အပိုင်း (၁၂၇၇)
Vol. 86 Ch. 1277
ဤပစ္စည်းအား မည်သူ့ကို အသုံးပြုရမည်ကို ကျွင်းချောင်ရှောင်းသည် တောက်လျှောက် တွေးတောနေမိ၏။ ပထမဦးဆုံး ဤအရာသည် အကန့်အသတ်တစ်ခုအဖြစ် ရှိနေ၏။ အမြင့်ဆုံးအဆင့်သည် သိုင်းနယ်မြေအဆင့်ပင် ဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများအားလုံးသည် အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင် နေကြပြီဖြစ်သည်။ အားလုံးသောသူများသည် သိုင်းနယ်မြေကျင့်ကြံသူဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ကြပြီ ဖြစ်တော့၏။ ထို့ကြောင့် တပည့်များသည်သာ ထိုအရာကို ထုတ်သုံးရန်လိုအပ်သည်။ အဆင့်ချိုးဖြတ်ပြီးကာစ တပည့်များကို အသုံးပြုပါက ပိုမို၍ အကျိုးသက်ရောက်မSKရှိမည်မှန်း သူသိရှိပြီးဖြစ်သည်။
ဤအရာသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်မြှင့်တင်နိုင်စွမ်းရှိ၏။ အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ဤအရာသည် ဆာဗာခိုးခြင်းသာဖြစ်၏။ အကယ်၍ သိုင်းတပည့်နှင့် သိုင်းဆရာ ကျင့်ကြံသူများ ကို ပေးအပ်လိုက်မည်ဆိုပါက မည်သို့မှ အခြေခံခိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် အတွင်းစည်းတပည့်များထဲမှ တစ်ယောက်ကို ပေးခြင်းသည် အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။ သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လုချင်းချင်းကို ရွေးချယ်ခဲ့တော့၏။ အကြောင်းအရာမှာ သူမသည် အကြီးဆုံး တပည့်ကြီး ဖြစ်သောကြောင့်ပင်။
“တစ်ကြိမ်ပဲ သုံးလို့ရတာဆိုးတာပဲ”
စနစ်က မေးမြန်းလိုက်သည်။ “ဘယ်နှစ်ခါသုံးချင်လို့လဲ”
ဤခရုပုံစံလေးတစ်ခုသည် အထပ်ထပ်အခါခါ အသုံးပြုလို့ရနိုင်မည်ဟု ကျွင်းချောင်ရှောင်းက တွေးတောထားခဲ့၏။
“လက်ခံသူ... အတွေးများနေပြီ”
စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုး ကောင်းကင်က ငြင်းပယ်ရလောက်တဲ့ ပစ္စည်းမျိုးက တစ်ခါသုံးမဟုတ်လို့ရှိရင် တစ်မိနစ်အတွင်း သိုင်းနယ်မြေကျင့်ကြံသူ တစ်သိန်းလောက်ကို ဖန်တီး ထုတ်လုပ်နေတော့မှာ မဟုတ်လား”
“ဟင်း...” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ သူ့အနေနှင့် အစတုန်းက ထိုကဲ့သို့ တွေးတောထားမိ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ အတော်ရက်စက်လွန်းလှချေသည်။
“.........”
စနစ်သည် ဆွံ့အလျက်ရှိနေတော့၏။ တပည့် တစ်ယောက်အား အဆင့်ကြီးတစ်ဆင့် တိုးတက်ပြီး သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက် ဖြစ်စေသည့် ပစ္စည်းကောင်းတစ်ခု လက်ဝယ်ရရှိခဲ့သည်ကိုတောင်မှလက်ခံသူသည်အဘယ်ကြောင့် စောဒက တက်နေရသနည်း။
“လူသားတွေ”
စနစ်က သက်ပြင်းချလိုက်မိသည်။ “လူသားတွေက တကယ့်ကို လောဘကြီးတာပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ သက်ပြင်းချနေတုန်းမှာပဲ လုချင်းချင်းသည် တွေဝေငေးငိုင်လျက် ရှိနေတော့၏။ သူမအနေနှင့် သိုင်းနယ်မြေတစ်ပိုင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီး စိတ်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးခင်မှာပဲ သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့၏။ ဤဖြစ်စဉ်သည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သူမသည် မည်သို့မှ လိုက်မမှီနိုင်ခဲ့ချေ။ ခဏလောက်ကြာပြီးသည့်နောက် ရင်ထဲတွင် ဖြစ်ပေါ်လာသည့် တုန်လှုပ်မှုကို ဖိနှိပ်ပြီးသည့်နောက် သူမသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ “ကျွန်မ... ကျွန်မ သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တာလား”
“အမှန်ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူမ အဘယ်ကြောင့် အဆင့်ချိုးဖြတ်ခဲ့သည်ကို မသိရှိသော်လည်း လုချင်းချင်းမှာ တစ်စုံတစ်ခုသော ကိစ္စရပ်သည် ဂိုဏ်းချုပ်နှင့် ပတ်သက်ဆက်နွယ်နေမည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
“အကြီးဆုံးတပည့်အနေနဲ့ မင်းက တပည့်တွေကို တာဝန်ယူဖို့ အများကြီး လိုအပ်နေသေးတယ်။ ဒီတော့ မင်းရဲ့ ဂိုဏ်းသူဂိုဏ်းသားဂျူနီယာတွေကို ဂရုစိုက်ပါ။ အမြဲတမ်း ဒီနေရာမှာပဲ ကျင့်ကြံဖို့ လုပ်မနေနဲ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အမြဲတမ်း မောက်မာဝံ့ကြွားစွာနေထိုင်တတ်သည့် ရီရှင်းချန်ပင်လျှင် လင်းယွမ် ခန်းမဆောင်ထဲသို့ ရောက်ရှိခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ ဤမိန်းကလေးမှာတော့ အထဲသို့ မရောက်ရှိသေးချေ။ ထို့ကြောင့် ကုန်းရှန့်သည် စိုးရိမ်ပူပန်လျက် ရှိ၏။
လုချင်းချင်းက ပြောလိုက်သည်။ “နားလည်ပါပြီ”
သူမသည် ထိုသို့ ပြောလိုက်သည် ဆိုသော်လည်း ဤနေရာတွင် ဆက်ကာ လေ့ကျင့်လျက်ရှိနေ၏။ သူမ၏ ဂျူနီယာများကို ဂရုမစိုက်ချင်သောကြောင့် ဤကဲ့သို့ နေထိုင်နေခြင်း မဟုတ်ပေ။ လက်ရှိအခြေအနေတွင် အဆင့်ချိုးဖြတ်ပြီးပြီ ဖြစ်သောကြောင့် အဆင့်အားတည်ငြိမ်မှု ရရှိရန် ဤနေရာတွင် ဆက်လက်ကာ ကြိုးစားရပေဦးမည်။
လုချင်းချင်းတစ်ယောက် ဆက်လက်ကျင့်ကြံနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာလာပြီး သူ၏စာကြည့်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက်မှာတော့ အထူးတာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင်ပြုလုပ်ရမည့်ဆိုသည့်အကြောင်းနှင့်ပတ်သက်၍ လေးလေးနက်နက် စတင်ကာ စဉ်းစားလျက် ရှိနေတော့၏။
“သခင်”
နဂါးလေးသည် မျက်လုံးကို ပွတ်သပ်ကာဖြင့် လှမ်းလျှောက်လာခဲ့၏။ ပြီးသည့်နောက် သူ၏ အသိုက်ငယ် လေးဆီသို့ လှမ်းလျှောက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် အိပ်ချင်နေပြီ။ အိပ်တော့မယ်”
“အင်း... အိပ်တော့လေ”
..........
ဘုံကိုးပါး လျှို့ဝှက်နယ်မြေ
လုချင်းချင်းသည် သူမ၏အဆင့်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ဘိုးဘေးအကြီးအကဲကြီး.... ကျွန်မ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူအဖြစ် ချိုးဖြတ်ရောက်ရှိခဲ့ပြီလေ။ ဒီတော့ အဲနေရာကို သွားပြီးတော့ ထိုက်ရွှမ်အအေးကျမ်းရဲ့ ဒုတိယပိုင်းကို ရှာလို့ ရနိုင်မလား”
သူမ၏ ကြည်လင်ရှင်းလင်းလျက်ရှိနေသော မျက်လုံးထဲတွင် ရှားပါးလွန်းလှသည့် ဇဝေဇဝါ အမူအရာများ ဖြစ်ပေါ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် စကားတစ်ခွန်းသည် သူမ၏ နားထဲတွင် ပဲ့ထင်ထပ်လျက် ရှိနေတော့၏။ “ကလေး... မင်းအနေနဲ့ အလုံးစုံ ယုံကြည်မှုမရှိဘူးဆိုရင် အဲနေရာကို လွယ်လွယ်ကူကူနဲ့ မသွားသင့်ဘူး။ သေသွားနိုင်တယ်”
“ဘိုးဘေးအကြီးအကဲကြီး”
လုချင်းချင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီတပည့်က ရေလိုကြည်လင်တဲ့ နှလုံးသားကို ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဖြစ်နေတယ်။ ဒီကိစ္စကလည်း ဒုတိယကျမ်းစာကို မကျင့်ကြံနိုင်လို့ ဖြစ်မယ်လို့ ထင်နေတယ်”
သူမ၏ အကြည့်များသည် ပိုမိုကာ တည်ငြိမ်လာခဲ့၏။ “တကယ်လို့ အသက်ရှင်ဖို့ အခွင့်အရေး မရှိဘူးဆိုရင်တောင်မှ သွားပြီးတော့ ကြိုးစားရမယ်”
သူမ ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် ရှိစဉ်ကတည်းက ထိုက်ရွှမ်ကျမ်း၏ ပထမပိုင်းကို ကျင့်ကြံခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် ဘိုးဘေးအကြီးအကဲကြီးသည် သူမအား သီးသန့်ခေါ်ယူကာ သင်ပြပေးခဲ့၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ချိုးဖြတ်ခံလိုက်ရသည်ဆိုလျှင်တောင်မှ ဤဆန်းကြယ်လှသည့် နည်းစနစ်သည် သူမအား အလုံးစုံ ပြန်ကောင်းအောင် ဖန်တီးပြုလုပ်ပေးနိုင်ခဲ့သည့်အရာပင် မဟုတ်ပါလား။
ထိုက်ရွမ်အအေးကျမ်း၏ ပထမပိုင်းအတွင် အဆင့်လေးဆင့်ရှိ၏။ ရေခဲအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံပြီးသည့် နောက်မှာတော့ လုချင်းချင်းသည် အလုံးစုံနားလည်သွားခဲ့ပြီ ဖြစ်၏။ အဆင့်မြင့်ဆီသို့ ဆက်လက်ကာ တိုးတက်ချင်သည်ဆိုပါက ဒုတိယပိုင်းကို ဆက်လက်ကျင့်ကြံဖို့သာ ရှိတော့သည်။ ထို့အပြင် ထိုက်ရွမ်အဘိုးအို ချန်ခဲ့သော နည်းစနစ်သည် တစ်စုံတစ်ယောက်၏ အဆင့်ကို ပိုမို နားလည်ရန် လိုအပ်နေသေး၏။
ထို့အပြင် သူမ၏ နှလုံးသားသည်လည်း ရေကဲ့သို့ ကြည်လင်ရှင်းလင်းနေစေရန် ကြိုးစားရပေဦးမည်။ လုချင်းချင်းအနေဖြင့် ဆက်တိုက်ဆိုသလိုပဲ ဤအရာကို နားလည်ရန် ကြိုးစားနေမိ၏။ သို့ပေမဲ့ ထိုနေရာသို့ ရောက်ရှိရန် ခြေလှမ်းငယ်လေးလောက်သာ လိုအပ်သည့်အချိန်တိုင်းတွင် ကြီးမားလှသည့် လှိုင်းကြီးများသည် သူမ၏ နှလုံးသားကို ရိုက်ခတ်လျက် ရှိနေသည်။
အထူးသဖြင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်အဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူမ၏ စိတ်များသည် အစဉ်သဖြင့်ဆိုသလို လှုပ်ရှားလာခဲ့သည်။ သူမ၏ တာအို နှလုံးသားသည် မတည်ငြိမ်ခဲ့ဘူးလား။ သို့မဟုတ် ထိုက်ရွမ်အအေးကျမ်း၏ ဒုတိယပိုင်းကို မကျင့်ကြံရသေးခြင်းကြောင့် ရေလိုတည်ငြိမ်သည့် နှလုံးသားကို မပိုင်ဆိုင်ရသေးသည်လား။ လုချင်းချင်းအနေဖြင့် ယခင်က အတိုင်းပင် ဇဝေဇဝါ ဖြစ်လျက် ရှိနေ၏။
အဆုံးသတ်မှာတော့ ထိုဒုတိယကျမ်းကို ရရှိအောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ လက်ရှိအချိန်တွင် သူမသည် သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီး မဟုတ်ပါလား။
........
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ပြီးသည့်နောက်မှာတော့ လုပ်ဆောင်မှုပုံစံများကို ဖွင့်ကြည့်လိုက်၏။ ပန်းပဲခန်းမဆောင်နှင့် စိတ်ဝိညာဉ်သားရဲခန်းမဆောင်တို့တွင် အပေါင်းသင်္ကေတလေး ပေါ်လာတော့၏။ ထိုအရာများသည် အဆင့်မြှင့်တင်၍ ရနိုင်သည်။
“ပန်းပဲခန်းမဆောင်သည် အောင်မြင်စွာဖြင့် အဆင့်မြှင့်တင်လိုက်သည်”
ဆေးလုံးခန်းမဆောင်အား အဆင့်မြှင့်တင်လိုက်ပြီးသည့်နောက် ပါဝင်ပစ္စည်းနှင့် သန့်စင်နိုင်မှု နှုန်းထားသည် လျော့ကျသွားခဲ့တော့၏။ ထို့ကြောင့် ဂိုဏ်းအား ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိစေခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ပန်းပဲခန်းမဆောင်အား အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့ခြင်းပင်။ ထင်မှတ်ထားသည့် အတိုင်းပင် သန့်စင်ရမည့် ပါဝင်ပစ္စည်းစာရင်းသည် အနည်းငယ်လျော့ကျသွားပြီးသည့်နောက်မှာတော့ သန့်စင်နိုင်သည့် အချိန်ကာလသည်လည်း လျော့ကျသွားခဲ့သည်။ လက်နက်တစ်ခုသန့်စင်ရန် အချိန်ကာလသည် တကယ်ပင် မြန်ဆန်လာခဲ့၏။
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိ၏။ “ဒါဆိုရင် ကျန်းယန်ဝတ်စုံတွေကို များများစားစား ရဖို့အတွက်က ဖြစ်လာတော့မှာပဲ”
တပည့်တစ်သိန်းတို့အား အလွန်ပြည့်စုံလှသည့် သိုင်းကျင့်ကြံခြင်း အရင်းအမြစ်နှင့် လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးထားမည်ဆိုပါက ကျိန်းသေပေါက် ၎င်းတို့၏ အားအင်အဆင့်သည် တိုးတက်သွားမှာဖြစ်၏။ ကုန်းရှန့်သည် စပ်ဖြီးဖြီးနှင့် ထိုကဲ့သို့နေ့မျိုး ရောက်အောင် မျှော်လင့်နေမိတော့သည်။
“...........”
စနစ်က စောဒက တက်လိုက်၏။ “နေ့ခင်းကြီး အိမ်မက် မက်မနေနဲ့”
“..........”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသော ပျော်ရွှင်မှုများသည် ပျောက်ကွယ်သွား၏။ ပြီးနောက် တွေးလိုက်တော့သည်။ သိုင်းအင်ပါယာကိုးယောက်တို့ကို ကယ်တင်လာခဲ့တာ လဝက်ကျော်ခဲ့ပြီလေ။ ဘာလို့ အထူးတာဝန်က အခုထိ မပြည့်စုံသေးတာလဲ။
“လက်ခံသူအနေနဲ့ ဖြစ်နိုင်တာက …..”
“ဒင်... အထူးတာဝန်သည် ပြည့်စုံခဲ့သည်။ စတင်ကာ တွက်ချက်နေပြီဖြစ်သည်”
“ဒင်... လက်ခံသူသည် သိုင်းအင်ပါယာကိုးယောက်တို့အား ကြယ်ကောင်းကင်ခံတပ်ဆီမှ ကယ်တင်နိုင်ခဲ့၏။ ထို့ကြောင့် အထူးတာဝန်သည် ပြည့်စုံသွားခဲ့သည်။ တာဝန်ပြည့်စုံသည့်နှုန်းသည် တစ်ရာရာခိုင်နှုန်းဖြစ်၏။ ထို့ကြောင့် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအား ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၉၀၀၀၀ / ၁၀၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ...”
လက်ရှိအချိန်မှာတော့ စနစ်သည် အပြင်ကို ထွက်၍ တိုင်နှင့်ခေါင်းနှင့်ပင် ဆောင့်ချင်စိတ် ရှိနေသည်။ လက်ခံသူ သည် ကြယ်ကြွေကုန်းမြေတိုက်ဆီသို့ ပြန်ရောက်တာ အချိန်ကြာနေပြီဖြစ်သော်လည်း တာဝန်မပြည့်စုံခြင်းမှာ တစ်စုံတစ်ခု လိုအပ်နေခြင်းဖြစ်မည်ဟု ထုတ်ပြောရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ ချက်ချင်းပဲ ပါးပိတ်ရိုက်ခံခဲ့ရသည်။
ကျွင်းချောင်ရှောင်းမှာတော့ ပျော်ရွှင်လျက် ရှိနေ၏။ အထူးတာဝန် ပြည့်စုံမှုနှုန်းသည် သူ့အား ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို ပေးစွမ်းလျက် ရှိနေ၏။
ချက်ချင်းဆိုသလိုပဲ ချမ်းသာသွားသလို ခံစားနေမိသည်။ ကုန်းရှန့်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးသည့်နောက် တွေးလိုက်မိသည်။ ဒါဆိုရင် နောက်ထပ် အထူးတာဝန် ပြည့်စုံဖို့ လိုသေးတာပဲ။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ စိုးရိမ်မကင်း ဖြစ်လျက် ရှိနေ၏။ ထို့အပြင် အဓိကပြဿနာကောင်များအား သူသည် ငရဲကြီးကိုးထပ်မှ ခေါ်ဆောင်လာခဲ့သောကြောင့်ပင်။ ထို့ကြောင့် ကြယ်ကောင်းကင်ခံတပ်သည် သူ့အား ကျိန်းသေပေါက် လက်လွတ်ပေးလိမ့်မည် မဟုတ်ချေ။ သူမည်သူ ဖြစ်သည်ကို သိရှိပြီးသည့်နောက် ကျိန်းသေပေါက် များပြားလှသည့် ကင်းသမားများကို စေလွှတ်ကာ တိုက်ခိုက်ခိုင်းမှာ သေချာ၏။
ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် ရီဖေးရွှယ်နှင့် တခြားသောသူများ ဝင်ရောက်ပြီးသည့် နောက်မှာတော့ ပိုမိုကာ အားကောင်းလာခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကို ရင်ဆိုင်ရမှာ မဟုတ်ပါလား။ ပြောနေစရာပင် မလိုချေ။ ထိုကင်းသမားများတင်သာမကဘဲ ကြယ်ကောင်းကင်ခံတပ်၏ သခင်ကလည်း တည်ရှိလို့ နေသေးသည်။ ထိုသူသည် မည်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး မည်မျှ အားကောင်းလှသည်ဆိုသည်ကို သူ သေချာမသိပေ။ မသိခြင်းများစွာတို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ သတိထားနေမိသည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာတော့ လုချင်းချင်းသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး ပြောလိုက်၏။ “တပည့်က အချိန်ကာလတစ်ခုအထိ အပြင်ကို ထွက်ချင်တယ်”
ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွားသည်။ “ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ ရေခဲပြင်ကြီးက မင်းအတွက် ကျင့်ကြံဖို့ အကောင်းဆုံးနေရာပဲ မဟုတ်ဘူးလား”
“တပည့်အနေနဲ့ လေ့ကျင့်ဖို့ သွားမှာ မဟုတ်ပါဘူး”
“ဒါဆိုရင် ဘာဖြစ်လို့ သွားမှာလဲ”
“တပည့် မပြောလို့ မရဘူးလား”
“မရဘူး”