← Chapters

မေးခွန်းတု‌ရောင်းခဲ့သည့်လူ

Vol. 11 Ch. 159

မေးခွန်းတု‌ရောင်းခဲ့သည့်လူ

Vol. 11 Ch. 159

ဂိုဏ်းသို့ရောက်သည်နှင့် ထာဝရနတ်မယ်က လုယန်ခန္ဓာကိုယ်ကို ပြန်လွှဲယူ၍ ဂိုဏ်းကိစ္စများကို စီမံသည်။

ဂိုဏ်းတွင် တစ်နေ့တာဖြေရှင်းစရာကိစ္စ များစွာရှိသည်။ ဓာတ်ငါးမျိုးဂိုဏ်းလာလည်မည့်ကိစ္စက အရေးပါ၍သာ ဦးစားပေးထားရသည်။ ယခု တာဝန်ခွဲပေးပြီးဖြစ်၍ ပုံမှန်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရမည့်အချိန် ရောက်လာသည်။

ထာဝရနတ်မယ် ဂိုဏ်းချုပ်ထိုင်ခုံတွင်ထိုင်ရသည်ကို အတော်ကျေနပ်နေသည်။

"ဒီနေ့ ငါဆုံးဖြတ်ပေးရမယ့်ကိစ္စတွေ ဘာများရှိလဲ"

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ စည်းမရှိကမ်းမရှိ ဂူသင်္ချိုင်းတည်ဆောက်တဲ့အကျင့်ကို ရှားနိုင်ငံက အပြင်းအထန် ပြစ်တင်ဝေဖန်ထားတယ်။ မဟာအကြီးအကဲက ဂိုဏ်းနယ်မြေအပြင်ဘက်မှ ဂူသင်္ချိုင်းတွေ အထပ်ထပ်တည်ဆောက်တယ်။ ဒါကြောင့် ရှားနိုင်ငံရဲ့ ရှေးဟောင်းသုတေသနလုပ်ငန်းတွေမှာ အနှောက်အယှက်ဖြစ်တယ်"

အဖြစ်အပျက်ကို အသေးစိတ်ပူးတွဲတင်ပြထားသည်။ လူတစ်ယောက် ဂူသင်္ချိုင်းတစ်ခု အမှတ်မထင်တွေ့သည်။ တော်ဝင်နန်းတော်က လူလွှတ်စုံစမ်းသည်။ ဂူသင်္ချိုင်းပုံစံက ရှေးဆန်သည်ဟု ယူဆသည်။ မဟာယုနိုင်ငံခေတ် စုစည်းခြင်းအဆင့်တစ်ယောက် တည်ဆောက်သည့်လက်ရာနှင့် ဆင်တူသည်။

ထိုဂူသင်္ချိုင်းကို တူးဖော်မှုဆက်လုပ်ကြသည်။ တွေ့ရသည့်အရာများကြောင့် ယုနိုင်ငံအကြောင်း ပိုနားလည်လာကြသည်။ ထူးခြားထင်ရှားသည့် တွေ့ရှိချက်ဖြစ်သည်။

အချိန်ကြာမြင့်စွာ တူးဖော်ပြီးနောက် ခေါင်းတလားကိုတွေ့သည်။ ခေါင်းတလားထဲတွင် တာအိုလမ်းစဉ်ဂိုဏ်း၏ မဟာအကြီးအကဲ အိပ်နေသည်ကိုတွေ့သည်။

ယုနိုင်ငံခေတ်လက်ရာကိုတုပ၍ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ခဲ့သည့်အတွက် တော်ဝင်ရုံးတောမှ လူအားအချိန်အား များစွာကုန်ခမ်းခဲ့သည်။ ရှားနိုင်ငံဘုရင် ဒေါသထွက်လုနီးပါးအဆင့် ရောက်ခဲ့သည်။

"ဆေးစိုက်ခင်းက တီကောင်လင်မယား သူတို့ကိုယ်သူတို့ နှစ်ပိုင်းစီခွဲလိုက်တယ်။ တီလေးကောင်ဖြစ်လာတယ်။ အရင်ကဆက်ဆံရေးအတိုင်း မရှိတော့ဘူး။ လေးကောင်လုံး လင်ကြီးလင်ငယ်၊ မယားကြီးမယားငယ်တွေအဖြစ် ဆေးစိုက်ခင်းမှာ တစ်ပြိုင်တည်း ခမ်းခမ်းနားနား မင်္ဂလာဆောင်ချင်ကြတယ်တဲ့လား"

"ဟူး..."

ထာဝရနတ်မယ် ထိုင်ခုံတွင် နောက်ပြန်လှဲလိုက်သည်။ တီကောင်မျိုးနွယ်က အမြဲတမ်းထိုသို့ စွန့်စွန့်စားစားလုပ်တတ်ကြသည်လားမသိ။

ထိုမျှထူးဆန်းသည့် လုပ်ရပ်မျိုး ‌တီကောင်မျိုးနွယ်တွင်ရှိသည်ဟု ရှေးဟောင်းခေတ်က မကြားခဲ့ဖူး

တီကောင်ကိစ္စကို ခဏဘေးဖယ်ထား၍ တစ်ခြားကိစ္စများကို စစ်ဆေးကြည့်သည်။

"မျက်လုံးပြာကျွဲမျိုးနွယ်က အဆိုတင်သွင်းထားတယ်။ အန္တရာယ်များတဲ့ခေတ်မှာ အိမ်လာလည်တဲ့ဧည့်သည်တောင် လူဆိုးဖြစ်နိုင်တယ်။ အရေးကြုံရင် အန္တရာယ်ကူရှင်းပေးနိုင်အောင် "တတိယအကြီးအကဲစွမ်းအား"ဆေးလုံးကို ဖော်စပ်ပြီး တတိယအကြီးအကဲကို ဆင့်ခေါ်ချင်ကြတယ်"

နောက်ထပ်ကိစ္စတစ်ခုပြောင်းကြည့်သည်။

"တပည့်တစ်စုက တတိယအကြီးအကဲရဲ့ အပြုအမူကိုထိန်းချုပ်ဖို့ အကြံပြုထားတယ်။ တောင်ကုန်းတွေဟာ ပိုင်ရှင်ရှိတယ်။ လေ့ကျင့်ဖို့အတွက်နဲ့ စိတ်ထင်ရာလျှောက်မရွှေ့ပစ်သင့်ဘူး"

လုယန် ထိုအကြောင်းကြားဖူးသည်။ တတိယအကြီးအကဲ တောင်များကိုရွှေ့၍ ည် ခန္ဓာကိုယ်လေ့ကျင့်ရသည်ကိုကြိုက်သည်။ တောင်များကိုရွှေ့ရုံဆိုလျှင် ကိစ္စမရှိ။ ပြဿနာက ဘယ်တောင် ဘယ်နေရာတွင်ရှိခဲ့သည်ကို တတိယအကြီးအကဲ မမှတ်မိခြင်းဖြစ်သည်။ ထို့ကြောင့် မစ်ရှင်ပြန်လာသည့် ဂိုဏ်းတပည့်များ သူတို့နေရာပျောက်နေသည်ကို မကြာခဏကြုံကြရသည်။

"အား..ဆေးအိုးတောင်ထိပ်က ရေရှည်ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုတွေ့ထားတယ်ဆိုပဲ"

ရတနာတစ်ခုမြင်ရသလို ထာဝရနတ်မယ် စိတ်လှုပ်ရှားသွားသည်။

ဆေးအိုးတောင်ထိပ်သည် ထိုမျှတီထွင်ဖန်တီးအားကောင်းမည်ဟု ထင်မထား။ ရှေးခေတ်က စွမ်းအားမြင့်ကျင့်ကြံသူများသာ အကွာအဝေးကိုစဉ်းစားစရာမလိုဘဲ ဆက်သွယ်နိုင်ကြသည်။ ယခု ဆေးအိုးတောင်က ထိုနည်းလမ်းကို အများသုံးအဖြစ် ထုတ်လုပ်နိုင်ပုံရသည်။

နည်းလမ်းတစ်ခု သူတို့အဆိုပြုတင်သွင်းထားသည်။

"ပထမဆုံး လရောင်ဆမ်းအချစ်နာဆေးရည်နှစ်ခုဖော်စပ်ပါ"

ဂျင်ဆင်းဘုရင် အကျဉ်းချုပ်ပြောပြခဲ့သည့် အချစ်နာမြက်အကြောင်း လုယန်ပြန်သတိရလာသည်။ လရောင်ဆန်းအချစ်နာဆေးရည်သည် ချစ်သူနှစ်ယောက်ကို အချိန်နေရာမရွေး ဆက်သွယ်နိုင်စေသည်ဟုဆိုသည်။

"ပြီးရင်၊ လူနှစ်ယောက်ကို ချစ်ကျွမ်းဝင်စေတဲ့ ရင်ကွဲနာဆေးလုံးနှစ်လုံးဖော်စပ်ပါ။ ရင်ကွဲနာဆေးနဲ့ လရောင်ဆမ်းအချစ်နာဆေးရည်ကို သောက်လိုက်ရင် နေရာမရွေး သူတို့ဆက်သွယ်နိုင်ပါပြီ။

ဆက်သွယ်ပြီးတဲ့အချိန်သောက်ဖို့ "မေ့ပျောက်ရေစင်"ကို ဆေးအိုးတောင်ထိပ်က ကြိုတင်စီစဉ်ထားပါတယ်။ သောက်လိုက်တာနဲ့ ရင်ကွဲနာဆေးရဲ့အာနိသင် ပျက်ပြယ်သွားပါလိမ့်မယ်"

ထာဝရနတ်မယ် - "..."

လုယန် - "...တော်လိုက်တာ"

ဆေးအိုးတောင်ထိပ်ကို ဆေးပညာလောကမှ အသိအမှတ်မပြုကြသည့် အကြောင်းရင်းမှာ ယခုလုလက်လွတ်စပယ်နိုင်လွန်းသည့် သုတေသနနည်းလမ်းများကြောင့်ဖြစ်သည်။ ဘယ်သူမဆို အသိအမှတ်ပြုဖို့ ခဲယဉ်းပေလိမ့်မည်။

ဂိုဏ်းပြဿနာအားလုံးကို ထာဝရနတ်မယ်က တသမတ်တည်းသာ တုံ့ပြန်သည်။

"သိပါပြီ"

"ဒါဆို ဖြေရှင်းဖို့ကရော"

လုယန် မေးလိုက်သည်။

"ဒီကိစ္စတွေ ဘယ်လိုဖြေရှင်းရမလဲ ငါမှမသိတာ"

ထာဝရနတ်မယ် မျက်စိပျက်မျက်နှာပျက် ဝန်ခံလိုက်ရသည်။ အစကတည်းကသူသည် ပြဿနာဖြေရှင်းရာတွင် မကျင်လည်။ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ပြဿနာများဆိုလျှင် ပိုဆိုးသေးသည်။

"ဒါပေမယ့် တွေးကြည့်ရင် ဒီကိစ္စတွေက အရေးမကြီးပါဘူး။ သုံးရက်ပြည့်သွားတာနဲ့ ဟိုကောင်မလေးယွမ်ကျိပဲ ဒီပြဿနာတွေကို ဖြေရှင်းရမှာလေ။ ဒီတော့ ဒီကိစ္စ ငါတွေးပူနေစရာမလိုပါဘူး"

"ထာဝရနတ်မယ်။ ခင်ဗျား မေ့နေပြီလား"

"ဘာကိုလဲ"

"အမယွမ်ကျိက ကျုပ်တို့နောက်မှာ တစ်ချိန်လုံးရပ်နေခဲ့တာဆိုတာကိုပေါ့"

ထာဝရနတ်မယ် တုန်လှုပ်သွားသည်။ မှန်သည်။ ယွမ်ကျိက စကားမပြောဘဲ သူ့နောက်ဘက်တွင်တစ်ချိန်လုံးရပ်နေခဲ့သည်။

အေးစက်စက်မျက်လုံးတစ်စုံ စိုက်ကြည့်နေသည်ကို သူခံစားမိသည်။ နောက်လှည့်မကြည့်ရဲ့။

"ဂိုဏ်းချုပ်၊ မုန်ကျင်းကျိုးက အစီရင်ခံစရာကိစ္စတစ်ခုရှိလို့ အပြင်မှာရောက်နေပါတယ်"

ယွမ်ကျိက ပြောသည်။ လေသံက ခံစားချက်လုံးဝမပါ။

ထာဝရနတ်မယ် ခဏတုန်လှုပ်သွားသော်လည်း သူသည်ယခု ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ နည်းနည်းစိတ်သက်သာရာရနေသည်။

"ဝင်လာခိုင်းလိုက်ပါ"

လူတစ်ယောက်ကို ဒရွတ်တိုက်ဆွဲရင်း မုန်ကျင်းကျိုး ဒေါနဲ့မောနဲ့ ဝင်ချလာသည်။ အဋ္ဌမအကြီးအကဲဖြစ်သည်။

လုယန် ခန္ဓာကိုယ်ကို ပြန်လွှဲယူပြီး တင်ပါးလွှဲထိုင်၍ မေးသည်။

"ဪ...ရှောင်မုန်ပါလား"

လေသံက နွေးထွေးသည်။

"မကြောက်ပါနဲ့ ရှောင်မုန်။ မင်းဘာအခက်အခဲ ဘာပြဿနာပဲကြုံကြုံ ငါ့ကိုပြောလို့ရပါတယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ လူငယ်မျိုးဆက်တွေကို ကူညီရမှာ ငါ့တာဝန်ပါ"

လုယန်ဟန်ပန်က လေကြီးလေကျယ်နိုင်လွန်းသည်။ မုန်ကျင်းကျိုး မျက်နှာတစ်ချက်ရှုံ့သွားသည်။ တစ်နေ့နေ့တွင် ဂိုဏ်းချုပ်လုပ်ခွင့်ကူပွန် သူ့လက်ထဲသို့လည်းရောက်လာဦးမည်ဟု တေးထားလိုက်သည်။

ဆယ်နှစ်ကြာပျောက်ဆုံးနေသည့် တာအိုရှင်ဝစီပိတ်ကို ရှာနိုင်ခဲ့သဖြင့် လုယန် ဂိုဏ်းချုပ်ကူပွန်တစ်ခုဝယ်နိုင်ခဲ့ကြောင်း သူကြားသည်။

ထိုသို့ဆိုလျှင် တာအိုဝစီပိတ် အပြင်လောကတွင် ပြဿနာမရှာနိုင်အောင် သူပိတ်လှောင်ထားလိုက်ရုံသာရှိသည်။

ကျင့်ကြံသူလောကမှ မဟာအန္တရာယ်တစ်ခုကို လျှော့ချပေးခြင်းသည် ကျိုးဆောင်မှတ်များစွာ ရထိုက်သည်။

"အဋ္ဌမအကြီးအကဲကို ငါတရားစွဲချင်တယ်"

ဖြောင့်မတ်သည့်လေသံဖြင့် မုန်ကျင်းကျိုးကြေငြာသည်။

အဋ္ဌမအကြီးအကဲက ရှင်းပြသည်။

"ငါ့တူလေ၊ ဒါက နားလည်မှုလွဲနေတာပါ။ အဲဒီ့တုန်းက မင်းဆိုတာ ငါမသိခဲ့ဘူးလေ"

"အဋ္ဌမအကြီးအကဲက ဘာလုပ်ခဲ့လို့လဲ"

လုယန် ယခုထိ အဋ္ဌမအကြီးအကဲနှင့် သိပ်မရင်းနှီးသေး။

"ငါတို့ပထမဆုံးတွေ့တော့ ငါဝယ်လာတဲ့ တာအိုလမ်းစဉ်ဂိုဏ်းက စမ်းသပ်ပွဲမေးခွန်းအစစ်တွေအကြောင်းပြောခဲ့တာ မှတ်မိသေးလား"

လုယန် ခေါင်းငြိမ့်သည်။ သေချာမှတ်မိပါသည်။ အစက ဂိုဏ်းမေးခွန်းများရထားသည်ဟု မုန်ကျင်းကျိုး ထုတ်မပြော။ နောက်ပိုင်း အမယွမ်ကျိ မြင်းရထားပေါ်တက်လာမှ အလှအပ၏ ဆွဲဆောင်မှုကြောင့် မေးခွန်းစစ်များရှိကြောင်းပြောသည်။

ယွမ်ကျိရှေ့မှာပင် မေးခွန်းများအကြော်ငး ဆွေးနွေးခဲ့သေးသည်။ ကံကောင်းထောက်မစွာဖြင့် ယွမ်ကျိက ထိုကိစ္စကို အရေးမစိုက်ခဲ့။

နောက်ပိုင်းမှ သူတို့သိရသည်။ မုန်ကျင်းဝယ်လာသည့် မေးခွန်းများသည် တကယ်အစစ်ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သည့်နှစ်နှစ်ဆယ်က မေးခွန်းဖြစ်သည်။

မုန်ကျင်းကျိုးက တတိယအကြီးအကဲကို လက်ညှိုးထိုးလျက်

"အဲဒါသူပဲ။ မေးခွန်းအားလုံးအစစ်ပါလို့ ငါ့ကိုအယုံသွင်းတယ်။ ငါ့ဆီက ဝိညာဉ်ကျောက်တွေကို လိမ်ယူသွားတယ်"

ယွမ်ကျိ၊ လုယန်နှင့်၊ မုန်ကျင်းကျိုးတို့အကြည့်က အဋ္ဌမအကြီးအကဲဆီ ချက်ချင်းရောက်သွားသည်။

အကြီးအကဲက တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။

"အဲလိုတော့မပြောသင့်ဘူးလေ။ ငါမင်းကိုရောင်းခဲ့တာ မေးခွန်းအစစ်တွေမဟုတ်လို့လား။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ဒီမေးခွန်းတွေ ငါ့ဆီကဝယ်ချင်ခဲ့တဲ့လူတွေ အများကြီးပါ။ ငါဘယ်သူ့ကိုမှ ရောင်းခဲ့တာမဟုတ်ဘူးကွ"

****************************************************

All Chapters