← Chapters

မိတ်ဆွေဟောင်းများပြန်တွေ့ခြင်း

Vol. 91 Ch. 1261

မိတ်ဆွေဟောင်းများပြန်တွေ့ခြင်း

Vol. 91 Ch. 1261

သူတို့ နာလန်လန်ကို ရှင်းပြီးချိန်တွင် အသည်းကွဲတောင်ကြားမှလူများ လည်း ထိုလူများကို ရှင်းပြီးလေသည်။ ရှီမာယူယူမှ လေဟာပြင်ပိတ်ထားသဖြင့် သည်တစ်ကြိမ်တွင် မည်သူမှ ပြေးမလွတ်ပေ။

ရှီမာယူယူ သားရဲတစ်သိုက်ကို ပြန်ခေါ်လာချိန်တွင် ထိုဘက်တွင် ရှင်းလင်းပြီးဖြစ်ကာ အလောင်းများပုံနေလေသည်။

“နင် သတ်လိုက်ပြီလား” ဘေဂုံထန် မေးလိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လေသည်။

ဘေဂုံထန်သည် လူများ၏ စိတ်ကိုခံစားနိုင်သည်။ နာလန်လန်သည် ယခု ရောက်နေသော တိုင်းပြည်တွင် သူတို့သိသောလူထဲတွင် အကြာဆုံးဖြစ်သည်၊ သူတို့ သူငယ်ချင်းမဖြစ်နိုင်သည်မှာတော့ နှမြောစရာပင်။

ရှီမာယူယူသည် သွေးမိစ္ဆာမြို့တော်မှ အဖွဲ့ဝင်များကို သိမ်းပြီး အနည်းငယ်ကိုသာ ချန်ထားလိုက်သည်။

“အဘိုးဘိုင် ဒီတစ်ခေါက်က အတိုးယူလိုက်တာပဲရှိသေးတယ် ဟိုဘက်က ကိစ္စတွေအကုန်ရှင်းပြီးတဲ့အထိ စောင့်ပေး ပြီးတာနဲ့ သူတို့ကိုလက်စားချေပေး မယ်” ရှီမာယူယူ ပြောလိုက်သည်။

ဘိုင်ရှန်း၏ လည်စေ့မှာလှုပ်ရှားသွားပြီးနောက် ခဏအကြာတွင် အသံနက်ဖြင့် ပြောလေသည် “ကောင်းပြီလေ”

“အရှေ့ပိုင်းမျှတမှုမြို့တော်ကို သွားရအောင်” ထိုနေရာတွင် ရှီမန်ဖန်နှင့် တခြားသူများ ဒုက္ခရောက်နေမည်ကို ရှီမာယူယူ စိတ်ပူမိသည်။ သူတို့သည် သိမ်းဆည်းပြီးသည်နှင့် အရှေ့တောင်ရိုးသို့ သွားရန် ပြင်ဆင်လောသည်။

သူတို့သည် မြို့ကိုပြန်သွားမည်မဟုတ်ပေ။ ပညာရှိစံအိမ်တော်နှင့် ဝူမျိုးနွယ်တို့သည် သူတို့နောက်လိုက်သွားသည်ကို လူတိုင်းသိကြသည်။ သူတို့ ပြန်လာပြီး ပညာရှိစံအိမ်တော်နှင့် ဝူမျိုးနွယ်တို့ ပြန်မလာနိုင်ပါက မည်သည့် အဓိပ္ပာယ်ဖြစ်မည်နည်း။ သူတို့ ပျောက်သွားသည်ကို တခြားသူများသိပါက ရှောင်တိမ်းပြီး သူတို့ဘယ်သွားသည်ကို မသိဟု ပြော၍ရသည်။ သူတို့ကို သတ်လိုက်တာ ဘယ်သူမှမတွေ့လိုက်ဘူးလေ၊ ဟုတ်တယ်မလား။

ရှီမာယူယူနှင့် ရှီမာလင်းတို့သည် ဖြတ်လမ်းတည်ဆောက်မှုကို အတူတကွတည်ဆောက်ကြာသည်။ သူတို့ ပြန်ထွက်လာချိန်တွင် လက်နက်မြို့ တော်နှင့် ကီလိုမီတာပေါင်း ရာချီဝေးနေပြီဖြစ်သည်။ သူတို့သည် ဝိညာဉ်သားရဲ တစ်ကောင်ရှာပြီး အနီးဆုံးမြို့တော်ကိုမေးလိုက်သည်။ အနီးအနားတွင် မြို့ကြီး တစ်မြို့ရှိရာ ထိုမြို့တွင် အရှေ့တောင်ရိုးသို့သွားရန် ဖြတ်လမ်းတည်ဆောက်မှု ရှိနိုင်သည်။

မြောက်ပိုင်းကျတ်တီးမြေနှင့် အရှေ့တောင်ရိုးတို့သည် ကီလိုမီတာ သန်းချီဝေရာ သူတို့ကိုယ်ပိုင် ဖြတ်လမ်းတည်ဆောက်မှု ဆောက်လုပ်ပါက အရင်းအမြစ်များစွာသုံးလိုက်ရမည်။ အရေးအကြီးဆုံးမှာ ပင်ပန်းပြီး အချိန်ကုန် မည်။ ထို့ကြောင်ပင် တခြားသူ၏ဖြတ်လမ်းတည်‌ဆောက်မှုကို သုံးရန် ရွေး လိုက်ကြသည်။

သူတို့သည် နှစ်ရက်ကြာပျ့သန်းပြီးနောက်တွင် မြို့ကိုတွေ့ပြီး ဖြတ်လမ်း တည်ဆောက်မှုကိုရှာကာ ငွေချေပြီး အသုံးပြုကြလေသည်။

ယခုအချိန်တွင် ရှီမာယူယူတွင် ဝိညာဉ်စွမ်းအင်ရှိလာသဖြင့် ဖြတ်လမ်း တည်ဆောက်မှုကို မမူးတော့ဘဲ ခရီးစဉ်တစ်ခုလုံးသည် အမြန်သွားရာ လတစ် ဝက်ကြာသောအခါ အရှေ့တောင်ရိုးသို့ရောက်လေသည်။

သူတို့သည် လာရင်းနှင့်ရှီမန်ဖန်ကို ဆက်သွယ်ထားသဖြင့် သူတို့ရောက် နေသည်မှာ ကြာပြီဖြစ်သည်ကို သိသဖြင့် မြို့သို့ရောက်သည်နှင့် သူတို့ရှိသော မြို့သို့သွားလိုက်သည်။

အရှေ့မျှတမှုမြို့သို့ မည်သူမှမရောက်ဖူးသဖြင့် အပြင်မှလာသောလူများ သည် အနီးဆုံးမြို့တွင် ခြေချရန် ရွေးချယ်လိုက်ကြသည်။ ဥပမာအနေနှင့် အရှေ့မျှတမှုမြို့နှင့်အနီးဆုံးဖြစ်သော ရေပြင်မြို့တော်ကို ရှီမန်ဖန်နှင့်တခြားသူ များရွေးထားကြပြီး အသင်းသည် အနီဖျော့မြို့တော်ကိုရွေးထားသည်။

ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုမှ ဆင်းပြီးသည်နှင့် ရှီမန်ဖန် တို့ တည်းခိုနေသော အမှတ်တရစားသောက်ဆိုင်ဆီသို့ သွားလိုက်သည်။

“ယူယူလား”

တုံ့ဆိုင်းသော အသံတစ်သံသည် အနောက်မှထွက်လာရာ ရှီမာယူယူ လှည့်ကြည့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာကိုတွေ့ရလေသည်။

“နင်တို့က ဒီကိုဘာလာလုပ်ကြတာလဲ”

အနောက်တွင် ရှိနေသည်မှာ ဟော့ဘာယန်အာ၊ ဟော့ဘာဟန်နှင့် ဖန်ဝူဟန်တို့ဖြစ်နေကြသည်။

“ဟေ့ တကယ်ပဲနင်ပဲ အခုနင့်ကိုတွေ့လိုက်တာ လူများတယ်ထင်နေတာ” ဟော့ဘာယန်အာသည် သူမအသံကြားသည်နှင့် ပျော်ရွှင်ကာ ပြေးလာပြီး သူမ လက်ကို ဆုပ်ကိုင်လေသည် “နင်က မိန်းကလေးဆိုတာကို ငါကြားလိုက်တယ် ဒီနေ့တော့ နင် မိန်းကလေးလိုဝတ်တာကို ငါ မြင်လိုက်ရပြီ နင်က တကယ်လှ တာပဲ”

ပြီးခဲ့သည့်တစ်ခေါက် ထာဝရရှင်သန်သူ နယ်မြေဖွင့်စဉ်က သူတို့သုံး ယောက် မသွားလိုက်သဖြင့် သူမကို မမြင်လိုက်ရပေ။

ရှီမာယူယူသည် ဟော့ဘာဟန်နှင့် ဖန်ဝူဟန်တို့ကို ခေါင်းညိတ်ပြပြီး ပြော လိုကသည် “နင်တို့က ကျောင်းမှာမရှိဘဲ ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ”

“ဒါက ငါတို့မျိုးနွယ်ရဲ့ နယ်နိမိတ်လေ အရှေ့မျှတမှုမြို့တော်မှာ ကိစ္စတစ် ခုဖြစ်နေတယ်လို့ ကြားလို့ ငါတို့လာပြီးကြည့်ရတာပေါ့” ဟော့ဘာဟန် ဆက် ပြောလေသည် “ဝူဟန်လည်း ငါတို့နဲ့လိုက်လာတယ်”

“ယူယူ နင်က ဘာလို့ဒီကိုလာတာလဲ” ဘော့ဘာယန်အာ မေးလိုက် သည်။

“ငါတို့တောင်ကြားက အဖွဲ့ဝင်တချို့က အရှေ့မျှတမှုမြို့တော်မှာ ပျောက် နေတာ အဲဒါကြောင့် လာကြည့်တာ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် နင်တို့ ဘယ်မှာနေနေတာလဲ ဘယ်လောက်ထိနေမှာလဲ”

“ငါတို့အခုပဲ ဝိညာဉ်သခင်များအသင်းကနေလာတာ တောင်ကြား အဖွဲ့ဝင်တွေနဲ့ မတွေ့ရသေးဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “ဪ ဟုတ်သားပဲ ဒါက နင်တို့ဟော့ဘာနယ်မြေဆိုမှတော့ ဒီမှာဘာတွေဖြစ်နေလဲ ဆိုတာ သိမှာပေါ့”

“ဒါက…” ဟော့ဘာယန်အာ တွေဝေသွားသည်မှာ ထိုနေရာရှိ အခြေအနေမကောင်းလှဆိုသည်ကို ပြနေသည်။

“ဘာလို့လဲ ပြောလို့မရဘူးလား” သူမ၏ ထိုပုံစံကို မြင်လိုက်သည်နှင့် ရှီမာယူယူ ရင်များခုန်လာသည်။

“ပြောလို့မရတာတော့ မဟုတ်ဘူး ဒါပေမဲ့ အခြေအနေက ရှုပ်ထွေးနေတာ ဒီမှာပြောလို့အဆင်မပြေဘူး တခြားနေရာသွားရအောင်” အနောက်တွင် ရှိသော ဟော့ဘာဟန် ပြောလိုက်သည်။

ဟော့ဘာယန်အာ လှည့်ကြည့်ပြီး ဟော့ဘာဟန်ကို အံ့ဩသော မျက်လုံး များဖြင့် ကြည့်လိုက်သည်။

သို့သော် ဟော့ဘာဟန်တွင် သူ့အတွေးနှင့်သူရှိသဖြင့် ဟော့ဘာယန်အာ ကိုခေါင်းရမ်းပြလေသည်။

ရှီမာယူယူသည် ချက်ချင်းပင် နားလည်လိုက်ပြီး ပြောလိုက်သည် “အမှတ်တရ စားသောက်ဆိုင်ကို သွားကြတာပေါ့”

အမှတ်တရစားသောက်ဆိုင်သည် အသည်းကွဲတောင်ကြား၏ ဆိုင်ဖြစ် သည်ကို အားလုံးသိကြသဖြင့် သူမ အကြံပြုချက်ကို ကြားသည်နှင့် အားလုံး ခေါင်းညိတ်လိုက်ကြသည်။

လူတစ်စုသည် အမှတ်တရစားသောက်ဆိုင်သို့သွားကြရာ ဆိုင်တာဝန်ခံ သည် ရှီမာယူယူကိုမြင်သည်နှင့် အရိုအသေပေးပြီး တလေးတစားခေါ်လေ သည် “တောင်ကြား ဒုသခင်”

ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် “တောင်ကြားခေါင်းဆောင် ရောက်ပြီလား”

“ယူယူ” ဖန်ကျိနှင့် ဖန်ခိုင်တို့ကို ဘေးတစ်ထားကာ ရှီမန်ဖန်သည် ခြံအနောက်မှထွက်လာသည်။

သူတို့ မျက်နှာမှာ လေးလံနေသဖြင့် သူတို့ရထားသော သတင်းမှာ မကောင်းသည့်ပုံပင်။

“ဆရာ ဒီလူတွေက ဘယ်သူတွေလဲ” ဖန်ခိုင်မေးလိုက်သည်။

“မိတ်ဆက်ပေးရဦးမယ် ဒါက ငါ့ဂိုဏ်းကသူငယ်ချင်းတွေ ဟော့ဘာယန်အာ၊ ဟော့ဘာဟန်နဲ့ ဒါကဖန်ဝူဟန်၊ ဒါက ငါတို့ တောင်ကြား ခေါင်းဆောင် ရှီမန်ဖန်၊ ဖန်ကျိနဲ့ ဖန်ခိုင်” ရှီမာယူယူသည် အပြန်အလှန် မိတ်ဆက်ပေးလေသည် “ခြံအနောက်မှာ သွားပြောကြတာပေါ့”

အမှတ်တရစားသောက်ဆိုင်သည် စားသောက်ဆိုင်သက်သပ်ဖြစ်ပြီး တည်းခိုရန်နေရာမရှိပေ။ သို့သော် သူတို့တောင်ကြားအဖွဲ့ဝင်များအတွက် နေရန် ခြံဝန်းအသေးလေးရှိသည်။ သူတို့သည် ခြံအနောက်ရှိဆွေးနွေးခန်းမသို့ လာပြီး ခဏအကြာတွင် ဆိုင်တာဝန်ခံသည် ကိုယ်တိုင်ပင် လက်ဖက်ရည် လာပို့လေသည်။

“ဆိုင်တာဝန်ခံပိုင် ရှင်ကဒီမှာတစ်လျှောက်လုံးနေလာတာဆိုတော့ ဒီက အခြေအနေနဲ့ ပိုရင်းနှီးမှာပဲ တစ်ခုခုပြောပါဦး” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်” ပိုင်ထာသည် အနိမ့်ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။

ရှီမာယူယူသည် ဟော့ဘာဟန်အားကြည့်ပြီး မေးလိုက်သည် “အခု ဒီ အခြေအနေက ဘယ်လိုလဲဆိုတာ အတိအကျပြောပြပါဦး”

“အစတုန်းက ဒီအကြောင်းကို မပြောဖို့ မျိုးနွယ်ကအမိန့်ထုတ်ထားတယ်၊ ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ နင့်ကိုပြောမှပဲ ကူညီလို့ရမယ်” ဟော့ဘာဟန် ပြောလိုက်သည်။

အားလုံးသည် ဟော့ဘာမျိုးနွယ်ပိတ်ပင်ထားသော သတင်းကို သိချင်ကြ သည်။ သို့သော် အသေးအဖွဲ့မဟုတ်မည်ကိုလည်း စိုးရိမ်မိကြသည်။

“ဘာလို့လဲ”

“အခု အရှေ့မျှတမှုမြို့တော်အပြင်ဘက်က ကီလိုမီတာထောင်ချီလောက် ကစပြီး မီးခိုးမည်းတွေနဲ့ ပြည့်နေတာ၊ အဲဒီမီးခိုးမည်းတွေကို အနားကပ်သွားလို့ မရဘူး ဝင်သွားတာနဲ့ တစ်ယောက်မှ ပြန်ထွက်မလာနိုင်တော့ဘူး” ဟော့ဘာ ဟန် ဆက်ပြောလေသည် “ငါတို့မျိုးနွယ်ကတော့ အဲဒီမှာနတ်ဆိုးရှိတယ်လို့ သတင်းပို့တာပဲ အဲစကပြီး ဘယ်သူ့ကိုမှ ဆက်သွယ်လို့မရတော့တာပဲ”

“အဲဒီမှာ နတ်ဆိုးရှိတာလား” ရှီမာယူယူသည် အံ့ဩသွားလေသည် “ဘာ အဓိပ္ပာယ်လဲ တကယ့်နတ်ဆိုးလား မဟုတ်ရင် လူတွေဆွဲသွင်းတဲ့တစ်ခုခုလား”

“မသိဘူး” ဟော့ဘာဟန် ပြောလိုက်သည် “မျိုးနွယ်က လူတွေကိုလွှတ် တယ် ဒါပေမဲ့ ဘယ်လောက်သန်မာတဲ့လူ ဝင်သွားသွား သူတို့ဝင်သွားတာနဲ့ ထပ်ပြီး ဆက်သွယ်မရတော့ဘူး”

“အဲလူတွေက သေသွားတယ်လို့ ဆိုလိုတာလား” ဖန်ခိုင် မေးလိုက်သည်။

ဟော့ဘာဟန်သည် ခေါင်းရမ်းပြီးပြောလေသည် “မဟုတ်ဘူး သူတို့ အသက်ကျောက်စိမ်းပြားတွေက ကောင်းနေသေးတယ် ဆိုလိုတာက သူတို့ လုံးဝ အထိအခိုက်မရှိဘူး ဆက်သွယ်လို့မရတာပဲရှိတယ်”

***

All Chapters