← Chapters

ထာဝရနတ်မယ်၏မနောမယရွှေလက်ညှိုး

Vol. 11 Ch. 158

ထာဝရနတ်မယ်၏မနောမယရွှေလက်ညှိုး

Vol. 11 Ch. 158

ဓာတ်ငါးမျိုးဂိုဏ်းရှုံးသွားသည်မှာ တရားမျှတမှုမရှိဟု ထာဝရနတ်မယ် ယူဆသည်။ ယွမ်ကျိဘယ်အဆင့်အတန်းရှိမှန်း သူသေချာသိနေသည်။

သူ့စွမ်းအားအပြည့် ပြန်ရလာလျှင် ယွမ်ကျိသည် သူ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမီလောက်သည်။ ယှဉ်ပြိုင်တိုက်ခိုက်လျှင် အနိုင်အရှုံး ငါးဆယ်-ငါးဆယ်အနေအထားပင် ရှိနိုင်သည်။

ယွမ်ကျိလိုလူကို ဓာတ်ငါးမျိုးဂိုဏ်းအား တိုက်ခိုက်ခိုင်းခြင်းသည် ကလေးကို အနိုင်ကျင့်ခိုင်းသလိုသာဖြစ်သည်။ ဓာတ်ငါးမျိုးဂိုဏ်း အခဲမကျေသည်မှာ အံ့ဩစရာမရှိ။

မသေမျိုးနတ်မယ်ကို ကြွားလုံးထုတ်ပါနဲ့တော့ဟု လုယန်ပြောလိုက်ချင်သည်။ ယင်ထန်မသေမျိုးနဲ့ ကိုးဆမသေမျိုးသည်လည်း နတ်မယ်နှင့် ပြိုင်ဘက်ဖြစ်ထိုက်ကြပါသည်။ အကယ်၍ နတ်မယ်သာ လေကြီးသလောက် စွမ်းအားကြီးမည်ဆိုလျှင် မသေမျိုးငါးယောက်တွင် ဘာကြောင့်ပထမဆုံးသေခဲ့သနည်း။

ထာဝရနတ်မယ်က ဂိုဏ်းချုပ်လုပ်ရသည့်အဖြစ်ကို ပျော်ရွှင်နေသဖြင့် သိစိတ်နယ်မြေမှ လုယန်၏အမူအရာကို သတိမထားမိ။

အားလုံး၏စိတ်ကို ပြေလျော့စေရန် သူကြိုးစားသည်။

"မသေမျိုးဂိုဏ်းငါးဂိုဏ်းဟာ အချင်းချင်း ခြေနဲ့လက်လို ရင်းနှီးတယ်လို့ပြောပြတယ်။ ဓာတ်ငါးမျိုးဂိုဏ်းကို ဒီလိုဆက်ဆံဖို့တော့ မသင့်တော်ပါဘူး"

ဒုတိယအကြီးအကဲက လှောင်ပြုံးပြုံးသည်။

"ဟုတ်တယ်၊ ငါတို့က လက်လေ။ ဓာတ်ငါးမျိုးဂိုဏ်းက ခြေထောက်ပါ။ လက်နဲ့ခြေ ဘယ်တော့မှ မအပ်စပ်ဘူး။ ဘာလို့ရင်းနှီးတယ်လို့ ခေါ်နိုင်မှာလဲ"

ထာဝရနတ်မယ်က ဆဋ္ဌမအကြီးအကဲဖုန်ယာကို တီးတိုးကပ်မေးလိုက်သည်။

"ဒုအကြီးအကဲက ဓာတ်ငါးမျိုးဂိုဏ်းနဲ့ ပြဿနာတစ်ခုခုဖြစ်ဖူးလား"

ဖုန်ယာက ဝိညာဉ်ပုံရိပ်အဖြစ် ရှိနေခြင်းဖြစ်၍ အသက်ရှူစရာမလို။ သိစိတ်အာရုံဖြင့် ဆက်သွယ်စရာမလို။

သူခဏစဉ်းစားသည်။ ထိုကိစ္စသည် မဆွေးနွေးသင့်သော်လည်း ယာယီဂိုဏ်းချုပ်ကို ဖုံးကွယ်ထားစရာအကြောင်းမရှိဟု သူယူဆသည်။ ထို့ကြောင့်

"ဒုတိယအကြီးအကဲ ငယ်ငယ်တုန်းက ရှန်ကွမ်ယုဆိုတဲ့ မိန်းကလေးတစ်ယောက်ကို သဘောကျလို့ ချစ်ခွင့်ပန်ဖူးတယ်။ ဒါပေမယ့် ချက်ချင်းငြင်းပယ်ခံရတယ်။ ပြီးတော့ ဒုအကြီးအကဲက ရှန်ကွမ်ယုနဲ့ ချိုးကျင်အန်းတို့ ရင်းရင်းနှီးနှီး စကားပြောနေတာလည်း တွေ့သွားတယ်။ တစ်သက်တာအဖော်မွန်တွေလိုမျိုးပဲတဲ့"

ချိုးကျင်အန်းသည် လက်ရှိဓာတ်ငါးမျိုးဂိုဏ်းချုပ်ဖြစ်သည်။

"အဲဒီကတည်းက ဒုဂိုဏ်းချုပ် ဓာတ်ငါးမျိုးဂိုဏ်းကို အမြင်မကြည်တော့တာပဲ"

ထာဝရနတ်မယ် မျက်မှောင်ကျုံ့သည်။ ထိုကိစ္စမျိုးသည် ဖြေရှင်းရခက်ကြောင်း သူနားလည်သည်။

ချောင်းတစ်ချက်ဟန့်၍ သူဆက်ပြောသည်။

"ဘာပဲပြောပြော ကျုပ်တို့က အိမ်ရှင်တွေ့ပါ။ ဓာတ်ငါးမျိုးဂိုဏ်းက ကျုပ်တို့ဧည့်သည်ပါ။ သူတို့နဲ့ဆက်ဆံတဲ့အခါ လိုအပ်တဲ့ဧည့်ကျေမှုမျိုး အစီအစဉ်မျိုးတော့ ထိန်းသိမ်းထားသင့်တယ်။ ရိုးရှင်းတဲ့ပွဲအစီအစဉ်တစ်ခု ကျုပ်ရေးထားတယ်။ အကြီးအကဲတွေ ပူးပေါင်းပေးဖို့ လိုပါမယ်။

ဧည့်ခံပွဲကို သိုင်းလေ့ကျင့်ကွင်းမှာ ကျင်းပမယ်။ နေရာလည်းကျယ်တယ်။ ကျုပ်တို့တောင်ထိပ်နဲ့လည်း နီးတယ်"

တာအိုလမ်းစဉ်ဂိုဏ်း အတွင်းပိုင်းနယ်မြေကို တောင်ထိပ်ကိုးခုဖြင့် ဖွဲ့စည်းထားသည်။ ဂိုဏ်းချုပ်က တောင်ထိပ်တစ်ခု။ အကြီးအကဲရှစ်ယောက်က ရှစ်ခုဖြစ်သည်။ ကြာပွင့်ပုံစံဖြင့် ရှိနေသည်။ အလယ်ဗဟိုသည် အစည်ကားဆုံး အတက်ကြွဆုံးဖြစ်သည်။ ဈေးတန်းများ၊ စာအုပ်ဆိုင်များ၊ အထည်ဆိုင်များ၊ အနားယူအပန်းဖြေရာ ဆိုင်ကြီးများ၊ စမ်းသပ်ကွင်းများ၊ ရုပ်ခန္ဓာလေ့ကျင့်သည့် ရုပ်သေးကွင်းများရှိသည်။ ထိုအထဲတွင် သိုင်းလေ့ကျင့်ကွင်းသည် နေရာအကျယ်ဆုံးဖြစ်သည်။

ဂိုဏ်းတပည့်များ သိုင်ယှဉ်ပြိုင်သည့်နေရာဖြစ်သည်။ သီးခြားတည်ဆောက်ထားသည့်နေရာဖြစ်သည်။ ခိုင်ခံ့သည်။ ဖျက်ဆီးရန် ခဲယဉ်းသည်။ ယှဉ်ပြိုင်တိုက်ခိုက်မှုများဒဏ်ကို ခံနိုင်ရည်ရှိစေရန် မှော်စက်ဝန်းများ အလွှာလိုက်ကာရန်ထားသည်။ ပျက်စီးလျှင် ကိုယ့်ဘာသာပြုပြင်သည့် အစွမ်းမျိုးရှိသည်။ ဘေးကြည့်သူများအပေါ်လည်း သက်ရောက်မှုမရှိ။ ပြည့်စုံသည့် ကွင်းပြင်ဖြစ်သည်။

"စတုတ္ထအကြီးအကဲ၊ ခင်ဗျားက စေ့စပ်သေချာပြီး မှော်စက်ဝန်းတွေကို နားလည်တယ်။ သိုင်းပြိုင်ကွင်းနေရာမှာ ဟာကွက်တွေ အားနည်းချက်တွေ ရှိမရှိနဲ့ ပြင်းထန်တဲ့သက်ရောက်မှုတွေ ဆက်တိုက်ရိုက်ခတ်တာကို ခံနိုင်ရှိမလား စစ်ဆေးပေးလို့ရမလား"

"ကောင်းပါပြီ"

"နှစ်ဘက်မိန့်ခွန်းတွေ အဆုံးသတ်တဲ့အချိန်ဟာ မွန်းတည့်ချိန်လောက်ဖြစ်မယ်။ စားသောက်ဖို့ အချိန်ကောင်းပဲ။ မသေမျိုးတစ်ယောက်ရဲ့ ဟင်းချက်နည်းကျမ်းတစ်ခု ကျုပ်တွေ့ထားတယ်။ အစားအသောက်ပြင်ဆင်တဲ့နည်းလမ်းတွေကို မှတ်တမ်းတင်ထားတယ်။ ဒီလောကမှာ တကယ်ရှားပါးတဲ့စာအုပ်ပါ။ ဒါကိုအသုံးချပြီး ဓာတ်ငါးမျိုးဂိုဏ်းရှေ့မှာ မျက်နှာကောင်းရအောင် ကျုပ်လုပ်မယ်"

ထာဝရနတ်မယ်က ဟင်းချက်တာဝန်ကို ကိုယ့်ဘာသာယူသည်။

"ပြီးရင် ယှဉ်ပြိုင်တဲ့အပိုင်းလာမယ်။ ကျင့်စဉ်အဆင့်ပေါ်မူတည်ပြီး ပြိုင်ပွဲလေးမျိုးခွဲမယ်လို့ စီစဉ်ထားတယ်။ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်ပေါ့။

...မဟာအကြီးအကဲ၊ ဓာတ်ငါးမျိုးဂိုဏ်းလာလည်ချိန်မှာ စားသောက်ဆိုင်လို တည်းခိုခန်းလိုနေရာတွေက လူစည်လိမ့်မယ်။ တမင်တကာဈေးမြှင့်ရောင်းတာမျိုးတွေ ရှိနိုင်တယ်။ အဲလိုမဖြစ်အောင် အဲလိုနေရာတွေမှာကင်းလှည့်ဖို့ လူစီစဉ်ပေးပါ။

ပြီးတော့ တစ်ချို့ဂိုဏ်းတပည့်တွေက လောင်းကစားခုံမင်တယ်။ ပွဲတော့ရက်မှာ မှောင်ခိုလောင်းကစားဝိုင်းတွေ လုပ်နိုင်တယ်။ မဟာအကြီးအကဲက ဒီကိစ္စကိုလည်း ဂရုစိုက်ပေးရမယ်။ အဲလိုနေရာတွေကို လိုအပ်သလိုပိတ်ချပြီး အရေးယူပါ။

တတိယအကြီးအကဲ၊...လူတွေအများကြီး စုပြုံနေမယ့်အချိန်ဆိုတော့ ပြဿနာဖြစ်ကြမှာမလွဲဘူး။ သိုင်းပြိုင်ကွင်းမှာ အစီအစဉ်တကျထိန်းနိုင်အောင် တပည့်တွေစီစဉ်ပေးပါ။

ပဉ္စမအကြီးအကဲ၊ ..ခင်ဗျားက သိုင်းပြိုင်ကွင်းက အဖြစ်အပျက်တွေကို လူတိုင်းကြည့်လို့ရနိုင်အောင် ကျောက်ဖန်သားပြင်လေးခု စီမံပါ"

အကြီးအကဲများ ခေါင်းငြိမ့်ကြသည်။ ထာဝရနတ်မယ်၏ အစီအစဉ်များက စေ့စပ်သေချာသည်ဟု ယူဆကြသည်။

တစ်ညလုံးအစီအစဉ်ဆွဲခဲ့သဖြင့် တာဝန်ကောင်းစွာ ခွဲဝေပေးနိုင်သည်။ အဓိကအချက်က လုယန်ကို အကူအညီပေးချင်‌အောင် ဖျောင်းဖျနိုင်ခဲ့၍ဖြစ်သည်။

လုယန်က မတတ်သာသဖြင့် ယာယီဂိုဏ်းချုပ်၏ ဦးနှောက်အပိုအဖြစ် အလုပ်လုပ်ရသည်။ လိုအပ်သလို အကြံဉာဏ်များပေးရသည်။

သူသည် ပဲဝါ၏ မနောမယရွှေလက်ညှိုးဖြစ်သည်။ အရေးကြီးသည့်အချိန်တွင် အကူအညီများပေးသည်။

ထာဝရအကြီးအကဲ တာဝန်ဆက်ခွဲပေးသည်။

"သတ္တမအကြီးအကဲ၊ ခင်ဗျားက ဆေးလုံးတစ်ချို့ များများပြင်ဆင်ထားပါ။ အသက်ကယ်ဆေးလုံး၊ အနာကျက်ဆေးလုံးနဲ့ အဆိပ်ပြေဆေးလုံးတွေပေါ့'

သတ္တမအကြီးအကဲ တွေးတွေးဆဆဟန်ဖြင့် ခေါင်းငြိမ့်သည်။

"ဆေးလုံးပြင်ဆင်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဂိုဏ်းတပည့်တွေက ယှဉ်ပြိုင်တဲ့အခါ အထိန်းအကွပ်နဲ့ တိုက်ခိုက်ကြမှာလေ။ အသေတိုက်ခိုက်မှာမှမဟုတ်တာ။ ဒီဆေးလုံးတွေ လိုမယ်မထင်ပါဘူး"

ထာဝရနတ်မယ် ခဏစဉ်းစးပြီးနောက် သိစိနယ်မြေမှလုယန်ကို မေးသည်။

"နင်ဘာလို့ ဒီဆေးလုံးတွေပြင်ဆင်ခိုင်းတာလဲ"

"အစာအဆိပ်သင့်မှာစိုးရိမ်လို့ပါ"

"ဪ.."

ထို့နောက် သိစိတ်နယ်မြေမှထွက်၍ သတ္တမအကြီးအကဲကို ပြန်ပြောသည်။

"အစာအဆိပ်သင့်...အဲ...နေပါဦး"

အခြေအနေကို သဘောပေါက်သွားသဖြင့် သိစိတ်နယ်မြေမှလုယန်ကို သူစိုက်ကြည့်သည်။ လုယန်က ရိုးရိုးသားသား ပုခုံးတွန့်ပြသည်။

"တပည့်တွေကြားက ယှဉ်ပြိုင်တာတွေပြီးသွားရင် အစီအစဉ်အရ၊ ထာဝရဂိုဏ်းက လျှပ်တပြက်လှုပ်ရှားတိုက်ခိုက်လိမ့်မယ်"

အကြီးအကဲများ အံ့အားသင့်သွားကြသည်။ "အစီအစဉ်အရ"ဟူသည့်စကားကို သတို့နားမည်ကြ။ ယာယီဂိုဏ်းချုပ်ကိုယ်တိုင် စီစဉ်ထားသလို ဖြစ်နေသည်။

ထာဝရနတ်မယ်က အလေးအနက်ရှင်းပြသည်။

"ထာဝရဂိုဏ်းထဲမှာ သူလျိုတစ်ယောက်ထည့်ထားတယ်။ ရာထူးမြင့်မြင့်ထဲပါ။ သူက ထာဝရဂိုဏ်းရဲ့အစီအစဉ်တစ်ချို့ကို သိထားတယ်"

လုယန် စဉ်းစားသည်။ ထိုသူလျိုသည် တကယ်ရာထူးမြင့်မြင့်ထိ စိမ့်ဝင်နိုင်ခဲ့သည်။

"ခိုင်မာတဲ့ သတင်းအချက်အလက်တွေအရ ဒီတစ်ခါလှုပ်ရှားမှာက ထာဝရဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နှစ်ယောက်နဲ့ ဂိုဏ်းကြီးအကဲငါးယောက်ပဲ"

ထာဝရဂိုဏ်းဒုဂိုဏ်းချုပ်များသည် စုစည်းခြင်းအဆင့်ဖြစ်သည်။ သို့သော် မသေမျိးရတနာမရှိလျှင် တာအိုလမ်းစဉ်ဂိုဏ်းကို ခြိမ်းခြောက်နိုင်မည်မဟုတ်။

တာအိုလမ်းစဉ်ဂိုဏ်း၏ စုစည်းခြင်းအဆင့်များသည် ဂိုဏ်းချုပ်နှင့် အကြီးအကဲရှစ်ယောက်သာမဟုတ်။ ထိုကိုးယောက်က သူတို့မျိုးဆက်ဂိုဏ်းဝင်အားလုံးထဲမှ အထူးချွန်ဆုံးလူများဖြစ်သည်။ ထိုမျိုးဆက်တွင် လူကိုးယောက်သာရှိသည်မဟုတ်။

တစ်ခြားလူများက မစ်ရှင်ထွက်နေသည်။ ဂိုဏ်းနယ်မြေတွင် ရတနာစောင့်ကြပ်နေသည်။ အလုပ်မလုပ်လို၍ တံခါးပိတ်ကျင့်နေသည်။ လူရှေ့သူရှေ့ ထွက်ပေါ်လေ့သိပ်မရှိ။

"အချိန်ရောက်ရင် ထာဝရဂိုဏ်းကလူတွေရဲ့ လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ လူတွေစီစဉ်ပေးမယ်။ တစ်ယောက်ယောက်က "တိုက်"လို့ ပြောတာနဲ့ ကျုပ်တို့အားလုံး ပြိုင်တူလှုပ်ရှားမယ်။ ထာဝရဂိုဏ်းသားတွေကို ဖမ်းမယ်။ အရမ်းကြမ်းကြမ်းတမ်းတမ်းကြီးတော့မလုပ်နဲ့။ ဖြစ်နိုင်ရင် အရှင်ဖမ်းစေချင်တယ်"

ထာဝရနတ်မယ် အစည်းအဝေးကို နိဂုံးချုပ်လိုက်သည်။

.........

အကြီးအကဲများ ကျရာတာဝန်ကိုယ်စီထမ်းဆောင်ရန် ထွက်သွားကြသည်။ လုယန်က ပွဲတော်ကျင်းပမည့်အစီအစဉ်ကိုကိုင်၍ ဂိုဏ်းမှထွက်ပြီး ထန်ယွမ်ရှန်းကို နောက်တ်စကြိမ်သွားတွေ့သည်။

"ဂိုဏ်းအုပ်၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ပွဲတော်အစီအစဉ်ကို ယူလာပါပြီ။ ဒါတွေက အများသိအချက်အလက်တွေပါ။ အလွယ်တကူ ရခဲ့ပါတယ်"

ထန်ယွမ်ရှန်း အတော်ပျော်သွားသည်။ သို့သော် ပွဲအစီအစဉ်ကိုဖတ်ကြည့်ပြီးနောက် သူတွေးရခက်သွားသည်။

"ဘာလို ဒီအစီအစဉ်တွေက ငါထင်ထားတာနဲ့ကွက်တိဖြစ်နေတာလဲ"

"အဲဒါ ဂိုဏ်းအုပ်ကြီးရဲ့ တွက်ချက်ကြံဆမှု တိကျလို့ပေါ့"

ထန်ယွမ်ရှန်း သိပ်မတွေးတော့။ တိုက်ဆိုင်မှုဟုသာ တွေးလိုက်သည်။

လုယန် ဆက်ပြောသည်။

"လှုပ်ရှားတဲ့အချိန်ကျရင် အချက်ပြတာတစ်ခုခုတော့ ရှိသင့်တယ်ထင်တယ်။ ဥပမာ ဒုဂိုဏ်းချုပ်က "တိုက်"လို့ အော်လိုက်တာမျိုးပေါ့။ ဒါဆို အားလုံးပြိုင်တူ လှုပ်ရှားဖြစ်မယ်။ ထာဝရဂိုဏ်းကို အငိုက်ဖမ်းလို့ရတယ်"

ထန်ယွမ်ရှန်း ခေါင်းငြိမ့်သည်။ လုယန်အကြံကု သဘောတူသည်။

***************************************************

All Chapters