← Chapters

ထိခိုက်ဒဏ်ရာရခြင်းနှင့် ရှားကျောင်ထျန်အား ထပ်မံ တွေ့ဆုံခြင်း

Vol. 91 Ch. 1264

ထိခိုက်ဒဏ်ရာရခြင်းနှင့် ရှားကျောင်ထျန်အား ထပ်မံ တွေ့ဆုံခြင်း

Vol. 91 Ch. 1264

ထိုသူများသည် သူမရှေ့မှဖြတ်လျှောက်သွားကြလေသည်။ သူတို့ လမ်း ထောင့်သို့ ကွေ့သွားသည်နှင့် သူမ အိမ်ထဲမှထွက်လာလိုက်သည်။ သူမ နောက်မှ လိုက်သွားရန် မဆုံးဖြတ်ခင်မှာပင် အနောက်ဘက်မှ ခြေသံထပ်ထွက် လာသည်။ သူမသည် အိမ်ထဲသို့ နောက်တစ်ခေါက်ပြန်ပြီး ပုန်းနေလိုက်သည်။

သည်တစ်ကြိမ်တွင် လာနေသောလူများကို မြင်လိုက်ရသောအခါ ရှီမာယူယူ မျက်လုံးများအရောင်တောက်သွားလေသည်။ အကြောင်းမှာ လျူလျန်ချိုင်နှင့် အသည်းကွဲတောင်ကြားမှ အဖွဲ့ဝင်နှစ်ယောက်ကို တွေ့လိုက် ရသောကြောင့်ပင်။

လျူလျန်ချိုင် သူမအနားသို့ ဖြတ်သွားချိန်တွင် အမှတ်တမဲ့ သူမကို ကြည့် သွားသည်ဟု ခံစားမိသည်။

ထိုလူတစ်စု သူမကိုဖြတ်သွားပြီးနောက် အိမ်ထဲမှထွက်လာပြီး စက္ကန့်ပိုင်း မျှတွေဝေပြီးနောက် သူတို့နောက်လိုက်သွားလိုက်သည်။

ထိုလူများသည် လမ်းများကိုဖြတ်လျှောက်ပြီး ရှီမာယူယူသွားသည့်ဘက် နှင့် ဆန့်ကျင်ဘက်သို့ ဆက်တိုက်သွားရာ ရှီမာယူယူသည် မြို့ဝင်ပေါက်ရောက် သည်အထိ နောက်ကလိုက်သွားလိုက်သည်။

ထိုလူများ မြို့အပြင်သို့ထွက်သွားချိန်တွင် လျူလျန်ချိုင်၏ ဖြောင့်တန်း နေသော လက်မောင်းမှ တစ်စုံတရာကျသွားသည်ကို ရှီမာယူယူမြင်လိုက်ရ သည်။ သူတို့အားလုံးထွက်သွားချိန်တွင် သူမ သွားပြီးကောက်လိုက်ရာ ‘အန္တရာယ်’ ဟုရေးထားသော သစ်ရွက်တစ်ရွက်ဖြစ်နေသည်။

အန္တရာယ်များတယ်လို့ သူမ ပြောချင်နေတာလာ။

အဲလို‌ပြောပုံထောက်ရင် လျူလျန်ချိုင်က ထိန်းချုပ်တာကိုမခံရဘဲ သူတို့ ကိုလာကယ်ပေးမဲ့သူကို သတင်းပို့နေတာပဲ။

ထိုအခိုက်တွင် ပုလွေသံထပ်ထွက်လာသည်။ ပုလွေသံသည် တည်ငြိမ် သော်လည်း ရှီမာယူယူကို အေးစိမ့်စိမ့်ဖြစ်သွားစေသည်။

ပုလွေသံရပ်သွားပြီးနောက်တွင် လူတချို့သည် တောင့်တင်းစွာဖြင့် အပြင်မှဝင်လာသည်ကို မြင်လိုက်ရသည်။

လျူလျန်ချိုင်၏ ညစ်ပတ်သောအဝတ်နှင့်မတူဘဲ ထိုလူများ၏ အဝတ် များ သန့်ရျင်းနေသည်မှာ ထိုလူများသည် ထိန်းချုပ်ခံရသည်မှာ မကြာသေး သည်ကို ပြနေသည်။

“ဒီပုလွေအသံက တစ်ခုခုတော့ရှိနေတယ်” ရှီမာယူယူ တွေးလိုက်သည်။ လျူလျန်ချိုင်က သတိပေးဖို့ နည်းလမ်းကိုစဉ်းစားထားတယ်။ ကြည့်ရတာ မြို့ အပြင်က လူတွေတော့ အန္တရာယ်ကျတော့မဲ့ပုံပဲ။

သို့သော် ရှီမာယူယူသည် မြို့ထဲမှ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိပြီး မြို့အပြင်တွင် သူတို့ဘာလုပ်နေသည်ကို ပိုသိချင်သောကြောင့် ယန္တရားကိုထိန်းချုပ်ကာ မြို့အပြင်သို့ထွက်ပြီး ထိုလူများနောက်လိုက်သွား လိုက်သည်။

မြို့နှင့် သိပ်မကွာဝေးသောနေရာတွင် တွင်းနက်ကြီးတစ်ခုရှိလေသည်။ ရှီမာယူယူ လျှောက်သွားရာ ထိုနေရာတွင် လူအများအပြားသည် တူရွင်းပြား ကိုယ်စီကိုင်ထားပြီး တွင်းထဲမှ တစ်စုံတခုကိုတူးနေကြသည်ကို မြင်လိုက်ရလေ သည်။

လူတချို့မှာထွက်လာပြီး တချို့မှာ ဆင်းသွားကာ တွင်းထဲမှလူများနှင့် တစ်ချိန်လုံး လဲလှယ်နေလေသည်။

သူမ ပတ်ပတ်လည်ကိုကြည့်ကြည့်ရာ ထိန်းချုပ်ခံရသောလူများအပြင် တခြားလူကိုမမြင်မိပေ။

ကံကောင်းစွာပင် ထိုနေရာတွင် မည်သူမှရှိမနေကာ ထိုလူများမှာလည်း ထိန်းချုပ်ခံထားရသဖြင့် သူတို့ဦးနှောက်မှာ မစဉ်းစားနိုင်သောကြောင့် သူမကို လူထူးဆန်းတစ်ယောက်ကိုကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှမလုပ်ပေ။

အထဲတွင် မည်သည့်အရာရှိနေသည်ကို ရှီမာယူယူ သိချင်သဖြင့် တွင်း အစွန်းနားကိုကပ်သွားလိုက်သည်။ အစွန်းသို့ရောက်သည်နှင့် ထုပ်ပိုးထားသော လူသားခေါင်းများကိုမြင်လိုက်ပြီးနောက် အနောက်မှ လူတစ်ယောက်၏ အသံ ကိုကြားလိုက်ရလေသည်။

“တခြားမျိုးနွယ်ကလား”

ထို့နောက်တွင် အနောက်မှ သန်မာသော စွမ်းအားဖြင့် စွမ်းအင်လုံး တစ်လုံး တိုက်ခိုက်လာရာ ရှီမာယူယူ နောက်လှည့်ရန်အခွင့်အရေးမရလိုက်ချိန် မှာပင် ယန္တရားသည် အသုံးမဝင်သော သတ္တုအဖြစ်ပြောင်းသွားပြီး သူမ၏ အံ့ဖွယ်အာရုံမှာလည်း ဖြိုဖျက်ခံလိုက်ရသည်။

“အိုး…”

မြို့အပြင်တွင် ရှီမာယူယူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တဆက်ဆက် တုန်လာပြီး သူမမျက်နှာမှာ ဖြူဖျော့ပြီး မျက်လုံးပွင့်လာသည်။

ရှီမန်ဖန်သည် သူမဘေးတွင် စောင့်ကြည့်ပေးနေရာ သူမပုံစံကိုမြင် သောအခါ ဝိုင်းလာကြသည်။

“အစ်မကြီး အဆင်ပြေရဲ့လား” ရှီမန်ဖန်သည် သူမကို လာထူပေးလေ သည်။

ရှီမာယူယူသည် လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “အဆင်ပြေတယ်”

သူမ ဆေးတစ်လုံးထုတ်ကာ စားလိုက်သည်။ သူမ ခန္ဓာကိုယ်သည် အမှောင် ဝိညာဉ်စွမ်းအင်ဖြစ်သဖြင့် သူမ စားလိုက်သောဆေးသည် အရင်နှင့် မတူတော့ပေ။

ခဏတာအနားယူပြီးနောက်တွင် ပြန်သက်သာလာကာ ရှီမန်ဖန်၏ ရင်ခွင်တွင်မှီရင်း ပြောလိုက်သည် “အထဲကအခြေအနေနဲ့ လျူလျန်ချိုင်ကို လည်းမြင်လိုက်ရတယ်”

“သူတို့ဘယ်လိုလနေလဲ”

“သူတို့ အသက်အန္တရာယ်တော့မရှိဘူး”

သူမသည် အထဲမှ မြင်လာသမျှကိုပြောပြရာ သူမ အကျဉ်းချုံးပြောပြ သည်ကို နားထောင်ပြီးနောက် အားလုံး လန့်သွားလေသည်။

“တွင်းပေါက်ထဲမှာ ဘာရှိနေတာလဲ အဲဒီမှာဘာလို့ လူတွေအများကြီး တူးနေကြတာလဲ” ရှီမန်ဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ ထိုပန်းချီကား ကို ရှင်းလင်းအောင် ပုံမဖော်နိုင်လျှင် ထိုပဟေဠိကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

“မြို့ထဲကလူအကုန်လုံးက ထိန်းချုပ်ခံရပြီး အဲတွင်းကိုတူးနေကြတယ် ဟုတ်လား ထူးဆန်းလိုက်တာ” ရှောင်ချီ အော်လိုက်သည်။

“တကယ် ကြမ်းတမ်းလိုက်တာ”

“ချင်ယိ သူတို့ဘာလုပ်နေလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

ချင်ယိ ခေါင်းရမ်းလိုက်သည်။ ထိုအရာကို သူ ပထမဆုံးကြားဖူးခြင်းဖြစ် ကာ တစ်ခါမှလည်း မမြင်ဖူးပေ။ ထို့ကြောင့် သူတို့ ဘာသဲလွန်စမှမရှိပေ။

“ဒီကိစ္စက မသေးဘူး၊ ငါတို့ စွမ်းအားနဲ့တောင် ခံစားလို့ရတယ် ဒီပဟေဠိ ကို ကိုယ့်ဘာသာ ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး၊ ဟော့ဘာမျိုးနွယ်ကို ဒီအကြောင်း ပြောပြလိုက်ရင် သူတို့ ဒီနေရာကိုစောင့်ကြည့်မှာပဲ အကြောင်းအရင်းက ဘာလဲ ဆိုတာ သိလာနိုင်တာပဲ” ဘိုင်ရှန်း ပြောလိုက်သည်။

“အဲဒါလည်း အလုပ်ဖြစ်တယ် အရှေ့မျှတမှုမြို့တော်က ‌ဟော့ဘာ မျိုးနွယ်ရဲ့ ပိုင်နက်ပဲ သူတို့က ဒီနေရာနဲ့ပိုရင်းနှီးတယ်၊ အပြင်လူတွေမသိတဲ့ တစ်ခုခုကို သူတို့သိထားနိုင်တယ်” ဖန်ခိုင် ပြောလိုက်သည်။

“တောင်ကြားခေါင်းဆောင် ဘယ်လိုထင်လဲ”

ရှီမန်ဖန် စဉ်းစားပြီးနောက် ပြောလိုက်သည် “ငါတို့ ဒီကိစ္စကို ဟော့ဘာ မျိုးနွယ်ကို ပြောပြသင့်တယ်လို့ထင်တယ် ဒါပေမဲ့ ဟော့ဘာမျိုးနွယ်က ဘယ်လို သဘောထားရှိလဲဆိုတာကို အရင်သိအောင်လုပ်ရမယ်”

သူတို့ စိတ်ထားမမှန်လျှင် ပြောပြလည်း အသုံးဝင်မည်မဟုတ်ပေ။

“ဆရာ ဘယ်လိုထင်လဲ”

ရှီမာယူယူ၏ အံ့ဖွယ်အာရုံမှာ ပျက်စီးသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ထိခိုက်သွားသည်။ သူမသည် ရှီမန်ဖန်၏ ရင်ခွင်ထဲတွင် အားလျော့စွာမှီတွဲပြီး သူတို့ မေးနေပုံကိုကြည့်ပြီး ပြောလိုက်သည် “မင်းတို့ ပြောသလိုပဲလုပ်လိုက်ပါ”

“အဲဒါကို ဒုခေါင်းဆောင်ပြောတာ ကောင်းမယ်ထင်တယ်” ဘိုင်ရှန်း ဆက် ပြောလေသည် “ဒုခေါင်းဆောင်က ဟော့ဘာမျိုးနွယ်နဲ့ ရင်းနှီးတယ် ဒုခေါင်းဆောင် ပြောတာပဲ ပိုကောင်းလိမ့်မယ်”

“ငါ အရင်နားပြီး သူတို့ကိုသွားရှာကြတာပေါ့” ရှီမာယူယူသည် အားနည်း စွာြဖင့်ပြောလေသည်။

“ဝါး ယူယူ” ရုတ်တရက်ထွက်လာသော အသံတစ်သံသည် ရှီမာယူယူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

“သွေးလေချောက်ချားတာပဲ ထင်ယောင်ထင်မှားပဲ ဒါက သွေးလေ ချောက်ချားတာပဲဖြစ်မှာ” ရှီမာယူယူသည် မျက်လုံးမှိတ်ပြီး သူမဘာသာ သူမ ရေရွတ်မိလေသည်။

“ယူယူ ယူယူ မင်းမလာဘူးလို့ ပြောတာမဟုတ်ဘူးလား ဘာလို့ဒီမှာ ရောက်နေတာလဲ ငါ့ကိုလွမ်းလို့လား” ရှားကျောင်ထျန်သည် ရှီမာယူယူဆီသို့ ဝင်မတိုက်ရုံတမည် ပြေးလာလေသည်။

ဘိုင်ရှန်းနှင့် တခြားသူများသည် ခေါင်းမော့ကြည့်လိုက်ရာ ဖြတ်လမ်း တည်ဆောက်မှု အလင်းမှ ထွက်လာသောလူများကိုတွေ့လိုက်သည်။ အဂ္ဂိရတ် ပညာရှင်အသင်းဝင်များ၊ တခြားသောအသင်းများနှင့် သူတို့မကြာခင်က လမ်းခွဲခဲ့သော ဟော်ချန်းဒုန်နှင့် ရှောင်ဟုန်ပါ ရှိနေသည်။

“ယူယူ ဘာဖြစ်တာလဲ” ရှားကျောင်ထန်သည် ဖြူဖျော့နေသော ရှီမာယူယူကိုမြင်သောအခါ သူမကို မစနောက်တော့ပေ။

ရှီမာယူယူ လက်လျော့ပြီး မျက်လုံးဖွင့်ကာ ပြောလိုက်သည် “ဆရာတို့က အနီဖျော့မြို့တော်မှာမဟုတ်ဘူးလား ဒီကိုဘာလာလုပ်တာလဲ”

“ငါတို့ အနီဖျော့မြို့တော်မှာတွေ့ကြတော့ ဒီကအခြေအနေက ပိုအရေး ကြီးနေတယ်ဆိုတာ သိလိုက်ရတယ်၊ အဲဒါကြောင့် ဒီကကိစ္စကို တခြားအဖွဲ့ တွေနဲ့ အရင်ဖြေရှင်းရမယ်ဆိုပြီး အခြေအနေကိုကြည့်ဖို့လာခဲ့တာ” ရှားကျောင် ထျန် ဆက်ပြောလေသည် “ယူယူ မင်း တစ်ခုခုဖြစ်ထားတာလား”

“ဆရာက အထဲကသတင်းတချို့ယူဖို့ဝင်သွားတာ သူမ အံ့ဖွယ်အာရုံ ထိခိုက်ထားတယ် အဲဒါကြောင့် ဘာစွမ်းအင်မှမရှိသလိုဖြစ်နေတာ” ဖန်ခိုင်သည် ရှီမာယူယူ ကိုယ်စားဖြေပေးလေသည်။

“အဲတော့ ဘာသတင်းရခဲ့လဲ” အကြီးအကဲ တစ်ဦးက မေးလေသည်။

“တကယ်ပဲ သတင်းကြီးတစ်ခုရှိတယ် ဒါပေမဲ့ တစ်ခွန်း နှစ်ခွန်းလောက်နဲ့ ရှင်းပြလို့မရဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဥက္ကဌ ကျွန်မ အခုနားဖို့လို တယ်”

“အာ.. ဟုတ်ပြီလေ မင်း အရင်နားပြီးနလန်ထူလိုက်ဦး နောက်မှပြောကြ တာပေါ့” ရှားကျောင်ထျန် ပြောလေသည်။

“ဒါပေမဲ့ အခြေအနေက အရေးကြီးနေတယ် ကျွန်မတို့မှာ အချိန်မရှိ…” အမျိုးသမီးတစ်ယောက်သည် မကျေမနပ်ဖြင့် ပြောလေသည်။

“အချိန်မရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ ငါ့ယူယူလေး နလန်ထူဖို့က ဦးစားပေးပဲ” ရှားကျောင်ထျန်သည် မကျေမနပ်ဖြစ်နေသော အမျိုးသမီးတစ် ယောက်အား ပြောလိုက်သည်။

***

All Chapters