ဗလာကျင်းနေသော မြို့တော်
Vol. 91 Ch. 1263
ရှီမာယူယူ မျက်နှာပျက်သွားသည်။ နီရဲပျားများ မီးခိုးမည်းများဆီသို့ ဝင် သွားသည့် မိနစ်အနည်းငယ်အတွင်းတွင် ဆက်သွယ်၍မရတော့ပေ။ အဲဒါ ကြောင့် ဝင်သွားတဲ့သူတွေက ဆက်သွယ်မရတာကိုး။
သူတို့သည် ရှီမာယူယူ၏ မျက်နှာကိုမြင်ပြီးနောက် စိတ်ထဲမှခန့်မှန်းမိကြ သည်။
ရှီမာယူယူသည် နီရဲပျားတချို့ထုတ်ပြီး လွှတ်လိုက်ပြန်သည်။ သည်တစ် ခေါက်တွင် ပိုသန်မာသောအကောင်များကိုလွှတ်လိုက်သည်။ သို့သော် ဝင်သွား ပြီး နာရီဝက်ပင်မပြည့်သေးခင်အချိန်တွင် ဆက်သွယ်မရတော့ပြန်ပေ။
“နာရီဝက်… မြို့အနားတော့ ရောက်သွားလောက်မယ်” ရှီမာယူယူ ဆက် ပြောလေသည် “ကြည့်ရတာ ပိုသန်မာလေ မီးခိုးမည်းထဲမှာ တောင့်ခံနိုင်လေ ဖြစ်မယ်”
“အဲဒီနီရဲပျားတွေ အသက်ရှင်သေးလား”
“ရှင်သေးတယ် စာချုပ်ရှိသေးတယ်လို့ နီရဲပျားဘုရင်မ ပြောတယ် အဆက်အသွယ်ပြတ်ရုံပဲရှိတာ သူတို့ကိုခေါ်ထုတ်လိုက်တာလည်း အသုံးမဝင် တော့ဘူး ကြည့်ရတာ အဲလူတွေနဲ့အတူတူပဲထင်တယ်” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။
“နင့်ရဲ့ နီရဲပျားတွေတောင် အဲဒီက သတင်းကို စုံစမ်းလို့မရတာ တကယ်ပဲ အဲဒီမှာဘာတွေဖြစ်နေတာလဲ”
အားလုံးတိတ်သွားကြသည်။ တကယ်လို့ အထဲကိုဝင်သွားပြီး သတင်း ပြတ်သွားတယ်ဆိုရင် အထဲကဖြစ်ပျက်တာတွေကို ဘယ်သူသိဦးမှာလဲ။
ထိုအချိန်တွင် နီရဲပျားဘုရင်မထွက်လာပြီး အခြေအနေတစ်ခုရှိ သော်လည်း အတည်ပြုနိုင်ခြင်းမရှိဆိုသည်ဟု ပြောလေသည်။
ရှီမာယူယူသည် နီရဲပျားဘုရင်မကို ဆင့်ခေါ်ပြီး မေးလိုက်သည် “တစ်ခုခု များတွေ့လို့လား”
“အထဲကို အာရုံခံရတာက မရှင်းလင်းဘူး သူတို့ကို ဆက်သွယ်ဖို့ ကြိုးစား ကြည့်လိုက်မယ်” နီရဲပျားဘုရင်မသည် ပြောပြီးသည်နှင့် အာရုံခံနိုင်ရန် ကြိုးစား လေသည်။ ထို့နောက် မျက်လုံးဖွင့်ပြီး ပြောလေသည် “ယူယူ သူတို့ ဝိညာဉ်တွေ က ထိန်းချုပ်ခံနေရတယ်”
“သူတို့ဝိညာဉ်က ထိန်းချုပ်ခံရတယ်ဟုတ်လား”
“အင်း” နီရဲပျားဘုရင်မ ခေါင်းညိတ်လေသည် “ငါ့ပျားတွေနဲ့ ငါက ဝိညာဉ် ချည်နှောင်ထားတာ ဒါပေမဲ့ သူတို့ကို ဆက်သွယ်ကြည့်လိုက်တော့ ပိတ်ပင်မှုကို ခံစားလိုက်ရတယ် သူတို့ဝိညာဉ်ထိန်းချုပ်ခံရတာကြောင့်ဖြစ်လိမ့်မယ်”
“ဝိညာဉ်ထိန်းချုပ်မှုသခင် လာတာကြောင့်များလား” ရှီမာယူယူ ခန့်မှန်း လိုက်သည်။
“ဝိညာဉ်ထိန်းချုပ်မှုသခင်ဆိုတာ ဘာလဲ”
“ဝိညာဉ်ထိန်းချုပ်မှုသခင်ဆိုတာ မိုယွိ ငါ့ကိုပြောပြတာပဲ တစ္ဆေလောက မှာ အထူးကျွမ်းကျင်သူသခင်တဲ့၊ သူတို့က လူတွေကို ဝိညာဉ်သုံးပြီးထိန်းချုပ် တယ်၊ သူတို့က တစ္ဆေလောကမှာ စက်ဆုပ်စရာကောင်းတဲ့လူတွေပဲ” ရှီမာယူယူ ရှင်းပြလေသည်။
“မိုယွိ ဟုတ်လား”
“ငါ့သူငယ်ချင်း တစ်ယောက်ပဲ တစ္ဆေလောကမှာ တန်ခိုးကြီးတဲ့သူပဲ” ရှီမာယူယူ ပြောလိုက်သည်။ မိုယွိသည် ဝိညာဉ်ထိန်းချုပ်မှုပါဝင်သော အမှောင် အရည်အချင်းသင်ပေးသည်ကိုတော့ သူမ ထည့်မပြောလိုက်ပေ။ သူမသာ အလို ရှိပါက သူမသည်လည်း ဝိညာဉ်ထိန်းချုပ်မှုသခင် ဖြစ်နိုင်သည်။
“တကယ်ပဲ ဝိညာဉ်ထိန်းချုပ်သူ သခင်ဆိုရင် ဘာလို့ဒီလော်ကလူအများ ကြီးကို ဖမ်းတာလဲ” ဖန်ခိုင်သည် နားမလည်ပေ။
သူတင်မဟုတ်ပေ။ တခြားသူများလည်း သိချင်နေကြသည်။
အမှန်တကယ်သာ ဝိညာဉ်ထိန်းချုပ်မှုသခင်ဆိုပါက ထိုလူများကို သတ် မည်မဟုတ်ပေ။ ထိုအစား သူက သူတို့ကိုဘာအတွက် ထိန်းချုပ်နေတာလဲ။
ဝိညာဉ်စေတီမှ သားရဲများသည် နီရဲပျားများအားလုံးထွက်သွားသည်ကို မြင်သောအခါ သူတို့ပါထွက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အမှောင်မီးခိုးကို စစ် ဆေးမည်ဟု တောင်းဆိုလေသည်။ ရှီမာယူယူသည် တွေးကြည့်ပြီးနောက် သူတို့ကို ခေါ်ထုတ်လိုက်သည်။
“ဒါက အဲဒီမီးခိုးမည်းဆိုတာလား ရှောင်ချီ့အတွက်တော့ ဘာမှမထူးခြား ပါဘူး” ရှောင်ချီ ပြောလိုက်သည်။
“ဒီမီးခိုးမည်းက လူတွေကို နေရခက်အောင်လုပ်နေတာပဲ” ဟိန်းသံလေး သည် အိမ်မက်လေးရင်ခွင်ထဲတွင် နေကာ ခက်ခဲစွာလှိမ့်နေလေသည်။
အိမ်မက်လေး ထိပြီး သူ့အားအနည်းငယ် နှစ်သိမ့်ပေးလေသည်။ ရှီမာယူယူသည် ထိုအခြင်းအရာကို မျက်လုံးလှန်မိသည်။ ဒီကောင်က အခွင့်အရေးကိုယူနေတာ။
“လူတွေ မီးခိုးမည်းထဲဝင်သွားရင် သူတို့ဝိညာဉ်က တကယ်ပဲ ယူသွားခံ လိုက်ရတာလား” ဟိန်းသံထောင်ချီ မေးလေသည်။
“သူတို့ ဝိညာဉ်ယူသွားခံရလားတော့ မသိဘူး ဒါပေမဲ့ ထိန်းချုပ်ခံနေရ တယ်” နီရဲပျားဘုရင်မသည် မျက်မှောင်ကြုတ်ပြီး ပြောလေသည်။
“တကယ်ပဲ အဲလိုဆိုရင် ဝိညာဉ်မရှိတဲ့လူဝင်သွားမယ်ဆိုရင် ထိန်းချုပ်ခံရ မှာလား” ဟိန်းသံလေး ခန့်မှန်းလေသည်။
“ဝိညာဉ်မရှိတဲ့လူဟုတ်လား၊ ဒီတိုင်းပြည်တစ်ခုလုံးမှာ ဘယ်သူက ဝိညာဉ်မရှိလို့လဲ”
ဖန်ခိုင်နှင့် တခြားသူများသည် တွေးမရသော်လည်း ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်လာကာ လက်ခုတ်တီးပြီး အော်လိုက်လေသည် “ဪ ဟုတ်သားပဲ ငါ ဘာလို့အဲဒါကိုမစဉ်းစားမိတာလဲ”
သူမ ပျော်ရွှင်သွားသည်ကို ရှီမန်ဖန် မြင်လိုက်သည်။ သူတို့ သူမကို ဘာမှ မမေးရသေးခင်မှာပင် စက်ယန္တရားတစ်ခုသည် ရှေ့တွင်ပေါ်လာလေသည်။
ယန္တရား၏ သံမဏီခန္ဓာကိုယ်ကိုမြင်ပြီး အားလုံး တောင့်တင်းသွားကြလေ သည်။
“ဒါက ဒါက ဒဏ္ဍာရီလာ ယန္တရားလား”
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ယန္တရားတွေမှာ ဝိညာဉ် မရှိတော့ ဝင်သွားမယ်ဆိုင် အထဲကအခြေအနေကိုသိနိုင်မှာပဲ”
“ဒါဆို မြန်မြန်ဝင်ပြီး စမ်းကြည့်ခိုင်းလိုက်”
“ပုံမှန်ဘာမှမပါတဲ့ ယန္တရားဆိုရင် ဘာကိုမှမမြင်ရသလို ဘာမှလည်းကြား ရမှာမဟုတ်ဘူး၊ အဲဒါကြောင့် အထဲကိုအံ့ဖွယ်အာရုံနည်းနည်းထည့်ထားတယ်၊ အဲဒါနဲ့ဆိုရင် ဘယ်သူမှ မနှောင့်ယှက်နိုင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “နင်တို့ ငါ့ကိုကူပြီးကြည့်ပေးဦး”
“အင်း”
ရှီမာယူယူသည် ပတ်ပတ်လည်အား ကြည့်ပြီးနောက် ကျောက်တုံးကြီး ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ယန္တရား၏ ဦးခေါင်းပိုင်းအတွင်းသို့ အံ့ဖွယ် အာရုံ ထည့်ပြီးနောက် မီးခိုးအမည်းဆီသို့ ထိန်းချုပ်ကာ လျှောက်သွားခိုင်းလိုက်သည်။
သူမသည် ယခုအချိန်တွင် အနိမ့်ဆုံးအဆင့် ယန္တရားကိုသာ ထိန်းချုပ်နိုင် ကာ ထိုအနိမ့်ဆုံးအဆင့်သည် မပျံသန်းနိုင်သောကြောင့် တစ်ဆင့်ချင်းစီ လျှောက်ရုံသာ တတ်နိုင်လေသည်။ ကံကောင်းစွာပင် သွက်လက်ပေါ့ပါးသဖြင့် နှေးကွေးခြင်းမရှိပေ။ မဟုတ်လျှင် သူမ ပင်ပန်းနိုင်သည်။
ယန္တရားများ မီးခိုးထူထဲသို့ လျှောက်သွားပြီးနောက်တွင် သူမ အံ့ဖွယ် အာရုံကို လွှတ်နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် တင်းကြပ်စွာ ပိတ်ထား သဖြင့် မီတာတစ်ရာအတွင်းကို ရှာဖွေ၍မရပေ။
ကံကောင်းစွာပင် မီးခိုးအမည်းသည် အမြဲတစေထူထဲနေသည်တော့ မဟုတ်ပေ။ အကွာအဝေးတစ်ဝက်လောက် အရောက်တွင် ထူထဲသော မီးခိုး သည် နည်းပါးသွားကာ မြို့အစပ်ကိုမြင်ရလေသည်။
ရုတ်တရက်ပင် မြို့ထဲမှ တည်ငြိမ်သော ပုလွေအသံထွက်လာသည်။ ပုလွေအသံကြားပြီးနောက် သူမ အံ့ဖွယ်အာရုံကို ပြန်ဆွဲထည့်လိုက်သလို ရှီမာယူယူ ခံစားရလေသည်။
ပုလွေအသံက တခြားသူရဲ့ဝိညာဉ်ကို ထိန်းချုပ်နိုင်တာလား။ အဲဒါက ဝိညာဉ်ထိန်းချုပ်မှုသခင်မဟုတ်ဘူးလား။
ကံကောင်းစွာပင် ပုလွေအသံသည် ခဏကြာပြီးနောက်တွင် ရပ်သွားလေ သည်။ ထို့ကြောင့် သူမ တောင့်ခံရန်မခက်ခဲလိုက်ပေ။
သူမသည် အံ့ဖွယ်အာရုံကိုသာ လွှတ်ထားခြင်းဖြစ်သော်လည်း ပုလွေ အသံကြောင့် ရှုပ်ထွေးသွားရသည်။ ဝိညာဉ်ရှိသော လူသာဖြစ်ပါက ထိန်းချုပ်ခံ ရမည်ဖြစ်သည်။
ဒါပေမဲ့ ဒီပုလွေအသံက ဒီလောက်အဝေးကြီး ပျံ့လာတာပဲ… မြို့ရဲ့ မြစ် အကွာအဝေးက မီတာ ငါးရာလောက်ဝေးတာကို ဘယ်သူ့ရဲ့ပုလွေသံက ဒီလောက်ထိတောင့် ပျံ့လာရတာလဲ။
ကြည့်ရတာတော့ ဒီပုလွေသံက သူမ စုံစမ်းဖို့လိုနေတဲ့ အဓိကပစ္စည်းပဲ။
သူမ ရှေ့ဆက်လျှောက်သွားသည်နှင့် အံ့ဖွယ်အာရုံသည် အနည်းငယ် ထိခိုက်လာသည်နှင့်အမျှ အရှိန်သည်လည်း နှေးလာသည်။
ယန္တရား မြို့အဝင်သို့ရောက်သောအချိန်တွင် မီးခိုးမည်းသည် ပျောက်လု နီးပါးဖြစ်သည်။ သို့သော် အပေါ်အမိုးတွင် အလွှာတစ်ခုပိတ်နေသဖြင့် အလင်း မှာ သိပ်မကောင်းလှပေ။
မြို့အဝင်တွင် ဂိတ်စောင့်များမရှိကြဘဲ ဝင်ပေါက်ပင်လျှင် ပိတ်ထားခြင်း မရှိပေ။ သူမ ဂရုတစိုက်ဖြင့် လျှောက်ဝင်သွားရာ မြို့ထဲတွင်လည်း မည်သူမှမရှိ သည်ကို သိလိုက်ရသည်။
“ဟင် မြို့ထဲကလူတွေ ဘယ်ရောက်ကုန်တာလဲ” သူမသည် မြို့ကို လည့်ပတ်လျှောက်ကြည့်သော်လည်း အရိပ်အယောင်တစ်ခုမှပင် မတွေ့ပေ။
“ဝင်သွားပြီးတော့ တစ်ယောက်မှထွက်မလာဘူးလို့ ပြောကြတယ်မလား သူတို့က မြေပေါ်ကပျောက်သွားကြတာလား”
သူမ နားမလည်နိုင်ဖြစ်နေစဉ်တွင် ခြေသံကြားလိုက်သည်။ လူအများကြီး လာနေသည်ကို သူမ ချက်ချင်းသိလိုက်သည်။ သို့သော် သူတို့ခြေသံများမှာ တညီတည်းဖြစ်နေကြသည်။
ခြေသံများသည် လမ်းကွေ့မှလာသည်။ မည်သူမှမရှိသည့် မြို့ထဲတွင် ထူးဆန်းသောခြေသံရှိနေသဖြင့် သူမသည် ယန္တရားကိုထိန်းချုပ်ပြီး ဘေးရှိ အခန်းတစ်ခန်းတွင်ပုန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ အံ့ဖွယ်အာရုံကို ဆွဲယူလိုက်သည်။
အသက်ရှုသံမရှိ၊ အံ့ဖွယ်အာရုံမရှိဘဲနှင့် ယန္တရားကို အထဲတွင်ထားခဲ့ရာ မည်သူမှ သတိထားမိမည်မဟုတ်ပေ။
“ဖတ် ဖတ် ဖတ်” ခြေသံများသည် လမ်းပေါ်မှ တဖြည်းဖြည်းထွက်လာ ကာ ရှီမာယူယူရှိနေသော အိမ်ကိုဖြတ်လျှောက်သွားလေသည်။
သူတို့လက်များသည် မလှုပ်ဘဲ လမ်းလျှောက်ရာတွင် ခြေထောက်များမှာ လည်း ကွေးဆန့်ခြင်းမရှိပေ။ ထူးဆန်းလိုက်တာ။
သို့သော် သူတို့ခန္ဓာကိုယ်မှ အသက်ကို ရှီမာယူယူ အာရုံခံ၍ရနိုင်သည်။ ကြည့်ရတာ သူတို့က တကယ်ပဲ အသက်ရှင်နေသေးတာပဲ။
ဒါပေမဲ့ သူတို့က ဘယ်ကလာကြတာလဲ၊ ပြီးတော့ ဘယ်ကိုသွားနေကြ တာလဲ။ မြို့ထဲမှာ ဒီလောက်လူအများကြီးက ဘယ်ကိုသွားကြမလို့လဲ။
***