မှိုနက်
Vol. 91 Ch. 1262
သူတို့ မသေပေ၊ သို့သော် ဆက်သွယ်၍လည်းမရပေ၊ မည်သူမှလည်း ထွက်မလာနိုင်ပေ။ ထူးဆန်းလိုက်တာ။
“အဲဒီမီးခိုးအမည်းက ဘယ်လိုရောင်ဝါရှိလဲဆိုတာ အမျိုးအစားခွဲပြာလို့ရ လား” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါက တစ္ဆေရောင်ဝါရော နတ်ဆိုးရောင်ဝါရောမဟုတ်ဘူး၊ ဒီတိုင်းပြည်က ရောင်ဝါနဲ့မတူဘူးလို့ မျိုးနွယ်ဝင်တွေပြောတာကြားလိုက်တယ် ဒါပေမဲ့ အနီးကပ်သွားလိုက်ရင် အေးစိမ့်စိမ့်ကိုခံစားရမယ်တဲ့” ဟော့ဘာယန်အာ ပြောလေသည်။
“အေးစိမ့်စိမ့် ဟုတ်လား”
အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ မီးခိုး အမည်းက အေးစိမ့်စိမ့်ဖြစ်စေတယ်ဟုတ်လား။ တစ္ဆေရောင်ဝါရော နတ်ဆိုး ရောင်ဝါရောမဟုတ်ဘူး။ ဘာလို့အဲလောက်ထူးဆန်းတာလဲ။
“ငါတို့အရင်တစ်ခေါက်က ရောက်ခဲ့တဲ့ သင်္ချိုင်းရောင်ဝါများဖြစ်မလား” ရှီမာယူယူ မေးလိုက်သည်။
“ရှေးဟောင်းသင်္ချိုင်းလား”
ရှီမာယူယူသည် အတွင်းပိုင်းဒေသရှိ ရှေးဟောင်းသင်္ချိုင်းတွင် ကြုံတွေ့ခဲ့ ရသော အတွေ့အကြုံကို ပြန်ပြောပြလိုက်သည်။ ထိုအချိန်က ကျန်းကျူးရှန့် ကောင်းကင်ခွဲနတ်ဆိုးဓားကို လုယူသွားချိန်ဖြစ်သည်။
သူမ တွေ့ကြုံခဲ့သည်များကို ကြားပြီးနောက် ဟော့ဘာဟန်သည် ခေါင်းရမ်းပြီး ပြောလေသည် “အဲလိုဟာမဟုတ်နိုင်ဘူး အဲဒီမီးခိုးမည်းက ရှေးဟောင်းရောင်ဝါရှိရမှာကို မရှိဘူးဖြစ်နေတယ်”
“ဒါဆိုရင် ကိုယ်တိုင်စုံစမ်းကြည့်မှပဲသိတော့မှာပဲ တာဝန်ခံပိုင် အသုံးဝင် မဲ့သတင်းလေးများ ရှိလား” ရှီမာယူယူ မေးလိုက်သည်။
လူများသည် ဆိုင်နှင့် တည်းခိုဆောင်များသို့ အဝင်အထွက်ရှိကြသည်ကို အားလုံးသိကြသဖြင့် ထိုသတင်းများမှာ သက်ရောက်မှုရှိနိုင်သည်။ ရှီမာယူယူ မေးခွန်းထုတ်လိုက်သဖြင့် အားလုံးသည် ပိုင်ထာဆီသို့ အာရုံရောက်သွားကြ သည်။
“ကျုပ်တို့ရတဲ့ သတင်းကလည်း အတူတူလောက်ပဲ ဒီလတွေအတွင်းကို အရှေ့မျှတမှုမြို့တော်နားကို ဘယ်သူ့ကိုမှ သွားခွင့်ပြုမထားဘူး” ပိုင်ထာ ဆက်ပြောလေသည် “ဒါပေမဲ့ ဒီမတိုင်ခင်တော့ တခြားကိစ္စနဲ့ပတ်သတ်ပြီး သတင်းတချို့ရခဲ့သေးတယ်”
“အိုး ဘာပါလိမ့်”
“အရှေ့မျှတမှုမြို့မှာ ဒီကိစ္စတွေမဖြစ်ခင်ကို လူတစ်ယောက် ဆိုင်မှာ ထမင်းစားသွားတယ်၊ အရှေ့မျှတမှုမြို့တော်မှာ ထူးဆန်းတာတွေဖြစ်တာကို ပြောရရင် ဒါနဲ့များဆက်စပ်နေမလားပဲ” ပိုင်ထာပြောလိုက်သည်။
“ဘာထူးဆန်းတာလဲ”
“အရှေ့မျှတမှုမြို့ကိစ္စမဖြစ်ခင် လတစ်ဝက်လောက်အလိုမှာ အဲမြို့ကလူ တွေ ဒီကိုလာခဲ့ကြတယ်၊ အဲအချိန်လောက်က သူတို့က အိပ်ပြီးရင်းအိပ်ချင်နေ တဲ့ ခံစားမှုမျိုးရတယ်လို့ ပြောခဲ့ကြတယ်၊ ကျင့်ကြံတဲ့သူတွေက ဘာလို့ အိပ်ချင် နေရတာလဲ၊ အိပ်ချင်တာအပြင်ကို မထင်မှတ်လောက်အောင် အိပ်မောကျ တယ်တဲ့ ဒါပေမဲ့ သူတို့က ဘာမှလည်းမဖြစ်တော့ ဒီကလူတွေကလည်း သူတို့ ထွက်သွားတာနဲ့ စိတ်ထဲမထားလိုက်ကြတော့ဘူး ပုံမှန်မဟုတ်ဘူးလို့ မတွေး လိုက်ကြတော့တာ” ပိုင်ထာ ပြောလိုက်သည်။
“ကျင့်ကြံတဲ့သူတွေက အိပ်ချင်တယ်… ဒါက ပုံမှန်မဟုတ်တာပဲလေ” ဖက်တီးကျူ ပြောလိုက်သည်။
“ဟုတ်တယ်” ဟော့ဘာဟန် ဆက်ပြောလေသည် “တာဝန်ခံပိုင် တခြား သတင်းများရှိဦးမလား”
“ကျုပ်တို့ စောင့်ကြည့်ရသလောက်တော့ ဒီသတင်းကပဲ ဆက်စပ်မှုရှိလိမ့် မယ်” ပိုင်တာ ပြောလိုက်သည်။
“ယူယူ ဒါက ပုံမှန်မဟုတ်တဲ့လက္ခဏာပဲ၊ ငါတို့ပြန်ပြီး မျိုးနွယ်ကို အသိပေးလိုက်ဦးမယ်၊ အဲဒါကိုအခြေခံပြီး ထပ်စုံစမ်းလို့ရမလားလို့လေ” ဟော့ဘာဟန် ပြောလိုက်သည်။
“ကောင်းပြီလေ”
“ငါတို့က အရှေ့ဘက်မြို့ခြံဝန်းမှာရှိနေမယ် တစ်ခုခုဆို ငါတို့ကိုအဲဒီမှာ လာရှာလို့ရတယ်” ဟော့ဘာယန်အာ ပြောလိုက်သည်။
“ကောင်းပါပြီ”
“ဒါဆိုရင် သွားလိုက်ဦးမယ်”
သူတို့သုံးယောက်သည် မတ်တတ်ရပ်ပြီး နှုတ်ဆက်သွားကြလေသည်။
“ငါလိုက်ပို့ပေးမယ်”
ရှီမာယူယူသည် သူတို့သုံးယောက်ကို တံခါးဝထိပို့ပြီး သူတို့ထွက်သွား သည်ကိုမြင်သည်နှင့် ရုတ်တရက် ဖန်ဝူဟန်ကိုခေါ်လိုက်သည်။
ဖန်ဝူဟန် ရပ်သွားပြီး မေးလိုက်သည် “ဟင် ဘာလဲ”
“ဆရာ ဒီကိုလာလား” ရှီမာယူယူ မေးလိုက်သည်။
“မလာဘူး ဒါပေမဲ့ ဆရာက မျိုးနွယ်ကို သတင်းပါးလိုက်တယ် မင်းကို စောင့်ရှောက်ပေးပါတဲ့၊ ဒါပေမဲ့ မိသားစုခေါင်းဆောင်ပြောသလိုဆိုရင် ဦးလေးဖန်လည်း အဲမှာအဆင်ပြေပါတယ်” ဖန်ဝူဟန် ပြောလိုက်သည်။
“ကောင်းတာပေါ့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“အခု ငါတို့သွားတော့မယ်နော် တာ့တာ”
သူတို့ထွက်သွားသည်နှင့် ရှီမာယူယူ ခြံဝန်းအနောက်သို့ ပြန်လာလိုက် သည်။ ရှီမန်ဖန်နှင့် တခြားသူများသည် အရှေ့မျှတမှုမြို့တော်မှ အဖြစ်အပျက် ကို ဆွေးနွေးနေကြသည်။
“အခု အများကြီးဆွေးနွေးလည်း အသုံးမဝင်သေးဘူး ငါ မနက်ဖြန်ကို ကိုယ်တိုင်သွားစစ်ကြည့်မှပဲ သိလိမ့်မယ်” သူမ အားလုံးကို ပြောလိုက်သည်။
“စစ်တာကို ငါတို့တာဝန်ထားလိုက်ပါ နင်က ဝိညာဉ်စွမ်းအင် ပြန် ကောင်းသေးတာလည်းမဟုတ်ဘူး တကယ်လို့ အန္တရာယ်များတာ တစ်ခုခုဖြစ် ရင်…” ရှီမန်ဖန်သည် စိုးရိမ်တကြီးပြောလေသည်။
“ငါ့ဝိညာဉ်စွမ်းအင်က ပြန်မကောင်းသေးပေမဲ့ တခြားဟာတွေသုံးလို့ရပါ တယ် အဆင်ပြေတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲအစား အဲဒီမီးခိုး မည်းက တစ္ဆေမျိုးနွယ်နဲ့ ပတ်သတ်နေမှာကိုပဲပိုစိုးရိမ်တယ် ငါသွားလိုက်လို့ တကယ်ပဲအဲလိုဖြစ်တယ်ဆိုရင် ငါက စောစောအာရုံခံမိမယ်လေ ဘေဂုန်၊ ကျိရွှီ နင်တို့က ဒီမှာပဲငါ့ကိုစောင့်နေ ဖန်အာ အဘိုးဘိုင် ဖန်ခိုင်နင်တို့က ငါ့နဲ့လိုက်ခဲ့ ပေး”
ဝေကျိရွှီတို့သည် သူတို့အားကို သိထားကြသဖြင့် လိုက်သွားလျှင်လည်း အားလုံးကို ဆွဲချရုံသက်သက်ဖြစ်မည်ကို သိထားကြသည်။ ထို့ကြောင့် သူတို့ သည် ရှီမာယူယူ၏ စီစဉ်မှုကို မငြင်းဆန်ကြပေ။
သူမ စွမ်းအားပြန်မကောင်းသေးမည်ကို ရှီမန်ဖန်စိုးရိမ်သော်လည်း အဘိုးဘိုင်မှ ဘာမှမပြောသဖြင့် သူမ ပြောသည်မှာ အမှန်ဟု ယူဆလိုက်သည်။ သူမ အားပြန်ကောင်းလာသည်နှင့် ထိုကဲ့သို့အခြေအနေမျိုးသည် သူမ အတွက် ကောင်းမွန်သော လက်ဆောင်ဖြစ်လိမ့်မည်။ သူမသည် တခြားသူများထက် အမှောင်စွမ်းအင်ကို ပို၍အာရုံခံနိုင်စွမ်းရှိသည်။
ဆွေးနွေးပြီးနောက်တွင် ပိုင်ထာသည် အားလုံးအတွက် အခန်းစီစဉ်ပေး လေသည်။ ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့်တခြားသူများသည် ထိုခြံဝန်းတွင်ပင်နေထိုင် ကာ ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြားသော လူငယ်မျိုးဆက်များသည် ဘေးရှိ ခြံဝန်းတွင်နေရမည်ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် ရှီမာယူယူ၊ ရှီမန်ဖန်၊ ဘိုင်ရှန်း၊ ဖန်ကျိ၊ ဖန်ခိုင် တို့ငါးယောက်သည် သားရဲပျံစီးကာ အရှေ့မျှတမှုမြို့တော်သို့ပျံသန်းလေသည်။ ထိုနေရာတွင် လေဟာပြင်ရှိမရှိကို မသေချာသဖြင့် ဖြတ်လမ်းတည်ဆောက်မှု မသုံးတော့ဘဲ ဘေးကင်းသောနည်းလမ်းဖြစ်သော သားရဲပျံစီးရန်ကိုသာ ရွေးချယ်လိုက်သည်။
ကံကောင်းစွာပင် ရှီမာယူယူတွင် သားရဲပျံများသဖြင့် ခရီးစဉ်ကို အလော တကြီးသွားရာတွင် မည်သည့်ပြဿနာမှမရှိခဲ့ပေ။
သားရဲပျံဖြင့် ၈ရက်၈ည ပျံသန်းပြီးနောက် အရှေ့မျှတမှုမြို့တော်သို့ ရောက်လေသည်။ အဝေးမှကြည့်ရာ အရှေ့မျှတမှုမြို့တော်ကို ကြီးမားသော မှိုနက်ကြီးမှ ဖုံးအုပ်ထားသည်နှင့်တူလေသည်။
ရှီမာယူယူသည် အံ့ဖွယ်အသိစိတ်ဖြင့် မီးခိုးမည်းများကိုဖြတ်ပြီး ကြည့်မရ ပေ။ သူတို့သည် အထဲရှိအခြေအနေကို စစ်ကြည့်မရသလို အထဲမှာမည်သို့ဖြစ် နေသည်ကိုလည်း မမြင်ရပေ။
“မီးခိုးမည်းရောင်ဝါက တကယ်ကိုပဲ နည်းတာပဲ”
သူတို့ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်ဖြင့် ကာထားသည့်တိုင်အောင် နီးလာလေလေ အရိုးထဲထိအေးစိမ့်စိမ့် ခံစားရလေလေဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ ပတ်ပတ်လည်ရှိ မြစ်များ ကန်များသည် အေးခဲသည့်ပုံ မပေါက်ပေ။
“ငါတို့ ဒီကိုလာတာ တစ်လတောင်မရှိသေးဘူး အပူအချိန်အများကြီး ကျဆင်းသွားတာပဲ” ဖန်ခိုင် ပြောလိုက်သည်။
“မီးခိုးမည်းက ဘယ်လိုလဲဆိုတာ မမြင်ရဘူး ငါတို့ဝင်သွားရင် အန္တရာယ် များနိုင်တယ်” ရှီမန်ဖန် ပြောလိုက်သည်။
“ဟား…” ရှီမာယူယူ ရယ်မောပြီး ပြောလိုက်သည် “နင်တို့က မီးခိုးထူရဲ့ လှည့်စားတာခံလိုက်ရပြီ”
“ဆရာ ဒါဘာလဲဆိုတာ သိနေပြီလား” ဖန်ခိုင်မေးလိုက်သည်။
“အတိအကျ တပ်အပ်မပြောနိုင်ပေမဲ့ ဒီဟာမှာ တစ္ဆေရောင်ဝါပါတယ်၊ ဘယ်လိုရောင်ဝါဖုံးအုပ်ထားလည်း မသိပေမဲ့ အာရုံခံလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သေချာရဲ့လား” ရှီမန်ဖန် မေးလိုက်သည်။
“သေချာတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါ့ကိုယ်ထဲမှာ စီးနေတာက တစ္ဆေမျိုးနွယ်ရဲ့ ဝိညာဉ်စွမ်းအင်ပဲ အဲဒါကြောင့် တစ္ဆေရောင်ဝါကို ပိုပြီး ခံစားရလွယ်တယ်”
“အဲလိုဆိုတော့ ဒီကဟာကြီးက တစ္ဆေမျိုးနွယ်လုပ်ထားတာပဲ”
“ဖြစ်နိုင်တယ် ဒါပေမဲ့ အထဲမှာဘာဖြစ်လဲဆိုတာကို သေချာစစ်ကြည့်ဖို့လို မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဝင်သွားတဲ့သူတွေ မထွက်လာနိုင်တာ အဲမှာ ညှီတာတစ်ခုခုရှိရမယ်၊ အင်အားစုအကုန်လုံးကလည်း ဝင်သွားပြီး ပြန်မထွက်နိုင်မှာစိုးလို့ လူတွေကို အလောတကြီးမပို့ရဲကြဘူး” ဖန်ကျိသည် စောစောရောက်နှင့်သဖြင့် ထိုနေရာမှ အခြေအနေကို ပိုသိလေသည်။
“လျန်ချိုင်က မြို့ထဲမှာလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း သူတို့အသက်ကျောက်စိမ်းက ကောင်းသေးတယ် ဆိုလိုတာက သူ အဆင်ပြေသေးတယ် ဒါပေမဲ့ သူတို့ကိုဆက်သွယ်မရဘူး”
“ဒါဆိုရင် ပျားတွေကိုလွှတ်ပြီးအခြေအနေ ကြည့်ခိုင်းလိုက်မယ်” ရှီမာယူယူသည် နီရဲပျားများကိုဆင့်ခေါ်ပြီး အထဲသို့လွှတ်လိုက်လေသည်။ သို့သော် ခဏအကြာတွင် နီရဲပျားများနှင့် အဆက်အသွယ်ပြတ်သွားလေသည်။
***