← Chapters

လာလည်ခြင်း

Vol. 11 Ch. 161

လာလည်ခြင်း

Vol. 11 Ch. 161

ရွှေစီးပွားနယ်မြေလှေပျံက တိမ်တိုက်များကိုဖြတ်၍ ပျံသန်းနေသည်။ လေပျံပေါ်မှ ဧည့်သည်များ ကုန်းပတ်ပေါ်တွင် နေဆာလှုံနေသည်။ ငြိမ်သက်အေးချမ်းမှုကို သာယာခံစားနေသည်။

ရုတ်တရက် ကြီးမားသည့်အရိပ်တစ်ခု သူတို့ခေါင်းပေါ်ဖုံးလွှမ်းသွားသည်။

အားလုံတအံ့တဩ မော့ကြည့်ကြသည်။ အလွန်တရာကြီးမားသည့် လှေပျံကြီးတစ်ခုမြင်ကြရသည်။

ရွှေစီးပွားနယ်မြေ၏ လှေပျံသည် အတော်ကြီးသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုလှေပျံကြီးနှင့်ယှဉ်လျှင် သားပေါက်အရွယ်သာထင်ရသည်။

လှေပျံအပြင်ပိုင်းကို တောက်ပသည့်ရောင်စုံကျောက်မျက်များနှင့် တန်ဆာဆင်ထားသည်။ သာမန်ပစ္စည်းများမဟုတ်"

"ဘယ်သူ့လှေပျံပါလိမ့်"

ရွှေစီးပွားလှေပျံပေါ်မှလူများ အချင်းချင်းတီးတိုးပြောကြသည်။ ထိုမျှကြီးမားသည့်လှေပျံမျိုး တစ်ခါမှမမြင်ဖူးကြ။

သို့သော် အလေ့အလာများသူတစ်ချို့ကသိသည်။

"လှေံပျံပေါ်က တံဆိပ်ကိုကြည့်လေ။ အဲဒါ ဓာတ်ငါးမျိုးဂိုဏ်းရဲ့လှေပျံပဲ"

"ဓာတ်ငါးမျိုးဂိုဏ်းလား"

တစ်ချို့လူများက ဂိုဏ်းနာမည်သာကြားဖူးသည်။ ဓာတ်ငါးမျိုးဂိုဏ်း ထိုမျှခမ်းခမ်းနားနားခရီးထွက်သည်ကို မမြင်ဖူး။

"ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင် ပေါ်လာလို့ ဂိုဏ်းအကြီးအကဲတွေကိုယ်တိုင် ထွက်လာပြီး ရှင်းလင်းတာများလား"

ကျင့်ကြံသူလောကတွင် ဓာတ်ငါးမျိုးဂိုဏ်း၏နာမည်က တာအိုလမ်းစဉ်ဂိုဏ်းထက် ပိုကျော်ကြားသည်။

"လမ်းကြောင်းကိုကြည့်ရတာ တာအိုလမ်းစဉ်ဂိုဏ်းဆီသွားနေတာမဟုတ်လား"

"မဟာနတ်ဆိုးကို ရှင်းလင်းဖို့လား။ ဒါမှမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းကို သွားလည်ဖို့လား"

..........

"ဒီခရီးထွက်လာတဲ့ ငါတို့ရည်ရွယ်ချက်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ နတ်ဆိုးတွေ သရဲတွေကို သွားရှင်းလင်းဖို့ပဲ။ ငါတို့ဓာတ်ငါးမျိုးဂိုဏ်းရဲ့အစွမ်းကို သူတို့သိအောင်ပြရမယ်"

ဓာတ်ငါးမျိုးဂိုဏ်းလှေပျံပေါ်တွင် ဂိုဏ်းချုပ်ချိုးကျင်အန်း သူ့ဂိုဏ်းသားများကို လှုံ့ဆော်နေသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ငါဆုံးဖြတ်ချက်ချတာ မှားသွားတယ်။ ယွမ်ကျိလည်း တာအိုဝစီပိတ်ရဲ့တပည့်ဆိုတာ မေ့သွားတယ်။ သူက ပြိုင်ပွဲဝင်ဖို့ သတ်မှတ်ချက်မီတယ်။ ဒါကြောင့် ငါတို့ဂိုဏ်းက တိုက်ပွဲငယ်တစ်ခု ရှုံးသွားတာ။

ဒါပေမယ့် ဒီတစ်ကြိမ်က မတူတော့ဘူး။ တာအိုရှင်ဝစီပိတ် ပျောက်နေတယ်ဆိုတာ ငါအတည်ပြုပြီးပြီ။ ယွမ်ကျိ ယာယီဂိုဏ်းချုပ်ဖြစ်နေတယ်တဲ့။ သူက ငါနဲ့အဆင့်တူဖြစ်သွားပြီ။ ဂိုဏ်းတပည့်တွေပြိုင်ပွဲမှာ ဝင်ပါလို့မရတော့ဘူး။

ဒါက ငါတို့အခွင့်အရေးပဲ။ ယွမ်ကျိသာမရှိရင် တာအိုလမ်းစဉ်ဂိုဏ်းက ဘာမှမဟုတ်ပါဘူး။ ငါတို့ဂုဏ်တက်ဖို့ ဒီနေ့လို အောင်ပွဲရဖို့အတွက် အခက်အခဲတွေကို သည်းခံခဲ့ပြီးပြီ"

ချိုးကျင်အန်းက သိက္ခာပြန်အဖတ်ဆယ်နိုင်ရန် ဆုံးဖြတ်ထားသည်။ တာအိုလမ်းစဉ်ဂိုဏ်းရှေ့တွင် မောကြွားချင်သည်။ ထို့ကြောင့် ဂိုဏ်း၏တန်ဖိုးအကြီးဆုံးလှေပျံကို အထူးတလည်ယူလာခဲ့သည်။

လှေပျံပေါ်မှ ဂိုဏ်းလက်ရွေးစင် တပည့်အားလုံး ချိုးကျင်အန်းစကားကို နားထောင်ရင်း မျက်လုံးတွင် တိုက်ပွဲရိပ်မီးတောက်များသန်းနေသည်။

သူတို့အားလုံး လက်ရွေးစင်ပါရမီရှင်များဖြစ်သည်။ စွမ်းအားကိုယ်စီရှိသည်။ ဓာတ်ငါးမျိုးမှော်ပညာများကို ထူးထူးခြားခြား နားလည်ကျွမ်းကျင်သည်။ ရွယ်တူတန်းတူများ သူတို့ကိုယှဉ်ပြိုင်ဖို့ ခဲယဉ်းသည်။

ငယ်စဉ်ကတည်းက သူတို့အကြီးအကဲများက တာအိုလမ်းစဉ်ဂိုဏ်းမှလူများသည် ကိုင်တွယ်ဖြေရှင်းရခက်ပြီး သာမန်အတွေးမျိုးမဟုတ်သဖြင့် မစ်ရှင်ထွက်ချိန်တွင် အဆက်အဆံမလုပ်ရန် သူတို့ကို သင်ကြားပေးခဲ့သည်။

လူငယ်များကလည်း တွန်းလှန်လိုသည့်စိတ်ဓာတ်မျိုးရှိသည်။ ယခု တာအိုလမ်းစဉ်ဂိုဏ်းနှင့် ရင်ဆိုင်ရန် အခွင့်အရေးရလာသည်။ သူတို့ပါရမီကို တာအိုလမ်းစဉ်ဂိုဏ်းသိအောင် ခမ်းခမ်းနားနားပြလိုက်မည်ဟု ဆုံးဖြတ်ထားကြသည်။

သူတို့ထဲမှ အများစုက အရင်တစ်ကြိမ် ဂိုဏ်းဖလှယ်ပွဲတွင် ပါဝင်ခဲ့သည်။ ထိုစဉ်က ယွမ်ကျိတစ်ယောက်သာ လှုပ်ရှားခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အင်အားအကုန်ထုတ်မပြခဲ့။ တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း သူတို့သိပ်မသိသေး။ ဤတစ်ကြိမ်ခရီးကို အစွမ်းပြဖို့အခွင့်အရေးဟု တွေးနေကြသည်။

ကြည်လင်တောက်ပသည့်မျက်လုံးနှင့် မိန်းကလေးက ချိုးကျင်အန်းကို အားမန်အပြည့်ဖြင့်ကြည့်၍ လက်သီးကိုဆုပ်ပြီး အော်ဟစ်လိုက်သည်။

"ဓာတ်ငါးမျိုးဂိုဏ်း အောင်မြင်ရမယ်"

သူ့စကားက ကန်ထဲသို့ ကျောက်ခဲကျသလို လှိုင်းဂယက်များ ထသွားသည်။

"ဓာတ်ငါးမျိုးဂိုဏ်း အောင်မြင်ရမယ်"

"ဓာတ်ငါးမျိုးဂိုဏ်း အောင်မြင်ရမယ်"

ထိုကောင်မလေးကိုမြင်ပြီးနောက် ချိုးကျင်အန်း မျက်နှာအကြီးအကျယ်ပျက်သါားသည်။

"ဘာလို့ဒီပေါ်ရောက်နေတာလဲ။ ဧည့်သည်စာရင်းမှာ ခင်ဗျားမပါပါဘူး"

မိန်းကလေးက ဒေါသထွက်သွားဟန်ဖြင့်

"ငါဘာလို့မလိုက်ရမှာလဲ။ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ တွေ့ဖို့ဆိုတာ ရှားပါးအခွင့်အရေးပဲလေ။ နင်က ဒီလောက်ပျော်စရာကောင်းတဲ့ကိစ္စမှာ ငါ့ကိုမခေါ်ဘူးလား"

"တာအိုလမ်းစဉ်ကိုသွားတာ "အပျော်"မဟုတ်ဘူး။ အန္တရာယ်များတယ်"

ချိုးကျင်အန်းက မိန်းကလေးစကားကို အမှန်ပြင်ပေးသည်။

တစ်ချို့တပည့်ငယ်များ ထိုမိန်းကလေးကို သိပ်မရင်းနှီးကြသဖြင့် အကိုကြီးတစ်ယောက်ကို သိစိတ်အာရုံမှ လှမ်းမေးသည်။

"အကို၊ သူကဘယ်သူလဲ"

"သူ့နာမည် ရှန်ကွမ်ယုဆိုတာပဲ ငါသိတယ်။ သူ့နောက်ကြောင်းက မရှင်းလင်းဘူး။ ဓာတ်ငါးမျိုးဂိုဏ်းကို ငါမဝင်ခင်ကတည်းက ဂိုဏ်းချုပ်ဘေးမှာ သူရှိနေတာ။ သူ့ကို အရင်ဂိုဏ်းချုပ်ကြီးက မျက်နှာသာပေးတယ်လို့ ကောလဟာလကြားတယ်။ အရင်ဂိုဏ်းချုပ်ရဲ့ တိတ်တိတ်ပုန်းသမီးလို့ ခန့်မှန်းကြတယ်။ အခုလက်ရှိဂိုဏ်းချုပ်နဲ့ ဖအေတူအမေကွဲမောင်နှမ ဖြစ်နိုင်တယ်။ ဂိုဏ်းချုပ်က သူ့ကို အတော်လေးအလိုလိုက်တယ်"

တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ခါနီးပြီဖြစ်၍ ချိုးကျင်အန်း ရှန်ကွမ်ယုကို ပြန်ပို့၍မရတော့။ သူ့စကားကိုလည်း နားထောင်မည်မထင်။

အများရှေ့တွင် မျက်နှာမပျက်လိုသဖြင့် သူအလျှော့ပေးလိုက်သည်။

စကားပြောနေရင်းမှာပင် လှေပျံက တာအိုလမ်းစဉ်ဂိုဏ်း ဂိတ်တံခါးသို့ရောက်ပြီး ကျောက်ချရပ်နားလိုက်သည်။

ယာယီဂိုဏ်းချုပ်နှင့် အကြီးအကဲရှစ်ယောက်က ဓာတ်ငါးမျိုးဂိုဏ်းကိုကြိုဆိုသည့် အလံတစ်ခု ဂိတ်တံခါးရှေ့တွင် လွှင့်ထူထားပြီးဖြစ်သည်။

ချိုးကျင်အန်းက သူ့လူများနှင့်အတူ လှေပေါ်မှဆင်းသည်။။ တာအိုလမ်းစဉ်ဂိုဏ်းဝင်တို့၏ မျက်နှာအမူအရာများကိုကြည့်၍ သူ့နှုတ်ခမ်းတွင် တွန့်ပြုံးရိပ်တစ်ခုရှိနေသည်။

မှန်သည်။ ထိုမျှတန်ဖိုးကြီးသည့်လှေပျံမျိုး သူတို့မြင်ဖူးမည်မထင်။

မဟာအကြီးအကဲ ရှေ့ထွက်လာပြီး ချိုးကျင်အန်းကို နှုတ်ဆက်သည်။ လက်တစ်ဘက်ဆန့်ထုတ်သည်။ ချိုးကျင်အန်း လက်ဆွဲနှုတ်ဆက်ရန်ပြင်နေစဉ် မဟာအကြီးအကဲက

"ယဉ်ရပ်နားခပေးပါ"

မဟာအကြီးအကဲ လက်ဆန့်ထုတ်သည်က အခကြေးငွေတောင်းဖို့ဖြစ်နေသည်။

မသေမျိုးငါးဂိုဏ်း၏ခေါင်းဆောင်များ အချင်းချင်းလည်ပတ်ကြရာတွင် ကိုယ်ပိုင်စွမ်းအင်ဖြင့် မြူများတိမ်တိုက်များ တည်ဆောက်ပြီးလာလေ့ရှိသည်။ လိုရာခရီးရောက်သည်နှင့် ထိုမြူများတိမ်များ ပျောက်ကွယ်သွားသည်။ အတော်အဆင်ပြေသည်။ ချိုးကျင်အန်းလို လှေပျံဖြင့်လာလေ့သိပ်မရှိ။

ယခုဂိတ်တံခါးရှေ့တွင်ရပ်ထားသည့် လှေပျံကြီးက တကယ်ရပ်နားခတောင်းသင့်သည်။ ဤနေရာသည် အခမဲ့ယဉ်ရပ်နားရသည့်နေရာမဟုတ်။

"ဓာတ်ငါးမျိုးဂိုဏ်းကို ကိုယ်စားပြုပြီး ကျုပ်လာခဲ့တာပါ"

ချွေ့ကျင်အန်း အလေးအနက်လေသံဖြင့်ပြောသည်။

မဟာအကြီးအကဲ ခဏစဉ်းစားသည်။ ချွေ့ကျင်အန်းစကား သဘာဝကျသည်ဟု ယူဆသည်။

"ဒါဆိုရင်ကျုပ်တို့ နှစ်ဆယ်ရာနှုန်း လျှော့ပေးပါ့မယ်"

ချိုးကျင်အန်း ပင့်သက်တစ်ချက်ရှိုက်၍ ရက်ရောမှုပြလိုက်ရသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ လူထူးလူဆန်းများနှင့် စကားနိုင်လုမနေချင်။

ဤလှေပျံကြီးအတွက် ရပ်နားခက သာမန်လှေပျံများထက် ဆယ်ဆခန့်ကုန်ကျသည်။ ချိုးကျင်းအန်း ရင်နာရသည်။

သို့သော် မကြာမီ သူတို့စွမ်းရည်ကို တာအိုလမ်းစဉ်ဂိုဏ်းရှေ့တွင် ဝင့်ကြွားနိုင်တော့မည်ကိုတွေး၍ အသေးအဖွဲကိစ္စကို စာမဖွဲ့တော့။

ထို့နောက် တာအိုလမ်းစဉ်ဂိုဏ်းဝင်များကိုမြင်ရသည်။ ဦးခေါင်းပေါ်လွှင့်တင်ထာားသည့်အလံကို မော့ကြည့်သည်။

ထိုထက်ခမ်းနားသည့် ကြိုဆိုမှုမျိုးမရှိတော့။ အလံကြိုဆိုစာတမ်းကို မသေမျိုးတစ်ယောက်ကိုယ်တိုင် ရေးထားခြင်းဖြစ်သည်။ ထိုပစ္စည်းမျိုး လောကတွင် နောက်တစ်ခုရှာတွေ့ဖို့ ခဲယဉ်းသည်။

ပဲဝါသည် ပေါ့ပျက်ပျက်ပုံစံရှိသော်လည်း လက်ရေးပန်းချီတွင် စွမ်းရည်ထူးခြားသည်။ အလံပေါ်မှစာလုံးများက ကြွရွခံ့ညား၍လန်ထွက်နေသည်။

အလံစာတန်းက ရိုးရှင်းပါသည်။ ဓာတ်ငါးမျိုးဂိုဏ်းကို ကြိုဆိုပါ။။ သို့သော် စာလုံးများက ခေတ်သုံးစာလုံးမဟုတ်။

ချိုးကျင်အန်း မျက်လုံးမှေး၍ကြည့်လိုက်သည်။ ရှေးခေတ်စာလုံးများဖြစ်မှန်း သိလိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက သူတို့စာပေအမွေအနှစ်ကို ကြွားလုံးထုတ်နေသလားမသိ။

ရယ်စရာကောင်းလှသည်။ သူလည်း တစ်ချိန်က ရှေးဟောင်းခေတ်ယဉ်ကျေးမှုအကြောင်း စွဲစွဲလန်းလန်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖူးသည်ကို သိကြဟန်မတူ။

ချိုးကျင်အန်း ပြုံးလိုက်သည်။ လူနည်းစုသာ နားလည်သည့် ထူးဆန်းခက်ခဲသည့် ရှေးခေတ်ဘာသာစကားတစ်ခွန်း သူပြောလိုက်သည်။

ရှေးဟောင်းခေတ်စာလုံးပုံစံတစ်ချို့ကို ယခုထိသုံးနေကြသော်လည်း အသံထွက်ပုံကို နားလည်ဖို့ခက်သည်။ နားလည်ဖို့မဖြစ်နိုင်ဟုပင် ပြောနိုင်သည်။ စာလုံးများက မျိုးရိုးစဉ်ဆက် ဆင်းသက်လာသည်။ အသံထွက်က ထိုသို့လက်ဆင့်ကမ်း၍မရ။

သူပြောလိုက်သည့်စကားသံသည် ရှေးဟောင်းနယ်မြေပျက်တစ်ခုတွင် သူအမှတ်မထင် ရှာတွေ့ခဲ့သည့် အသံတစ်ခုဖြစ်သည်။ ဘေးပတ်လည်စကားလုံးအနေအထားနှင့် လက်ရှိသုံးနေဆဲ ဘာသာစကားပုံစံအရ ရှေးဟောင်းမသေမျိုးများကို ပူဇော်သည့်နေရာဖြစ်ဟန်တူသည်။ မသေမျိုးများသည် ထိုသို့ရှိခိုးခံရသည်ကို နှစ်ခြိုက်ကြသည်။

အသံက ခံ့ညားသည်။ ရှေးကျသည်။ ရှိခိုးပူဇော်သည့် ဘုန်းတော်ကြီးများ သို့မဟုတ် လူများကို ချီးကျူးသည့်စကားမျိုးဖြစ်ဟန်ရှိသည်။ ယခုလက်ရှိအခြေအနေနှင့် အတော်လိုက်ဖက်သည်။

ထိုသို့ အသံချန်ရစ်ခဲ့နိုင်သည်မှာလည်း မသေမျိုးတစ်ယောက်၏စကားကြောင့်သာ ဖြစ်လိမ့်မည်။

လုယန် ထာဝရနတ်မယ်ကို တီးတိုးကပ်မေးသည်။

"ဂိုဏ်းချုပ်ချိုးက ဘာပြောတာလဲ"

ထာဝရနတ်မယ် ဇဝေဇဝါလေသံဖြင့်ပြန်ပြောသည်။

"သူ့လေယူလေသိမ်းက ဝဲလွန်းနေတယ်။ ငါသေချာနားမလည်ဘူး။ "မဟာမသေမျိုး၊ ကျုပ်တို့ရဲ့ ပူဇော်ပသမှုကိုခံယူပါ"လို့ ပြောတယ်ထင်တာပဲ။..သူငါ့သရုပ်မှန်ကို သိလို့များလား"

ထာဝရနတ်မယ် နည်းနည်းကျေနပ်သွားသည်။ နောက်ဆုံးတွင် မသေမျိုးဟူသည့် သူ့သရုပ်မှန်ကို အသိအမှတ်ပြုသူတစ်ယောက် တွေ့လာရသည်။ ယွမ်ကျိနှင့်လုယန်တို့ထက် ပိုကောင်းသည်။

ထိုလူကို ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်ခန့်မည်ဟု သူဆုံးဖြတ်လိုက်သည်။

လူအားလုံး အူကြောင်ကြောင်အမူအရာဖြစ်နေသည်ကိုကြည့်၍ ချိုးကျင်အန်း ကျေနပ်စွာ ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ စိတ်ထဲတွင်

'ငါပြောတာ မင်းတို့နားမလည်နိုင်ပါဘူးကွာ''

******************************************************

All Chapters