အပိုင်း (၁၂၇၁)
Vol. 86 Ch. 1271
ရှေးရွက်သင်္ဘောကြီး၏ လုက်ဆောင်မှုသည် ကြယ်ကောင်းကင်ခံတပ်မှ ရွက်သင်္ဘောများထက် ပိုမိုကာ အားကောင်းလျက် ရှိနေ၏။ ထို့ကြောင့် အရှိန်မြင့်တင် လိုက်သည်နှင့် တစ်ဖက်မှ ရွက်သင်္ဘောများ အမြီးပင် မမြင်နိုင်အောင် ပျောက်ကွယ်သွားတော့သည်။
"တကယ့်ကို စည်းမဲ့ကမ်းမဲ့ကောင်"
ရုပ်ဆိုးဆိုးကင်းသမားနှင့် မြောင်ရှိတို့သည် ဒေါသထွက်လျက် ရှိနေကြ၏။ ငရဲကြီးကိုးထပ်တွင် ဖမ်းချုပ်ထား သော အဓိက ပြဿနာကောင်များ အားလုံးသည် လွတ်မြောက်သွားခဲ့သည်ကိုသာ သခင်ကြီး သိပါက ကျိန်းသေပေါက် ဒေါသထွက်ပေလိမ့်မည်။ သူတို့အားလုံးသည် ဆိုရွားသည့် ဆူငေါက်ခြင်းကို ခံရတော့မှာ သေချာ၏။
ဝေါ့
စောင့်ကြည့်ခန်းထဲတွင် ရှိနေသော ကင်းသမား ခေါင်းဆောင်သည် နောက်ဆုံးရရှိသော သတင်း အချက်အလက်ကို ရရှိပြီးနောက် သွေးတစ်လုပ် အန်ထုတ်လိုက်မိ၏။ အချိန်အတော်အကြာ တွေဝေ နေပြီးနောက် သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "တခြားလူတွေ အားလုံးကို သတင်းပေးလိုက်။ ချက်ချင်း ပြန်လာကြတော့လို့"
သူ့အနေနှင့် အကုန်လုံးကို ပြန်လည် စုစည်းပြီးမှသာလျှင် စဉ်းစားရန်ဆုံးဖြတ်လိုက်၏။ အဓိက ပြဿနာကောင်အားလုံးကို ပြန်လည်ကာ ဖမ်းယူနိုင်မှ ဖြစ်ပေလိမ့်မည်။
ကင်းသမား တစ်ယောက်သည် မြွေကဲ့သို့ အေးစက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။
"ငရဲကြီးကိုးထပ်ရဲ့ အကာအကွယ် စနစ်က တစ်ကယ့်ကိုကောင်းမွန်တဲ့အရာလေ။ ဒါပေမဲ့ ဘာလို့ စောင့်ကြည့်နေတဲ့လူတွေ အားလုံးက သတိမပြုမိတာလဲ"
ခေါင်းဆောင် ကင်းသမားသည် ဒေါသတကြီးနှင့် သူ့ကိုယ်သူ အပြစ်တင်လိုက်၏။ "ဘာလိုလဲဆိုတော့။ ငါကိုယ်တိုင်ကိုက ချိုးဖျက်နိုင်မှာ မဟုတ်ဘူး ထင်ပြီး ပေါ့သေးသေး နေခဲ့တာကို"
အဓိက ပြဿနာကောင်များ အားလုံး မည်ကဲ့သို့ လွတ်မြောက်သွားသည်ကို သူသေချာ မသိရှိသေးသော်လည်း ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ခုခု ပြုလုပ်ခဲ့သည်မှန်း သေချာလှ၏။ ထို့ပြင် ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာကို ချိုးဖျက်ချင်သည် ဟုလည်း ပြောဆိုခဲ့ဖူးသည်။
သူသည် ရူးကြောင်ကြောင်နှင့် ထိုအချက်ကို ခွင့်ပြုခဲ့ပေးဖူး၏။
"ခံတပ်ကြီးရဲ့ စနစ်က အရမ်းကို အားကောင်းတယ်လေ။ ဒါပေမဲ့ ဒီလူက တစ်ကယ့်ကို လွယ်လွယ်ကူကူနဲ့ ချိုးဖျက်သွားခဲ့တာပဲ။ သူရဲ့ အစီအရင်ပေါ် နားလည်မှုက သာမန်ထက် ပိုနေမှာ ကျိန်းသေတယ်" ကင်းသမား တစ်ယောက်သည် မျက်မှောင် ကုတ်ကာ ပြောလိုက်၏။
"သူ့ကို ဖမ်းမိရင် နောက်တခါ သေချာ စောင့်ကြည့်ရတော့မှာပေါ့"
"ဒါတော့မှန်တယ်" ကင်းသမား ခေါင်းဆောင်သည် သဘောတူမိလိုက်၏။ အစီအရင်များကို ကျွမ်းကျင် နေသောကြောင့် ကျိန်းသေပေါက် အစီအရင် ထိပ်တန်း ပါရမီရှင်ပင် ဖြစ်လိမ့်မည်။
ဤကဲ့သို့ အစီအရင်များကို ကျွမ်းကျင်နေသောကြောင့် ဖမ်းချုပ်ထားနိုင်ရန်မှာ အနည်းငယ်တော့ ဒုက္ခများလှ၏။ တစ်ကယ်တမ်း မှာတော့ သူတို့သည် အပိုတွေးနေခြင်းသာ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အစီအရင်ကို ချိုးဖျက်ခဲ့သည် ဆိုသော်လည်း အစီအရင်နှင့် ပတ်သတ်၍ လေ့လာ ခဲ့သောကြောင့် မဟုတ်ပေ။ အစီအရင်နှင့် ပတ်သတ်လျှင် ၎င်းသည် အကြီးအကဲကျန်းလောက်ပင် တော်လှသူ တစ်ယောက် မဟုတ်တာ သေချာသည်။
အဆုံးမဲ့စကြဝဠာ အတွင်းမှာတော့ ရှေးရွက်သင်္ဘောကြီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး ဆီသို့ ခရီးနှင်လာလျက် ရှိနေ၏။ စခန်းထဲတွင် ရှိသော ကျွင်းချောင်ရှောင်း မှာတော့ အဓိက ပြဿနာကို ထိုင်လျက် တွေးကာ စဉ်းစားနေမိ၏။
အကျဉ်းထောင်ကို ချိုးဖျက်ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ ကြယ်ကောင်းကင် ခံတပ်သည် သူ့အား လွယ်လွယ်ကူကူနှင့် လက်လွတ် ပေးလိမ့်မည် မဟုတ်ချေ။ တစ်နေ့တွင် သူ့ဆီသို့ ရောက်ရှိလာပါက အံ့အားသင့်စရာ မဟုတ်တော့ပေ။
ဟင်း …။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ "ထာဝရ ပုန်းအောင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် …"
စနစ်က ပြောလိုက်သည်။ "လက်ခံသူ အနေနဲ့ လုံလောက်အောင် အားမကောင်းသေးလို့။ သူတို့ထက်သာ အားကောင်းနေရင် သူတို့ လာရှာလည်း ပြဿနာ မရှိဘူးမလား"
"......"
စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များအား သုံးရန် သွေးဆောင်နေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်မိ၏။ သူတွင် များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များ ရှိသည်ဆိုပါက စနစ်တောင် ပြောစရာ မလိုဘဲ အသုံးပြုမိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ခြိုးခြံချွေတာနေရ၏။
စနစ်က ပြောလိုက်သည်။ "အရမ်းကြီးလည်း တွေးတော မနေနဲ့။ သိုင်းအင်ပါယာ ကိုးယောက်ကို ကယ်တင် ပြီးပြီလေ။ ဒီတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာရှိတဲ့ ဂိုဏ်းအသီးသီးရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ပဲ လိုတော့တယ်။ ဒါဆို သိုင်းအင်ပါယာ ဖြစ်ပြီပဲ"
အင်း ….။
ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ အရမ်းကို ကြိုးစားခဲ့ရတာပဲ"
အထူးတာဝန်သာမရှိပါက သူ့အနေဖြင့် ကြယ်ကောင်းကင် ခံတပ်ဆီသို့ သွားရောက်ရင်း သိုင်းနယ်မြေ တစ်ပိုင်း ဆေးလုံးများ ဖော်စပ်ဖို့ ပစ္စည်းများ ဝယ်ယူရန်သာ ဖြစ်ပေလိမ့်မည်။ ပြီးသည့် နောက်မှာတော့ ကြယ်ကောင်းကင် ခံတပ်၏ အားအင် အဆင့်ကို အလုံးစုံ ခန့်မှန်း စပ်စုရုံလောက်သာ ဖြစ်ပေလိမ့်မည်။
ဘယ်တော့မှ ထောင်ထဲသို့ သွားရောက်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ကင်းသမားများသည် အနည်းဆုံး တည်နေရာ ချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ပိုင်ဆိုင်သူများ ဖြစ်၏။ ၎င်းတို့ အားလုံးသည် လူဆယ့်နှစ်ယောက် တိတိ တည်ရှိနေသေး၏။
ကျွင်းချောင်ရှောင်း၏ လက်ရှိ အားအင်အဆင့်အရဆိုလျှင် ထိုသူများကို ထိပ်တိုက်ရင်ဆိုင်ရန်မှာ လုံးဝကို လွယ်ကူလှသည့်အရာမျိုး မဟုတ်တာ သေချာသည်။ သူ့အနေဖြင့် ရှိရှိသမျှ ဝှက်ဖဲအကုန်လုံး ထုတ်ဖော်ကာ အသုံးပြုရင်တောင်မှ ကျိန်းသေပေါက် အနိုင်ရရှိမည်ဟု အာမ မခံနိုင်ချေ။
"ကောင်းပြီ"
သိုင်းအင်ပါယာ ကိုးယောက် အကြောင်း ပြောသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေ ၏။
"လူတွေ အားလုံးကို ကယ်တင်ပြီးပြီလေ။ ဘာလို့ အထူးတာဝန်က မပြည်စုံသေးတာလဲ"
စနစ်က ပြောလိုက်၏။ "လက်ခံသူအနေနဲ့ အခြေအနေပိုပြီး ပြည့်စုံအောင် ဒီလူတွေကို ကြယ်ကြွေကုန်းမြေ တိုက်ကြီးဆီ ခေါ်သွားရမယ်နဲ့ တူတယ်"
"ငါလည်း အဲလိုထင်တယ်" ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမိ၏။ သူသည် သိုင်းအင်ပါယာ ကိုးယောက်တို့ကို ဆင့်ခေါ်လိုက်သည်။
၎င်းတို့သည် နှစ်ပေါင်း ထောင်ချီ ကြာအောင် အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံထားသည် ဖြစ်သော်လည်း ယခုအချိန် မှာတော့ ရေမိုးချိုးကာ အဝတ်အစား အသစ်များကို လဲလှယ်ပြီးသည့်မို့ စုတ်တီးစုတ်ပြတ် သူတောင်းစား ပုံပန်းသွင်ပြင်များ ပျောက်ကွယ် သွားကြပြီ ဖြစ်၏။ အနည်းငယ်သော ဟိတ်ကြီးဟန်ကြီး အခြေအနေမျိုး ဖြစ်တည် လာခဲ့၏။
၎င်းတို့ အားလုံးသည် ရွက်သင်္ဘောကြီး အပေါ်သို့ ရောက်ရှိနေကြောင်း ချက်ချင်း နားလည် လိုက်မိ၏။ ထို့ကြောင့် လက်သီးကို ဆုပ်ကာဖြင့် ကျေးဇူးတင်လိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ကို ကယ်တင်တဲ့အတွက်"
"ကျုပ်တို့အားလုံးက ကြယ်ကြွေကုန်းမြေတိုက်ကြီးကလေ။ ဒီတော့ တစ်ယောက်ကို တစ်ယောက် ကူညီတယ်ဖို့ ဆိုတာ လုပ်သင့်တဲ့အရာပဲ မဟုတ်လား"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ သူ၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် သိုင်းအင်ပါယာ ကိုးယောက်တို့အား လျစ်လျူရနိုင်ပြီ ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် သူ၏ စီနီယာများ ဖြစ်၏ ထို့ကြောင့် ကျိန်းသေပေါက် လေးစားမှုပေးရပေမည်။ ထို့ပြင် အထူးတာဝန်သည် ၎င်းတို့နှင့် ဆက်နွယ်နေသေး၏။
ကျွင်းချောင်ရှောင်းသည် သိုင်းအင်ပါယာ ကိုးယောက်နှင့် ခနစကားပြောပြီးနောက် ရွက်သင်္ဘောကြီး မောင်းနှင်သည့် ကိစ္စကိုသာ အာရုံစိုက်ထားလိုက်၏။ သူသည် ဂိုဏ်းသို့ မြန်မြန်ဆန်ဆန် ပြန်ချင်မိသည်။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းဆီမှ ထွက်လာခဲ့သည်မှာ လအနည်းငယ်ကြာပြီ ဖြစ်သောကြောင့် သူ၏ တပည့်များကို လွမ်းဆွတ်နေပြီ ဖြစ်၏။ အထူးသဖြင့် လျိုဝမ်ရှစ်၏ အစားအစာများကို ပိုမိုကာ လွမ်းဆွတ်မိ၏။
ဝိညာဉ်ကူးပြောင်း ရောက်ရှိလာစဉ်က ကုန်းရှန့်သည် သံမဏိအရိုးဂိုဏ်းနှင့် အသားတည်း တည်ရှိမှု မရှိခဲ့ချေ။ သို့ပေမဲ့ တဖြည်းဖြည်း ဤနေရာတွင် ကြီးထွားလာပြီးသည့်နောက် သူ့အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နိုင်ငံသား တစ်ယောက် အနေဖြင့် မိမိကိုယ်ကို ခံယူထားပြီးပြီ ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းအားလည်း သူ၏ အိမ်တစ်ခုအဖြစ်သို့ ခံစားနေမိသည်။ ချိန်ကိုက်ဗုံးသာ မရှိပါက ကျွင်းချောင်ရှောင်းသည် အရမ်းကြီး ကြိုးစားနေလိမ့်မည် မဟုတ်ချေ။
နေ့စဉ်နေ့တိုင်း သူ၏ တပည့်များနှင့် အချိန်ဖြုန်းကာ ရိုးရှင်းလှသည့် ဘဝ နေထိုင်မှုပုံစံနှင့် နေ့ရက်တိုင်းကို ဖြတ်သန်းနေမိမှာ သေချာ၏။
"ကောင်လေးတို့ … ငါမင်းတို့ကို အရမ်းလွမ်းတယ်"
စကြဝဠာ အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် အော်ဟစ်လျက် ရှိနေတော့၏။ သူ၏ စိတ်ထဲတွင် တပည့်များ၏ မျက်နှာများသည် တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသည်။
လီချင်းယန်၊ရှောင်ကျီ၊ရီရှင်းချန်၊ဟယ်ဝူတီ၊လုချင်းချင်းနှင့် လျိုဝမ်ရှစ်တို့ တစ်ယောက်ချင်းီ ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းအနေဖြင့် အခြားသော အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များကို ဂရုမစိုက်ခြင်း မဟုတ်ပေ။ သူ၏ တပည့်များ အားလုံးကိုလည်း သတိရနေခဲ့၏။ ထို့ပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သူ၏ တပည့်များလည်း တည်ရှိနေသေး၏။
အိုက်ရှန်းရီ၊မြို့တော်ဝန် ရှဲ၊ မြို့တော်ဝန်ဟန်နှင့် မြောင်ဟွာခန်းမမှ ရှစ်ကျန်းရွှမ်တို့လည်းပါဝင်သေးသည်။
"မင်းမိန်းမကိုရော မမေ့နဲ့အုံး"
"တော်စမ်း"
..............
ကြယ်ကြွေ ကုန်းမြေတိုက်ကြီး
များပြားလှသော စီရင်စုနှင့် မြို့အသီးသီတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထုံးစံအတိုင်း ကျင့်ကြံသူက ကျင့်ကြံ၊ အလုပ်များသူက အလုပ်များနှင့် ရှုပ်ယှက်ခတ်နေကြ၏။ ၎င်းတို့၏ နေ့စဉ် နေ့ရက်များသည် ထုံးစံအတိုင်း အေးချမ်းလျက် ရှိနေကြ၏။
ဝှစ် ဝှစ် ..။
ဟူး ဟူး …။
ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ အလွန်အားကောင်းလှသော အော်ရာများ ရောက်ရှိလာခဲ့ပြီး ကောင်းကင် နှင့် မြေကြီး တစ်ခုလုံးပင် တုန်ခါ သွားခဲ့သည်။
အာလုံးသော သူများသည် ဆွံ့အသွားခဲ့ကြ၏။ များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ၎င်းတို့ ဂိုဏ်းဆီမှ ထွက်လာပြီးနောက် တုန်ခါလျက်ရှိနေသော လေဟာနယ် တည်နေရာကြီးအား လှမ်းကာ ကြည့်ရှုလိုက်၏။
"ဒါ …. ဒါက"
ထိုက်ရွှမ်အအေးဂိုဏ်းအတွင်းမှာတော့ ဂိုဏ်းချုပ်တာဝန်ကို လွဲယူထားသော ယုလင်းယွမ် သည် အဓိက ဟောခန်းအတွင်းမှ လျှောက်ထွက်လာခဲ့၏။ ကောင်းကင်နှင့် မြေကြီး ပြောင်းလဲမှုများကို တွေ့မြင်ပြီးသည့် နောက်မှာတော့ တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်၏။
"သူတို့ ပြန်လာပြီ။ သူတို့ ပြန်ရောက် လာကြပြီပဲ"
"ဘယ်သူလဲ ။ ဘယ်သူ ပြန်ရောက်လာတာလဲ" တပည့်များသည် ဇဝေဇဝါ ဖြစ်မိနေကြသည်။
ဆွစ်
ထိုအချိန်မှာပဲ အနီရောင် အလင်းတန်း တစ်ခုသည် ပျံသန်းပြီး ၎င်းတို့ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။ အလင်းတန်းများပျောက်ကွယ် သွားပြီးသည့် အချိန်မှာတော့ ဆန်းကြယ်သောအော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် သတ်လယ်ပိုင်း လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် လေထုထဲတွင် မတ်တပ် ရပ်လျက် ရှိနေ၏။
ထိုသူသည် တောင်များ၊ ချောင်းများကိုပင် ဝါးမြိုနိုင်သည့်အော်ရာများ ထုတ်လွှတ်လျက်ရှိနေသည်။
ဝေါ ဝေါ …..။
လောကထဲ၌ရှိနေသော ဓာတ်သဘာဝများသည် ထိုသူ၏ သက်ရောက်မှုကို ခံရပြီး စတင်ကာ တုန်ခါလာခဲ့၏။
"ဝိညာဉ် အင်ပါယာ"
ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် အော်ဟစ်လိုက်မိ၏။ သူပြောပြီးပြီးခြင်း မှာပဲ ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားမိသည်။
တပည့်များ အားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေကြ၏။ ၎င်းတို့အားလုံး၏ အသက်ရှုသံများပင် ရပ်တန့်နေ၏။
၎င်းတို့ အားလုံး၏ ရှေ့တွင် ရှိနေသောသူသည် သိုင်းအင်ပါယာ ကိုးယောက်ထဲမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက်ပင် ဖြစ်နေသည်။
"ဒါ ဝိညာဉ်အင်ပါယာပဲ"
ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။
"ဘိုးဘိုးတင်း ဒီလူကို သိလား" ပြိုင်စံရှားဂိုဏ်း၏ စားသောက်ခန်းတွင်တော့ လျိုဝမ်ရှစ်သည် ယောင်းမကြီးကို အသာခါရမ်းကာ မေးလိုက်သည်။
တင်းရှင်းဝမ် သည် လေးလေးနက်နက်ပင် ပြောလိုက်၏။ "သူက သိုင်းအင်ပါယာ ကိုးယောက်ထဲက တစ်ယောက်လေ။ ဝိညာဉ် အင်ပါယာပဲ"
"သြော် …"
လျိုဝမ်ရှစ်သည် ခနလောက် ကြောင်သွား၏။ ပြီးသည့် နောက်မှာတော့ အထိတ်တလန့်ဖြင့် ထကာ အော်လိုက်၏။ "သိုင်းအင်ပါယာ ကိုးယောက်။ ကောင်းကင်ဘုံ ဒါက ဝိညာဉ် အင်ပါယာလား။ အားလုံးပဲ အားလုံးပဲ ထွက်ကြည့်ကြ သိုင်းအင်ပါယာထဲက တစ်ယောက်တဲ့"
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ထိုအသံကို ကြားရပြီးသည့် နောက်မှာတော့ အပြင်ဖက်သို့ ထွက်ကာ ခေါင်းမော့၍ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့သည် အားကောင်းလွန်းသည့် စွမ်းအားမြင့်ကျင့်ကြံသူကို ကြည့်ရှုပြီးနောက် မျက်လုံးထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်သွားကြသည်။
ဟမ်
စမ်းသပ်မှု မျှော်စင်ထဲမှ လမ်းလျှောက် ထွက်လာသော ရီချင်းချန်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူသည် ဟိတ်ကြီးဟန်ကြီးနှင့် ပြုမူနေသော လူကို မြင်လိုက်ရသည့် အခါမှာတော့ အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဒီကောင် သေသွားပြီလို့ ငါထင်ထားတာ"
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ အင်ပါလာလီ၊ အင်ပါယာရှီနှင့်အခြားသော အင်ပါယာများ အားလုံးသည် ၎င်းတို့၏ မြင်ကွင်းရှေ့တွင် ပေါ်လာကြ၏။ ၎င်းတို့ အားလုံးသည် ပုံပန်းသွင်ပြင် အမျိုးမျိုးနှင့် လေထုထဲတွင် ရပ်လျက် ရှိနေကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသော အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပြန့်နှံ့လျက် ရှိနေ၏။ တစ်ချက်ကြည့်ရုံနှင့် အသက်ပေါင်းများစွာကို ချိန်းခြောက်နိုင်စွမ်းရှိသည့် လူများဖြစ်ကြောင်း သိရှိနိုင်ပေ၏။
ဤကဲ့သို့ သိုင်းအင်ပါယာများ၏ အော်ရာအောက်၌ သာမန်လူများသည် ဘာမှန်းမသိဘဲ ဒူးထောက် ထိုင်လိုက်ကြ၏။
ထိုသူများအားလုံးသည် ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော အင်ပါယာများ ဖြစ်ကြသည်။
သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက် သေဆုံးခဲ့သည် ဆိုလျှင်တောင်မှ ကိုးယောက် ကျန်ရှိနေသေးသည်။ ထိုအရာသည် အားလုံးသော လူများကိုးကွယ်ချင်သည့် အရာပင် ဖြစ်တော့၏။
လက်ရှိအချိန်မှာတော့ သိုင်းအင်ပါယာ ကိုးယောက်တို့သည် ပြန်လည် ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
"နေအုံး"
အားလုံး စိတ်လှုပ်ရှားနေသည့် အချိန်မှာပဲ ထိုသိုင်းအင်ပါယာ ကိုးယောက်၏ နောက်တွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည့် အချိန်မှာတော့ အလွန်တရာ ချောမောလှသည့် လူတစ်ယောက်သည် သူတို့ရှေ့တွင် ပေါ်လာခဲ့၏။
ထိုလူသည် ဟိတ်ဟန် အပြည့်ဖြင့် ပြောလိုက်သည်။ "ကျုပ်က သိုင်းအင်ပါယာ ကိုးယောက်လုံးကို လုံလုံခြုံခြုံနဲ့ ပြန်ခေါ်လာနိုင်ခဲ့ပြီ။ ဒီတော့ သပြေပန်းနဲ ကြိုမယ့်သူတို့၊ လက်ခုပ်တီးပေးမယ့်လူတို့ မရှိဘူးလား"