ကျုပ်သွားတော့မယ်"

ချိုင့်ဝှမ်းသခင် ချက်ချင်းပြောသည်။

"ကောင်းပါပြီ၊ စီနီယာ၊ ပြီးမှ ဖင်းယန် ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ စီနီယာကို ကျုပ်ပြောပြပါမယ်"

ငါ့ကိုပြောပြမယ်!

လုချန်ရှန်းဆွံအနေသည်။ ငါက သူနဲ့ ဘာမှမပတ်သက်ဘူးလေ၊ ငါ့ကိုပြောတာက ဘာအဓိပ္ပာယ်ရှိလို့လဲ!

အများကြီးမသိတဲ့သူတွေက ငါက သူ့အဖေလို့တောင် ထင်နေကြဦးမယ်!

.....

ခြံ၀င်းထဲတွင် ရက်အနည်းငယ်ကြာ ပြောင်းလဲမှုအပြီးတွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှီရှန်း၊ မုဖူရှန်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့က ပြောင်းလဲမှု၏ ပထမအဆင့်ကို ပြီးမြောက်သွားကြလေပြီ။

သူတို့ကိုယ်ထဲက ဝိဉာဉ်ချီ၃၀ရာခိုင်နှုန်းက အင်မော်တယ်ချီအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် ဒဏ်ရာများကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် သူ့ခွန်အားကလည်း သိသိသာသာပင် တိုးတက်လာခဲ့သည်။ သူဖင်းယန်ချိုင့်ဝှမ်းက တပည့်များနှင့် ယှဉ်ပြိုင်ရန်အတွက် ဖင်းယန်စင်မြင့်ကို သွားမည့်အချိန်တွင် လုချန်ရှန်းရောက်လာသည်။

"ဘာဖြစ်တာလဲ၊ မင်းတို့သွားတိုက်ခိုက်ကြတော့မှာလား" ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ တက်ကြွနေသည့် အမူအရာများကို မြင်ရသောအခါ လုချန်ရှန်း မေးလိုက်၏။

ယဲ့ချိုးပိုင်တို့ခေါင်းညိတ်ကြသည်။

"အင်မော်တယ်ချီက ဝိဉာဉ်ချီထက် အများကြီးပိုအားကောင်းတယ်" ယဲ့ချိုးပိုင် စိတ်လှုပ်ရှားစွာနှင့် သက်ပြင်းချသည်။

"ဒါပေမယ့် ၃၀ရာခိုင်နှုန်းကို အင်မော်တယ်ချီအဖြစ် ပြောင်းပြီးနောက်မှာ ဒါက အရင် ဝိဉာဉ်ချီ၁၀ဝရာခိုင်နှုန်းထက်တောင် အများကြီးပိုအားကောင်းတယ်လို့ ကျွန်တော််ခံစားမိတယ်"

ဟုန်ရင်ကလည်း သူမ၏လက်အစုံကို ကြည့်နေပြီး မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသည်။

"အခုကျွန်မမှာ အဆုံးမဲ့ခွန်အားရှိနေသလို ခံစားနေရတယ်၊ ဒီတော့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ကို ကျွန်မရှာချင်တယ်"

ရှောင်ဟိုင်ပြုံးကာ လက်သီးဆုပ်သည်။

"ကျွန်တော်အခုတိုက်ခိုက်ချင်တယ်"

ဟွမ်ချင်းနှင့် လျိုကျိယုတို့ပင်လျှင် ထူးခြားသည့် တိုးတက်မှုတစ်ခုကို ခံစားရသည်။

လုချန်ရှန်းအနည်းငယ်ခေါင်းညိတ်ပြီးနောက် ရှောင်ဟိုင်ကို လှမ်းကြည့်သည်။

"မင်းသွေးကြောစွမ်းရည်ကို ပြသတာက မကောင်းဘူး၊ ဒီတော့ မင်းသက်သာလာတဲ့အခါကျရင် အနားမှာ ဘယ်သူမှမရှိတဲ့ နေရာတစ်ခုကို ရှာရမယ်"

"ရက်အနည်းငယ်အတွင်းမှာ မင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ငါတစ်ယောကါယောက်ကို ရှာလိုက်မယ်၊ အဲဒီအချိန်ကျရင် ပုန်းနေစရာမလိုတော့ဘူး"

မှန်ပေသည်။ လုချန်ရှန်း ဖင်းယန်ကို ရည်ညွှန်းနေခြင်းပင်။

တစ်ဘက်က သူ့သဘောထားကိုပင် ဖော်ပြထားပြီးဖြစ်သည်။

ဒါ့အပြင် လုချန်ရှန်း၏မျက်လုံးထဲတွင် တစ်ဘက်လူက လိမ်နေတာက တစ်ချက်ကြည့်ရုံနှင့် သူသိနိုင်သည်။

ထို့ကြောင့် ဖင်းယန်နှင့်ယှဉ်ပြိုင်ခြင်းက ရှောင်ဟိုင်၏ စွမ်းရည်တွေကို ဖော်ထုတ်ရာမကျပေ။

ထို့နောက် လုချန်ရှန်း နင်းချန်ရှင်းအား ကြည့်လိုက်သည်။

"ချန်ရှင်း၊ မင်းရဲ့ကျင့်ကြံခြင်းနည်းလမ်းက ထူးခြားတယ်၊ ငါမင်းကို ကွပ်ဖြူရှပ်တာအိုနဲ့ ပတ်သက်တာတစ်ခုခုရှိမလားဆိုတာ သိဖို့အတွက် ဖင်းယန်ချိုင့်ဝှမ်းစာကြည့်တိုက်ကို ခေါ်သွားပေးမယ်"

နင်းချန်ရှင်း အလွန်ပျော်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူကယှဉ်ပြိုင်ခြင်း၊ တိုက်ခိုက်ခြင်းများတွင် စိတ်မ၀င်စားပါ။

"ဒါဆို ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"ကောင်းပြီ၊ သွားကြတော့၊ ငါဒီမှာ အနားယူတော့မယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါအရမ်းပင်ပန်းခဲ့ရတယ်...."

ထို့နောက် သူဝါးကုလားထိုင်တစ်လုံး တွေ့သွားသဖြင့် လှဲချလိုက်သည်။

ယဲ့ချိုးပိုင် တစ်ခုခုပြောရန် ပြင်နေစဉ်မှာပင် လုချန်ရှန်းခင်ပေါ့ပေါ့ပြောသည်။

"မင်းဒီအချိန် ငါ့ကိုနှောက်ယှက်ရဲရင် ငါမင်းကို ရှောင်ဟိုင်ကို ချက်ပြုတ်နည်းသွားသင်ခိုင်းမယ်"

ယဲ့ချိုးပိုင်အလျင်အမြန်ပင် နှုတ်ဆိတ်သွားရသည်။

ရှောင်ဟိုင် မကျေမချမ်းဖြစ်သွားသည်။

"ကျွန်တော်ချက်တာက ဒီလောက်ထိ ဆိုးတာလား"

ထိုစကားလုံးများပြောလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးက သူ့ကို တညီတညွတ်တည်း ကြည့်ကြသည်။

ဘယ်လိုထင်လဲ!

ကိုယ့်ကိုကိုယ်ရောသတိမထားမိဘူးလား!

လူတိုင်း၏ အမူအရာကို ကြည့်ရင်း ရှောင်ဟိုင်ပြန်ပြောချင်သော်လည်း ပါးနပ်စွာပင် ပါးစပ်ကို ပိတ်လိုက်သည်။

အင်း...ကြည့်ရတာ ဒီရှုထောင့်မှာ ငါတကယ်ပါရမီမပါတာဖြစ်ရမယ်!

.....

လွန်ခဲ့သောရက်အနည်းငယ်က ဖင်းယန်စင်မြင့်တွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှောင်ဟိုင်နှင့် ကျန်သောတပည့်များက ဖင်းယန်ချိုင့်ဝှမ်းတပည့်များကို စိန်ခေါ်ရန်အတွက် ပြန်ပေါ်လာခဲ့ကြသည်။

စွမ်းအားမရှိသောသူများကလည်း သွားပြီး ပြပွဲကို ကြည့်ရှုကြသည်။

သူတို့အင်မော်တယ်ချီအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် ဘယ်လောက်အားကောင်းလာသလဲဆိုတာ သူတို့ကြည့်ချင်ကြသည်။

ယဲ့ချိုးပိုင်တို့နှင့် အရင်က တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသည့် လူများကမူ စတင်တိုက်ခိုက်ယှဉ်ပြိုင်ကြသည်။

သူတို့တွေးနေမိတာက ရက်အနည်းငယ်အတွင်း သူတို့ အင်မော်တယ်ချီဘယ်လောက် များများ ပြောင်းနိုင်မည်နည်း။

ဒါမှမဟုတ် သူတို့ခွန်အားက ဘယ်လောက်ထိ တိုးတက်လာနိုင်မည်နည်း။

သို့စေကာမူ အဆုံးတွင် ဒါက ဖင်းယန်ချိုင့်ဝှမ်းက တပည့်များကို ထိတ်လန့်သွားစေခဲ့သည်။

အပိုင်း(894) coming။

All Chapters