လူသစ်သီး
Vol. 11 Ch. 153
ဒဏ္ဍာရီတစ်ခုရှီသည်။ မဟာယုမင်းဆက်အစောပိုင်းတွင် ကျင့်စဉ်နည်းများကို ထိုးထွင်းသိလွယ်သည့် ပါရမီရှင်တစ်ယောက် ပေါ်ထွက်ခဲ့သည်။ မသေမျိုးနှင့်တန်းတူနီးပါး ပါရမီမျိုးဖြင့် ကျင့်စဉ်မှန်သမျှက မြန်ဆန်စွာလေ့လာနိုင်သည်။
အားလုံး၏ စိတ်ကူးယဉ်နိုင်စွမ်းထက် သာလွန်သည့်နှုန်းဖြင့် ထိုပါရမီရှင် တိုးတက်ခဲ့သည်။ တစ်ခြားလူများ တစ်သက်လုံးလေ့ကျင့်မရသည့် အဆင့်များကို အတိုဆုံးအချိန်ဖြင့် ပြီးမြောက်ခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်သို့ ရောက်လာသည်။ နိယာမတစ်သောင်းသခင်စစ်ဟု ခေါ်ကြသည်။
ရှေးမှတ်တမ်းများအရ ထိုသခင်စစ်ငယ်စဉ်က သစ်ပင်စိုက်နည်းသင်ခဲ့သည်။ တစ်ခြားလူများ နေ့ချီလချီသင်ရသည်ထိုပညာကို နာရီဝက်ဖြင့် သူတတ်မြောက်ခဲ့ည်။
မိုးမခသစ်စေ့ကို သူစိုက်သည်။ မြေပြင်ကိုထိသည်နှင့် အမြစ်ထွက်လာပြီး ကြီးမားသည့် သစ်ပင်တစ်ပင်အဖြစ် မြင့်တက်လာသည်။ ပန်းများပွင်သည်။ သစ်သီးသီးသည်။ ယနေ့ခေတ်အထိ လက်ဆင့်ကမ်းပြောလာကြသည့် မမေ့နိုင်စရာဇာတတ်လမ်းတစ်ပုဒ်ဖြစ်သည်။
ထောင်ယော်ယဲ့က ထိုနိယာမတစ်သောင်းသခင်စစ်ကို လုယန်နှင့် နှိုင်းယှဉ်ကြည့်သည်။ လုယန်က ပိုသာလွန်သည်ဟု သူခံစားရသည်။
နာရီဝက်အတွင်း လုယန်က ကျင့်စဉ်အနှစ်သာရကို နားလည်သည်။ မြေအောင်းပညာဖြင့် သစ်ပင်စိုက်သည်။ မိုးမခပင် ချက်ချင်းကြီးလာသည်။ ပန်းပွင့်လာသည်။ ထို့နောက် လုယန်နှစ်ယောက်သီးလာသည်။
“အကိုလုက ပိုပြီးလေးစားစရာကောင်းပါတယ်”
သစ်ပင်ပေါ်တွင် လူနှစ်ယောက်ရှိသည်။ လုယန်နှစ်ယောက်ဖြစ်သည်။
တစ်ယောက်က ပင်ကိုယ်မူလလုယန်ဖြစ်သည်။ နောက်တစ်ယောက်က မိုးမခရွက်များဖြင် ဖန်တီးထားသည့် ဝတ်စုံဝတ်ထားသည်။ ထို့ကြောင့် သစ်ပင်ပေါ်တွင် သစ်ရွက်ရွက်မှ မကျန်တော့။ အားလုံး ကိုယ်ပွားလုယန်၏ ကိုယ်ပေါ်သို့ ရောက်နေသည်။
“ငါလေ့ကျင့်တာ ဘယ်နေရာမှားသွားတာလဲ”
လုယန် ဇွဲမလျှော့ပဲ ပြဿနာကို အဖြေရှာသည်။
သို့သော် ဘာမှထူးခြားမလာ။ ဘာအကြောင်းရင်းမှ ရှာမတွေ့။
“လုယန်၊ နင်က လူသစ်သီးဖြစ်လာပြီပဲ”
ထာဝရနတ်မယ်က ခပ်တည်တည်စနောက်နေသည်။
“ပါးစပ်ပိတ်ထား”
လုယန် မျက်နှာတင်းသွားသည်။
“အခု အောက်ဆင်းဖို့လုပ်ရမယ်”
လုယန် ခန္ဓာကိုယ်အနည်းငယ် လှုပ်ရှားလိုက်သည်။ သိပ်အကျိုးမဖြစ်။ သူ့လည်ပင်းနောက်တွင်ကပ်နေသည့် သစ်ကိုင်းကိုဖြတ်လိုက်သည်။ မြေပြင်ပေါ် ဘုတ်ခနဲကျလာသည်။
သူ့ကိုယ်ပွားကို လှမ်းကြည့်သည်။ စိတ်ဖြင့် ထိန်းချုပ်ကြည့်သည်။ ရသည်၊ ထိုကိုယ်ပွား၏ လက်များ အနည်းငယ်လှုပ်ရှားလာသည်။
လုယန်၏ ထိန်းချုပ်မှုဖြင့် လူသစ်သီးလည်း သူ့လည်ပင်းနောက်မှ သစ်ကိုင်းကိုဖြတ်၍ မြေပေါ်သို့ အောင်မြင်စွာ ဆင်းလာသည်။
မိုးမခပင်မှ လုယန်နှစ်ယေက်ကွာကျသည်နှင့် သစ်ပင်ချက်ချင်း နွမ်းခြောက်သွားသည်။ သစ်စေ့အဖြစ်သို့ ပြန်ကျုံ့ဝင်သွားသည်။ သို့သော် ထိုသစ်စေ့သည် အသက်ဓာတ်မရှိတော့။ နောက်တစ်ကြိမ် စိုက်ပျိုး၍မရတော့။
လုယန် ကိုယ်ပွား၏ လှုပ်ရှားမှုများကို ထိန်းချုပ်သည်။ အစပိုင်းတွင် သိပ်မကျွမ်းကျင်။ တဖြေးဖြေး အသားကျလာသည်။ သူကိုယ်တိုင်လည်းလှုပ်ရှားရင်း ကိုယ်ပွားကိုလည်း ထိန်းချုပ်နိုင်လာသည်။
“ဟီးဟီး၊ ဒီကိစ္စအတွက် နင်ငါ့ကိုကျေးဇူးတင်သင့်တယ်”
ထာဝရနတ်မယ်ကပြောသည်။
“သိစိတ်နယ်မြေတစ်ခုဖွင့်ထားလို့ တစ်ခြားကိုယ်ပွားကို ထိန်းချုပ်နိုင်တာ။ နင့်ရဲ့စိတ်စွမ်းအားက အခြေတည်အဆင့်တွေထက် ပိုအားကောင်းတယ်။ ပြန်တွေးကြည့်ပါ။ နင့်သိစိတ်နယ်မြေက ဘယ်လိုပွင့်ခဲ့တာလဲ”
လုယန် ခဏစဉ်းစားပြီး အလေးအနက်မျက်နှာဖြင့် ပြောသည်။
“ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်ကိုယ်ထဲကို အတင်းဝင်ပူးခဲ့လို့ သိစိတ်နယ်မြေ ပွင့်သွားတာလေ”
ထာဝရနတ်မယ် မျက်နှာတင်းသွားပြီး အလေးအနက်ပြောသည်။
“ငါဟန်ဆောင်ခဲ့တာ။ ငါတမင် သရုပ်ဆောင်ခဲ့တာလို့ ပြောပြီးပြီပဲ”
ထာဝရနတ်မယ်၏ ဦးနှောက်ဉာဏ်ရည်အရ တကယ်ဟန်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု လုယန် တွေးမိသည်။
ကိုယ်ပွားကို လုယန် ဆက်လေ့လာသည်။ မီတာနှစ်ဆယ်ပတ်လည်တွင်သာ လှုပ်ရှားနိုင်သည်။ မီတာနှစ်ဆယ်ကျော်သွားသည်နှင့် ထိုကိုယ်ပွားကို သူအာရုံမခံနိုင်တော့။
သူ့စိတ်စွမ်းအားက အဝိုင်းအဝန်းက မီတာနှစ်ဆယ်ကွက်တိဖြစ်သည်။ ထိုနှစ်ဆယ်တွင် ဆယ်မီတာအတွင်းသာ အတိအကျ ထိန်းချုပ်နိုင်သည်။ ထိုထက်ဝေးသွားလျှင် သူ့ထိန်းချုပ်နိုင်စွမ်း လျော့ပါးသွားသည်။
ကိုယ်ပွားရုပ်က သိပ်မမာ။ မိုးမခသစ်သားလိုသာဖြစ်သည်။
မိုးမခသစ်သားက သာမန်သစ်အမျိုးအစားမို့ ကိုယ်ပွားက သိပ်မခိုင်ခံ့တာများလား”
တကယ့်ဝိညာဉ်သစ်ပင်အစစ်ကို သူစမ်းကြည့်ချင်လာသည်။ သို့သော် အရင်က ဘာသစ်စေ့မှ မစုဆောင်းဖူးသဖြင့် လက်ထဲတွင် သင့်တော်သည့်သစ်စေ့မရှိ။
“အကိုလု၊ ဒီမက်မွန်စေ့ကို စမ်းကြည့်ပါ။ ဒါက သာမန်သစ်စေ့မဟုတ်ဘူး”
လုယန်အခက်အခဲကို နားလည်သဖြင့် ထောင်ယော်ယဲ့က သစ်စေ့တစ်စေ့ ပေးသည်။
လုယန်ကို သူသေချာစော့ကြည့်နေသည်။ အသစ်အဆန်းများ လျှို့ဝှက်ချက်များ လေ့လာရသည်ကို သူသဘောကျသည်။ ယခုလက်ရှိတွင် အထူးဆန်းဆုံးအရာက လုယန်ဖြစ်သည်။
“ဒါကတော့ နည်းနည်းများလွန်းပါတယ်။ ကျိုးဆောင်မှတ်ဘယ်လောက်ပေးရမလဲ။ ငါဝယ်ပါ့မယ်”
သူလျိုလုပ်နိုင်ရန်အတွက် နတ်ဆိုးဂိုဏ်းက ကျိုးဆောင်မှတ်များစွာ ပေးထားသည်။ ယခုထိ လုံးဝမသုံးရသေး။
“မလိုပါဘူး၊ ဒါက မြူကင်းတောင်ထိပ်က မက်မွန်ပင်ရဲ့ သစ်စေ့ပါ။ အလကားပေးတာပါ”
ထောင်ယော်ယဲ့စေတနာကို သိလိုက်သဖြင့် မက်မွန်ပင်ကို စိုက်ရန်ကြိုစားကြည့်သည်။
သစ်စေ့ကို မြေထဲမှုပ်သည်။ သစ်ပင်စိုက်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သို့သော် ဘာမှဖြစ်မလာ။
“မြေအောင်းပညာကို သုံးရဦးမှာများလား”
လုယန် စဉ်းစားသည်။ မိုးမခသစ်ပင်စိုက်စဉ်က ထိုပညာကို သုံးခဲ့သည်။
“ခြေချုံ့ပညာ”
လုယန် မြေထဲအောင်းသွားသည်။ သစ်ပင်စိုက်ကျင့်စဉ်ကို ဆောင်ရွက်သည်။ တကယ်အလုပ်ဖြစ်သည်။
သန်မာသည့် မက်မွန်ပင်တစ်ပင် ထောင်ယော်ယဲ့မျက်စိရှေ့တွင် ထိုးထွက်လာသည်။ သစ်ပင်ပေါ်တွင် လုယန်နှစ်ယောက်ပါလာသည်။ လုယန်အစစ်နှင့် သစ်သီးလုယန်ဖြစ်သည်။ သစ်သီးလုယန်၏ ပါးနှစ်ဘက်က ပန်းသွေးရောင်ပြေးနေသည်။
လုယန် မျက်ခုံးလှုပ်သွားသည်။
“ဒီမက်မွန်ပင်က အရောင်တွေတောင် ပါလာတာလား။ ဘာပဲဖြစ်ဖြစ်ပါလေ။ အလုပ်ဖြစ်ဖို့ အဓိကပဲ”
လုယန် သစ်သီးကိုယ်ပွားကို ထိန်းချုပ်၍ လှုပ်ရှားသည်။ စိတ်ထဲတွင် ဖြေတွေးတွေးလိုက်သည်။ သစ်သီးလုယန်၏ ခန္ဓာကိုယ်စွမ်းအား မတူတော့ကြောင်း သူကောင်းကောင်းခံစားမိသည်။ သူ့ကိုယ်ပိုင်ရုပ်ခန္ဓာ၏ ခုနစ်ဆယ်ရာနှုန်းလောက် အားကောင်းသည်။
ထိုမျှဆိုလျှင်ပင် အတော်အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။
စဉ်းစားကြည့်ပါ။ တိုက်ပွဲထဲရောက်လျှင် သစ်ပင်စိုက်နည်းဖြင့် နှစ်ကိုယ်ခွဲလိုက်မည်။ ကိုယ်ပွားက ပင်ကိုယ်ရုပ်ထက် ခုနစ်ဆယ်ရှစ်ဆယ်ရာနှုန်း စွမ်းအားရှိမည်။ မူလရုပ်နှင့် အခက်အခဲမရှိ ပူးပေါင်းဆောင်ရွက်နိုင်သည်။ သို့ဆိုလျှင် တိုက်ပွဲစွမ်းအား ချက်ချင်းတိုးပွားလာပြီး ရန်သူကို အငိုက်ဖမ်းနိုင်ပေလိမ့်မည်။
ထောင်ယော်ယဲ့လည်း ထိုအချက်ကို သတိထားမိသဖြင့် လုယန်ကို ပိုအထင်ကြီးသွားသည်။
နိယာမတစ်သောင်းသခင်စစ်သည် ပါရမီရှင်ဖြစ်သည်။ သို့သော် ရှေးလူတို့ချခဲ့သည့် ခြေရာအတိုင်းလိုက်ပြီး သစ်ပင်စိုက်ပညာကို လေ့ကျင့်ခဲ့ရုံသာဖြစ်သည်။ ဘာတီထွင်ဆန်းသစ်မှုမှ မလုပ်ခဲ့။ အကိုလုက ဤသစ်ပင်စိုက်ပညာကို တိုက်ပွဲသုံးပညာရပ်အဆင့်ထိ ပြောင်းလဲလေ့ကျင့်ခဲ့သည်။ တိုက်ခိုက်စွမ်းအားလည်း တကယ်တိုးလာမည်။
ထိုစဉ် လုယန်ကို လေထဲမှ ငြိမ်သက်စွာကြည့်နေခဲ့သည့် ဆဋ္ဌမအကြီးအကဲက လှည့်ထွက်သွားရန်ပြင်သည်။
အစက လုယန်တွင် ထောင်ယော်ယဲ့မဖြေနိုင်သည့် ကျင့်စဉ်ပညာပြဿနာမျိုးရှိနေသလားဟု သူတွေခဲ့သည်။ ထို့ကြောင့် အကြီးအကဲတစ်ယောက်အနေဖြင့် သူ့တာဝန်ကိုဖြည့်ဆည်း၍ ဖြေကြားပေးရန် ဆင်းလာသည်။
သို့သော် ယခုအခြေအနေအရ ရှောင်ယွမ်နေ့ရာကိုဝင်ယူ၍ စည်းဘောင်ကျော်ပြီး ဖြေကြားပေးခြင်းထက် ထွက်သွားခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု သူတွေးမိသည်။
“လုယန်ပါရမီက ဂိုဏ်းတစ်ခုတည်ထောင်ဖို့ လုံလောက်တယ်လို့ ရှောင်ယွမ် ပြောတယ်”
ထိုအချက်ကို ဆဋ္ဌမအကြီးအကဲ သံသယဝင်မိသည်။
လုယန် ပါရမီက တကယ်မြင့်ပါသည်။ သို့သော် သူသာ ဂိုဏ်းတည်ထောင်လျှင် သူ့တပည့်များ သူ့ဆီမှ သင်ယူနိုင်ပါမည်လော။
လုယန် ကျင့်ကြံမှုတွင် စိတ်နှစ်ထားသည်။ လူသစ်သီးကို ထိန်းချုပ်ရာတွင် ပိုကျွမ်းကျင်လာသည်။ ထောင်ယော်ယဲ့က ဘေးမှလေ့လာနေသည်။ သစ်ပင်စိုက်ပညာအကြောင်း ပို၍နက်ရှိုင်းစွာ နားလည်လာသည်။
မှန်သည်။ သာမန်သစ်ပင်စိုက်ပညာသာဖြစ်သည်။
ညနေမိုးချုပ်ချိန် ရောက်လာသည်။ မြူကင်းတောင်တွင် ဆက်နေဖို့ လုယန်ရှက်လာသည်။ ထို့ကြောင့် ထောင်ယော်ယဲ့ကို နှုတ်ဆက်၍ ပစ္စည်းတစ်ချို့ လဲလှယ်ရန် မစ်ရှင်ခန်းမသို့သွားသည်။ ထောင်ယော်ယဲ့၏သစ်စေ့များကို သူအမြဲသုံးနေ၍မဖြစ်။ အရန်တစ်ချို့တော့ ဝယ်ထားရမည်။
ထာဝရနတ်မယ်က ထိုကိစ္စကို စိတ်ပါလက်ပါ ထောက်ခံသည်။ သူလည်း စိတ်ကြိုက်ဈေးဝယ်ခွင့် ရသောကြောင့်ဖြစ်သည်။
လုယန်ထွက်သွားပြီးနောက် ထောင်ယော်ယဲ့အမူအရာ ပြောင်းလဲသွားသည်။ ပြင်းထန်သည့် ဖိအားတစ်ခုကို သူခံစားလိုက်ရသည်။
အန္တရာယ်။
စိတ်ပျက်လက်ပျက် သူနောက်လှည့်ကြည့်ပြီး သူ့ဆရာကို သိစိတ်အာရုံမှ လှမ်းပြောသည်။
“ဆရာ၊ နောက်ဆိုရင် ဆရာမလာခင် ကြိုပြီးအကြောင်းကြားလို့ရမလား။ ကျွန်မ အမြဲတမ်း အသက်အောင့်ထားဖို့ မလွယ်လို့ပါ”
အကြီးအကဲက ထောင်ယော်ယဲ့ကို စိတ်မကောင်းဟန်ဖြင့်ကြည့်သည်။
“မင်းရွှေသန္ဓေအဆင့် မရောက်သေးဘူးဆိုတာ ငါမေ့သွားလို့ပါ”
သူ့စိတ်ထဲတွင် သူ့တပည့်အားလုံး ရွှေသန္ဓေအဆင့်ဟု အလိုလို မှတ်ယူထားမိသည်။
ထောင်ယော်ယဲ့ - “...”
ဝဋ်လည်ခြင်းလား။
မနက်ပိုင်းက ကျင့်စဉ်အဆင့်နိမ့်သည့် အကိုလုကို သူစနောက်ခဲ့သည်။ ယခုညနေပိုင်းကျတော့ သူ့အလှည့်ရောက်လာသည်။
“မင်း လုယန်အပေါ်မှာ ခံစားချက်တွေရှိနေတာလား”
အကြီးအကဲက သူ့လာရင်းရည်ရွယ်ချက်ကို မမေ့။
ထောင်ယော်ယဲ့ပါးနှစ်ဘက် နီရဲသွားသည်။ သူသည် ဒဲ့တိုးသမားဖြစ်သော်လည်း ထိုကိစ္စမျိုး သူ့ဆရာနှင့် မဆွေးနွေးချင်။
“ဆရာဘာတွေပြောနေတာလဲ။ ကျွန်မနဲ့ အကိုလုရဲ့ပတ်သက်မှုက သာမန်ပါပဲ”
“ပြီးခဲ့တဲ့ရက်ပိုင်းက လုယန်ဘယ်လိုလူလဲဆိုပြီး ဟုန်ရှားက ငါ့ကိုလာမေးတယ်။ လုယန်က ထူးချွန်တဲ့ကလေးဆိုတာ သူသတင်းကြားလို့ သူ့တပည့်လန်ထင်နဲ့ လုယန်ကို မိတ်ဆက်ပေးချင်တာဖြစ်မယ်လို့ ငါယူဆတယ်။ ဒါကြောင့် မင်းသူ့အတွက် ခံစားချက်ရှိတယ်ဆိုရင် သတိထားသင့်တယ်။
သူ့မှန်းဆချက် မလွဲနိုင်ဟု အကြီးအကဲ ယုံကြည်သည်။
လော်ဟုန်ရှား၊ လသံလွင့်မသေမျိုးနန်းတော်၏ဂိုဏ်းချုပ်။
ထောင်ယော်ယဲ့ မျက်ခွန်လှန်ကြည့်သည်။ ဘာမှမပြော။
အချိန်ကြာမြင့်စွာ အသံတိတ် မျက်လုံးချင်းဆုံကြည့်နေသည့် ဆရာတပည့်နှစ်ယောက်ပုံစံက အကြောင်းမသိသူများအဖို့ အတော်ထူးဆန်းသလို ဖြစ်နေသည်။
သို့သော် တစ်ခြားအမြင်နှင့်သုံးသပ်လျှင် ဆရာတပည့်ကြား အပြန်အလှန်နားလည်မှုရှိခြင်းဟုလည်း ယူဆနိုင်သည်။ စကားမပြောဘဲ အားလုံးကို နားလည်သည့်သဘောဖြစ်သည်။
***************************************************