← Chapters

ထွက်သွား

Vol. 2 Ch. 18

ထွက်သွား

Vol. 2 Ch. 18

ဆရာကုန်းဟာ ယီထျန်းယွမ်ရဲ့ လုပ်ဆောင်ချက်တွေကို မြင်တဲ့အခါ ထိတ်လန့်လာတယ်။ အထူးသဖြင့် ယီထျန်းယွမ်က သန့်စင်နေတဲ့ ပစ္စည်းတွေဟာ တဖြည်းဖြည်း ပုံသဏ္ဌာန်ယူလာတာကို မြင်ရတဲ့အခါ သူ့ရင်ထဲမှာ မသက်မသာ ဖြစ်လာတယ်။ သူ့စိတ်ထဲမှာ ယီထျန်းယွမ်ကို ကျိန်ဆဲနေပြီး၊ ဒီလက်နက်ဖန်တီးမှု တစ်နည်းနည်းနဲ့ မအောင်မြင်ဖို့ ဆုတောင်းနေတယ်။ မဟုတ်ရင် သူဟာ ထပ်မံပြီး အရှက်ရရမှာသာမက၊ ဝိညာဉ်လက်နက်တစ်ခုကိုပါ ဆုံးရှုံးရလိမ့်မယ်။

ဒီအချိန်မှာ ဆရာကုန်းနည်းတူ အကြီးအကဲသုံးဦးပါ တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ သူတို့ဟာ ဖန်တီးမှုရဲ့ အဆင့်တွေကို အကုန်လုံး နားမလည်ပေမယ့်၊ အနည်းဆုံးတော့ ယီထျန်းယွမ်ဟာ သူတို့ရှေ့မှာ အံ့မခန်း လုပ်ဆောင်နေတာကို သိထားတယ်။ မအောင်မြင်မှုရဲ့ အရိပ်အယောင်ဟာ လုံးဝမရှိဘူး။

အကြီးအကဲတွေဟာ သူ့နောက်မှာ တိုးတိုးတိတ်တိတ် စကားပြောနေကြတယ်။

“သူ တကယ်ပဲ အောင်မြင်မှာလား”

သူတို့ဟာ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်နေကြတယ်။ အကယ်၍ ဒါဟာ တကယ်ဖြစ်လာမယ်ဆိုရင်၊ ယီထျန်းယွမ်ဟာ တကယ်ပဲ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဒီလောက်အဆင့်ထိ ရောက်နိုင်တယ်ဆိုတာ၊ အနာဂတ်မှာ ပိုမိုမြင့်မားတဲ့ နယ်ပယ်တွေကို ထပ်ရောက်နိုင်တယ်လို့ ဆိုလိုတယ်။ သူ့ရဲ့ နယ်ပယ်က မနိမ့်ရုံသာမက၊ ဖန်တီးနိုင်စွမ်းပါ ရှိသေးတယ်။ ဒါတွေကို သူ ဘယ်လိုလေ့လာခဲ့တာလဲ။

သူတို့ဟာ ရှီရွှေယွမ်ကို မသိမသာ ကြည့်လိုက်ကြတယ်။ ရှီရွှေယွမ်က တစ်နည်းနည်းနဲ့ ယီထျန်းယွမ်ကို ဖန်တီးနည်းတွေ သင်ပေးခဲ့တာလားလို့ ထင်နေကြတယ်။ ယီထျန်းယွမ်ဘယ်လိုလုပ် ဖန်တီးနိုင်တာလဲဆိုတဲ့ အကြံအစည်တွေ သူတို့မှာ မရှိတော့ဘူး။

တကယ်တော့ ဒါဟာ သူတို့ထင်သလို မဟုတ်ဘူး။ ရှီရွှေယွမ်တောင်မှ လုံးဝ အံ့သြထိတ်လန့်နေတယ်။ ဖန်တီးမှုဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူး။ ဒါဟာ ရိုးရှင်းတဲ့ ကျင့်စဉ်နဲ့ လုံးဝ ကွဲပြားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ သူ့ကို သင်ကြားပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်သူဟာ ဖန်တီးနည်းတွေကို ချက်ချင်း သိရှိလာအောင် လုပ်ပေးနိုင်တဲ့အထိ အံ့မခန်း စွမ်းအားရှိသူတစ်ယောက်ပဲ။

စကားပြောသံတွေ ဆူညံနေပေမယ့် ယီထျန်းယွမ်ဟာ သူ့ရဲ့ အာရုံစူးစိုက်မှုကို ထိန်းထားပြီး၊ မီးဖိုထဲက ဓားရှည်ကို ဆက်လက် သန့်စင်နေတယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ၊ ပစ္စည်းတွေဟာ တဖြည်းဖြည်း၊ သေချာပေါက် တောက်ပတဲ့ ဓားတစ်လက်အဖြစ် ပုံဖော်လာတယ်။

“ဖန်တီးမှု ပြီးဆုံးပြီ”

ယီထျန်းယွမ်က အော်ပြောလိုက်ပြီး ချက်ချင်း ဓားရှည်တစ်လက်ဟာ မီးဖိုထဲက ထွက်လာတယ်။

ဒီဓားရှည်ဟာ လေထဲမှာ လှည့်ပတ်ပြီးနောက် မြေပြင်ပေါ် ပြုတ်ကျလာပြီး ထိုးစိုက်သွားတယ်။ မြေပြင်ဟာ ရေခဲသဖွယ် အေးခဲသွားပြီး၊ ဒီဓားရဲ့ ရေခဲဂုဏ်သတ္တိကို ထင်ဟပ်ပြသလိုက်တယ်။

ဒီဓားကို ဖန်တီးတဲ့ ပစ္စည်းတချို့မှာ အေးစက်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာမို့ ဒီသက်ရောက်မှုဟာ အံ့မခန်းဖြစ်လှတယ်။

( မစ်ရှင်ပြီးဆုံးပြီး ဂုဏ်ပြုပါတယ်။ အတွေ့အကြုံ ၅၀၀၀ နဲ့ တာအိုမီးလျံ ရရှိပါပြီ)

သူဟာ အတွေ့အကြုံ ၅၀၀၀ ရရှိခဲ့ပြီး၊ တာအိုမီးလျံဟာ သူ့ရဲ့ စွမ်းရည်စာရင်းထဲ ထည့်သွင်းခံရပြီး ထူးခြားတဲ့ စွမ်းရည်တစ်ခု ဖြစ်လာတယ်။

ဒါတင်မကဘူး၊ သူ့ရဲ့ ဖန်တီးကျွမ်းကျင်မှု ဟာလည်း ၁၀ မှတ်တိုးလာတယ်။ ဒါဟာ ကောင်းပေမယ့်၊ အဆင့်တက်ဖို့ဆိုရင် အနည်းဆုံး လက်နက် ၁၀၀ လောက် ဖန်တီးရမယ်။ ဒါပေမယ့် သူဟာ မြင့်မားတဲ့ အဆင့်မြင့်ဝိညာဉ်လက်နက်တွေ ဖန်တီးနိုင်မယ်ဆိုရင်၊ ရရှိမယ့် ကျွမ်းကျင်မှုမှတ်တွေက ပိုများလာမှာပဲ။ ဒါပေမယ့် မအောင်မြင်နိုင်တဲ့ ဖြစ်နိုင်ခြေလည်း တိုးလာမှာပေါ့။

အကယ်၍ သူက အနိမ့်ဆုံးအဆင့် ဝိညာဉ်လက်နက်ကို ဖန်တီးနေမယ်ဆိုရင်၊ မအောင်မြင်နိုင်တဲ့ ဖြစ်နိုင်ခြေ လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ စနစ်ရဲ့ ရှုထောင့်ကနေ ကြည့်ရင်၊ အောင်မြင်မှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်းဖြစ်နေလို့ပဲ။ ဒါကြောင့် သူဟာ ဆရာကုန်းကို “တစ်ကြိမ်မှ မအောင်မမြင် မဖြစ်စေရဘူး” လို့ ကြွားဝါခဲ့တာပါ။

“ဆရာကုန်း၊ ဒါက ဝိညာဉ်လက်နက်ဟုတ်မဟုတ် အတည်ပြုပေးနိုင်မလား” ယီထျန်းယွမ်က မျက်နှာမှာ ပြုံးသံလေး မပျက်ဘဲ ပြောလိုက်တယ်။

ဒါကို အတည်ပြုဖို့တောင် မလိုအပ်ပါဘူး။ မျက်စိမကန်းတဲ့သူတိုင်း ဒီဓားဟာ ရေခဲဂုဏ်သတ္တိနဲ့ တောက်ပနေတာကို မြင်နိုင်ပြီး၊ ဒါဟာ ဝိညာဉ်လက်နက်တစ်ခုဖြစ်ကြောင်း လူတိုင်းကို အတည်ပြုပေးနိုင်တယ်။ ဒါဟာ အနိမ့်ဆုံးအဆင့်ဖြစ်ပေမယ့်၊ သူ အောင်မြင်စွာ ဖန်တီးခဲ့တာက အမှန်တရားတစ်ခုပဲ။

ဆရာကုန်းဟာ ထိတ်လန့်သွားပြီး၊ အကြီးအကဲသုံးဦးဟာလည်း အံ့သြထိတ်လန့်နေကြတယ်။ ဒီလိုဆိုရင် ဆရာကုန်းရဲ့ ဝန်ဆောင်မှုကို ထပ်ပြီး အားကိုးစရာမလိုတော့ဘူး။ ယီထျန်းယွမ်ဟာ သူ့ကို အစားထိုးနိုင်ပြီး၊ တပည့်တွေအတွက် အနိမ့်ဆုံးအဆင့် ဝိညာဉ်လက်နက်တွေ ဖန်တီးဖို့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်တယ်။ ကျောက်စိမ်းနန်းတော်မှာ နောက်ဆုံးတော့ ပန်းပဲဆရာတစ်ယောက် ရှိလာပြီပဲ။ ဒါဟာ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်။

ရှီရွှေယွမ်က ဓားကို ဆွဲထုတ်လိုက်ပြီး ချက်ချင်း သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ဓားထဲ ထည့်သွင်းလိုက်တယ်။ ဓားဟာ ရေခဲပြာရောင် အရောင်အဝါနဲ့ တောက်ပလာတယ်။ ဓားကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီးနောက် ရှီရွှေယွမ်က ဆရာကုန်းကို တည်ငြိမ်စွာ ကြည့်ပြီး ပြောတယ်။

“ဒါဟာ တကယ်ပဲ ဝိညာဉ်ဓားတစ်လက်ပါ။ ဆရာကုန်း ကိုယ်တိုင် စမ်းကြည့်ချင်လား”

“မလိုဘူး” ဆရာကုန်းဟာ ဒေါသထွက်နေပြီး၊ ယီထျန်းယွမ်ကို ကြည့်ရင်း ရန်ငြိုးတွေနဲ့ ပြည့်နှက်နေတဲ့မျက်လုံးတွေနဲ့ ပြောတယ်။

“မင်း တကယ်ပဲ ဝိညာဉ်လက်နက်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ဆရာကုန်းဟာ သူ့ရင်ထဲက ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ ပွင့်အံထွက်လာတယ်။ ထို့နောက် မကျေမချမ်းနဲ့ ဆက်ပြီး ပြဿနာရှာတယ်။

“မင်းက ငါ့ကို လှည့်စားခဲ့တာ။ မင်း ဝိညာဉ်လက်နက်တစ်ခု မဖန်တီးနိုင်ဘူးလို့ တမင်ဟန်ဆောင်ခဲ့တာ”

“ကျွန်တော်က ဝိညာဉ်လက်နက်တစ်ခု မဖန်တီးနိုင်ဘူးလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ” ယီထျန်းယွမ်က ပြုံးပြီး ပြောတယ်။

“ဘာပဲပြောပြော လောလောဆယ် ကျွန်တော်တို့ လောင်းထားတဲ့အတိုင်း ခင်ဗျားက ရှုံးသွားပြီဆိုတော့ ခင်ဗျားရဲ့ ဝိညာဉ်လက်နက်ကို လွှဲပေးပြီး ဒီကနေ ဂုဏ်သိက္ခာရှိရှိ ထွက်သွားလိုက်ပါ”

ဆရာကုန်းရဲ့ အရင်လုပ်ရပ်တွေဟာ ယီထျန်းယွမ်ရဲ့ မျက်လုံးထဲမှာ အလွယ်တကူ ခွင့်လွှတ်လို့မရတဲ့ အရာတွေပဲ။ သူဟာ ဘာမှမလုပ်မိတဲ့ ရှောင်လျန်ကို လုံးဝ စော်ကားခဲ့တာပဲ။

“သိပ်ကြီးကျယ်မနေနဲ့။ ဒီအလောင်းအစားမှာ ငါရှုံးသွားတာ မှန်တယ်။ ဒါပေမယ့် မင်းတို့အားလုံးက ငါ့ကို လှည့်စားဖို့ ပူးပေါင်းကြံစည်ခဲ့ကြတာ။ မင်းတို့က ငါ့ကို လက်နက်ဖန်တီးဖို့ အကူအညီတောင်းဖို့ စိတ်မဝင်စားဘူး။ မင်းတို့က ငါ့ရဲ့ လက်နက်ကိုပဲ လိုချင်နေတာ” ဆရာကုန်းက မစီမဆိုင်စကားတွေနဲ့ ကလားမနိုင် ရခိုင်မဲ ဆိုသလို ပေါက်တတ်ကရတွေနဲ့ သွေးရူးသွေးတမ်းတွေ ပြောနေတယ်။

“ဟာသ မလုပ်ပါနဲ့။ ခင်ဗျားက ရှောင်လျန်အစ်မကို စော်ကားပြီး ကျွန်တော့်ကို စိန်မခေါ်ခဲ့ရင်၊ ကျွန်တော်က ဘေးမှာ တိတ်တိတ်လေး ရပ်ကြည့်နေပြီး၊ ခင်ဗျားနဲ့ အကြီးအကဲတွေကို ဆွေးနွေးခွင့်ပေးထားမှာပဲ”

ယီထျန်းယွမ်က ပြုံးပြီးဆက် ပြောတယ်။ “ကျွန်တော်တို့ရဲ့ ကျောက်စိမ်းနန်းတော်ကို ထပ်ပြီး မထီမဲ့မြင်မလုပ်ပါနဲ့။ ဒါကို သေချာမှတ်ထားပါ။ ဒီနေရာမှာ အမျိုးသမီးတွေချည်းပဲ ရှိပေမယ့် သူတို့တွေကသာ တကယ့် သခင်တွေပဲ။ အဲဒါ ခင်ဗျားနားလည်ထားလိုက်”

ဒီလောကမှာ နယ်ပယ်တွေအရ သာမက၊ အမျိုးသားတွေဟာ ဘယ်နယ်ပယ်မှာမဆို အကုန်လုံးကို လွှမ်းမိုးထားပြီး၊ အမျိုးသမီး ကျင့်စဉ်သမားတွေကို မထီမဲ့မြင် ပြုကြတယ်။

ယီထျန်းယွမ်ရဲ့ စကားတွေဟာ အကြီးအကဲသုံးဦးရဲ့ သူ့အပေါ် အမြင်တွေကိုပါ ချက်ချင်း ပြောင်းလဲသွားစေတယ်။ သူတို့ဟာ ဆရာကုန်းကို အနိုင်ရခဲ့တဲ့ ကိစ္စမှာ ယီထျန်းယွမ်က နောက်ဆုံးဆုံးဖြတ်ချက်ကို ပိုင်ဆိုင်မယ်လို့ မျှော်လင့်ထားပေမယ့်၊ လူတိုင်းရဲ့ မျှော်လင့်ချက်ကို ကျော်လွန်ပြီး သူဟာ သူ့ရဲ့ အခွင့်အရေးတွေကို ကျောက်စိမ်းနန်းတော်ထဲက လူအားလုံးကို လွှဲပေးလိုက်တယ်။ ဒါဟာ အကြီးအကဲတွေရဲ့ မျက်လုံးထဲမှာ လုံးဝ ယုတ္တိမရှိတဲ့ အရာပဲ။ ဒီလို ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်က သူတို့ရဲ့ ဆက်ဆံမှုတွေကို အရင်ကျော်လွန်ပြီး၊ ဒီလောက် ယုံကြည်မှုနဲ့ လေးစားမှုကို ထုတ်ပြနိုင်တယ်လား။

“အစ်မရှောင်လျန်မှာ သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိတယ်။ သူဟာ ကိရိယာတစ်ခု မဟုတ်ဘူး။ ဒါကို လေးစားပေးဖို့ မျှော်လင့်ပါတယ်” ယီထျန်းယွမ်က ထပ်ပြောတယ်။ “အခု ခင်ဗျားက ကျောက်စိမ်းနန်းတော်ကနေ ထွက်သွားနိုင်ပြီ။ ဒါပေမယ့် ဂုဏ်သိက္ခာရှိရှိပဲ ထွက်သွားပါ”

“ငါ့ကို ဂုဏ်သိက္ခာရှိရှိ ထွက်သွားဖို့ ပြောနေတာလား။ ဒီလိုမျိုး မင်းကိုယ်တိုင် ပြောရလောက်အောင် မင်းကိုယ်မင်းဘာထင်နေတာလဲ” ဆရာကုန်းက အေးစက်တဲ့ မျက်လုံးတွေနဲ့ ပြောတယ်။

“ဒါဆိုရင် ကျွန်မကိုယ်တိုင် ပြောရင်ရော လိုက်နာမှာလား” ရှီရွှေယွမ်က အာရုံစူးစိုက်မှုကို လွှဲယူလိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်ရင်း ပြောတယ်။

“ဆရာကုန်း၊ ခင်ဗျားကတိပေးခဲ့ပြီးပြီ။ ယောက်ျားတစ်ယောက်ဖြစ်ပြီး ယောက်ျားစကား မတည်တော့ဘူးလား” ထျန်းယွမ်က လှမ်းပက်လိုက်သည်။

ယီထျန်းယွမ်ဟာ သူ့ရဲ့ လက်မောင်းကိုတောင် လောင်းကြေးထဲ ထည့်ခဲ့ပြီး ဆရာကုန်းကလည်း သူ့ရဲ့ ဝိညာဉ်လက်နက်ကို လောင်းကြေးထည့်ခဲ့တယ်။ ဒါဟာ အရင်ကတည်းက ဆုံးဖြတ်ထားပြီးသား ကိစ္စပဲ။

“အိုကေ၊ ကောင်းပြီ” ဆရာကုန်းဟာ ဒေါသထွက်လွန်းလို့ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး၊ လှည့်ထွက်သွားရင်း ပြောတယ်။ “ငါ မင်းတို့ကို မှတ်ထားမယ်။ ဒီကိစ္စ ဒီမှာပဲ ပြီးသွားတယ်လို့ မထင်နဲ့”

“ထွက်သွား”

ယီထျန်းယွမ်ဟာ စိတ်မရှည်တော့ဘဲ ဆရာကုန်းကို ကန်ထုတ်လိုက်တယ်။ ဆရာကုန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရတာကြောင့် အော်ဟစ်လိုက်ပြီး ထိတ်လန့်သွားတယ်။ ဒီကန်ချက်ဟာ သေစေတဲ့ အန္တရာယ်မရှိပေမယ့် ယီထျန်းယွမ်ထည့်ထားတဲ့ အားက တော်တော်လေး ပြင်းထန်တယ်။ မထင်မှတ်ထားစွာနဲ့ပဲ ယီထျန်းယွမ်ဟာ ဆရာကုန်းကို တကယ်ပဲ ကန်ထုတ်ဖို့ ရဲတင်းလွန်းတယ်။

ယီထျန်းယွမ်ဟာ ဒီလောက် ခွင့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး။ သူ့ကို စိန်ခေါ်လာတဲ့သူဟာ သူ့ရဲ့ လက်စားချေမှုကို ရင်ဆိုင်ဖို့ အသင့်ရှိရမယ်။ ဆရာကုန်းဟာ ရှောင်လျန်ကို သူနဲ့ လက်ထပ်ဖို့ အတင်းအကျပ်လုပ်ရုံတင်မက ကျောက်စိမ်းနန်းတော်ကိုပါ စော်ကားခဲ့တယ်။ ဒါကြောင့် ယီထျန်းယွမ်ဟာ ဆရာကုန်းကို အလွယ်တကူ လွတ်မြောက်ခွင့် မပေးနိုင်ဘူး။

“ဒီကောင်လေး၊ မင်း ထမင်းဝဝ စားထား” ဆရာကုန်းက အော်ပြောတယ်။ “ငါ့အကြံပေးချက်ကို နားထောင်၊ မင်း အသက်ရှည်ချင်ရင် ကျောက်စိမ်းနန်းတော်ကနေ ဘယ်တော့မှ အပြင်မထွက်မိစေနဲ့”

ယီထျန်းယွမ်ကို ခြိမ်းခြောက်ပြီးနောက်၊ သူဟာ တန်းပြီး ထွက်ပြေးသွားတယ်။ သူဟာ လက်ရှိအချိန်မှာ တစ်ယောက်တည်းဖြစ်ပြီး ယီထျန်းယွမ်ဘက်မှာ ရှီရွှေယွမ်ရှိနေတယ်။ အားနည်းတဲ့ တိုက်ပွဲကို ဆက်လုပ်နေမယ့်အစား သူဟာ ပိုမိုအရှက်ရမှုတွေကနေ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ ချက်ချင်း ထွက်သွားလိုက်တယ်။

“နန်းတော်သခင်၊ ဒါဟာ တကယ်ပဲ ထိုက်တန်ရဲ့လား။ ဆရာကုန်းဟာ လမင်းမြို့မှာ တော်တော်လေး အဆင့်အတန်းရှိတဲ့သူပဲ။ သူက တကယ်ပဲ ကျွန်မတို့ကို ဖိအားပေးဖို့ တစ်ယောက်ယောက်ကို ရှာလာခဲ့ရင် ဘာလုပ်မလဲ” ဒုတိယအကြီးအကဲက ယီထျန်းယွမ်ရဲ့ လုပ်ရပ်တွေကို ယခုအချိန်အထိ အမှန်အတိုင်း သိမြင်ဖို့ အားမထုတ်သေးပုံရသည်။

“ဒီပြဿနာဟာ ကျွန်တော့်တစ်ယောက်တည်းရဲ့ ပြဿနာပါ။ ကျွန်တော်က ပြင်ပတပည့်တစ်ယောက်ပဲ။ ကျွန်တော်လုပ်ခဲ့တာတွေဟာ ကျောက်စိမ်းနန်းတော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး” ယီထျန်းယွမ်က တာဝန်အားလုံးကို ယူလိုက်တယ်။ ဒီပြဿနာဟာ သူ့ကြောင့် စတင်ခဲ့တာမို့ အနာဂတ်မှာ ဆရာကုန်းက လက်စားချေလာခဲ့ရင် သူတစ်ယောက်တည်း ပစ်မှတ်ဖြစ်သွားရင်တောင် ကျောက်စိမ်းနန်းတော်ကို မထိခိုက်ရင် သူ အဆင်ပြေပါတယ်။

အကြီးအကဲသုံးဦးဟာ ယီထျန်းယွမ်ရဲ့ စကားတွေကြောင့် ထပ်မံပြီး စိတ်ခံစားရှုပ်ထွေးသွားကြတယ်။ ယီထျန်းယွမ်ဟာ တကယ်ပဲ ရဲစွမ်းသတ္တိရှိတဲ့သူတစ်ယောက်ပဲ။

“ဒါဟာ ကျွန်မတို့ ကျောက်စိမ်းနန်းတော်တစ်ခုလုံးရဲ့ ပြဿနာပါ။ ဆရာကုန်းက ကျွန်မတို့ ကျောက်စိမ်းနန်းတော်ကို မထီမဲ့မြင်ပြုခဲ့တာ။ ဒါဟာ အကြီးအကဲတွေ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ခဲ့ရတဲ့ အရာပဲ။ ကျွန်မတို့ ကျောက်စိမ်းနန်းတော်ဟာ အင်အားမကြီးမားပေမယ့်၊ ဒါက သူတို့ဟာ ကျွန်မတို့ကို မထီမဲ့မြင်ပြုလို့ ရတယ်လို့ မဆိုလိုဘူး။ သူတို့က ကျွန်မတို့ကို ဖိအားပေးချင်တယ်ဆိုရင် ကျွန်မတို့လည်း လက်စားချေမယ် သူတို့ကို ရင်ဆိုင်မယ်” ရှီရွှေယွမ်က ထပ်မံပြီး ရပ်တည်လိုက်ပြီး သူ့ရဲ့ ခန့်ညားတဲ့ အသွင်အပြင်ကို ထိန်းထားနေဆဲပါ။

All Chapters