← Chapters

ပဲဝါဈေးဝယ်ခြင်း

Vol. 11 Ch. 154

ပဲဝါဈေးဝယ်ခြင်း

Vol. 11 Ch. 154

လုယန် မစ်ရှင်ခန်းမသို့ ရောက်လာချိန်တွင် ညမိုးချုပ်နေပြီဖြစ်သည်။ ကျယ်ပြန့်သည့်ခန်းမထဲတွင် လူနည်းနည်းသာရှိသည်။

လုယန် နားလည်သဘောက် သူ့အကိုအမများသည် ပုံမှန်လုပ်ငန်းများရှိသည်။ နေ့ခင်းဘက်တွင် မစ်ရှင်များ ကြိုးစားလုပ်သည်။ နတ်ဆိုးများ သတ်ဖြတ်သည်။ တော်ဝင်လမ်းကို ကာကွယ်သည်။ ညရောက်ချိန်တွင် ပျော်ပျော်ပါးပါးနေသည်။ ကျင့်ကြံသည်။ အနားယူသည်။

ပျော်ပျော်ပါးပါးနေသည်ဆိုသည်မှာ အပြင်လောကမှ လူများလို အစားအသောက်များ ခံစားခြင်းမဟုတ်။ နှစ်ယောက်ချင်း ဆုံတွေ့၍ ဂီတနှင့် လက်ဖက်ရည်များ ခံစားခြင်းဖြစ်သည်။ အနားယူချိန် ကျင့်ကြံချိန်ကို လျစ်လျူရှုမထား။

ထို့ကြောင့် ယခုလိုအချိန်မျိုးတွင် မစ်ရှင်ခန်းမသည် လူသိပ်မရှိတော့။

လုယန် ပစ္စည်းဖလှယ်သည့်စာရင်းကို ရှာကြည့်သည်။ အရည်အသွေးကောင်းပြီး ဈေးသိပ်မကြီးသည့် ဝိညာဉ်သစ်ပင်သစ်စေ့တစ်ချို့ ရွေးချယ်သည်။

“အမြဲစိမ်းသစ်ပင်၊ သလဲပင်၊ ပန်းသီးပင်...”

လုယန် သစ်စေ့များကို ရှာကြည့်သည်။ သိပ်မကျေနပ်သေး။ အရည်အသွေးနှင့် ဈေးနှုန်းက အဆင်ပြေသည်။ သို့သော် ထူးခြားလက္ခဏာမျိုးမရှိ။

“ဘာလို့ဈေးနှုန်းကို ကြည့်နေတာလဲ။ ငါ့ကျိုးဆောင်မှတ်တွေကို နင့်စိတ်ကြိုက်သုံးလို့ရတာပဲလေ”

ထာဝရနတ်မယ်က ခါးတိုင်းလိုပင် သဘောကောင်းသည်။ ကျိုးဆောင်မှတ်များကို သူစစ်ဆေးပြီးဖြစ်သည်။ ပစ္စည်းစာရင်းတန်ဖိုးနှင့် နှိုင်းယှဉ်ကြည့်သည်။ သူ့ကိုယ်သူ ယုံကြည်မှုရလာသည်။ စိတ်ဓာတ်တက်ကြွနေသည်။ ဤတာအိုလမ်းစဉ်ဂိုဏ်းသည် ဘာမှသိပ်မဟုတ်လှဟု တွေးနေသည်။

တစ်ခြားလူပိုင်သည့်အရာကို လုယန် မသုံးချင်။ အရူးများကိုအသုံးချသည့် စရိုက်မျိုးကလည်း သူနှင့်အဆင်မပြေ။

ထာဝရနတ်မယ်က ပါးနှစ်ဘက်ဖောင်း၍ လုယန်ကို စိုက်ကြည့်နေသည်။ သိစိတ်နယ်မြေတွင် လုယန်၏အတွေးတစ်ချို့ကို ခပ်ရေးရေးသူအာရုံခံနိုင်သည်။ ခုနက လုယန်သည် သူ့လို့မသေမျိုးကို မလေးမစားတွေးနေသည်။

လုယန် သစ်စေ့များ ဆက်ရွေးသည်။

“အုန်းပင်၊ ဒူးရင်းပင်၊ ဗောဓိပင်...ဗောဓိသစ်စေ့တွေက ကောင်းတယ်”

ဗောဓိပင်သည် ဗုဒ္ဓဘာသာတွင် အထွတ်အမြတ်ထားသည့်အရာဖြစ်သည်။ ဇာတ်လမ်းဒဏ္ဍာရီများစွာနှင့် ဆက်စပ်နေသည်။ သူ့ပါရမီနောက်ခံနှင့် အလွန်သင့်တော်သည်ဟု သူယူဆသည်။

“ကဲ မင်းတို့ကို ရွေးလိုက်ပြ။ ဗောဓိသစ်စေ့တွေ”

လုယန် ဗောဓိသစ်စေ့ ဆယ်ခုဝယ်သည်။

ထာဝရနတ်မယ်အလှည့်ရောက်လာသည်။ ပစ္စည်းမျိုးစုံ ရှိနေသဖြင့် သူ့မျက်လုံးများ အရောင်လက်နေသည်။ ဘာဝယ်ရမည်မသိတော့။

“စွမ်းအားပြန်ဖြည့်နိုင်တဲ့ ကောင်းကင်ပစ္စည်းနဲ့ မြေရတနာတစ်ချို့ ဝယ်ပါလား”

ထာဝရနတ်မယ် မူလစွမ်းအားပြန်ရလာလျှင် လုယန်အတွက် ကြီးမားသည့်အထောက်အကူဖြစ်လာမည်။ ယွမ်ကျိနှင့် ထာဝရနတ်မယ်တို့၏ ထောက်ပံ့မှုရလျှင် ကျင့်ကြံသူလောကကြီး သူ့ခြေဖဝါးအောက်သို့ ရောက်လာမည်။

ထာဝရနတ်မယ်က အလိုမကျသည့်လေသံဖြင့် ပြောသည်။

“နင်ဘာတွေလျှောက်ပြောနေတာလဲ။ ငါက မသေမျိုးလေ။ နင်နားလည်လား။ ငါက ကျင့်ကြံသူတွေထဲမှာ အမြင့်ဆုံးပါ။ ငါသုံးဖို့ ထိုက်တန်တဲ့ ကောင်းကင်ပစ္စည်းတွေ မြေရတနာတွေ ဒီလောကမှာ ဘယ်လောက်များများရှိမှာလဲ”

ထိုပစ္စည်းစာရင်းထဲတွင် သူ့စွမ်းအားကို ပြန်တိုးပွားစေနိုင်သည့်ပစ္စည်းမျိုးမရှိဟု ရည်ညွှန်းလိုခြင်းဖြစ်သည်။

“ဒါဆို အလှဆေးရည် နှစ်ပုလင်းလောက်ဝယ်ပါလား”

“ငါ့အလှက ထာဝရတည်တံ့နေတာ။ အပြစ်အနာအဆာမရှိဘူး။ ငါက အိုမသွားဘူး။ ငါက ဆယ့်ခြောက်နှစ်ပဲရှိသေးတာ။ ဘာလို့အလှဆေးရည်လိုမှာလဲ”

ထာဝရနတ်မယ် ချဲ့ကားပြောနေသည်ဟု လုယန်ထင်သည်။ ခန္ဓာကိုယ်ဖွံ့ထွားမှုမြန်သည့် ခြောက်နှစ်သမီးပါဟု ပြောလျှင်ပင် လုယန်ယုံကြည်မည်သာဖြစ်သည်။

ထို့ကြောင့် နတ်မယ်ကို ဘာအကြံမှထပ်မပေးတော့။

“ခင်ဗျားကြိုက်တာပဲရွေးပါ”

“ဒီကံစမ်းမဲပုံးလေးက မဆိုးလောက်ဘူး။ ကျိုးဆောင်မှတ် နှစ်ရာပဲကျမှာ။ ရှားပါးကျင့်စဉ်တို့၊ မှော်ပညာတို့၊ သက်တမ်းသန်းချီရှိတဲ့ ကောင်းကင်ရတနာ၊ မြေရတနာတွေ မဲပေါက်နိုင်တယ်”

လုယန် မျက်ခုံးလှုပ်သွားသည်။ ထိုစိတ်ကူးမျိုး ဘယ်လိုရလာသနည်း။

တစ်ခြားပစ္စည်းမျိုးဝယ်ဖို့ လုယန်ဖျောင်းဖျချင်သည်။ သို့သော် ထာဝရနတ်မယ် ပျော်ရွှင်နေပုံကိုကြည့်၍ အကျိုးမထူးနိုင်မှန်း သိလိုက်သည်။

“လုယန်၊ နင့်ခန္ဓာကိုယ်ကို ခဏငှားပါ။ ကံစမ်းမဲပုံးငါးဆယ်ဝယ်မယ်”

သူသည် ဝိညာဉ်တစ်ခုသာဖြစ်၍ တိုက်ရိုက်ဝယ်၍မရ။ လုယန်ခန္ဓဦကိုယ်ကို ယာယီငှားရမည်။

လုယန် သက်ပြင်းချလျက် ခန္ဓာကိုယ်ကို အသုံးပြုခွင့်ပေးလိုက်သည်။

ကျိုးဆောင်မှတ်တစ်သောင်း ကုန်သွားသည်ကို ထာဝရနတ်မယ် မျက်တောင်ပင်မခတ်။ လုယန်တို့သုံးယောက် နတ်ဆိုးဂိုဏ်းသူလျှိုလုပ်၍ ရခဲ့သည့် ကျိုးဆောင်မှတ်စုစုပေါင်းက ရှစ်ထောင့်ငါးရာဝန်းကျင်သာရှိသည်။

ထာဝရနတ်မယ်က ကံစမ်းမဲပုံးငါးဆယ်ကိုယူ၍ ခန်းမထောင့်တစ်နေရာသို့ လျှောက်သွားပြီးထိုင်သည်။ တစ်ခုချင်း ဖြေးညှင်းစွာဖွင့်သည်။

အမှန်တော့ သူ့မသေမျိုးအာရုံကို တစ်ဖြန့်လိုက်သည်နှင့် မဲပုံးအားလုံးကို သိနိုင်ပါသည်။ သို့သော် ထိုသို့လုပ်လျှင် စိတ်လှုပ်ရှားစရာမကောင်းဟု ယူဆသည်။ တစ်ခုချင်း ဖွင့်ကြည့်ချင်သည်။

“ဝက်ဝံရုပ်လေး၊ ခွေးရုပ်လေး၊ သကြားလုံး၊ သံအိုးကြီး...ဒါတွေက ဘာတွေလဲ။ တန်ဖိုးကြီးပစ္စည်းတွေလို့ ကြေငြာထားတာမဟုတ်လား”

ထာဝရနတ်မယ် သိပ်မကျေနပ်။ လှည့်စားခံရသည်ဟု ယူဆသည်။

လုယန်စိတ်ထဲတွေးနေသည်။ ထိုအဖြစ်မျိုး ကြုံလာမည်မှန်း သူသိပြီးဖြစ်သည်။

သို့သော် ထာဝရနတ်မယ်ကံကောင်းခြင်းလား မဲစီစဉ်သူ စာနာစိတ်ထား၍လားတော့မသိ။ ထာဝရနတ်မယ် ပစ္စည်းကောင်းတစ်ချို့ တကယ်ရလာသည်။

“ပြန်ရှင်သန်ခြင်းဆေးလုံး။ သေခါနီးတွင် ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်သွားမည်။ ထိုဆေးလုံးကိုစားလျှင် ဝိညာဉ်ကိုပြန်ခေါ်ပြီး အသက်ကယ်နိုင်သည်”

အသက်ကယ်ဆေးလုံးဖြစ်သည်။ သို့သော် လုယန်အတွက်ရော နတ်မယ်အတွက်ပါ ဘာမှသုံးမရ။

လုယန် သေခါနီးအဖြစ်ကြုံ၍ သူ့ဝိညာဉ်ခန္ဓာကိုယ်မှ ထွက်တော့မည်ဆိုလျှင် ထာဝရနတ်မယ်က သူ့ခြေထောက်ကို ပြန်ဆွဲ၍ ထိန်းထားနိုင်သည်။

ထာဝရနတ်မယ်သည်လည်း သေခါနီး ကုတင်ပေါ်လဲနေသည့်အဖြစ်မျိုး ကြုံနိုင်စရာအကြောင်းမရှိ။

“ဒါလေးတော့ တန်တယ်ပြောရမယ်။ သိမ်းထားကြတာပေါ့”

ထာဝရနတ်မယ်က လုယန်၏ကျောက်စိမ်းတံဆိပ်ထဲထည့်ဖို့ အလိုလိုကြိုးစားမိသည်။ သို့သော် ကျောက်စိမ်းတံဆိပ်က ဝိညာဉ်များကို ခွဲခြားနိုင်သည်။ ထာဝရနတ်မယ် သုံး၍မရ။

သူအတင်းဖွင့်မည်ဆို ဖွင့်နိုင်ပါသည်။ သို့သော် မလိုအပ်။ လုယန်ခန္ဓာကိုယ်ကို ပြန်ပေးပြီးမှ သိမ်းခိုင်းလိုက်ရုံသာဖြစ်သည်။

“အလောင်းဖျက်ဆေးမှုန့်၊ ဆေးမှုန့်ကို အလောင်းတစ်ခုပေါ် ပက်ဖြန်းပါ။ အလောင်းက ရေညစ်များအဖြစ် ပျော်ကျသွားလိမ့်မည်။ ရေဖြင့်ဆေးကြောလိုက်ပါ။ ထိုလူသည် ဤလောကတွင် နောက်ထပ် လုံးဝရှိတော့မည်မဟုတ်။

မှတ်ချက်။ ရွှေသန္ဓေအဆင့်နှင်အောက်မှ အလောင်းများကိုသာ ဖျက်ဆီးနိုင်သည်”

လုယန် မျက်ခုံးနည်းနည်းလှုပ်သွားသည်။ သူ့စိတ်သူ သတိပေးနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် လမ်းမှန်ဂိုဏ်းတစ်ခုဖြစ်သည်။ အလောင်းဖျက်ဆေးမှုန့်သည် ရန်သူများကို အနိုင်ယူပြီး လျှို့ဝှက်အန္တရာယ်များကို ရှင်းလင်းဖို့ဖြစ်သည်။ ရွေးစရာမရှိမှသာ သုံးမည်။

“တောင်တန်းနှင့်မြစ် စိတ်တွက်ချက်မှုဇယား။ ဤဇယားကိုနားလည်လျှင် သိစိတ်နယ်မြေကို ချဲ့ထွင်နိုင်သည်။ စိတ်စွမ်းအား တိုးမြှင့်နိုင်သည်။ - ရေးသားသူ၊ ကျိဟုန်ဝမ်”

ကျိဟုန်ဝမ်သည် စတုတ္ထအကြီးအကဲ၏တပည့် ပန်ချီကျွမ်းကျင်သည့် စာပေသမားဖြစ်သည်။ ယွမ်ကျိ၊ တိုင်ပုဖန်တို့နှင့် မျိုးဆက်တူဖြစ်သည်။

လုယန်မျက်လုံးများ အရောင်လက်လာသည်။ ဤအရာသည် ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ လက်ရှိ သူ့စိတ်စွမ်းအားက အခြေတည်အလတ်အဆင့်သို့ ရောက်နေသည်။ နောက်ထပ် တိုးလာလျှင် သိစိတ်နယ်မြေ ပေါက်ကွဲပျက်စီးနိင်သည်။ အခြေတည်နောက်ဆုံးအဆင့်ရောက်မှ သူ့စိတ်စွမ်းအားကို ထပ်တိုးမြှင့်နိုင်မည်။

ထာဝရနတ်မယ် လှောင်ပြုံးပြုံး၍ သူ့ရင်ဘတ်သူ လက်ဖြင့်ရိုက်သည်။

“ဘာလို့ ဒီတွက်ချက်ဇယားကို အချိန်ကုန်ခံပြီးသုံးနေမလဲ။ ဒါက အကျိုးမရှိဘူး။ အသုံးမဝင်ဘူး။ နင်အခြေတည်နောက်ဆုံးအဆင့်ကိုရောက်ရင် ငါ့ကိုပဲတွက်ချက်ခိုင်းပါ။ ငါက ပါရမီရှင်နတ်မယ်ပါ။ ငါချဲ့ထင်တဲ့ သိစိတ်နယ်မြေက ဘယ်ကမှန်းမသိတဲ့ တွက်ချက်မှုဇယားထက်တော့ ပိုကောင်းပါတယ်”

“နှုတ်ပိတ်ဆေးလုံး၊ ဆေးသောက်ပြီးလျှင် မည်မျှနှိပ်စက်၍ သို့မဟုတ် လှည့်စား၍ မေးမြန်သည်ဖြစ်စေ အမှန်ကု ဝန်ခံတော့မည်မဟုတ်”

“အော်တိုစာရေးမှော်စက်ဝန်း။ အကြီးအကဲများက ကျမ်းစာများ သို့မဟုတ် ကျင့်စဉ်နည်းများ ကူးရေးဖို့ ပြစ်ဒဏ်ပေးခံရလျှင် ဤမှော်စက်ဝန်းက လက်ရေးတုဖြင့် သင့်ကိုကူညီနိုင်သည်”

လုယန် သက်ပြင်းချသည်။

“ဒုက္ခသက်သာစေချင်လို့ ဒီမှော်စက်ဝန်းကို အကိုတွေအမတွေက တီထွင်ခဲ့တာဖြစ်မယ်”

“မဟုတ်သေးဘူး၊ နေဦး”

မူမမှန်သည့်အချက်ကို ထာဝရနတ်မယ် သတိထားမိသည်။

“ဒီအော်တိုစာရေးမှော်စက်ဝန်းဆိုတာ ထောင်ချောက်ပဲ။ အသုံးပြုလိုက်တာနဲ့ အကြီးအကဲတွေက ချက်ချင်းသိသွားမှာ”

လုယန် - “...”

ထိုသို့ဆိုလျှင် ထိုမှော်စက်ဝန်းကို မသမာသူများအား မျှားခေါ်ဖို့ ဂိုဏ်းအကြီးအကဲများက ဖန်တီးခဲ့ခြင်းဖြစ်မည်။

သူသိနေသည်။ ဤအကြီးအကဲများသည် အပေါ်ယံတွင် အပူပင်ကင်း၍ အေးချမ်းသည့်အမူအရာမျိုးရှိသည်။ သို့သော် ကလိမ်ကကျစ်ကျသည့်နေရာတွင် တစ်ယောက်မှညံ့ဖျင်းသည်မဟုတ်။

ကံစမ်းမဲပုံးများအားလုံ ဖွင့်ပြီးသွားသည်။ စုစုပေါင်း ကျိုးဆောင်မှတ်တစ်သောင်း ပလုံသွားသည်။ သို့သော် ထာဝရနတ်မယ်က အရေးမစိုက်။ အစောပိုင်းက မဲပေါက်ထားသည့် ဝက်ဝံရုပ်လေးနှင့် ခွေးရုပ်လေးကို အတော်သဘောကျနေသည်။ နောက်မှ သိစိတ်နယ်မြေတွင် အသက်သွင်းမည်ဟု တွေးနေသည်။

သိစိတ်နယ်မြေတွင် ဘာကိုမဆို သူအသက်သွင်းနိုင်သည်။

“ဘယ်လိုပစ္စည်းဝယ်ရင် စိတ်ဝင်စားစရာကောင်းမလဲ”

ကျိုးဆောင်မှတ်များစွာရထားသည့် ထာဝရနတ်မယ်က အားလုံးကို တစ်ခါတည်း သုံးပစ်ချင်နေသည်။

“ဒါပဲ၊ အဲဒါသုံးခုဝယ်မယ်”

ထာဝရနတ်မယ် ဆုံးဖြတ်ချက်ချလိုက်သည်။ ကူပွန်သုံးခု ဝယ်လိုက်သည်။ ထိုကူပွန်သုံးခုကြောင့် သူ့ကျိုးဆောင်မှတ်အားလုံးနီးပါး ကုန်သွားသည်။

လုယန် မကောင်းသည့်နိမိတ်ကို ခံစားနေရသည်။ ဘယ်လိုကူပွန်မျိုးမို့ ထိုမျှဈေးကြီးနေသနည်း။ ကူပွန်သုံးခုကို သေချာစစ်ဆေးကြည့်လိုက်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်။

***********************************************

All Chapters