#မိုးမခပင်၊ ငါဘယ်တုန်းကမှ ဒီလောက်ထိ မဆွံအဖူးဘူး....!#
Vol. 63 Ch. 896
နတ်သခင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိုပါက ကိုယ်ထဲက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းပစ်ရန် လိုအပ်သည်။
မဟုတ်ပါက အဆင့်မြင့်ကြယ်နယ်မြေတွင် မည်သည့်အတွက်ကြောင့် ယခုလိုနတ်သခင်နယ်ပယ် ကျွမ်းကျင်သူများက အရမ်းနည်းပါးနေမည်နည်း။
သေမျိုးနယ်မြေတွင် နတ်သခင်တစ်ယောက် ဖြစ်လာရန်အတွက် သဘာ၀ပါရမီထက် ပိုသာလွန်သည့်ပါရမီကို လိုအပ်သည်။
ဒါ့အပြင် ထိတ်လန့်ဖွယ်ကောင်းသည့် ကံကောင်းမှုကိုလည်း ပိုင်ဆိုင်ရပေမည်။
နှစ်ခုစလုံးက မရှိမဖြစ်လိုအပ်သည်။
ဟွမ်ချင်းအတွက်မူ သူမက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး သူမကိုယ်က အင်မော်တယ်ချီဖြင့် ပြည့်နှက်နေလေပြီ။ သို့စေကာမူ အင်မော်တယ်နယ်မြေက အင်မော်တယ်ချီက အရင်ကထက်ပို၍ သန့်စင်သည်။ ရှုသွင်းလိုက်ပြီးနောက်တွင် သူမ၏ခွန်အားက နောက်တစ်ဆင့်ကို တိုးလာခဲ့သည်။
ဟွမ်ချင်းမေးနေသည့်မေးခွန်းက လုချန်ရှန်းအခုဘာတွေးနေသလဲဆိုတာကိုပင်။
ယခုသူ့တွင် လုပ်စရာနှစ်ခုရှိသည်။
ပထမတစ်ခုက နတ်ဆိုးနယ်မြေက ချိပ်စည်းကို ဆွဲဆန့်ထားရန်အတွက် နည်းလမ်းတစ်ခုကို တွေးတောခြင်းဖြစ်သည်။
ဒုတိယတစ်ခုက ဒီကာလအတောအတွင်း သူ့တပည့်များ၏ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးတိုးမြှင့်ပေးခြင်းပင်။ သို့သော် လိုအပ်ချက်တစ်ခုရှိသည်။ ဒါက သူတို့က လုံး၀ဘေးကင်းသည့် အခြေအနေတွင် ရှိရမည်သာ။
နတ်ဆိုးနယ်မြေက ချိပ်စည်းကို ဆွဲဆန့်ခြင်းက သူ၀င်ပေါက်ကိုသွားပြီး အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ပြဿာနာကို ကိုင်တွယ်မည်ကို တွေးတောခြင်းဟု ဆိုလိုနေခြင်းပင်။
မိုးမခပင်က ယခုလိုအချိန်အကြာကြီး တည်ရှိခဲ့သဖြင့် ပြဿာနာတစ်ချို့တော့ ရှိကြမည်သာ။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းထရပ်လိုက်သည်။
"ဒီမှာလျိုကျိယုနဲ့ အတူနေခဲ့ပြီး တစ်ခုခုဖြစ်လာရင် ငါ့ကိုအသိပေး"
ဟွမ်ချင်းကြက်သေသေသွားသည်။
"ရှင့်ဘယ်ကိုသွားမလို့လဲ"
ကျင့်ကြံနေသည့် လျိုကျိယုပင်လျှင် အထိတ်တလန့်ခေါင်းမော့လိုက်မိသည်။
ဒါကတကယ်အစစ်အမှန်လား၊ အတုအယောင်လား!
စီနီယာလုက တကယ်ပဲ ငါ့လို ကိရိယာဟောင်းကို မခေါ်သွားတော့ဘူးလား!
ဒါကိုတွေးမိသောအခါ လျိုကျိယု ၀မ်းနည်းခြင်းရော ၀မ်းမြောက်မှုကိုပါ ခံစားရသည်။
စီနီယာလုက နောက်ဆုံးတွင် အသိစိတ်ကို ပြန်ရလာပြီဖြစ်သဖြင့် သူ၀မ်းသာခြင်းပင်။
၀မ်းနည်းသည့်အရာက.....!
စီနီယာလုမှာ အပြင်မှာ ခွေးတစ်ကောင်ရှိနေတာများလား!
ဒါမှမဟုတ် ငါ့ခွန်အား မတိုးတက်လာနိုင်တော့လို့လား!
ရလဒ်အနေနဲ့ စီနီယာလုက ငါ့ကို ပစ္စည်းကိရိယာတစ်ခုအဖြစ် အထင်အမြင်သေးသွားတာလား!
ဒါကိုတွေးမိသောအခါ လျိုကျိယု သူ့ကိုယ်သူရိုက်လိုက်မိသည်။
ဖတ်.....!
စက်ဆုပ်ရွံရှာဖို့ကောင်းလိုက်တာ!
ဒီရိုက်ချက်က လုချန်ရှန်းရော ဟွမ်ချင်းကိုပါ ဆွဲဆောင်သွားခဲ့သည်။
"မင်းနေမကောင်းဖြစ်နေတာလား"
"နင်နေမကောင်းဖြစ်နေတာလား"
နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် မေးလာကြသည်။
လျိုကျိယုခေါင်းကုတ်ရင်း ရယ်မောသည်။
"ဟား.....ဟားဟား....ရာသီဥတုက ဒီနေ့တကယ်ကောင်းပါတယ်"
လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။
"ဒီကလေးအသိစိတ်လွတ်သွားတာလား၊ ဒီလိုနေ့ကောင်းတစ်နေ့မှာ သူဘာလို့ ကိုယ့်ကိုကိုယ် ဆော့ကစားနေရတာတုန်း"
....
လုချန်ရှန်း ဖင်းယန်ချိုင့်ဝှမ်းကနေ တိတ်ဆဆိတ်ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လုချန်ရှန်း အတတ်နိုင်ဆုံး အမြန်ဆုံးမလှုပ်ရှားဘဲ သူ့ကိုယ်သူ ထိန်းချုပ်ထားသည်။
နတ်ဆိုးနယ်မြေတွင် သေချာပေါက် အားကောင်းသည့် နတ်ဆိုးအော်ရာတစ်ခု ရှိရပေမည်။ သူသာ အနားတိုးကပ်သွားပါက သူ့အသိစိတ်ကို သက်ရောက်နိုင်သည်။
ငါ့အသိစိတ်သာ သက်ရောက်ခံရမယ်ဆိုရင် ငါသေချာပေါက် ပင်လယ်အောက်ကို ဆွဲသွင်းခံရတာ၊ မဟုတ်ရင် ထိန်းချုပ်ခံရပြီး အသတ်ခံရလိမ့်မယ်!
သူနှလုံးသန့်စင်မန္တန်အနည်းငယ် အရင်ဆုံးထုတ်လွှတ်ပြီးနောက် သူ့ကိုယ်ပေါ်၌ နှလုံးသန့်စင်အဆောင်တစ်ရာထည့်လိုက်သည်။
ဒါကမလုံလောက်သေးသလို ခံစားရသဖြင့် နောက်ထပ်အခင်းအကျင်းစာလိပ်များစွာကိုလည်း ပြင်ဆင်ထားလိုက်သည်။
"ဒီတော့ ကောင်းကင်ဖိနှိပ်စေတီက နေရာတစ်ခုကိုတောင် ဖိနှိပ်ထားနိုင်တာဆိုတော့ ဖိနှိပ်စွမ်းအားက အတော်လေးအားကောင်းရမယ်၊ ငါသက်ရောက်မခံရမယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်...."
"အင်း......နတ်ဆိုးနယ်မြေအကြွင်းအကျန်တွေက အရင်တလောက လှုပ်ရှားကြတယ်၊ ချိပ်စည်းအပြင်မှာ အလစ်သုတ်တိုက်ခိုက်ခြင်းကနေ ကာကွယ်တားဆီးဖို့အတွက် စောင့်နေကြတဲ့သူတွေရှိရမယ်၊ ဒီတော့ ကာကွယ်ရေးအခင်းအကျင်းနဲ့ တန်ပြန်တိုက်ခိုက်ရေး အခင်းအကျင်းတွေက သန်းရာချီပြီးရှိရမယ်...."
"အခင်းအကျင်းက ကျရှုံးသွားရင်ရော၊ ငါ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့ရင်ရော၊ ဟမ်၊ ငါ့မှာ ပြန်လည်အားဖြည့်ဆေးလုံး သန်းရာချီလိုသေးတယ်....."
ထို့နောက် လုချန်ရှန်း အဆောင်များကို ရေးထွင်းရင်း အခင်းအကျင်းအစီအရင်များ ချမှတ်ကာ ဆေးလုံးများကို သန့်စင်သည်။
လုချန်ရှန်းက ယခုလိုအရာမျိုးကို အောင်မြင်နိုင်သော တစ်ဦးတည်းသောသူပေတည်း။
အင်မော်တယ်နယ်ပယ်၀င်ပေါက်တွင် ရက်အနည်းငယ်အရင်ကနှင့် ယှဉ်မည်ဆိုပါက နတ်ဆိုးအော်ရာက အနီး၀န်းကျင် ၄၀ရာခိုင်နှုန်းထိ ပျံ့နေလေပြီ။
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
ချိပ်စည်းက ပြေသထက် ပြေလျော့လာနေပြီ!
အင်း၊ ငါနှလုံးသန့်စင်အဆောင်၊ နှလုံးသန့်စင်အခင်းအကျင်းနဲ့ နှလုံးသန့်စင်မန္တန်တွေကို အရင်ချမှတ်ထားရမယ်!
"ကောင်းကင်ဖိနှိပ်စေတီရဲ့ချိပ်စည်းက စွမ်းအားကို တဖြည်းဖြည်းဆုံးရှုံးနေပြီ၊ ရက်တစ်ရာအတွင်းမှာ ချိပ်စည်းက လုံး၀ ပြိုကွဲသွားလိမ့်မယ်"
မိုးမခကိုင်းကနေ မိုးမခပင်၏ သိမ်မွေ့သည့်အသံ ထွက်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း ပြင်ပကမ္ဘာအကြောင်း အနည်းငယ်သာ သိထားသည်မဟုတ်ပေလော။
ဥပမာအားဖြင့် တစ်ချို့ကျင့်ကြံခြင်းစနစ်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို သူပုံမဖော်နိုင်သေးပါ။
ထို့ကြောင့် သူချိုးထားသည့် မိုးမခကိုင်းကိုကိုင်ရင်း မိုးမခပင်နှင့် လက်ဆက်ပြောဆိုနေသည်။
"တကယ်လို့ ငါသာ ချိပ်စည်းကို အားဖြည့်ချင်တယ်ဆိုရင် နောက်ထပ်နှစ်တစ်ထောင်လောက် အားဖြည့်ထားတာက အကောင်းဆုံးမလား၊ ငါအားဖြည့်လို့ရလောက်လား"
မိုးမခပင် "...."
မဟုတ်သေးပါဘူး၊ မင်းနတ်ဆိုးနယ်မြေကို ကြောက်ဖို့လိုသေးလို့လား!
သို့စေကာမူ လုချန်ရှန်းက နတ်ဆိုးနယ်မြေကို ဖျက်ဆီးသည်အထိ မလုံလောက်သေးဘူးဆိုတာကို မိုးမခပင်မယုံပေ။
သူကသေချာပေါက် ဒါကို ဘေးအကင်းဆုံးနည်းလမ်းတစ်ခုနှင့် ကိုင်တွယ်မည်သာ။
ထို့ကြောင့် မိုးမခကိုင်းကနေ မိုးမခပင်၏ အကူအညီမဲ့နေသည့်အသံထွက်လာသည်။
"ချိပ်စည်းကို အားဖြည့်တာက အဆင်ပြေပါတယ်၊ ဒါပေမယ့် ကောင်းကင်ဖိနှိပ်စေတီက အတော်လေးထိခိုက်ထားပြီ၊ ဒါက မင်းပြောတဲ့ နှစ်တစ်ထောင်ချိပ်စည်းဆိုတဲ့အဆင့်ကို နောက်ထပ်ခံနိုင်ရည်မရှိတော့ဘူး"
"ဒါ့အပြင် ကောင်းကင်ဖိနှိပ်စေတီက ရှီရှန်းနဲ့ တစ်နည်းနည်းနဲ့ လိုက်ဖက်နေပုံပဲ၊ မင်းပြောပုံအရဆိုရင် ဒါကအရမ်းသဟဇာတဖြစ်နေတယ်"
"မင်းဒါကိုအရင်ကိုင်တွယ်လို့ရတယ်၊ အဲဒီအချိန် မင်းထွက်သွားတဲ့အခါကျရင် ရှီရှန်း ကောင်းကင်ဖိနှိပ်စေတီနဲ့ ဆက်နွှယ်မှုတစ်ခုကို ထူထောင်ဖို့အတွက် မင်းသူ့ကို ခေါ်သွားနိုင်တာပဲလေ၊ ဒီနည်းနဲ့ မင်းဒီနေရာက အခြေအနေကို အချိန်ပြည့်အာရုံစိုက်ထားနိုင်မယ်"
ကြယ်ဝိဉာဉ်အနှစ်သာရ!
မှန်ပေသည်။ လုချန်ရှန်း ကြယ်ဝိဉာဉ်အနှစ်သာရကို ယူသွားစဉ်က ဒီနေရာကို ဖြတ်သွားစဉ် ကောင်းကင်ဖိနှိပ်စေတီက ကြယ်ဝိဉာဉ်အနှစ်သာရနှင့် ခပ်ရေးရေး ဆက်နွှယ်နေပုံပေါ်ခဲ့သည်။
"လက်ရှိကောင်းကင်ဖိနှိပ်စေတီရဲ့ ခံနိုင်ရည်အရဆိုရင် အများဆုံး ချိပ်စည်းကို နောက်ထပ်သုံးနှစ်အထိပဲ အားဖြည့်လို့ရမယ်"
"သုံးနှစ်ပြီးတဲ့အခါကျရင် နတ်ဆိုးနယ်မြေကို ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့တယ်"
သုံးနှစ်က ရှည်လည်းမရှည်လျားသလို တိုလည်းမတိုတောင်းပါ။
မိုးမခပင်၏ စကားလုံးများကို ကြားပြီးနောက် အင်မော်တယ်နယ်မြေ၏ ၀င်ပေါက်ကို ဘယ်လိုပြုပြင်မွမ်းမံရမလဲဆိုတာ လုချန်ရှန်းတွေးနေသည်။
"ဒါဆို ငါဘယ်လိုအားဖြည့်ပြီး ချိပ်ပိတ်အစီအရင်တစ်ခု ချမှတ်ရမလဲ"
မိုးမခပင်က လုချန်ရှန်း၏ စကားလုံးများကို တိုက်ရိုက်ပင် ငြင်းဆန်ပစ်သည်။
"ငါတို့သာ ချိပ်စည်းကို အားဖြည့်ဖို့အတွက် ချိပ်ပိတ်အစီအရင်ကို တိုက်ရိုက်ချမှတ်နိုင်မယ်ဆိုရင် ပြဿာနာအများကြီးရှိမှာမဟုတ်ဘူး"
ဒါကတစ်နှစ်၊ နှစ်နှစ်တင်မဟုတ်ဘဲ နတ်ဆိုးနယ်မြေက လူများက သူတို့၏ကျန်ရှိနေသည့် ဘ၀သက်တမ်းတွင်ပင် မည်သောအခါမှ ထွက်လာနိုင်မည်မဟုတ်။
"ဒါပေမယ့် ချိပ်စည်းကို ချထားခဲ့တဲ့လူက ကောင်းကင်ဖိနှိပ်စေတီကို နတ်ဆိုးနယ်မြေနဲ့ လုံး၀ဆက်သွယ်ထားခဲ့တယ်၊ မင်းချိပ်ပိတ်အစီအရင်တစ်ခု ချမယ်ဆိုရင် ဒါက ကောင်းကင်ဖိနှိပ်စေတီကို ပြိုကွဲသွားစေလိမ့်မယ်"
"အဲဒီအချိန်ကျရင် နတ်ဆိုးနယ်မြေတစ်ခုလုံးက ချိပ်စည်းကို ဖျက်ဆီးကြလိမ့်မယ်၊ မင်းနတ်ဆိုးနယ်မြေတစ်ခုလုံးမှာ အသက်ရှုကြိမ်တစ်ကြိမ်အတွင်း ချိပ်ပိတ်အစီအရင်ကို ချနိုင်မှာမဟုတ်ဘဲ နတ်ဆိုးနယ်မြေတစ်ခုလုံးက အလုံးအရင်း လွတ်မြောက်သွားလိမ့်မယ်"
"မင်းအခုလုပ်နိုင်တာက ကောင်းကင်ဖိနှိပ်စေတီတစ်စိတ်တစ်ပိုင်းကို တတ်နိုင်သမျှ အကောင်းဆုံး အားဖြည့်ဖို့ပဲ"
လက်ရှိကောင်းကင်ဖိနှိပ်စေတီက မူလဇစ်မြစ်၌ ထိခိုက်ထားသည်။
ကောင်းကင်ဖိနှိပ်စေတီ၏ မူလဇစ်မြစ်က ထိုလူသားဘိုးဘေးများ၏ ဝိဉာဉ်များဖြစ်သည်။
လုချန်ရှန်းပြောသည်။
"ဒီတော့ ငါလုပ်ရမှာက အဲဒီလူသားဘိုးဘေးတွေရဲ့ ဝိဉာဉ်စွမ်းအားကို အားဖြည့်ပေးပြီး သူတို့အသက်တွေကို ဆွဲဆန့်ထားရမှာပေါ့"
"မင်းဒီလိုတွေးလို့ရတယ်၊ ဒါပေမယ့် မင်းမှာပစ္စည်းကိရိယာတွေမရှိဘူး"
မိုးမခပင် လုချန်ရှန်းအား လိုအပ်သည့် ပစ္စည်းကိရိယာများကို ပြောပြလိုက်သည်။
ထိုအရာများက ဘာလဲဆိုတာ သူမသိသည့်အပြင် လုချန်ရှန်း ကြားပင်မကြားဖူးပါ။
ဥပမာအားဖြင့် အင်မော်တယ်ဝိဉာဉ်ရင်းမြစ်နှင့် ယင်ယန်ကံကြမ္မာသစ်သီးတို့ဖြစ်သည်။
ဒါပေမယ့် အင်မော်တယ်နန်းတော်က အင်မော်တယ်ဧကရာဇ်ကတော့ ဒါတွေကို ရှာနိုင်မှာမလား!
ပစ်မှတ်ကို အတည်ပြုပြီးနောက် လုချန်ရှန်းလှည့်ကာ အင်မော်တယ်နန်းတော်ရှိရာသို့ လျှောက်သွားလေတော့သည်။
အပိုင်း(897) coming။