အပိုင်း (၁၂၇၀)
Vol. 86 Ch. 1270
ငရဲကြီးကိုးထပ်၏ ကိုးလွှာတွင်ရှိနေသော အဓိကပြဿနာကောင်များအားလုံးသည် ကျွင်းချောင်ရှောင်း၏ ကောင်းကင် မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
၎င်းတို့အားလုံးသည် ထောင်ထဲမှ ခဏတာလွတ်မြောက်ခဲ့သည်ဆိုသော်လည်း ကြည့်ရသည်မှာ ထောင်တစ်ခုဆီမှ တစ်ခြားထောင်တစ်ခုဆီသို့ ရွှေ့ပြောင်းခံလိုက်ရခြင်းနှင့်ပင် ဆင်တူနေသည်။
သို့ပေမဲ့ မည်သည့်နေရာတွင်ချုပ်ထားသည်ဖြစ်ဖြစ် ကိစ္စမရှိချေ။ လောလောဆယ်ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် ၎င်းတို့၏ စိတ်ကို သက်သာစေတော့၏။
“ပြီးပြီ။”
တိုးနယားအား ခေါ်ဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်း ချလိုက်၏။ ပြီးသည့်နောက်မှာတော့ အပြင်ဘက်တွင် ရှိနေသော အကာအကွယ်အတားအဆီးကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်မိသည်။ “ငါ့အနေနဲ့ ဒီအတားအဆီးနေရာကနေ ထွက်ခွာသွားနိုင်ဖို့ပဲ ကျန်တော့တယ်။ ဟုတ်တယ်မလား။”
ရွှီး
သူ၏စိတ်ဝိညာဉ်ကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ အကာအကွယ်စနစ်ထဲသို့ ဝင်ရောက်လိုက်သည်။
“ချီးတဲ့မှ”
အထဲတွင်ရှိနေသော များပြားရှုပ်ထွေးလှသည့် မျဉ်းကြောင်းများကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ထ၍ဆဲမိလိုက်တော့၏။ ထို့အတူ သူ၏မျက်နှာသွင်ပြင်သည်လည်း ပိုမိုကာလေးနက်သွားခဲ့၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အတားအဆီး အစီအရင်ဆိုတာ အလွှာတစ်ခုနဲ့ တစ်ခုကြားထဲမှာရှိတဲ့ အစီအရင်မျိုးလေ။ အဲတာတွေက အရမ်းကြီးအားကောင်းနေစရာမလိုဘူးမလား။ ဒါပေမဲ့ အကျဉ်းထောင်တစ်ခုလုံးရဲ့ အကာအကွယ်စနစ်နဲ့ ပတ်သက်ရင်တော့ ဒါက ရိုးရှင်းလှတဲ့အရာမဟုတ်တာ သေချာတယ်။”
…
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမိုကာ လေးနက်သွားခဲ့၏။ သူအနေနှင့် ဤမျှရှုပ်ထွေးလှသော အကာ အကွယ်စနစ်ကို ချိုးဖြတ်ချင်သည်ဆိုပါက အချိန်အတော်ကြာယူရမှာဖြစ်၏။ ဤအတောအတွင်း သူ့အား ရှာဖွေ ေ“အဲလောက်ကြီးတွေးမနေနဲ့။”
စနစ်က ဆော်ဩလိုက်၏။ “မြန်မြန်ဆန်ဆန် ဒါကို ချိုးဖြတ်တော့။”
ရွှီး
ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်လိုက်ပြီးသည့်နောက်မှာတော့ ဤအစီအရင်အား သေသေချာချာ သုံးသပ်ကာ တွက်ချက်လျက်ရှိနေတော့၏။ ဤနေရာတွင် ရှန့်ကွမ်းရှင်းရောင်နှင့် ကျန်းတယ်ကျွင်းတို့သာ ရှိသည်ဆိုပါက အစီအရင် ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ အသေးစိတ်သုံးသပ်ချက်များကို ပြုလုပ်နိုင်မှာသေချာ၏။
သို့ပေမဲ့ ချီမင်စီအရင်ချိုးဖြတ်ခြင်းကျမ်းအား လေ့လာခဲ့ပြီးပြီဖြစ်သော ကျွင်းချောင်ရှောင်းအနေနှင့် မလိုအပ်သည့် အသေးစိတ်တွက်ချက်ရသောအရာများကို ပြုလုပ်နေစရာ မလိုအပ်တော့ချေ။ အရေးကြီးသည့် အချက်အလက်များ ကိုသာ အဓိကထားကာ ကြည့်ရှု့တော့သည်။
တစ်ရက် …။
နှစ်ရက် ….။
…
ကင်းသမားများ၏ ဟောခန်း
ရုပ်ဆိုးဆိုးနှင့်ကင်းသမားတစ်ယောက်သည် သူ၏ မေးစေ့ကို ပွတ်သက်ကာဖြင့် ပြောလိုက်၏။ “တခြား ငရဲခန်းအလွှာ တွေက ဘာလို့ အဲ့လောက်ကြီး တိတ်ဆိတ်နေရတာလဲ။”
“ဟိုအမှိုက်ကောင်လေးက သင်ခန်းစာကောင်းကောင်း ပေးထားတာမို့ အားလုံးက လိမ်လိမ်မာမာဖြစ်နေတာ နေမှာပေါ့။”
တစ်ခြားသော အကြီးအကဲသည် မုန်လာဥနီ တစ်ခုကို ဝါးရင်းမှ ပြန်ကာဖြေလိုက်သည်။
“ဒါကတော့ အမှန်ပဲဖြစ်နိုင်တယ်။” ရုပ်ဆိုးဆိုးနှင့်ကင်းသမားက ခေါင်းညိတ်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် ပုံရိပ်ယောင်မြင်ကွင်းမှတစ်ဆင့် သေသေချာချာကြည့်ရှုပြီးသည့်နောက်မှာတော့ ငြိမ်ငြိမ်သက်သက် တည်ရှိလျက် ရှိနေသည့် ကျွင်းချောင်ရှောင်းကိုသာ မြင်လိုက်ရ၏။ ထို့ကြောင့် သိပ်ပြီး လေးလေးနက်နက်မထားကြချေ။
ထျန်းယွမ်အကျဉ်းထောင်စေတီ…။
အခြေအနေတစ်ခုလုံးသည် တင်းကြပ်လျက်ရှိနေပြီး ဤကဲ့သို့သော အခြေအနေသည် အားလုံးသောလူများကို စိတ်ပျက်ဝမ်းနည်းစေ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်မျိုးနွယ်နှစ်ယောက်တို့သည် ဤနေရာတွင် လာရောက်တွေ့ဆုံနေသောကြောင့်ပင်။
ဘုတ်
ရှမ့်ယုဟန်သည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာ အော်လိုက်၏။ “လေးစားရပါတယ် ဘိုးဘေးကြီးရယ်။ ကျေးဇူးပြုပြီး ဒီမျိုးဆက်သစ်လေးရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ။”
ရှမ့်မျိုးနွယ်ဘိုးဘေးကြီးသည် အနည်းငယ်စိတ်လှုပ်ရှားလျက်ရှိ၏။ သို့ပေမဲ့ သူသည် အတွေ့အကြုံများစွာကို ကျော်ဖြတ်ဖူးပြီဖြစ်သောကြောင့် ဤခံစားချက်များအားလုံးကို ဖိနှိပ်ထားနိုင်၏။ သူသည် လက်ကို ဝှေ့ယမ်းပြီး စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ သူ၏ မျိုးဆက်သစ်လေးအား အသာဖေးမလိုက်သည်။ “ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ငါကောင်းကောင်းသိပြီးသွားပြီ။ ကလးလေး မင်းအရမ်းကို ခံစားခဲ့ရတာပဲ။”
“မဟုတ်ပါဘူး။”
ရှမ့်ယုဟန်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်မိ၏။ “ကုန်းမြေတိုက်ကြီးကို ကာကွယ်ပေးဖို့အတွက် ကျွန်တော် ညံ့ဖျင်းခဲ့တယ်။ ကိုယ့်ရဲ့ လူတွေကို ကယ်တင်ပေးဖို့အတွက်လည်း မအောင်မြင်ခဲ့ဘူး။ ဘိုးဘေးတွေအားလုံးရဲ့ မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးခဲ့မိတယ်။ ရှမ့်မျိုးနွယ်ကြီးတစ်ခုလုံး ကျဆုံးစေခဲ့တဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။”
ဂိုဏ်းချုပ်သည် ဂြိုဟ်ကြီးတစ်ခုလုံးကို ကယ်တင်ခဲ့သည်ဆိုသော်လည်း သူသည် သူ၏အဖေနှင့် ရှမ့်မျိုးနွယ်၏ တိုက်ရိုက်မျိုးနွယ်များအားလုံး သေဆုံးခဲ့သည် အကြောင်းနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လျက်ရှိနေမိ၏။ လက်ရှိအခြေအနေတွင် ရှမ့်မျိုးနွယ်တစ်ခုလုံး၌ အသက်ရှင်ကျန်နေသူဆို၍ သူတစ်ဦးတည်းသာ ရှိနေခဲ့သည် မဟုတ်ပါလား။
“ကလးလေး”
ရှမ့်မျိုးနွယ်ဘိုးဘေးကြီးက ပြောလိုက်၏။ “မင်းအနေနဲ့ အရမ်းအလုပ်ကြိုးစားခဲ့တာပဲလေ။ ဒီကိစ္စကို ဂိုဏ်းချုပ်ကျွင်းကလည်း သိတယ်။ ရှမ့်မျိုးနွယ်ရဲ့ ဘိုးဘေး အကုန်လုံးက ကောင်းကင်အထက်ကနေ ပျော်ရွှင်နေမှာသေချာပါတယ်။”
“ဘိုးဘေး …. ကျွန်တော်”
ရှမ့်မျိုးနွယ်ဘိုးဘေးသည် ဖြတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းအကြောင်းပဲ ပြောကြရအောင်။ မင်း သူ့ဂိုဏ်းထဲကို ဝင်ခဲ့တယ်လို့ ငါကြားတယ်။”
“ဟုတ်ပါတယ်။ ဘိုးဘေး” ရှမ့်ယုဟန်က ပြန်ပြောလိုက်သည်။
ရှမ့်မျိုးနွယ်၏ ဘိုးဘေးကြီးသည် သဘောတကျဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ရိုးရှင်းလှတဲ့လူတစ်ယောက်မဟုတ်ဘူး။ မင်းသူ့အနောက်ကိုသာလိုက်သွားမယ်ဆိုရင် အနာဂတ်မှာ ကျိန်းသေပေါက် ကြီးမားတဲ့ အောင်မြင်မှုကို ရမှာသေချာတယ်။”
သူ့အနေနှင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသည့် အင်ပါယာတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ နယ်မြေတစ်ခု လုံးကိုချဲ့ထွင်နိုင်ခဲ့သည်သူတစ်ယောက်ဖြစ်သောကြောင့် လူများကို အကဲခတ်သည့်နေရာ၌ တကယ်ကို ကောင်းမွန်သည့် အရည်အချင်းကို ပိုင်ဆိုင်သူဖြစ်ပေ၏။
ထို့အပြင် တစ်ဖက်လူသည် ငရဲကြီးကိုးထပ်၏ ပထမထပ်မှ ကိုးထပ်မြောက်အထိ တိုက်ခိုက်နိုင်ခဲ့သူဖြစ်သောကြောင့် ကျိန်းသေပေါက် အားကောင်းသည့်လူတစ်ယောက်ဖြစ်မှန်း သူကောင်းကောင်းသိလို့နေခဲ့၏။ ဤကဲ့သို့သော ကိစ္စများ ကို မည်သူမှ မလုပ်နိုင်ခဲ့ချေ။
“ဘိုးဘေး”
ရှမ့်ယုဟန်က ပြောလိုက်၏။ “ဂိုဏ်းဝင်ကြေးကလည်း စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းတိတိ ပေးခဲ့ရတယ်လေ။”
“ဟမ်”
ရှမ့်မျိုးနွယ်ဘိုးဘေးကြီးမျက်နှာအမူအရာသည် ရုတ်တရက် အေးခဲ့သွား၏။ ဂိုဏ်းတစ်ခုကို ဝင်ရောက်ရန်အတွက် ဂိုဏ်းဝင်ကြေးပေးသည်ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်း ဆိုသည်မှာ တော့….
သူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “မင်းဟာက နည်းလွန်းတယ်။”
ရှမ့်ယုဟန်သည် ရှက်ရွံ့စွာဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်က ဘိုးဘေးကြီးကိုလည်း ကယ်တင်ခဲ့သေးတယ်။ စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းဆိုတာ တကယ့်ကို နည်းပါးလွန်းတယ်။ ကျွန်တော် နောက်ထပ် ၁၀ သန်းလောက် ထပ်ပြီးပေးချင်သေးတယ်။”
“မင်း ပေးရမှာပေါ့။”
ရှမ့်မျိုးနွယ်ဘိုးဘေးကြီးက ပြောလိုက်သည်။ “နောက်ထပ် သန်း ၂၀ လောက် ပေးရင်တောင်မှ မများသေးဘူး။”
တစ်ချို့သောလူများသည် ဤအဘိုးကြီး၏ ဦးခေါင်းသည် မြင်းကန်ခံထားရသည်ဟု ထင်မှတ်နိုင်၏။ တကယ်တမ်းမှာတော့ အဘိုးကြီးသည် သူ၏ မျိုးဆက်သစ်အား အမှန်ပင် ပိုက်ဆံများပေးအပ်ရန် စဦး ပြောဆိုလျက်ရှိနေ၏။ သူ့ကဲ့သို့ အတွေ့အကြုံများစွာရှိသော လူတစ်ယောက်အတွက် ဂိုဏ်းချုပ်ကျွင်းသည် မည်မျှကောင်းမွန်လှသည့် အလားအလာကို ပိုင်ဆိုင်ကြောင်း ကောင်းကောင်းနားလည်ပြီးသားဖြစ်၏။
တစ်ဖက်လူသည် အမှောင်နတ်ဆိုးဘုရင်ကို သတ်ဖြတ်နိုင်သည်သာမက မျက်လုံးကြီးကိုလည်း အနိုင်ယူနိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။
“ငါ့ရဲ့ ရှမ့်မျိုးနွယ်မျိုးဆက်သစ်က ကျိန်းသေပေါက် သူ့ရဲ့ တပည့်ဖြစ်လာရမယ်။”
ဤအရာသည် ကြီးမားလှသည့် အခွင့်အရေးကြီးပင်ဖြစ်တော့၏။ ပိုက်ဆံမည်မျှ သုံးစွဲရသည်ဆိုဆို ထိုက်တန်လွန်းလှသည်။
“ကလေးလေး”
ရှမ့်မျိုးနွယ်ဘိုးဘေးကြီးသည် အားတက်သရောဖြင့် ပြောလိုက်မိ၏။ “ပိုက်ဆံဆိုတာက ပိုင်ဆိုင်မှုပစ္စည်းတစ်ခုပဲ ဆိုတာကို မင်းသတိရသင့်တယ်။ ဒါကို ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ မင်းအနေနဲ့ ထပ်ပြီး ရှာဖွေလို့ရသေးတယ်လေ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေး ဆိုတာကတော့ ထပ်ပြီး တွေ့နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ တစ်ခါတည်း လက်တွေ့အသုံးချနိုင်မှဖြစ်မယ်။ ဒီတော့ ဒဲ့ပြောရမယ်ဆိုရင် ….”
သူသည် ခေါင်းကို မော့ကာဖြင့် ပြောလိုက်မိ၏။ “အခွင့်အရေး၊ အခွင့်အလမ်းတွေလည်း ရှိတယ်ဆိုရင် ပိုက်ဆံဆိုတာ ခွေးချေးတစ်ခုသာသာပဲကွ။”
အစီအရင်စနစ်ကြီးတစ်ခုလုံးအား ဖြည်ရန် ကြိုးစားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည်သာ ထိုစကားများကို ကြားသည်ဆိုပါက ကျိန်းသေပေါက်ထကာ လက်ဆွဲနှုတ်ဆက်မှာ သေချာ၏။
…
အား အား
အကျဉ်းထောင်၏ ဆဋ္ဌမအခန်းထဲမှာတော့ ချင်လင်းရန် သည် အားရာ၏ နှိပ်စက်ရိုက်နှက်ခြင်းကို ခံနေရ၏။ သူ၏ အော်ဟစ်သံများသည် ယောကျ်ားဆန်လာခဲ့၏။ ယောကျ်ားတစ်ယောက်သည် ယောကျ်ားကဲ့သို့ ပြုမူရမှာဖြစ်ပြီး အမျိုးသမီးတစ်ယောက်သည်လည်း အမျိုးသမီးကဲ့သို့ ပြုမူရမှာဖြစ်၏။
ယောက်ျားမဟုတ်၊ မိန်းမမဟုတ်ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။ ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို လက်မခံ နိုင်ချေ။ ထို့ကြောင့် အားသုံးကာဖြင့် ထိုသူအား ပြောင်းလဲပေးရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။
တကယ်တော့ ကြီးကြီးကျယ်ကျယ်တွေအကြောင်းပြချက်ပေးနေခြင်းသာ ဖြစ်သည်။ သူ့အနေဖြင့်ရိုက်ချင်၍ကို ရိုက်နေခြင်းသာ ဖြစ်တော့၏။
“အစ်မကြီး … အဒေါ် …. ကြီးကြီး”
ချင်လင်းရန်သည် တောက်လျှောက်ရိုက်နှက်နှိပ်စက်ခြင်းကို ခံနေရသောကြောင့် တောက်လျှောက်တောင်းပန်လျက် ရှိနေသည်။ သူ၏ လေသံကို ကြည့်ရသည်မှာ လေ့ကျင့်ပြီးသည့်နောက်ပိုင်းတွင် တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
“လက်သည်းဆိုးချင်သေးလား။”
“မဆိုးချင်ပါဘူး။”
“ဒါဆိုရင် မျက်နှာချေတွေကော သုံးချင်သေးလား။”
“မသုံးချင်ပါဘူး။”
“ဒါဆိုရင် မျက်တောင်ကော ကော့ချင်သေးလား။”
“မကော့တော့ပါဘူး။”
အားရာသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီတော့ ပြောသလိုလုပ်ဖို့ပဲ မျှော်လင့်မိတယ်။”
“လုပ်မှာပါ။ လုပ်မှာပါ။”
ချင်လင်းရန်သည် လက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။
“ကျိန်းသေပေါက် ပြောတဲ့အတိုင်း လုပ်ပါမယ်။”
ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၏ ရိုက်ချက်အောက်မှာတော့ သူသည် ဆိုးရွားလှသည့် အကျင့်စရိုက်များအားလုံးကို စွန့်လွှတ်လိုက်နိုင်ပြီဖြစ်၏။ သူ၏ အသွင်အပြင်သည်လည်း အလုံးစုံ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
တစ်ခြားသောသူများနှင့် စကားပြောသည့်အချိန်တွင် သူသည် ခြေကို ကားကာဖြင့် ပုံမှန်ကဲ့သို့ လေးနက်သည့် လေသံဖြင့် ပြောဆိုတတ်သည့် အမူအကျင့်မျိုး ရရှိလာခဲ့သည်။
သို့ပေမဲ့ ဤသို့သော ကိစ္စရပ်များအားလုံးကို အကျဉ်းထောင်ထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ မသိရှိချေ။ သူသည် အစီအရင်ကို ချိုးဖြတ်ရန်အတွက်သာ အာရုံစိုက်ကြည့်ရှုလျက်ရှိနေ၏။
ရွှီး
နောက်ထပ်ရက်များ ကုန်ဆုံးပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးသည် ပွင့်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ အကာအကွယ်အတားအဆီးအစီအရင်အား ကြည့်ရှုလိုက်သည်။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ငါ့ကို ဘယ်သူမှ ချုပ်နှောင်မထားနိုင်ဘူး။”
ဝှစ် …။
ပြီးသည့်နောက်မှာတော့ သူသည် အပေါ်သို့ ခုန်ကာဖြင့် အတားအဆီးအစီအရင်နှင့် ပေါင်းစပ်လိုက်တော့၏။
…….
ကြယ်ကောင်းကင်ခံတပ်၏ မြို့အတွင်းဘက်တွင်တော့ အရပ်ပုပု၊ ဆံပင်ဖြူဖြူနှင့်အဘိုးအိုတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းမထက်တွင် လျှောက်လျက်ရှိနေ၏။ သူ၏ မျက်လုံးများထဲတွင်တော့ တည်ငြိမ်အေးစက်သည့် အမူအရာများနှင့် ပြည့်နှက်လျက်ရှိနေသည်။
ခဏလောက်ကြာပြီးနောက် သူသည် မြို့၏ ဂိတ်တံခါးဆီသို့ သွားရောက်ပြီး အစောင့်အကြပ် တပ်မှုး နှင့် စကားပြောဆိုနေ၏။
ပြီးသည့်နောက်မှာတော့ သူသည် ကြယ်ကောင်းကင်ခံတပ်ဆီမှ ထွက်ခွာခွင့်ကို ရရှိခဲ့သည်။
စောင့်ကြပ်လျက်ရှိနေသော စစ်သည်နှင့် ဖြတ်သွားဖြတ်လာများအားလုံးသည် အဘိုးကြီးထွက်ခွာသွားသည်ကို မည်သူမှအလေးအနက်မထားကြချေ။
အဘိုးကြီးသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့၏။
ဒွီ ဒွီ …။
သို့ပေမဲ့ သူ ရှေ့ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလျှောက်လိုက်သည့်အချိန်မှာပဲ ခေါင်းလောင်းသံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။ ဤအရာသည် သတိပေးသံအမျိုးအစားမျိုးပင်ဖြစ်သည်။
“ပထမအဆင့်သတိပေးချက်”
အစောင့်အကြပ်များအားလုံးသည် အလျင်အမြန်ဖြင့် အော်ဟစ်လိုက်၏။ “ဂိတ်တံခါးကို မြန်မြန်ဆန်ဆန်ပိတ်လိုက်။ ဘယ်သူ့မှ အပြင်ကို မထွက်စေနဲ့။”
“အဘိုးကြီး”
ထိုသူမှ လှမ်းအော်လိုက်တော့၏။ “ခင်ဗျားအရင်ဆုံး ပြန်လာခဲ့အုံး။”
ဝှစ်
ပြောပြီးပြီးချင်းမှာပဲ ဆံပင်အဖြူနှင့်အဘိုးအိုသည် ဖြေးညင်းစွာ လမ်းလျှောက်နေရာမှ ရုတ်တရက် ကျောကိုမတ်ကာ ဖြင့် အလင်းကဲ့သို့ လျင်မြန်သည့်နှုန်းထားဖြင့် စတင်ကာ ပြေးတော့သည်။
စောင့်ကြပ်လျက်ရှိနေသည့် တပ်မှူး၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ “သူ့ကို တားထားကြ။”
ဘုန်း
ရုတ်တရက် အားကောင်းလှသော အားအင်တစ်ခုသည် မြို့၏အထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ဤအရာသည် အထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးကို ထိတ်လန့်တုန်လှုပ်ခဲ့တော့သည်။
၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကြီးမားလှသည့် မြို့၏ ဂိတ်တံခါးကြီးသည် ပျက်စီးသွား၏။
“ချီးတဲ့မှ …. ဘယ်သူက ဒီလောက်ရဲတင်းရတာလဲ။”
ဝှစ် ဝှစ် ဝှစ်
အထဲတွင်ရှိသော လူများအားလုံး ထိတ်လန့်တုန်လှုပ်နေတုန်းမှာပဲ တည်နေရာချိုးဖြတ်ခြင်းအဆင့် သိုင်းကျင့်ကြံသူ များသည် မြို့၏ လေးဘက်လေးနံနေရာဆီမှ ပျံသန်းရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ မြို့၏ ဂိတ်တံခါးဆီမှတဆင့် အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့ကြ၏။
“သူ့ကို ဖမ်းကြ။ သူ့ကို ဖမ်းမိမှ ဖြစ်မယ်။”
စောင့်ကြည့်ရေးဟောခန်းအတွင်းမှာတော့ ကင်းသမားခေါင်းဆောင်ကျိသည် ပျက်စီးလျက်ရှိနေသော မြို့၏ ဂိတ်တံခါးကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ မျက်နှာအမူအရာတစ်ခုလုံးသည် တင်းမာခက်ထန်သွားသည်။
တခြားသော ကင်းသမားများသည် အစောကြီးထဲက လှုပ်ရှားသွားလာနေခဲ့ပြီဖြစ်၏။ ငရဲကြီးကိုးထပ်၏ နဝမ မြောက်အခန်းတွင်ရှိနေသော အဓိကပြဿနာကောင်သည် မရှိတော့ချေ။ ထိုသူသည် လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
………
အဆုံးမဲ့အောင် မဲမှောင်လျက်ရှိနေသည့် စကြဝဠာအတွင်းမှာတော့ ရှေးရွက်သင်္ဘောကြီးတစ်ခုသည် ကြောက်မက် ဖွယ်ရာ အမြန်နှုန်းဖြင့် ရှေ့ဆီသို့ သွားလာလျက်ရှိနေ၏။ အရှေ့ဘက်တွင်တော့ အဘိုးကြီးတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ထားသည့် ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာအစစ်အမှန်ကို ပြန်လည်ပြောင်းလဲလိုက်၏။ ပြီးနောက် လှမ်းကြည့်၍ မမြင်နိုင်တော့သော ခံတပ်ကြီးဆီသို့ လှမ်းကြည့်ကာ ပြောလိုက်မိ၏။
“ငါ့တာဝန်ပြီးသွားတဲ့အချိန်ကျရင် ငါသိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိလာခဲ့ပြီ။ ဒီတော့ မင်းတို့အားလုံးရဲ့ ပေးဆပ်မှုအတွက်ကို ကျေးဇူးတင်ပါတယ်။”
ကြယ်ကောင်းကင်ခံတပ်၏ ဇာတ်လမ်းကြီးသည် မစခင်ကပင် ဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ဤအရာသည် ဆုံးသွားခြင်းမဟုတ်ပေ။ ယခုမှ စတင်ခြင်းသာဖြစ်တော့သည်။
အဘယ့်ကြောင့်ဆိုသော် ကင်းသမား ၁၂ ယောက်ထဲမှ တစ်ယောက်ကိုသာ အနိုင်ယူခဲ့ခြင်းသာဖြစ်ပြီး ခံတပ်ကြီး၏ သခင်သည်လည်း ထွက်ပေါ်မလာခဲ့ချေ။ ပို၍ အရေးကြီးသည်မှာ တစ်ဖက်လူများအားလုံးသည် အင်ပြည့်အားပြည့် နှင့် ၎င်းအား လိုက်ရှာလျက်ရှိနေခြင်းပင်။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။ “ကျုပ် ဒီနေရာကို ပြန်လာတဲ့ အချိန်ကျရင် တစ်လောကလုံးကို သွေးဖုံးလွှမ်းအောင် လုပ်ပစ်မယ်။”
ဝှစ် ဝှစ်
သူ ပြောပြောပြီးချင်းမှာပဲ များပြားလှသည့် ရွက်သင်္ဘောများအားလုံးသည် တည်နေရာအနှံ့ဆီမှ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
ရုပ်ဆိုးဆိုးနှင့်ကင်းသမား၏ အော်သံကို ကြားလိုက်ရ၏။ “အမှိုက်လေး …. မင်း လောက၏အဆုံးထိ ထွက်ပြေးမယ်ဆိုရင်တောင်မှ ငါ မင်းနောက်ကို လိုက်လာမှာပဲ။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “သွားမယ်။သွားမယ်။”
ဝှစ်
သူသည် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးသည် တည်နေရာရွှေ့ပြောင်းသွားခဲ့သလိုပင် အလွန်လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားတော့၏။
ရုပ်ဆိုးဆိုးကင်းသမားနှင့် တခြားသော ကင်းသမားများအားလုံးသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ “အမြီးတောင်မမြင်နိုင်လောက်အောင် မြန်လွန်းတာကိုး။ ဒါ ဘယ်လိုရွက်သင်္ဘောမျိုးပါလိမ့်။”