← Chapters

#‌စိတ္တဇ#

Vol. 63 Ch. 894

#‌စိတ္တဇ#

Vol. 63 Ch. 894

ဖင်းယန်စင်မြင့်တွင် တပည့်များစွာ စုစည်းနေကြ၏။

ဖင်းယန်ချိုင့်ဝှမ်းတပည့်များ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်လုံးများက မယုံနိုင်မှုဖြင့် ပြည့်နှက်သွားသည်။

ထိုအချိန်တွင် ဟုန်ရင် ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ထားပြီး ပြန်လည်မွေးဖွားခြင်းတာအိုနိယာမက သူမကို ၀န်းရံထားသည်။

သူမ၏လှံက ကောင်းကင်ကိုပင် ထိုးဖောက်ပစ်ချင်သည့်အလား ပစ်၀င်သွား၏။

ထို့နောက် ဟုန်ရင် သူမရှေ့က ကျာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားသည့် ဖင်းယန်ချိုင့်ဝှမ်းမှ အမျိုးသမီးတပည့်ကို ကြည့်လိုက်သည်။

ဒီအမျိုးသမီးတပည့်က လက်ရှိဟုန်ရင်ကဲ့သို့ပင် ကောင်းကင်အင်မော်တယ်နယ်ပယ်တစ်၀က်အဆင်ကိုပင် ရောက်နေလေပြီ။

အရင်က ဟုန်ရင် သူမကိုရှုံးနိမ့်ဖူးသည်။

ထိုအချိန်က ဟုန်ရင်အဖို့ ဒီကျာပွတ်ရှည်နှင့် အမျိုးသမီးကို ရင်ဆိုင်ရန်ဟူသည် အတော်လေးခက်ခဲသည်။

သူမက တစ်ဘက်လူနှင့် တိုက်ခိုက်မှုများစွာကို ဖလှယ်ခဲ့သည့်တိုင် အဆုံးသတ်တွင် သူမရှုံးနေဆဲပင်။

သို့သော် လွန်ခဲ့သောရက်အနည်းငယ်က ဟုန်ရင် ကြာပွတ်ရှည်နှင့် အမျိုးသမီး၏ ဖိနှိပ်ခြင်းကို မခံရတော့ပါ။

ယင်းအစား နှစ်ဘက်စလုံးက အရှုံး၊ အနိုင်မကွဲပြားဘဲ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့ကြသည်။

ဟုန်ရင်တင်မဟုတ်ဘဲ ယဲ့ချိုးပိုင်၊ ရှီရှန်း၊ မုဖူရှန်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့ကလည်း ဒီအတိုင်းဖြစ်သည်။

သူတို့မနိုင်လျှင်ပင် သရေကျခဲ့ကြသည်။

အောက်က တပည့်တစ်ယောက် လေးနက်သည့် အမူအရာဖြင့်ပြောသည်။

"ရက်အနည်းငယ်ပဲရှိသေးတာလေ၊ သူတို့စွမ်းအားက ဒီလောက်အများကြီးတောင် တိုးတက်လာနိုင်တာလား.."

နောက်တစ်ယောက်ကလည်းပြောသည်။

"သေချာအာရုံခံကြည့်၊ သူတို့ကိုယ်ထဲက ဝိဉာဉ်ချီတစ်ချို့တောင် အင်မော်တယ်ချီအဖြစ် ပြောင်းသွားပြီ...."

"ဒါပေမယ့် သူတို့အင်မော်တယ်ချီတစ်စိတ်တစ်ပိုင်းကို ပြောင်းခဲ့တယ်ဆိုရင်တောင် သူတို့စွမ်းအား ဒီလောက်အများကြီး တိုးတက်လာဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား၊ ရက်နည်းနည်းပဲ ရှိသေးတာလေ"

"ဒါ့အပြင် သူတို့ကိုယ်က အင်မော်တယ်ချီနံ့လည်း ပြည့်နှက်နေသေးတယ်"

"စီနီယာအစ်ကိုလောင်၊ ဘယ်လိုထင်လဲ"

ရုတ်တရက်ဆိုသလို တပည့်တစ်ယောက်က မျက်နှာပေါ်၌ လေးနက်သည့်အမူအရာတစ်ခုရှိသော လောင်ချီထံ အာရုံစိုက်လိုက်သည်။

လောင်ချီ တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခက်ခက်ခဲခဲပြောသည်။

"သူတို့ကိုယ်ထဲက အင်မော်တယ်ချီတွေက တစ်၀က်ထက်တောင် နည်းသေးတယ်၊ တကယ်လို့ သူတို့သာ အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းလဲပြီးသွားတဲ့အခါကျရင် ဖင်းယန်ချိုင့်ဝှမ်းက လူဘယ်နှစ်ယောက်ကများ သူတို့ကို ဖိနှိပ်နိုင်တော့မှာလဲ"

လောင်ချီ၏စကားလုံးများကို ကြားသောအခါ ဖင်းယန်ချိုင့်ဝှမ်းက တပည့်များ တိတ်ဆိတ်သွားကြ၏။

တကယ်တမ်းတွင် လောင်ချီပြောတာကသာ မှန်ပါက သူတို့အင်မော်တယ်ချီအဖြစ် ပြောင်းပြီးနောက်တွင် စီနီယာအစ်ကိုဖင်းယန်သာလျှင် တစ်ဘက်လူကို ဖိနှိပ်နိုင်ပေတော့မည်။

လောင်ချီသက်ပြင်းရှည်တစ်ချက်ချမိသည်။

ပြင်ပကမ္ဘာက ဖင်းယန်ချိုင့်ဝှမ်း၌ ဒီတပည့်မျိုးဆက်တွင် စောင့်ကြည့်ရန် ထိုက်တန်သူက ဖင်းယန်တစ်ယောက်တည်းသာ ရှိသည်ဟု ဆိုလာသောအခါ လောင်ချီလက်မခံချင်ဖြစ်ခဲ့ရသည်။

သို့စေကာမူ ယခုကြည့်မည်ဆိုပါက ဒါက တကယ်မှန်ကန်ပုံရသည်။

အပြင်ပကမ္ဘာက ပါရမီရှင်လူအနည်းငယ်ကပင် သူတို့ကို ချေမွနိုင်စွမ်းရှိသည်။

ထိုအချိန်တွင် ဖင်းယန်စင်မြင့်၌ ဟုန်ရင်နှင့် ကျာပွတ်တပည့်မတို့က တစ်ချိန်တည်းတွင် နောက်ဆုတ်လိုက်ကြ၏။

သို့သော် ဟုန်ရင် ခြေခုနှစ်လှမ်းနောက်ဆုတ်ရစဉ် ကျာပွတ်တပည့်မက ခြေလေးလှမ်းသာ နောက်ဆုတ်ရသည်။

ဒါကိုမြင်သောအခါ ဟုန်ရင်လက်သီးဆုပ်ပြီးပြောသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ"

တပည့်မခါးသီးစွာပြုံးသည်။

"နင့်ခွန်အားက အရမ်းမြန်မြန်ဆန်ဆန် တိုးလာနေတယ်၊ နင်ငါ့ကို မကြာခင် ကျော်ဖြတ်သွားမှာပဲ"

ဟုန်ရင်ရယ်မောသည်။

"ဒီလိုဆို ငါတို့ပြီးမှ ထပ်တိုက်ခိုက်ကြတာပေါ့"

ထို့နောက် နှစ်ယောက်စလုံး စင်မြင့်ပေါ်ကနေ ထွက်သွားကြသည်။

သူတို့ထွက်သွားပြီးနောက် ရှောင်ဟိုင် ခုန်ထွက်လာပြီး လောင်ချီရှေ့တွင်ရပ်သည်။

"လာခဲ့"

ဒါကိုမြင်သောအခါ လောင်ချီ၏မျက်နှာက တင်းကြပ်သွားရသည်။

ရက်အနည်းငယ်အတွင်း တခြားသူများ၏ ခွန်အားကလည်း အများကြီးတိုးလာခဲ့ကြသည်။

သူ့ရှေ့က ဒီခန္ဓာကျင့်ကြံသူတွင် တကယ်ပင် တမူထူးခြားသည့် တိုးတက်နှုန်းတစ်ခုရှိသည်။

အရင်ရက်အနည်းငယ်က တိုက်ပွဲများကိုပင် သူသတိရသွားမိသည်။

ရှောင်ဟိုင်က သူ့ကို ယခုလိုအခြေအနေထိ ရောက်အောင်ပင် တွန်းအားပေးနိုင်ခဲ့သည်။

ယခုတွင်လည်း တခြားဂျုနီယာညီငယ်လေးများ၏ ရှေ့တွင် လောင်ချီ နောက်ထပ် ငြင်းဆန်နိုင်စွမ်းမရှိပါ။

အံကြိတ်ရင်း သူဖင်းယန်စင်မြင့်ပေါ်သို့ တိုက်ရိုက်ပင် ခုန်တက်သွား၏။

ဒါကိုမြင်သောအခါ ရှောင်ဟိုင်ပြုံးသည်။

"မင်းစွမ်းအားအပြည့်ကို သုံးစမ်းပါ၊ မဟုတ်ရင် မင်းမှာအခွင့်အရေးရှိမှာမဟုတ်ဘူး"

ဒါကိုကြားသော် လောင်ချီနှာခေါင်းရှုံ့ရင်း လက်အစုံက်ု ဖြန့်လိုက်သည်။ သူ့လက်ဖဝါးပေါ်၌ မီးတောက်တစ်ခုရှိသည်။

မီးတောက်က သေးငယ်သော်လည်း အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် ပြည့်နှက်နေသည်။

"ရက်အနည်းငယ်အကြာက မင်းကငါ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး၊ ဒီတော့ အခုလည်း မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး"

"မင်း ငါတို့ဖင်းယန်ချိုင့်ဝှမ်းကို အတော်လေး လျှော့တွက်နေတာပဲ"

သို့စေကာမူ ရှောင်ဟိုင်က စကားပြောရတာကို သဘောကျသည့် လူတစ်ယောက် ဘယ်တော့မှမဟုတ်ခဲ့ပါ။

သူ့မျက်လုံးထဲတွင် လူနှစ်မျိုးသာရှိသည်။ သူတို့က သူနှင့်နီးကပ်သောသူများ၊ သို့မဟုတ် ပြိုင်ဘက်များသာဖြစ်သည်။

ပြိုင်ဘက်နှင့် သက်ဆိုင်လာသောအခါ တတ်နိုင်သမျှ စကားအနည်းဆုံးပြောတာက အကောင်းဆုံးပင်။

အကယ်၍ သူသာတိုက်ရိုက်ထိုးနိုင်ပါက တည့်တည့်ထိုးပစ်မည်သာ။

ရှောင်ဟိုင်၏ကိုယ်၌ တစ်ချိန်တည်းမှာပင် လိုင်းငါးကြောင်းပေါ်လာခဲ့သည်။

တိမ်နက်တစ်ခုနှင့်တူသည့် နတ်ဆိုးဘုရင်ချပ်၀တ်ကလည်း ရှောင်ဟိုင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။

အစွမ်းထက်ရုပ်ခွန်အားက လောင်ချီ၏ မျက်လုံးများကိုပင် ကျုံ့သွားစေသည်။

ရှောင်ဟိုင်မလှုပ်ရှားရသေးသည့်တိုင် သူ့ကို ဖိအားတစ်ချို့ကို ခံစားရစေသည်။

အရင်ကနှင့်ယှဉ်ပါက သူ့ရုပ်ခွန်အားက ပို၍ပင် အားကောင်းလာခဲ့သည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူတို့ခွန်အားများကို အလျင်အမြန် တိုးတက်စေရန်အတွက် အင်မော်တယ်ချီအဖြစ် ပြောင်းလဲခြင်းကို မှီခိုအားကိုးကြသည်။

ရှောင်ဟိုင်ကရော!

သူ့ကိုယ်ထဲ၌ အင်မော်တယ်အော်ရာမရှိပေ။

သူထပ်မတွေးနိုင်ခင်မှာပင် ရှောင်ဟိုင်က သူ့ထံ၀င်ရောက်လာလေပြီ။

ရှောင်ဟိုင်၏ ခြေလှမ်းများက သံတူကြီးများနှင့်တူပြီး ကြမ်းပြင်ကို ပြင်းထန်စွာ တက်နင်းလိုက်စဉ် ဖင်းယန်စင်မြင့်တစ်ခုလုံးက တုန်ခါသွားရသည်။

ဒီတုန်ခါမှုနှင့်အတူ ရှောင်ဟိုင် လောင်ချီ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။

ထိုနေရာ၌ လျှပ်စီးထက်ပင် မြန်ဆန်သည့် အရိပ်နက်တစ်ခုရှိနေပြီး လေဟာနယ်က အနည်းငယ် ပုံပျက်သွားသည်။

ဒါကို အင်မော်တယ်စွမ်းအင်ကြောင့် ဖြစ်စေခြင်းမဟုတ်ဘဲ သန့်စင်သည့် ရုပ်ခွန်အားကြောင့်သာဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ပုံရိပ်က သူ့ရှေ့တွင် ရောက်လာလေပြီ။

ရှောင်ဟိုင်၏ပုံရိပ်က လောင်ချီမျက်လုံးရှေ့၌ တဖြည်းဖြည်း အရွယ်အစားကြီးမားလာနေစဉ် သူ့လက်သီးကလည်း လောင်ချီထံ ပြင်းထန်စွာ ကျဆင်းလာသည်။

ရုတ်ချည်းဆိုသလို လောင်ချီ၏ ကြွက်သားများက မသိစိတ်က လှုပ်ရှားသွားသည်။

သူနောက်ဆုတ်လိုက်စဉ် တစ်ချိန်တည်းမှာပင် သူ့လက်နှစ်ဖက်က မီးတောက်များကိုလည်း ပစ်လွှတ်လိုက်သည်။

မီးတောက်တစ်ခုက ရှောင်ဟိုင်လက်သီးရှေ့တွင် ခုခံကာကွယ်ရန်အတွက် စက်ဝိုင်းပုံမီးဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ကျန်တစ်ခုကိုမူ လောင်ချီ ရှောင်ဟိုင်ရင်ဘတ်ရှေ့တွင် တိုက်ရိုက်ပစ်ပေါက်သည်။

မီးတောက်များချဉ်းကပ်လာစဉ် ၎င်းက ချက်ချင်းဆိုသလို မီးကြာပန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်၏ ရင်အုပ်ကာချပ်၀တ်ရှေ့တွင် တိုက်လာသည်။

ဂျုန်း.....!

ကျယ်လောင်သည့်အသံနှစ်ချက်နှင့်အတူ ရှောင်ဟိုင်တစ်ကိုယ်လုံးက မီးကြာပန်းဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

နောက်ထပ်အသံတစ်ချက် ထွက်လာသောအခါတွင်မူ ဒါက လောင်ချီ၏ မီးဒိုင်းပေါ်၌ အက်ကြောင်းများပေါ်လာပြီး သူလွင့်စင်သွားရသည်။

လောင်ချီ အလျင်အမြန်ပင် သူ့ကိုယ်သူ ထိန်ညှိလိုက်ရသည်။ မူလက သူတည်တည်ငြိမ်ငြိမ်ထားကာ နောက်ထပ်တိုက်ချက်များကို အစွမ်းကုန် ထုတ်လွှတ်ချင်ခဲ့သော်လည်း မျှော်လင့်မထားစွာပင် ရှောင်ဟိုင်တစ်ကိုယ်လုံးက မီးတောက်များနှင့် ဖုံးလွှမ်းနေသည့်တိုင် သူဒဏ်ရာများကို လျစ်လျူရှုကာ လက်သီးများကို ဝှေ့ယမ်းရင်း လောင်ချီနောက်က အဆက်မပြတ် လိုက်နေသည်။

လောင်ချီ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ဒါဘယ်လိုတိုက်ခိုက်ရေးပုံစံမျိုးလဲ!

ဒီမီးကြာပန်းက သူအစွမ်းကုန် ထုတ်လွှတ်ထားသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

တစ်ဘက်လူ၏ ရုပ်ခန္ဓာက အားကောင်းလျှင်ပင် ဒါကိုထိပ်တိုက်ရင်ဆိုင်ရင်း ယခုလိုတိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒါ့အပြင် သူထိခိုက်နာကျင်မှုကို အပြည့်အ၀ မခုခံနိုင်တော့သည့်တိုင် ဆက်လက်တိုက်ခိုက်နေသေးသည်။

ဒါက သူရရှိခံစားရသည့် နာကျင်မှုများကို သေချာပေါက်နှစ်ဆဖြစ်စေလိမ့်မည်။

"ဒီစိတ္တဇကတော့.." လောင်ချီ ကျိန်ဆဲလိုက်မိသည်။ ထို့နောက် သူ့၏ဆူပွက်နေသည့် ချီနှင့် သွေးများကို တည်ငြိမ်အောင်လုပ်ရန် ဂရုစိုက်မနေတော့ဘဲ လက်နှစ်ဖက်ကို အတူတကွတီးခတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ မတူညီသည့်နေရာလေးနေရာမှ မီးကြာပန်းလေးပွင့်ပေါ်လာပြီးနောက် ထိုးထွက်လာကြ၏။

တန်.....!

မီးကြာပန်းလေးပွင့်က ရှောင်ဟိုင်ကို တစ်ချိန်တည်းတွင် ရိုက်မှန်စဉ် ကျယ်လောင်သည့် အသံတစ်ချက်နှင့်အတူ ဧရာမမီးကြာပန်းလေးပွင့်က ရှောင်ဟိုင်အား လုံး၀ဝါးမြိုသွားသည်။

ဒီဧရာမမီးတောက်မှ အဖျက်စွမ်းအားက ဖင်းယန်စင်မြင့်တစ်ခုလုံးအတွင်း ဖြတ်သန်းသွား၏။

ဖင်းယန်စင်မြင့်အောက်မှ တပည့်များက နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။

နောက်ဆုံးတော့ နိုင်ပွဲတစ်ခုရှိလာလေပြီ။

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက စိုးရိမ်ပူပန်နေသည့် အမူအရာများကို မထုတ်လွှတ်ဘဲ ယင်းအစား သူတို့တည်ငြိမ်နေကြ၏။

လောင်ချီကလည်း သူ့ရှေ့က မီးပင်လယ်ကို စိုက်ကြည့်လိုက်သည်။

အပိုင်း(895) coming။

All Chapters