← Chapters

အပိုင်း (၁၂၆၈)

Vol. 86 Ch. 1268

အပိုင်း (၁၂၆၈)

Vol. 86 Ch. 1268

"ငါ့အနေနဲ့ စနစ်ကိုပဲ အားကိုးနေလို့ မဖြစ်ဘူး။ ငါ့ကိုယ်ငါလည်း အားကိုးမှ ဖြစ်မယ်"

ကျွင်းချောင်ရှောင်းသည် အစောတုန်းက ထိုကဲ့သို့ ပြောဆိုခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ အဆင့်မြင့် စတိုးကို ဖွင့်ကာ ကြိုးစား နေရတော့၏။

အခြား နည်းလမ်းလည်းမရှိချေ။ ငရဲကြီးကိုးထပ်၏ အကာအကွယ်အစီအရင်သည် အမှန်တကယ်ပင် အားကောင်းလွန်းလှသည်။

ကျွင်းချောင်ရှောင်း အနေဖြင့် နတ်ဘုရားအဆင့် အစီအရင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို အကြီးအကဲကျန်းအား ပေးလိုက်မိသည်ကိုပင် နောင်တရလျက်ရှိ၏။ မဟုတ်ပါက သူ့အနေဖြင့် ဤအခြေအနေတွင် အသုံးပြုနိုင်ပေလိမ့်မည်။

"စိတ်ကူးယဉ်နေတာ ရပ်တော့"

စနစ်က ပြောလိုက်သည်။ "လက်ခံသူ အနေနဲ့ နတ်ဘုရားအဆင့် အစီအရင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်မယ်ဆိုရင်တောင်မှ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အစီအရင်သူတော်စင် အဆင့်လောက်ပဲ ရှိလိမ့်မယ်။ အခု ခံတပ်ကြီးရဲ့ အကာအကွယ် အစီအရင်က အင်ပါယာအဆင့် အနည်းဆုံး ရှိတယ်"

စနစ်အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြေအနေပြောင်းပြန် ဖြစ်ပြီး ပါးပိတ်ရိုက်ခံရမည့် ခံစားချက်မျိုးကို မကြောက်လန့်ချေ။ အဘယ့်ကြောင့် ဆိုသော် သိပ္ပံနည်းကျ စဉ်းစားမည် ဆိုလျှင်တောင်မှ ထိုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

"......."

ကျွင်းချောင်ရှောင်းသည် မည်သည့် စကားကိုမှမဆိုချေ။ စနစ်၏ စတိုးထဲတွင် ရှိသော ပစ္စည်းများကို သေသေချာချာ ကြည့်ရှု ပြီးနောက် သူသည် စိတ်ဝိညာဉ် အသွင်ပြောင်းသန့်စင်ခြင်းကိုးမျိုး ဆေးလုံးအား တစ်ချက် ကြည့်ရှု လိုက်၏။

အချက်အလက်အရဆိုလျှင် ထိုဆေးလုံးသည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ဝိညာဉ်ထိခိုက်မှုကို ပြန်လည် ကောင်းမွန်နိုင်သည်။

"ဒါက အသုံးမဝင်ဘူး" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

"အသုံးမဝင်ဘူး ဟုတ်လား"

စနစ်က ပြောလိုက်မိသည်။ "မင်း တကယ် ပြောနေတာလား"

"ငါဆိုလိုတာ လက်ရှိ ငါ့အတွက် အသုံးမဝင်ဘူးလို့ ပြောတာလေ"

ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။ ဝိညာဉ်ကို ပြန်လည် ကောင်းမွန်စေသည့် ဆေးလုံးသည် အမှန်ပင် ကောင်းမွန်သည့် အရာဖြစ်၏။ သို့ပေမဲ့ သူ့အနေဖြင့် လက်ရှိ ပြဿနာအတွင်းမှ ဖောက်ထွက်ပြီး သိုင်းအင်ပါယာ ကိုးယောက်တို့ကို ကယ်တင်နိုင်ရန် အတွက် လိုအပ်နေသည့် အရာမျိုးတော့ မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို သုံးကာ ဝယ်ယူနေလိမ့်မည် မဟုတ်ချေ။

"ထပ်ပြီး ရှာရအောင်"

စနစ်သည် ထိုအရာကို ဝယ်ယူရန် အာမမခံပေးတော့ချေ။ ဂိုဏ်းစုဆောင်းမှတ်များကလည်း အကန့်အသတ် ရှိနေသည် ဖြစ်သောကြောင့် ထိုအရာကို ဝယ်ယူရန် လက်ရှိတွင် မထိုက်တန်သေးသည်ကို သူကောင်းကောင်း နားလည်၏။

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ကြည့်ရှုလိုက်၏။ ပြီးသည့် နောက်မှာတော့ စိတ်ဓာတ် ကျလျက် ရှိနေသည်။

စတိုးထဲတွင် ရှိနေသော ပစ္စည်းများသည် အလွန် ကောင်းမွန်သည် ဆိုသော်လည်း ချက်ချင်း သူ၏ တိုက်ခိုက်ခြင်း စွမ်းရည်ကို အားကောင်းစေနိုင်သည့် စွမ်းရည်မျိုး ပေါ်မလာခဲ့ချေ။

"တစ်စုံတစ်ခုကို ဝယ်ပြီးတော့ refresh ထပ်လုပ်လိုက်လေ"

အရည်အသွေး ပြည့်မီလှသော အရောင်းသမား ဖြစ်သောကြောင့် စနစ်သည် ချက်ချင်းပဲ ဝင်ရောက်ကာ ဆော်သြလိုက်တော့၏။

"..."

ကျွင်းချောင်ရှောင်းသည် ရင်နာလျက် ရှိနေ၏။ ပထမဆုံးတာဝန်သည် အချိန်အကန့်အသတ်နှင့် ရှိနေပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်ရမည့် အခြေအနေကို သိရှိပြီးနောက် သူသည် ထပ်မံကာ refersh လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ဤ နေရာတွင် ပြဿနာ တစ်ခု ရှိနေသည်။ စည်းမျဉ်းစည်းကမ်း အရဆိုလျှင် သူသည် refersh လုပ်ရန် အတွက် ဂိုဏ်းစုဆောင်းမှတ် များကို အသုံးပြုရန် လိုအပ်နေ၏။

"ငါဘာကို ဝယ်ရင် ကောင်းမလဲ"

ကျွင်းချောင်ရှောင်းသည် တွေဝေ ငေးငိုင် နေခဲ့၏။ သူသည် စဦးစတိုးတွင် ပစ္စည်းတစ်ခုကို ဝယ်မည် ဆိုပါက ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်သာ ကုန်ကျမည် ဆိုသော်လည်း ယခု အဆင့်မြင့် စတိုးထဲတွင်တော့ အနည်းဆုံး ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းလောက် ကုန်ကျနိုင်သည်။

စနစ်က ပြောလိုက်သည်။

လက်ခံသူအနေနဲ့ ခုနက စိတ်ဝိညာဉ် အသွင်ပြောင်းသန့်စင်ခြင်းကိုးမျိုး ဆေးလုံးကို ဝယ်ယူ သင့်တယ်လို့ ထင်တယ်"

"အကြောင်းပြချက်ကရော…"

"လက်ရှိ လက်ခံသူရဲ့ အခြေအနေရဆိုရင် ကြုံရတဲ့ ရန်သူတွေက သိုင်းအင်ပါယာ ဒါမှ မဟုတ် အဲ့ထက် မြင့်တဲ့လူတွေပဲလေ။ ဒီတော့ ဒဏ်ရာရပြီဆိုရင် ခန္တာကိုယ်တင် မဟုတ်ပဲ ဝိညာဉ်ပါ ဒဏ်ရာ ရရှိဖို့များတယ်။ ပြီးတော့ ဒီလို ဆေးလုံးမျိုးဆိုတာ အပြင်ကိုထွက်ပြီး သေလမ်းရှာတဲ့ အခြေအနေမျိုးမှာ ရှိကိုရှိသင့်တဲ့ ဆေးလုံးမျိုးပဲ"

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဒါတော့ ဟုတ်တာပဲ"

ပြီးနောက် စနစ်က ထပ်ပြောလိုက်သည်။ "လက်ခံသူရဲ့ ကိုယ်ရည်ကိုယ်သွေး အရဆိုရင် အရမ်း အားကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင် တွေ့ပြီဆိုတာနဲ့ ကျောက်ရုပ်ထုကြီးရဲ့ စွမ်းအင်တွေ ထုတ်သုံးမှာ မဟုတ်လား။ ဒါဆိုရင် ကိုယ့်ရဲ့ အသိစိတ်ကို လွှမ်းမိုးခံရမယ်လေ။ ဒီလိုမျိုး စိတ်လွတ်ပြီး မကောင်းတဲ့ အရာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်စွမ်း ရှိနေလိမ့်မယ်"

ပထမ အေ“ဒင် … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြုပြီး နောက်မှာတော့ ဝိညာဉ် သန့်စင်ခြင်း အသွင်ပြောင်း ကိုးမျိုး ဆေးလုံးအား ဝယ်ယူလိုက်သည်။ ပစ္စည်းအား သိုလှောင် လက်စွပ်ထဲကို ပို့ဆောင် ပြီးပါပြီ"

“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၆၀၀၀၀ / ၁၀၀၀၀၀၀”

ဟူး …။

refersh လုပ်ပြီး ပစ္စည်း ဝယ်ယူပြီးသည့် အချိန်တွင် သူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကုန်ကျခဲ့ရ၏။ ဤ အရာသည် ကျွင်းချောင်ရှောင်းအား သက်ပြင်းအရှည်ကြီး ချမိစေ၏။

"နောက်တစ်ကြိမ် ပစ္စည်းကောင်းတွေ များများရဖို့ မျှော်လင့်မိတယ်"

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် - ၅၀၀၀၀ / ၁၀၀၀၀၀”

ဟားဟား ဟားဟားဟား

ဟားဟား ဟားဟားဟား

နဝမမြောက် အကျဉ်းထောင် အတွင်းမှာတော့ ကျယ်လောင်လှသည့် ရယ်မောသံကြီး ထွက်ပေါ် လာတော့သည်။ ပုံရိပ်ယောင် မြင်ကွင်းအရ ကြည့်ရှုမည် ဆိုလျှင် ကင်းသမားများ အားလုံး၏ နားထဲတွင် ထို အသံကြီးသည် ပဲ့တင်ထပ်လျက် ရှိနေ၏။

"ဒီကောင် ဘာထဖြစ်တာလဲ။ အစီအရင်ကို မချိုးဖျက်နိုင်လို့ ရူးသွားတာလား မသိဘူး”

“ဒါ ဖြစ်နိုင်တယ်"

ကျွင်းချောင်ရှောင်းသည် ရက်အနည်းငယ်ကြာ ဤ နေရာတွင် တင်ပျဉ် ချိတ်ကာ ထိုင်နေခြင်း ဖြစ်၏။ ရုတ်တရက် ဘာမပြော ညာမပြောနှင့် ထ၍ ရယ်ခြင်းမှာ ရူးသွပ် သွားခြင်းသာ ဖြစ်ပေလိမ့်မည်။

အစစ်အမှန်တရားမှာတော့ သူ ဤကဲ့သို့ ထ၍ ရယ်မောခြင်းသည် စတိုးထဲတွင် ပစ္စည်းကောင်းကို ရှာဖွေ တွေ့ရှိ ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ရယ်မောခဲ့ခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် သူဘာကို တွေ့ရ သနည်း။

“ဒင် …. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြုပြီးသည့် နောက်မှာတော့ ချည်မျှင် အစီအရင် ချိုးဖျက်ခြင်း အပိုင်းတစ်ကို ဝယ်ယူခဲ့၏။ ပစ္စည်းသည် သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ"

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀၀ / ၁၀၀၀၀၀”

ရွှီ

ကျွင်းချောင်ရှောင်း၏ သိစိတ်သည် သိုလှောင်လက်စွပ်အတွင်းကို ဝင်ရောက်ပြီး ရှေးအစီအရင်ကျမ်းတစ်ခုကို လက်ထဲတွင် ကိုင်ဆောင်ထား၏။ သူ၏ မျက်လုံးများသည် တစ်လက်လက်နှင့် တောက်ပလျက် ရှိ၏။

"ဒီလို အမျိုးအစားကို ရရှိတာက အစီအရင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို ရရှိတာထက် ပိုပြီး အသုံးဝင်တာပဲ"

အစီအရင်များကို ဖန်တီးရန်ကြိုးစားရသည်မှာ အလွန်တရာ ခက်ခဲလှသလို အစီအရင်များကို ဖျက်ဆီးရန် ကြိုးစားရသည်မှာလည်း အလွန်တရာ ခက်ခဲလွန်းလှ၏။ သူ့အနေဖြင့် အကြီးအကဲကျန်းကဲ့သို့ အခြေအနေမျိုး အထိရောက်သည် ဆိုလျှင်တောင်မှ ဤ အရာကို ချိုးဖျက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

လက်ရှိ အချိန်မှာတော့ အစီအရင်ချိုးဖျက်နိုင်သည့် ကျမ်းစာ တစ်ခုကို ရရှိထားသောကြောင့် သူသည် အမှန်ပင် ဝမ်းသာလျက် ရှိနေတော့သည်။

စနစ်က ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ ရင်းနီးမြုပ်နှံမယ် ဆိုရင် ကျိန်းသေပေါက် အမြင့်ဆုံးဟာ ရမှာ သေချာတယ်"

"တော်စမ်း"

ကျွင်းချောင်ရှောင်းသည် ကျမ်းစာ၏ ပထမစာရွက်အား ဖတ်ရှုပြီးနောက် သူ၏ အတွေးများသည် ချက်ချင်း စုစည်း လာခဲ့၏။ အထဲတွင် ရေးသားထားသည့် အကြောင်းအရာမှာတော့ မည်သည့် အစီအရင်ကိုမဆို ချိုးဖျက်နိုင်သည့် အရာ ဖြစ်ပြီး သူ၏ ဘဝနောက်ဆုံး အချိန်တွင် ချီမင်ချိုးဖျက်ခြင်း အစီအရင်အား ရေးသားခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင်ထား၏။

အောက်တွင်ရေးသားထားသည်မှာ ချီမင်နတ်ဘုရား ဟူ၍ ဖြစ်သည်။

"ချီးတဲ့မှ"

နတ်ဘုရားဟူ၍ သုံးနှုန်းထားရဲသည် ဆိုမှတော့ တစ်ဖက်လူသည် အလွန် အားကောင်းလှသည့် လူဖြစ်မှာ သေချာ၏။ လျို့ဝှက်ကျမ်းထဲတွင် ရေးသားထားသည့် အကြောင်းအရာများမှာလည်း လောကကြီးတွင် ပြီးပြည့်စုံသည့်အစီအရင်ဟူ၍ မရှိဘဲ ကျိန်းသေပေါက် ပြစ်ချက်များရှိနေမည်ဖြစ်၏။

ထိုပြစ်ချက်များကို မည်ကဲ့သို့ ရှာဖွေရမည်ကို ရေးသားထားသည့် ကျမ်းအား ချီမင်ကျမ်းဟု ခေါ်သည်ဟု ရေးသား ထား၏။ ချီမင်အစီအရင် ချိုးဖျက်ခြင်းကျမ်းအား အပိုင်းသုံးခုအဖြစ် ခွဲခြားထားခဲ့ပြီး စဦး၊ကျွမ်းကျင်နှင့် ဆရာအဆင့် ဟူ၍ သတ်မှတ်ထားသည်။

ကျွင်းချောင်ရှောငိးသည် စဦးအဆင့်ကို ဖတ်ရှုပြီးနောက် အံ့အားသင့်နေမိ၏။

"တစ်ကယ့်ကို နတ်ဘုရားလိုလူပဲ"

သူ့အနေဖြင့် အစီအရင်ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်များကို သောက်သုံးဖူးသည့်အပြင် အကြီးအကဲကျန်း ကို ကြည့်ကာ သင်ယူဖူးသည့်အရာများလည်း ရှိခဲ့သေးသည်။ ထို့ကြောင့် အစီအရင်နှင့် ပတ်သတ်၍ သူ၏ နားလည်မှုသည် အားမနည်းလှချေ။

သို့ပေမဲ့ ချီမင်အစီအရင်အား ဖတ်ရှုပြီးသည့် နောက်မှာတော့ သူသင်ယူခဲ့သည့် အရာများ အားလုံးသည် သောက်တလွဲများ ဖြစ်ကြောင်း နားလည်လိုက်မိသည်။

"သေချာပြီ။ တစ်စုံတစ်ဦးထက် တစ်စုံတစ်ဦးက ပိုပြီး အားကောင်းနေတာ လောကကြီးရဲ့ သဘော သဘာဝပါလား" ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။

"အစီအရင် ချိုးဖျက်ခြင်း ကျမ်းစာကိုသာ အလုံးစုံ နားလည် နိုင်မယ်ဆိုရင် အကျဉ်းထောင်ရဲ့ အကာအကွယ်ကို ဖျက်စီးနိုင်ရုံတင်မကဘူး အနာဂတ်မှာ ကြီးမားတဲ့ အကျိုးအမြတ်ကိုလည်းရမှာ သေချာတယ်။ သင်ယူရမယ်။ ငါ ကျိန်းသေပါက် သင်ယူရမယ်"

သူ့အနေဖြင့် အချိန်နှင့် စွမ်းအင်များ ပေးဆပ်ရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။အကန့်အသတ်မဲ့သော သင်ယူလိုစိတ်များသည် သူ၏ နှလုံးသားထဲတွင် ပျံ့နှံ့လာခဲ့သည်။

ကျွင်းချောင်ရှောင်းအနေဖြင့် ဂိမ်းဆာဗာကို မခိုးယူဘဲ ဤကဲ့သို့ မိမိပါသာ လေ့လာသည့် ကိစ္စရပ်သည် အလွန်တရာ ရှားပါးလွန်းလှ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အစစ်အမှန်ပင် လေ့လာလိုက်စားလျက် ရှိနေလေ၏...။

"ဒုတိယအစ်ကို"

ကင်းသမားများ၏ မျှော်စင် အတွင်းမှာတော့ မြောင်ရှီသည် ပုံရိပ်ယောင် မြင်ကွင်းကို ကြည့်ရှုကာ ပြောလိုက်သည်။ "ဒီကောင် လဝက်နီးပါးလောက် ထိုင်နေတာ အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာ များလား"

ရုပ်ဆိုးဆိုးနှင့် ကင်းသမားသည် မထူးခြားသလို ပြောလိုက်၏။ "သေမျိုး လောကထဲမှာ ရှိနေတဲ့ ဘယ်သူကများ ဒီအကာအကွယ် အစီအရင်ကို ချိုးဖျက်နိုင်မှာလဲ။ သူလက်လျော့ပြီးတော့ အိပ်နေတာ ဖြစ်နိုင်တယ်"

ခစ်ခစ် ..။

မြောင်ရှိသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်မိသည်။

“…....."

ရုပ်ဆိုးဆိုးနှင့် ကင်းသမားသည် ထ၍ထိုးချင်စိတ်ပင် ပေါက်မိ၏။ တစ်ဖက်လူ၏ ရယ်သံသည် ဆွဲဆောင်မှု ရှိလှသည် ဆိုသော်လည်း ယောက်ျားသံကြီး ဖြစ်နေသောကြောင့်ပင်။

အကျဉ်းခန်း၏ နဝမမြောက် အကျဉ်းလွှာ …။

ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်မှာ ထိုင်လျက်ရှိနေသော်လည်း စိတ်ဝိညာဉ်တစ်ခုလုံးသည် မျက်နှာပြင်ရှိ အစီအရင်စနစ်ကြီး တစ်ခုလုံးနှင့် ပေါင်းစပ်လျက် ရှိနေ၏။

"ပြစ်ချက်။ ပြစ်ချက်တွေ အများကြီးပါလား"

အစီအရင်ချိုးဖျက်ခြင်းကျမ်းစာ တစ်ခုလုံးအား လေ့လာပြီးနောက် အစီအရင်၏ ရှုပ်ထွေးလှသည် မျဉ်းကြောင်းများ အားလုံးနှင့် ပြစ်ချက်များ တည်ရှိနေသည်ကို သူမြင်တွေ့လိုက်ရတော့သည်။

ဝှစ် ဝှစ် …။

သူ၏ ဝိညာဉ်တစ်ခုလုံးသည် တည်နေရာအနှံ့ကို ဖြတ်သန်းပြီးသည့်နောက်မှတော့ ထိုထဲတွင်ရှိနေသည့် ပြစ်ချက်များ အားလုံးကို လိုက်လံကာ တစ်ခုချင်းဆီ ကြည့်ရှုနေမိ၏။

နာရီဝက်ခန့် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်လိုက်သည်။ ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် တည်နေရာ တစ်ခုလုံးကို ကြည့်ရှုလိုက်၏။

"ဒုတိယ အစ်ကို"

မြောင်ရှိသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုကာ ပြောလိုက်မိ၏။ "ဒီကောင်လေး ဘာလုပ်ချင်တာလဲ။ အိပ်ပျော်နေတာ ဘယ်လောက်တောင် ကြာပြီလဲ"

"သူ ဒီနေရာမှာ ရှိနေသ၍ ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး" ရုပ်ဆိုးဆိုးနှင့် ကင်းသမားက ပြောလိုက်သည်။

သို့ပေမဲ့ ၎င်းတို့ထင်မှတ်မထားသည့်အရာမှာ ခြေချိတ်ကာ ထိုင်လျက် ရှိနေသော ကျွင်းချောင်ရှောင်း၏ ဝိညာဉ်သည် တည်နေရာမှ ထွက်ခွာပြီး အကျဉ်းထောင်၏ အကာအကွယ် အတားအဆီး အစီအရင် တစ်ခုလုံးအား ပြန်လည် ပြုပြင်လျက် ရှိနေသည် ဆိုခြင်းပင်။

All Chapters